Yourcinema

Adventure

The Big Trip 5.1
The Big Trip ဒီဇာတ်ကားလေးမှာဆိုရင် ဒေါသကြီးတတ်တယ့်ဝက်ဝံတကောင်.. တလွဲလုပ်တတ်တဲ့ ယုန်ကလေး... Storks ကားထဲကလိုမျိုး ကလေးမရတယ့် မိသားစုကို ငှက်ကျားက ကလေး delivery လုပ်သလိုမျိုး ဒီကားထဲမှာလဲ ပန်ဒါလေးကိုဝက်ဝံကြီးဆီ ငှက်ကျားတကောင်က လာမှားပို့သွားတယ် ။ အဲ့ဒီမှာ ဝက်ဝံကြီးက ပန်ဒါလေးကို သူ့မိဘဆီပြန်ပို့ဖို့ ခရီးရှည်တခု စွန့်စားခန်း ဖွင့်ရပါတော့တယ်။ မိတ်ဆွေ အသစ်တွေ ဘယ်လိုရပြီးခရီး စဥ်တလျှောက် လှပတယ့်ရှုခင်းတွေ သူတို့ကြားက ဟာသအလွဲလေးတွေ.. ​အန္တရာယ်တွေကနေ ဘယ်လို လွတ်မြောက်အောင် အတူတူ ကြိုးပမ်းကြလဲဆိုတာကို ကြည့်ရှုခံစားဖို့တင်ဆက်ပေးလိုက်ပါတယ် -=-=-=-=-=-=-=-=-=-=-=-=-=-=-=-=- Translated & Review By Yin Min Thu Encoded By Kar Yan
5.1
IMDB: 5.1/10 904 votes
movie

The Big Trip

2019
1080p
Bill & Ted Face the Music 6.4
Bill & Ted Face the Music Bill and Ted face the music(2020) ဒီဇာတ်ကားမှာတော့John Wick မင်းသား ကြီး Keanu Reeves ကိုကြမ်းကြမ်းတမ်းတမ်းအက်ရှင်မင်းသားကြီးအဖြစ်ပြင်ရမှာမဟုတ်ပဲ ပေါတောတော်ဟာသပုံစံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/sci-fi အမျိုးအစားဖြစ်ပြီး IMDb rating 6.9ရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဂီတဝါသနာထုံတဲ့Bill နဲ့ Ted နှစ်ယောက်ကိုအနာဂတ်ကအမျိုးသမီးတစ်ယောက်လာပြီးတစ်နေ့မှာသူတို့နှစ်ယောက်ရဲ့သီချင်းက ကမ္ဘာကြီးကိုကယ်တင်နိုင်မဲ့အကြောင်းအစပျိုးရင်း ဇာတ်လမ်းဖော်ထားတာပါ။ ဇာတ်လမ်းဇာတ်ကွက်စုံလင်ပြီးဂီတတလှည့်ဟာသတစ်လှည့်ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်။ IMDb rating 6.9/10 Type- Comedy/Sci-fi Translated By Naw Suee Phaw Shee Encoded By Kar Yan
6.4
IMDB: 6.4/10 11,992 votes
movie

Bill & Ted Face the Music

2020
1080p
Alvin and the Chipmunks: The Road Chip 5
Alvin and the Chipmunks: The Road Chip 2015 ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ.ဇာတ်ကားဟောင်းလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားလေးပါ။အမေရိကန် နာမည်ကြီးဒါရိုက်တာဖြစ်တဲ့Mike Mitchellရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားအပါအဝင်လည်းဖြစ်ပါတယ်။Comedy type နဲ့ family type ပုံစံလေးကို mixed ထားတဲ့ ဇာတ်အိမ်ပုံစံလေးပါ။ဗဟုသုတလည်းရ ရီလည်းရီရတဲ့ ဇာတ်ကားလေးပါ။ကလေး၊လူကြီး အရွယ်မရွေး ကြည့်ဖို့အဆင်ပြေစေမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေ နဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ထင်ပါတယ်။သီချင်းဆိုတတ် ကတတ်တဲ့ ရှဥ့်ကလေးတွေဆိုရင်တော့မှတ်မိလောက်မှာပါ အရင်အပိုင်းမှာတော့ ဒီရှဥ့်ကလေးတွေက သီချင်းဆိုပြီး နာမည်ကျော်ကြားလာပြီဆိုတာသိပြီးဖြစ်မှာပါ။ ဒီအပိုင်းမှာတော့ ရှဥ့်ကလေးတွေက သူတို့ရဲ့ မွေးစားဖေဖေ ဒေ့ဗ်တစ်ယောက် စန်မန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာကို သဘောမတူဘဲ လက်ထပ်ခွင့်တောင်းမှာကို လိုက်ဖျက်ဆီးမယ့် အကြောင်းတွေ ဘယ်လိုဖြစ်လာမလဲ ?အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ညီအစ်ကိုသုံးယောက် ဘယ်လို ပညာပြကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားပေးကြပါ။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naw Eh ...
5
IMDB: 5/10 16,236 votes
movie

