Yourcinema

Action

Luck-Key 6.9
Luck-Key ယွန်းဂျယ်ဆန်းဆိုတဲ့ သရုပ်ဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ ကောင်လေးတယောက်ရှိပါတယ်... တရက်တော့ ဘဝရဲ့ဖိအားတွေကိုမခံနိုင်တဲ့အဆုံး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားပါတော့တယ် တဖက်မှာလည်း အခကြေးငွေယူပြီး သဲလွန်စမပါအောင်သတ်ပေးတဲ့ ကြေးစားလူသတ်သမားတယောက်... တယောက်ကလူသတ်ပြီး ပြန်လာတဲ့အချိန် ကျန်တယောက်က လှလှပပသေမယ်ဆိုပြီး ၂ ယောက်သား အများသုံးချွေးထုတ်ခန်းကိုကိုယ့်စိတ်ကူးနဲ့ကိုယ်သွားကြပါတယ်... အမှတ်မထင် ကြေးစားလူသတ်သမားက ချော်လဲပြီး အတိတ်မေ့သွားတဲ့အခါ ယွန်းဂျယ်ဆန်းက ဘယ်လိုတွေ အခွင့်ရေးကို အပိုင်အသုံးချပြီး ဘယ်လိုတွေတလွဲဖြစ်သွားမလဲဆိုတာ ကြည့်ပေးကြပါဦး.. =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Aye Chan Moe Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
6.9
IMDB: 6.9/10 1,817 votes
movie

Luck-Key

2016
1080p
Veteran 7
Veteran စုံထောက်မင်းသားကြီး Hwanh Jung Minရဲ့နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင် IMDb rating 7အထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ အာဏာရှိပြီး ချမ်းသာတဲ့သူတွေဟာ ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှုတွေကိုကျူးလွန်ခဲ့ပေမယ့် ငွေကြေးနဲ့အရာရာကို လုပ်ယူလို့ရကြပါတယ်။ဆန်ဂျင်းလုပ်ငန်းစုရဲ့သားဖြစ်သူ ဒါရိုက်တာချိုဟာလည်း စိတ်ထင်ရာရိုင်းစိုင်းလေ့ရှိပြီး ငွေကြေးအာဏာကိုအသုံးပြုပြီးတော့ ထိန်းချုပ်ထားပါတယ်။ တစ်နေ့မှာတော့ ဆိုးလ်မြို့နယ်စုံထောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ ကုမ္ပဏီနဲ့ပြဿနာဖြစ်ပြီးတော့ ဒါရိုက်တာချိုဟာလက်လွန်ပြီးတော့ သတ်သေမှုပုံစံမျိုးဖန်တီးခဲ့တယ်။အဲ့နောက်မှာတော့ စုံထောက်ကလည်း လိုက်လံစုံစမ်းနေရင်းက ဒါရိုက်တာချိုရဲ့ လူသတ်မှုကိုကျူးလွန်မှုအပါအဝင် ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှု အရွယ်မရောက်သေးတဲ့လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ အာဏာရှိတဲ့သူက အာဏာကိုအသုံးပြုပြီးတားဆီးပုံ အမှန်တရားကိုနှစ်သက်တဲ့စုံထောက်ကလည်း အခက်အခဲတွေကြားထဲက ဘယ်လိုမျိုးဖော်ထုတ်မလဲဆိုတာကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7
IMDB: 7/10 5,101 votes
movie