Alvin and the Chipmunks: The Road Chip

2015
1080p
Jurassic Park III 5.9
Jurassic Park III Jurassic Park III (2001) Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ...
5.9
IMDB: 5.9/10 290,477 votes
movie

Jurassic Park III

2001
1080P Bluray 5.1CH
The Lost World: Jurassic Park 6.6
The Lost World: Jurassic Park The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size : (1 GB) and (579 MB) Quality : BluRay 720p Running Time : 2hr 09min Format : Mp4 Genre :Action,Adventure,Sci-Fi Subtitle ...
6.6
IMDB: 6.6/10 369,691 votes
movie

The Lost World: Jurassic Park

1997
1080P Bluray 5.1CH
Jurassic Park 8.1
Jurassic Park Jurassic Park (1993) ဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည် IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင် ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍ နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကို ငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင် လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီး လျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီး ထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေကို သဘာ၀တရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာ ဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား။ Quality - 1080P , 480P Size - 1.1 GB , 588 MB Subtitle & Encoded by လူယုတ်မာ #crd_review_channelmyanmar   ဒေါင်းရန် နှိပ်ပါ 1080P [1.1 GB] ဒေါင်းရန် နှိပ်ပါ 480P [588 MB]
8.1
IMDB: 8.1/10 841,830 votes
movie

Jurassic Park

1993
1080P Bluray 5.1CH
Double World 6.1
Double World Double world(2020) အခုတစ်ခါကတော့ Neflixရဲ့ဇာတ်ကားကောင်းလေး (Double world)ကိုတင်ဆက်ပေးလိုက်ပါတယ်... Imdb rating 6.1လောက် အထိ ရရှိထားတဲ့ကားလေးပါ... 1:50minလောက်ပဲ ကြာမြင့်ပြီး အဆုံးထိ တစ်ကွက်မှ ကျော်ချင်စိတ်မရှိအောင်ဆွဲဆောင်နိုင်ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့... မြောက်ပိုင်းယန်ပြည်နယ်နဲ့ တောင်ပိုင်းကျောင်ပြည်နယ်တို့ဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး သွေးသံတရဲရဲ စစ်ပွဲကြီးဟာငြိမ်းချမ်းရေးရခဲ့ပေမယ့် ဆယ်စုနှစ်အကြာမှာတော့ စစ်ပွဲကြီးပြန်လည်စဖို့ အကြောင်းဖန်လာပါတော့တယ်... ယန်ပြည်နယ်ရဲ့ဘုရင်သစ်က ကျောင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ဘာတွေကြံစဉ်ထားသလဲ...??? ကျောင်ပြည်နယ်ကလည်း စစ်ပွဲကြီးအတွက်ဆိုပြီး ကျောင်ပြည်နယ် မျိုးနွယ်စုရှစ်ခု ကနေ စစ်သူကြီး ရွေးချယ်ပွဲ ကျင်းပခဲ့ပေမယ့် တကယ့် နောက်ကွယ်က ရည်ရွယ်ချက်က ဘာများလဲ...??? ဘယ်သူတွေကချုပ်ကိုင်ထားသလဲ...??? တစ်ချိန်လုံး ကိုယ့်ဘဝအကြောင်း သိချင်နေတဲ့ ဇတ်လိုက်ကျော် ဒုံရီလုံရဲ့တကယ့် နောက်ကြောင်းအမှန်က ဘာများဖြစ်မလဲ ဆိုတာကို ကြည့်ရှုလိုက်ရအောင်ပါ... ဇာတ်လိုက်ကျော်တွေအဖြစ်ကတော့ ဒုံရီလုံအဖြစ် (Henry lau) ချူးဟန်အဖြစ်(Peterho) Kim noraကဘာသာပြန်ထားပြီး Nanda Kyaw ကencodeလုပ်ပေးထားပါတယ်...
6.1
IMDB: 6.1/10 1,503 votes
movie