Veteran

2015
1080p
#Alive 6.2
#Alive Korean Zombie Horror/Drama အမျိုးစားရုပ်ရှင်ဖြစ်ပြီး Imbd မှာ 6.2 , Rotten Tomatoes မှာ 89% ထိ ရရှိထားပါတယ်.. ဇာတ်လမ်းအစမှာ Gaming လောကမှာ နာမည်ကြီး ဂျင်ဝူးက Streaming လုပ်နေရင်း အပြင်ဖက်ကဆူညံသံတွေကို သတိထားမိသွားပါတယ်.. ဂိမ်းအဖွဲ့ထဲက သူဘော်တာတွေကလည်း TV မှာ လာနေတဲ့ အရေးကြီး သတင်းတွေကြည့်ဖို့တိုက်တွန်းပါလေရော.. TV ပေါ်မှာကြည့်လိုက်တော့ အားလုံးနီးပါး Virus ကူးစက်ခံရပြီး ဖုတ်ကောင်တွေပြောင်းတဲ့အကြောင်း သတင်းပြောနေပြီ.. မယုံလို့ အပြင်ကို ဝရံတာက ထွက်ကြည့်ရော ကမ္ဘာ ပျက် နေပြီ.. အဲ့လိုနဲ့ zombie တွေ ပတ်လည်ဝိုင်းနေတဲ့ နေရာကအခန်းလေးထဲမှာ ပိတ်မိနေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှူကြပါအုန်း -=-=-=-=-=-=-==-=-== Translated & Review By Arkar Min Encoded By Kar Yan
6.2
IMDB: 6.2/10 15,682 votes
movie

#Alive

2020
1080p
Legend of the Dragon 6.4
Legend of the Dragon 7/March/1991 ကထွက်ရှိထားတဲ့ Lengend Of The Dragon ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Comedy အမျိုးအစား ဖြစ်ပြီး စတီဗင်ချောင်ဇာတ်ကားကောင်းတွေ ဖြစ်တဲ့ final justice (1988) Just Hero(1989) တိုရဲ့ ခေါင်းဆောင်မင်းသားဒါရိုက်တာ Danny leeက ရိုက်ကူးပေးထားတဲ့အတွက် ဇာတ်လမ်း မကောင်းမှာကို စိုးရိမ်စရာမလိုတော့ပါဘူး final justice နဲ့ just hero က မကြာမီ အချိန်အတွင်းမှာတင်ဆက်ပါမည် စတီဗင်ချောင်ဟာ တာအိုဆိုတဲ့တောမြို့လေးက ကွန်ဖူးမျိုးရိုး​​​ဖြစ်တဲ့​မြေပိုင်ရှင်ကြီးတစ်ဦးရဲ့သားပါ။ သူဌေးသားဆိုပေမယ့်လို့ ဘာအလုပ်မှမယ်မယ်ရရမရှိ ကျွမ်းကျင်တာဆိုလို့ဘိလိယက်ထိုးတာပဲရှိတဲ့သားကို အောင်မြင်ကြီးပွားစေချင်တဲ့အတွက် မြို့ကလာလည်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ဟောင်ကောင်ကိုထည့်ပေးလိုက်ပါတယ်။ တစ်သက်လုံးတောမှာပဲနေတဲ့ စတီ​ဗင်ချောင်တစ်ယောက်မြို့ပေါ်ရောက်လာတဲ့အခါ တလွဲတွေအများကြီးလုပ်ပါတော့တယ် အဲ့နောက် သူကျွမ်းကျင်တဲ့ဘိလိယက်ထိုးနည်းနဲ့မြို့ပေါ်မှာဘယ်လိုကျင်လည်မလဲ သူ့အဖေပိုင်တဲ့မြေတွေအကုန်ဆုံးရှုံးသွားချိန်မှာဘယ်လိုပြန်ယူကြမလဲဆိုတာ ဝမ်းနည်း ဝမ်းသာ ခံ စား ချက် တစ်မျိုး ချင်း ဆီကို ပေးစွမ်း နိုင်မယ့် ဇာတ်ကား ဟောင်းလေးကိုကြည့်ရှူရမှာပါ။ ဒီကားမှာဆိုရင်တကယ်ကျွမ်းကျင်သူတွေရဲ့ဘိလ်ယက်ထိုးပြိုင်ပွဲတွေကိုလဲမြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်ကောင်းပါတယ်နော်။ IMDb ...
6.4
IMDB: 6.4/10 914 votes
movie