Double World

1080 P
Brave 7.1
Brave Brave (2012) မင်းသမီးလေးပါတဲ့ ကားတော်တော်များများဟာ စုံတွဲအချစ်ဇာတ်လမ်းတွေနဲ့ ညားကြတာများပါတယ်.. ဒီ၂၀၁၂ ထွက်ကားလေးကတော့ ၁၅၀၀ အချစ်မဟုတ်ပဲ မိဘ နဲ့ သားသမီးကြားထဲက ၅၂၈ အချစ်ကို ဖော်ကျူးထားတဲ့ကားကောင်းလေး Pixar နဲ့ Disney ရဲ့ တင်ဆက်မှု ဖြစ်ပါတယ်.. rating အနေနဲ့ Imbd မှာ 7.1 , Rotten Tomatoes မှာ 78% ရရှိထားတယ်..Old but Gold လေးပေါ့! မင်းသမီးဖြစ်ရတာကို စိတ်ကုန်နေတဲ့ မင်းသမီးလေး.. များ​​မြောင်လှတဲ့ မင်းသမီး တာဝန်ဝတ္တရား တွေကို ပစ်ချပြီး စီးတော်မြင်းကြီး နဲ့ မြှားပစ်နေရရင် ကျေနပ်နေသူလေး.. အသက်အရွယ်ရလို့ အိမ်ထောင်ပြုဖို့သူ့ကို မိဘနှစ်ယောက်က တိုက်တွန်းတဲ့အခါ..အထူးသဖြင့် သူမ​ဖြစ်ချင်သေးတာကို အမေကဖိအားပေးတဲ့အခါ..လွတ်လပ်မှု ကို မြတ်နိုးတဲ့သူမလေးဟာ..တိုင်း​ပြည်စည်းမျဥ်းတွေအရ ကံကြမ္မာက သတ်မှတ်ထားတာကို လက်မခံပဲ တောနက်ထဲ ထွက်ပြေးရင်း စုန်းမ နဲ့တွေ့ပြီး သူ့အမေ စိတ်ကိုပြောင်းလဲအောင် မန္တန် ...
7.1
IMDB: 7.1/10 363,360 votes
movie

Brave

2012
1080P Bluray 5.1CH
Meet Dave 5
Meet Dave 2008 ထွက်American comedy science fiction film ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပြီး Director Brian Robbinsက ရိုက်ကူးထားကာ ဟာသသရုပ်ဆောင်မင်းသားကြီး Eddie Murphy က အဓိက သရုပ်ဆောင်ထားပါတယ်..... Nill ဂြိုလ်မှ ကမ္ဘာဂြိုလ်ရဲ့ ပင်လယ်ဆားတွေကို စုပ်ယူပြီး သူတို့ ဂြိုလ်အတွက်စွမ်းအင်ထုတ်ယူနိုင်ဖို့အတွက် orbဆိုတဲ့ ဓာတ်စက်လူံးကို ဖန်တီးခဲ့ပါတယ် ...... အဲ့ စက်လုံးက သတ်မှတ်ပတ်လမ်းကြောင်းကို မရောက်ဘဲ လမ်းကြောင်းမှားကာ Joshဆိုတဲ့ကောင်လေးရဲ့ လက်ထဲသို့ရောက်ရှိသွားခဲ့တယ်.... အဲ့ စက်လုံးကို လိုက်ရှာဖို့ရန် Nillဂြိုလ်က လူသားပုံစံ စက်ယာဉ်တခုကို ဖန်တီးတည်ဆောက်ပြီး ကမ္ဘာဂြိုလ်ကိုစေလွှတ်ခဲ့ပါတယ်.... အဲ့လူသားပုံစံ Dave Min Chengကို Josh ရဲ့အမေ Gina ကားနဲ့ တိုက်မိပြီး Orb ခြေရာခံစက် ပျက်စီးသွားတဲ့အခါ........ Dave Ming Chen လူသားပုံစံ ...
5
IMDB: 5/10 37,798 votes
movie

Meet Dave

2008
1080p
Men in Black 3 6.8
Men in Black 3 2012ခုနှစ်ကထွက်ရှိထားပြီး IDMB 6.8/10ရထားတဲ့ဒါရိုက်တာ Barry Sonnenfeld ရိုက်ကူးပေးထားတဲ့ Men in Black IIIဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက သိပ္ပံစိတ်ကူးယဥ် အက်ရှင်ဟာသကောင်းတစ်ကားလဲဖြစ်ပါတယ်။ Review 2012မှာရာဇဝတ်ကောင်ဖြစ်တဲ့ Boris က အေးဂျင့်ကေ ကိုလက်စားချေဖို့ လုံခြုံရေးအမြင့်ဆုံးဖြစ်တဲ့ Lunar Max ဆိုတဲ့ထောင်ကနေလွတ်မြောက်လာပါတယ်။ သူ့ရဲ့လက်တစ်ဖက်ကိုပစ်ပြီး ထောင်ထဲပို့ခဲ့တဲ့အေးဂျင့်ကေကိုလက်စားချေဖို့ပြန်လာခဲ့ပါတယ်။ Boris က သူ့ကိုဖမ်းပြီးထောင်ချခဲ့တဲ့ အေးဂျင့်ကေကိုသတ်ဖို့ Time Machine ကိုသုံးပြီးအတိတ်ကိုပြန်သွားခဲ့တယ်။ တစ်ဖက်မှာတော့အေးဂျင့်ဂျေရဲ့မှတ်ဉာဏ်ထဲမှာတော့ အေးဂျင့်ကေ ကမသေသေးဘူးဆိုတာသိပေမဲ့ သူများတွေအတွက်ကတော့ အေးဂျင့်ကေ ကလွန်ခဲ့တဲ့အနှစ်လေးဆယ်ကတည်းကသေဆုံးခဲ့ပြီးဖြစ်နေပါတယ်။ ဒါကြောင့်အကြောင်းအရင်းအမှန်ကို သိဖို့အတိတ်ကိုပြန်လိုက်သွားပြီး အေးဂျင့်ကေကိုသွားကယ်တယ် အေးဂျင့်ဂျေက သူ့ပါတနာ အေးဂျင့်ကေ ကိုအချိန်မှီကယ်နိုင်ပြီး ပုံမှန်ပြန်ဖြစ်အောင်လုပ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှူခံစားရမှာဖြစ်ပါတယ် မင်းသားကြီးTomy lee Jonesနဲ့ မင်းသား Will Smith တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုခံစားကြည့်ရှုနိုင်မှာဖြစ်ပြီး ပရိသတ်တွေကိုစိတ်မပျက်စေတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာသေချာပါတယ်။ ============================== Translated and Reviewed by Phyu Phyu Aye Encoded by ...
6.8
IMDB: 6.8/10 328,745 votes
movie