Legend of the Dragon

1991
1080p
I Saw the Devil 7.8
I Saw the Devil ဒီဇာတ်ကားလေးကတော့ မင်းသားလီဗြောင်ဟွန်းရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါပဲ။  ဇာတ်လမ်းအကျဉ်းကတော့ မင်းသားလီဗြောင်ဟွန်းရဲ့ ချစ်သူဟာ လက်ထပ်ပြီး မကြာခင်မှာပဲ အသတ်ခံလိုက်ရပါတယ် ဒါကြောင့် သူက သူ့ချစ်သူကိုသတ်ခဲ့တဲ့သူကို လိုက်ရှာပြီး ကလဲ့စားချေခဲ့ပါတယ်။ လူသတ်သမားဟာ သူ့ရဲ့ချစ်သူကိုတင်မကဘဲ နောက်ထပ်မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်တယ်။ဒီဇာတ်ကားလေးက တခြားလူသတ်သမားကားတွေနဲ့ မတူဘဲထူးခြားချက်ကတော့ လူသတ်သမားကိုချက်ချင်းမသတ်တာပါပဲ။ တစ်ခါပြီးတစ်ခါ ရိုက်တယ် ထုတယ် ဒါပြီးရင်တော့ တစ်ပတ်လောက်ထားထားလိုက်တယ်။ အနာသက်သာခါစဆိုရင် နောက်တစ်ခေါက်နာကျင်အောင် ထပ်လုပ်တယ်။ သူလူသတ်သမားကို ပေးချင်တာက နာကျင်မှုနဲ့အကြောက်တရားပါ။ ဒါကြောင့်ဒီဇာတ်ကားဟာ သွေးထွက်သံယိုအခန်းတွေ တော်တော်များများပါဝင်ပါတယ်။ဒီလိုဇာတ်ကားမျိုးကိုမှကြိုက်နှစ်သက်တဲ့သူတွေကို ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးချင်ပါတယ်။ ဒီရုပ်ရှင်ကားဟာဆိုရင် rating7.8 အထိရရှိထားပြီး ဆုပေါင်းမြောက်များစွာပိုင်ဆိုင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-= Translated & Review By NayChi Thel Kyaw Tun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=    
7.8
IMDB: 7.8/10 106,575 votes
movie

I Saw the Devil

2010
1080p
A Dirty Carnival 7.4
A Dirty Carnival A DIRTY CARNIVAL ရုပ်ရှင်ကို CJ Entertainment က2006 ခုနှစ်မှာ ထုတ်လွှင့်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် ဒါရိုက်တာ Yoo Ha ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ပုံဖော်ရိုက်ကူးပေးခဲ့တာပါ။ သဲထိတ်ရင်ဖိုပြီး လျှို့ဝှက်ဆန်းကျယ်စွာ ရိုက်ကူးထားတဲ့ action ဇာတ်ကားဖြစ်ပါတယ် ။ Korea နာမည်ကျော် သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ မိသားစုနဲ့ စားဝတ်နေရေးနဲ့ မိခင်ရဲ့ဆေးဖိုး ဝါးခအတွက် လူဆိုးတစ်ယောက်အနေနဲ့ ရုန်းကန်နေရတဲ့ Byung Dooဆိုသော လူငယ်တစ်ယောက်အကြောင်းနဲ့ အမှောင်လောကသားများရဲ့ ဘဝသရုပ်ပုံစံကို ပုံဖော် ရိုက်ကူးပေးထားလို့ လိုက်ပါစီးမျှော ခံစားကြည့်ရှုပေးကြပါအုံးနော =-=-=-=-=-=-=-=-=-=-=-= Review and Translated By Naw Eh Tha Khu Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=
7.4
IMDB: 7.4/10 7,827 votes
movie