Men in Black 3

2012
1080p
Triple Frontier 6.4
Triple Frontier Triple Frontier (2019) ဓားပြတိုက်တဲ့ကား.. သာမာန်ဓာပြတိုက်တဲ့ကားတွေနဲ့မတူတာက ဘဏ်မှာ ဝင်တိုက်တာမဟုတ်ဘူး..တကယ့်ကြမ်းရမ်းပါပေ့ဆိုတဲ့ မူးယစ်ရာဇာ အိမ်ကိုမှ ဝင်စီးတာ.. Netflix က 2019 မှာ ထုတ်တဲ့ Action နဲ့ Drama ကား...ဇာတ်အိမ်လဲမိုက်စ်!! ဇာတ်လမ်းက နိုင်ငံအတွက် အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့က စစ်မှူထမ်းဟောင်းသုံးယောက် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ.. သူတို့ထဲက တစ်ယောက်က မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့နဲ့ပေါင်းပြီး နာမည်အကြီးဆုံး မူးယစ်ရာဇာကို သတင်းရဖို့လိုက်တာက စတာပဲ.. မူးယစ်ရာဇာ ဥနေတဲ့နေရာကို သူသိသွားတော့ သူ့ တပ်ပြန်ဘော်တာတွေတစ်ယောက်ချင်းစီလိုက် စည်းရုံးပြီး ဝင်စီးတော့တာပဲ.. ဒါပေမဲ့ ပြသနာက မူးယစ်ရာဇာက သာမန်မြို့ထဲမှာမဟုတ်ပဲ ပြန်ထွက်ရအရမ်းခက်တဲ့နေရာမှာ ဆိုတော့ သူတို့ ဓားပြတိုက်ပြီး ပြန်ထွက်နိုင်ပါ့မလား.. ဖွက်ထားတဲ့ ငွေတွေကိုရော သူတို့ရှာတွေ့ကြပါ့မလား..ကိုယ်မထင်ထားတဲ့ အဖြစ်အပျက်တွေကြုံပြီး ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ကားကောင်းတစ်ကားပါလို့ တင်ဆက်ရင်း.. ဘာသာပြန် = Arkar Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.4 GB] ဒေါင်းရန် နှိပ်ပါ 480P [404 ...
6.4
IMDB: 6.4/10 100,782 votes
movie

Triple Frontier

2019
1080P Bluray 5.1CH
Missing Link 6.7
Missing Link Missing Link (2019) ကာတွန်းကားဆိုတာ လူကြီးတွေအတွက်မဟုတ်ဘူးဆိုတဲ့ ခေတ်ကုန်သွားပြီ... 2019 ကထွက်ထားတဲ့ ဒီကားလေး Your Cinema ပရိတ်သတ်ကြီးကို ဘဝမှာ အရေး​ကြီးတဲ့ message လေးတစ်ခုပေးပါလိမ့်မယ်.. တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်လက်မခံတဲ့ အသိုင်းဝိုင်းတွေထဲမှာမှ လက်သင့်ခံ မျက်နှာသာပေးခံရတာကို လိုချင်ပြီး ကိုယ်​​​သွားရမဲ့ လမ်းပျောက်နေကြတယ်.. ဒီရုပ်ရှင်လေးကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိနေပါလိမ့်မယ်.. Rotten Tomatoes မှာ rating 89 အထိ​တောင်ရရှိထား​ပြီး Imbd မှာ ဘာလို့ 6.7 ပဲရတယ်လည်းဆိုတဲ့အထိ မချင့်မရဲဖြစ်လောက်အောင် ကောင်းလွန်းပါတယ်..ဒါ့အပြင် 2019 ရဲ့ Golden Globe ဆုကို ရရှိထားတဲ့ အကောင်းဆုံး Animated ရုပ်ရှင်ဖြစ်ပါတယ်.. ရုပ်ရှင်အမျိုးစားကတော့ Comedy နဲ့ Adventure ဖြစ်လို့ အခန်းတိုင်းလိုလို ခွီနေရပြီး စွန့်စားခန်းတွေကို ဖောဖောသီသီကြီးမြင်ရပါမယ်.. ဇာတ်လမ်းကတော့ စွန့်စားသွားလာရင်း သတ္တဝါဆန်းဆန်းပြားပြားတွေကို ရှာဖွေတဲ့ Sir ...
6.7
IMDB: 6.7/10 19,709 votes
movie

Missing Link

2019
1080P Bluray 5.1CH
Die Hard: With a Vengeance 7.6
Die Hard: With a Vengeance အခုလိုမျိုး အားလတ်နေရင် ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ နယူးယောက်မြို့ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှနယူးယောက်ရဲတပ်ဖွဲ့ကဒုဗိုလ်ဂျွန်မက်ကလိန်းဟာ ဆိုင်မွန်လို့ခေါ်တဲ့ဗုံးဖောက်ခွဲသူရဲ့ကစားခြင်းကိုခံခဲ့ရပါတယ်။ နယူးယောက်မြို့ကပန်းချီဆရာဇူးစ်ဟာလူဖြူများကိုမယုံကြည်တဲ့လူမည်းတစ်ယောက်ဖြစ်ပါတယ်။ ဆိုင်မွန်ရဲ့ကစားပွဲကနေဆုံတွေ့ခဲ့တဲ့မက်ကလိန်းနဲ့ဇူးစ်တို့ဟာဆိုင်မွန်ရဲ့လှည့်ကွက်တွေကိုဖြေရှင်းပြီး ဗုံးဖောက်ခွဲရေးသမားအုပ်စုကိုဘယ်လိုအမိဖမ်းမလဲ... သူတို့နှစ်ယောက်ဘယ်လိုတွေအလွဲလုပ်ဦးမလဲကိုဟာသနဲ့အက်ရှင်ပေါင်းထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် Translated & Review By San Sandar Aung Encoded By Kar Yan
7.6
IMDB: 7.6/10 355,912 votes
movie

Die Hard: With a Vengeance

1995
1080p HD
The Old Guard 6.7
The Old Guard အက်ရှင်ဇာတ်ကြမ်းလဲ ဖြစ်ရမယ် Fantasy လေးလဲ ပါရမယ်ဆိုတဲ့သူတွေအတွက် the old guard ဆိုတဲ့ဇာတ်ကားလေးတင်ပေးလိုက်တယ်နော်။2020 ထွက်ဇာတ်ကားဖြစ်ပြီး နာမည်ကြီးမင်းသားမင်းသမီး များစွာပါဝင်ထားတဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်လို့ အောင်မြင်လာမဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် ရုတ်တရက် အကြောင်းကိစ္စတစ်ခုကြောင့် လူတချို့ မသေမျိုး ဖြစ်လာပြ်ီး အဖွဲ့အနေနဲ့ ပေါင်းစည်းလှုပ်ရှားကြတဲ့ကားလေးပါ ဗိလိန်ကတော့ သူတို့ရဲ ပြန်လည်ကုသနိုင်စွမ်းကို စမ်းသပ်ချင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပေါ့ သူတို့ အကြားတိုက်ပွဲ ဖြစ်ပုံ ကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းတစ်ကားလုံး ပျင်းရတယ်ကို မရှိပဲ အဆုံးထိ ကြည့်ရှုသူကိုဆွဲဆောင်နိုင်တဲ့ကားမျိုးဖြစ်လို့ လက်မလွတ်ပဲ အားပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်နော်။ Type- Action/fantasy IMDb rating- 6.7/10 Translated & Review By Naw Suee Phaw Shee Encoded By Thar Nyo Lwin
6.7
IMDB: 6.7/10 62,695 votes
movie

The Old Guard

2020
1080p HD
Men in Black II 6.2
Men in Black II 2002ခုနှစ်ကထွက်ရှိထားပြီး IDMB 6.2/10ရထားတဲ့ဒါရိုက်တာ Barry Sonnenfeld ရိုက်ကူးပေးထားတဲ့ Men in Black II ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက သိပ္ပံစိတ်ကူးယဥ် အက်ရှင်ဟာသကောင်းတစ်ကားလဲဖြစ်ပါတယ် ဇာသာတွေရဲ့ ရောင်ခြည်ကို ဆာလီနာဆိုတဲ့ဂြိုလ်သားကိုရယူဖို့ကြိုးစားနေတယ် အဲဒီရောင်ခြည်ဟာအစွမ်းကြီးမားလို့ လူဆိုးတွေလက်ထဲရောက်ခဲ့ရင် အဲဒီအလင်းကိုပိုင်ဆိုင်တဲ့ဂြိုဟ်ကပျက်ဆီးတဲ့အခြေအနေကိုရောက်သါ်းနိုင်တယ် ဒါကြောင့် ဇာသာတို့ရဲ့မင်းသမီးလော်ရာနာက သူတို့ရဲ့အဖိုးတန်ရတနာကိုဝှက်ပေးဖို့Men in black ကိုအကူအညီတောင်းခဲ့တယ် သူတို့ကူညီမလား တကယ်လို့ အဲဒီရောင်ခြည်ကို ကမ္ဘာမြေပေါ်မှာဝှက်ထားတာသိရင် ဆာလီနာက ဘယ်လိုပြန်လာယူမလဲ ဆာလီနာကို Men in Black က အေးဂျင့်တွေကတားဆီးနိုင်ပါ့မလား နောက်ဆုံးမှာဘယ်သူနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ် မင်းသားကြီးTomy lee Jonesနဲ့ မင်းသား Will Smith တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ် ပရိသတ်တွေကိုစိတ်မပျက်စေတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated & Reviewed By Phyu Phyu Aye Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
6.2
IMDB: 6.2/10 335,421 votes
movie