A Dirty Carnival

2006
1080p
The Yellow Sea 7.3
The Yellow Sea မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်မှာ နေထိုင်ရင်း ကားမောင်းပြီးအသက်မွေးတဲ့ ဂူနမ်... မိန်းမက တောင်ကိုရီးယားမှာအလုပ်သွားလုပ်ပြီး ပိုက်ဆံမပို့ အဆက်သွယ်မလုပ်တဲ့အပြင် မိန်းမချန်ခဲ့တဲ့ အကြွေးများစွာနဲ့ ဒုက္ခရောက်နေလို့ ကြံရာမရဖြစ်ပြီး လောင်းကစားသာလုပ်နေတော့ပါတယ်... အဲ့ဒီမှာ မှောင်ခိုကူးသူတယောက်က မက်လောက်စရာငွေနဲ့မျှာပြီး တောင်ကိုရီးယားနိုင်ငံသွားပြီး လူတယောက်ကိုသတ်ခိုင်းပါတော့တယ်.. ပိုက်ဆံလည်းရ မိန်းမကိုလည်းရှာမယ်ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောနဲ့ သဘောတူပြီးနောက်မှာတော့ ဘယ်လိုတွေ ကြုံရလဲ ဘယ်သူတွေကလိမ်နေတာလဲ မိန်းမကရော လှည့်စားနေတာလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါ။ ================= Translated and Reviewed by Aye Chan Moe Encoded by DaeBak =================
7.3
IMDB: 7.3/10 18,237 votes
movie

The Yellow Sea

2010
1080p
The Villainess 6.7

The Villainess

2017
1080p
The Shepherd: Border Patrol 5.6
The Shepherd: Border Patrol မင်းသားကြီးဗန်ဒိန်းရဲ့ 2008 တုန်းကထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဗန်ဒိန်းအပြင် ဘွိုင်ကာလို့လူသိများတဲ့ Undisputed မင်းသား စကော့အက်ဒ်ကင်လည်း ပါဝင်ထားပါသေးတယ် Action/Thriller အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးအော်လန်စ် ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျက်ရော်ဘီဒိုဟာ နယ်စပ်လုံခြုံရေးတာဝန်နဲ့ နယူးမက္ကဆီကို ရောက်ရှိလာပါတယ် အဲ့ဒီမှာ မက္ကဆီကိုကနေ အမေရိကန်ကို မူးယစ်ဆေးကုန်ကူးနေတဲ့ ဂိုဏ်းတစ်ခုရှိပြီး ဒီဂိုဏ်းက သာမန်လူတွေမဟုတ်ဘဲ စစ်သားဟောင်းတွေဖြစ်ပါတယ် ဂျက်ရော်ဘီဒိုအနေနဲ့ သူနဲ့အတိတ်သွေးကြွေးတွေပါရှိနေတဲ့ ဒုစရိုက်သမားတွေကို ချေမှုန်းဖို့ဖြစ်လာရာမှာတော့... Quality - Webrip (1080P) (480P) Size - (1.3 GB) (390 MB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [390 MB]
5.6
IMDB: 5.6/10 6,320 votes
movie

The Shepherd: Border Patrol

2008
Webrip 1080P
Jurassic Park III 5.9
Jurassic Park III Jurassic Park III (2001) Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ...
5.9
IMDB: 5.9/10 290,477 votes
movie

Jurassic Park III

2001
1080P Bluray 5.1CH
Danny 4.8
Danny Danny (2020) ဒီတခါအမျိုးသမီးရဲစုံထောက်ကား‌ လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ရွာတစ်ရွာရဲ့ ကြံစိုက်ခင်းကြီးထဲမှာ မိန်းခလေးတစ်ယောက်မီးရှို့အသတ်ခံလိုက်ရတယ် ... ဘယ်သူ့ဘယ်ဝါရယ်လို့တောင် ခွဲခြားလို့မရတော့ဘူး... ရဲကားတွေရဲ့ထုံးစံအတိုင်း နီးစပ်ရာလူတွေကို ဖမ်းဆီးစစ်ဆေးရင်း နောက်ဆုံးတော့ သေဆုံးသူကောင်မလေးရဲ့ယောက်ျားကို တရားခံအဖြစ်သတ်မှတ်ပြီး အမှုကိုပိတ်သိမ်းလိုက်ပါတယ်... အဲဒီဒေသကို အမျိုးသမီး ရဲအရာရှိတစ်ဦးတာဝန်ကျလာတဲ့အခါမှာတော့ အဲဒီအမှုကိုအစအဆုံးပြန်ကိုင်ပါတော့တယ်... ဒီကားထဲမှာဒန်နီဆိုတဲ့ ခွေးလေးဟာ အနံ့ခံအရမ်းကောင်းပြီး အမှုတော်တော်များကိုဖော်ထုတ်နိုင်ခဲ့ပါတယ်... ဒန်နီနဲ့ ရဲမေတို့ပူးပေါင်းပြီး တရားခံအစစ်ကိုဖမ်းဆီးနိုင်မှာလား...??? အဲဒီအမှုရဲ့နောက်ဆက်တွဲအနေနဲ့ ဘာဆိုးကျိုး‌ တွေဆက်ဖြစ်နိုင်ဦးမလဲ...??? ဆိုတာကိုတော့ ဇာတ်ကားအစအဆုံး ကြည့်ရှုကြပါခင်ဗျာ... Quality - 1080P , 480P Size - 1.1 GB , 400 MB ဘာသာပြန် - Maung Pyae Aye အန်ကုဒ်ဒါ - လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.1 GB] ဒေါင်းရန် နှိပ်ပါ 480P [400 MB]
4.8
IMDB: 4.8/10 35 votes
movie

Danny

2020
1080p
Altered Carbon: Resleeved 6.5
Altered Carbon: Resleeved ကဲ အခုတစ်ခါကတော့ Altered Carbon: Resleevedဆိုတဲ့ဇာတ်ကားလေးကောင်းလေးလာပါပြီ 2020ထွက် Netflix Animated Movieဖြစ်ပြီးIMDb 6.5ရရှိထားတဲ့ကားကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။Sci-Fi, Fantasyအမျိုးအစားဖြစ် ပြီး2131ခုနစ်ကိုဇာတ်အိမ်တည်ထားပါတယ် ‌ ‌ လူသား‌တွေဟာ ကမ္ဘာမြေကိုစွန့်ခွာလာပြီးဂြိုလ်တွေမှာ နေထိုင်လာကြပါတယ်။လူတွေဟာ"စတက်"ဆိုတဲ့ပစ္စည်းလေးရှိရုံနဲ့ ခန္ဓာကိုယ်လှဲလှယ်နိုင်ပြီးအသက်အကန့်အသတ်မရှိနေထိုင်နိုင်လာကြပါတယ်။ဇာတ်လိုက် တာကရှီက လာတီမာဂြိုလ်ကိုမစ်ရှင်တစ်ခုအတွက်‌ရောက််ရှိလာရပြီး သူကာကွယ်ရမယ့်ကလေးမလေးက ဂိုဏ်းတစ်ခုရဲ့တက်တူးထိုးတဲ့သူဖြစါနေပါတယ်။ဘာလို့တက်တူးထိုးတဲ့သူကိုကာကွယ်ရတာလဲ။တစ်ခြားဘယ်သူတွေပါဝင်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ် Fightingခန်း Animationတွေကလည်းအလန်းကြီးမို့လို့screentime ၁နာရီကျော်ကျော်လေးနဲ့ကြည့်ရတာတာအရမ်းတန်ပါတယ်လို့
6.5
IMDB: 6.5/10 4,039 votes
movie

Altered Carbon: Resleeved

2020
Blue-Ray
The Lost World: Jurassic Park 6.6
The Lost World: Jurassic Park The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size : (1 GB) and (579 MB) Quality : BluRay 720p Running Time : 2hr 09min Format : Mp4 Genre :Action,Adventure,Sci-Fi Subtitle ...
6.6
IMDB: 6.6/10 369,691 votes
movie

The Lost World: Jurassic Park

1997
1080P Bluray 5.1CH
Jurassic Park 8.1
Jurassic Park Jurassic Park (1993) ဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည် IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင် ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍ နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကို ငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင် လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီး လျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီး ထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေကို သဘာ၀တရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာ ဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား။ Quality - 1080P , 480P Size - 1.1 GB , 588 MB Subtitle & Encoded by လူယုတ်မာ #crd_review_channelmyanmar   ဒေါင်းရန် နှိပ်ပါ 1080P [1.1 GB] ဒေါင်းရန် နှိပ်ပါ 480P [588 MB]
8.1
IMDB: 8.1/10 841,830 votes
movie