Men in Black II

2002
1080p
Men in Black 7.3
Men in Black ဒီရုပ်ရှင်လေးနဲ့ ငယ်ငယ်ကအချိန်လေးတွေကို တစ်ခေါက်ပြန်သွားကြပါစို့လားဗျာ ကျနော်တို့ငယ်ငယ်က ရုပ်ရှင်ကြည့်ပုံနဲ့ အခုနဲ့မတူဘူးမလား။  ကိုယ်စီ Laptop တွေ၊ ဖုန်းတွေနဲ့ ကြည့်ကြမျိုးမဟုတ်ဘဲ ထမင်းစားပြီးတဲ့ အချိန် နေ့လည် ၂နာရီ၊ ၃နာရီလောက်မှာ ညီအစ်ကို မောင်နှမတွေ၊ မိသားစုတွေ စုံစုံလင်လင်နဲ့ တီဗီရှေ့ထိုင်ပြီးအားရပါးရကြည့်ကြတာမျိုး။Sexအခန်းတွေမပါဘူး၊ လေးလေးနက်နက်အဓိပ္ပာယ်တွေမပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလည်းကောင်း၊ ကြည့်လို့လည်းကောင်းတဲ့ ကားမျိုးလေးတွေ ကြည့်ကြတာများတယ်။ အဲ့တုန်းက အကြည့်များတာဆို Spider Man Triologyတို့၊ Indiana Jones တို့၊ MIB တို့လို franchise တွေရယ်၊ ဂျက်ကီချန်းတို့၊ Ong Back တို့လို့ အက်ရှင်ကားအများစုရယ်၊ Spy Kid တို့၊ Home Alone တို့လို ကလေးကားလေးတွေရယ်ပေါ့။ အခု Men In Black 1997 ကလည်း အဲ့လို 90sနဲ့ 2000 ခုနှစ်ပတ်ချာလည်တွေကို ပြန်ခေါ်သွားမဲ့ကားမျိုးပါ။ MIB ရဲ့ထွက်သမျှလေးကားလုံးထဲမှာ ...
7.3
IMDB: 7.3/10 504,097 votes
movie

Men in Black

1997
1080p
Red Cliff 7.4
Red Cliff Red Cliff ဇာတ်ကား part 1 နဲ့ 2 ကိုတော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။တရုတ်ရာဇဝင်ဇာတ်ကားတွေထဲကနာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာလဲဖြစ်ပါတယ်။ ဇာတ်လမ်းကို 2008 ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီး အေဒီနှစ်ရာခန့်က ဖြစ်ပွားခဲ့သော ချောက်ကမ်းပါးနီတိုက်ပွဲကို ပညာသားပါပါရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb rating 7.4/10 ရရှိခဲ့လို အလွန်rating များတဲ့ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းပြောရရင် ယန်မင်းဆက်ကို ချုပ်ကိုင်ထားသော ဝန်ကြီးကောကော ရဲ့မတရားစစ်ပွဲများကို ခုခံရန်ကြိုးစားကြပုံကိုရိုက်ကူးထားတာပါ။ အင်အား ချင်းဆယ်ဆကျော်ကွာသောလည်း ဥာဏ်ပညာ စည်းလုံးမှု ကျွမ်းကျင်မှုတို့ပေါင်းစည်းကာ ယှဥ်တိုက်နိုင်ခဲ့ပုံကို အားရပါးရ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ရာဇဝင်ကားကြိုက်တဲ့သူတွေအကြိုက်ဖြစ်ပြီး မကြည့်ဖူးတဲ့သူကော ကြည့်ဖူးတဲ့သူတွေပါ ပြန်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ IMDb rating-7.4/10 Type- War/Action Translated & Review by Naw Sue Phaw Shee Encoded By Kar Yan
7.4
IMDB: 7.4/10 42,905 votes
movie

Red Cliff

2008