Jurassic Park

1993
1080P Bluray 5.1CH
Balakrishnudu 4.7
Balakrishnudu Balakrishnudu (2017) ဒီကားမှာတော့ မင်းသားဟာ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ့် မိဘမဲ့ လူငယ်တစ်ယောက်။ နာမည်က ဘာလူတဲ့။ မွေးစားဖခင် ဂေါ့ဖားသားကြီး ရာဂူးနန်ဒန်းယာဒက်ဗ်ရဲ့ စေခိုင်းမှုကြောင့် နိုင်ငံရေးသမ တစ်ဦးရဲ့ တူမဖြစ်သူကို စောက်ရှောက်ပေးဖို့ ဘော်ဒီဂတ်အလုပ်ကို သူရတယ်။ ဘော်ဒီဂတ်အဖြစ် ငှါးပြီဆိုကတည်းက နိုင်ငံရေးသမမှာ ရန်သူတွေ၊အတိုက်အခိုက်တွေ အများကြီး ရှိနေလို့ဆိုတာ ခန့်မှန်းမိမယ်ထင်ပါတယ်။ ဒီလိုနဲ့. . . မြို့မှာ ကောလိပ်တက်နေတဲ့ ကောင်မလေးကို သူဟာ ဘော်ဒီဂတ်ဆိုတာကို မပြောပဲ ဘာလူတစ်ယောက် မွေးရပ်မြေကိုရောက်အောင် ဘယ်လိုများ ပြန်ပို့ပေးမလဲ. . . Quality - 1080P , 480P Size - 1.3 GB , 652 MB Subtitle & Encoded by လူယုတ်မာ #crd_review_bbmt   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [652 MB]
4.7
IMDB: 4.7/10 63 votes
movie

Balakrishnudu

2017
FHD 1080p
Double World 6.1
Double World Double world(2020) အခုတစ်ခါကတော့ Neflixရဲ့ဇာတ်ကားကောင်းလေး (Double world)ကိုတင်ဆက်ပေးလိုက်ပါတယ်... Imdb rating 6.1လောက် အထိ ရရှိထားတဲ့ကားလေးပါ... 1:50minလောက်ပဲ ကြာမြင့်ပြီး အဆုံးထိ တစ်ကွက်မှ ကျော်ချင်စိတ်မရှိအောင်ဆွဲဆောင်နိုင်ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့... မြောက်ပိုင်းယန်ပြည်နယ်နဲ့ တောင်ပိုင်းကျောင်ပြည်နယ်တို့ဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး သွေးသံတရဲရဲ စစ်ပွဲကြီးဟာငြိမ်းချမ်းရေးရခဲ့ပေမယ့် ဆယ်စုနှစ်အကြာမှာတော့ စစ်ပွဲကြီးပြန်လည်စဖို့ အကြောင်းဖန်လာပါတော့တယ်... ယန်ပြည်နယ်ရဲ့ဘုရင်သစ်က ကျောင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ဘာတွေကြံစဉ်ထားသလဲ...??? ကျောင်ပြည်နယ်ကလည်း စစ်ပွဲကြီးအတွက်ဆိုပြီး ကျောင်ပြည်နယ် မျိုးနွယ်စုရှစ်ခု ကနေ စစ်သူကြီး ရွေးချယ်ပွဲ ကျင်းပခဲ့ပေမယ့် တကယ့် နောက်ကွယ်က ရည်ရွယ်ချက်က ဘာများလဲ...??? ဘယ်သူတွေကချုပ်ကိုင်ထားသလဲ...??? တစ်ချိန်လုံး ကိုယ့်ဘဝအကြောင်း သိချင်နေတဲ့ ဇတ်လိုက်ကျော် ဒုံရီလုံရဲ့တကယ့် နောက်ကြောင်းအမှန်က ဘာများဖြစ်မလဲ ဆိုတာကို ကြည့်ရှုလိုက်ရအောင်ပါ... ဇာတ်လိုက်ကျော်တွေအဖြစ်ကတော့ ဒုံရီလုံအဖြစ် (Henry lau) ချူးဟန်အဖြစ်(Peterho) Kim noraကဘာသာပြန်ထားပြီး Nanda Kyaw ကencodeလုပ်ပေးထားပါတယ်...
6.1
IMDB: 6.1/10 1,503 votes
movie

Double World

1080 P