Yourcinema

Bollywood

Dum Laga Ke Haisha 7.5
Dum Laga Ke Haisha Dum Laga Ke Haisha (2015) ပရိသတ်တွေအတွက် 2015 ကထွက်ခဲ့တဲ့ မင်းသားချော အရွတ်ရ်ှမန်းနဲ့ မင်းသမီးချော ဘူမိတို့ရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်... Romance/Drama အမျိုးအစားဖြစ်ပြီး IMDb 7.5/10 နဲ့ Google users 92% ရရှိထားပါတယ်... မင်းသမီး ဘူမိဟာ ဒီဇာတ်ကားအတွက် မူလကတည်းက အနည်းငယ်ဝနေတဲ့ခန္ဓာကိုယ်ကို အဝလွန်အောင်ဝိတ်တင်ခဲ့ရပြီး ဒီဇာတ်ကားနဲ့အတူ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်... ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်... ဇာတ်လမ်းလေးကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့ ပရမ်ဆိုတဲ့ကောင်လေးဟာ ငွေးကြေးအခက်အခဲကြောင့် မိဘတွေပေးစားတဲ့ ဆန်ဒယာဆိုတဲ့ အဝလွန်နေတဲ့ကောင်မလေးကို မယူချင်ဘဲယူလိုက်ရပါတယ်... ဒီလိုနဲ့ သူတို့အိမ်ထောင်ရေး အဆင်ပြေပါ့မလား...??? ဘာတွေဆက်ဖြစ်မလဲ...??? ဆိုတာကို ပရိသတ်တွေကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး... Quality - Bluray (1080P) (480P) Size - (1.6 GB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ ဒေါင်းရန် နှိပ်ပါ 1080P ...
7.5
IMDB: 7.5/10 17,452 votes
movie

Dum Laga Ke Haisha

2015
1080P Bluray 5.1CH
Danny 4.8
Danny Danny (2020) ဒီတခါအမျိုးသမီးရဲစုံထောက်ကား‌ လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ရွာတစ်ရွာရဲ့ ကြံစိုက်ခင်းကြီးထဲမှာ မိန်းခလေးတစ်ယောက်မီးရှို့အသတ်ခံလိုက်ရတယ် ... ဘယ်သူ့ဘယ်ဝါရယ်လို့တောင် ခွဲခြားလို့မရတော့ဘူး... ရဲကားတွေရဲ့ထုံးစံအတိုင်း နီးစပ်ရာလူတွေကို ဖမ်းဆီးစစ်ဆေးရင်း နောက်ဆုံးတော့ သေဆုံးသူကောင်မလေးရဲ့ယောက်ျားကို တရားခံအဖြစ်သတ်မှတ်ပြီး အမှုကိုပိတ်သိမ်းလိုက်ပါတယ်... အဲဒီဒေသကို အမျိုးသမီး ရဲအရာရှိတစ်ဦးတာဝန်ကျလာတဲ့အခါမှာတော့ အဲဒီအမှုကိုအစအဆုံးပြန်ကိုင်ပါတော့တယ်... ဒီကားထဲမှာဒန်နီဆိုတဲ့ ခွေးလေးဟာ အနံ့ခံအရမ်းကောင်းပြီး အမှုတော်တော်များကိုဖော်ထုတ်နိုင်ခဲ့ပါတယ်... ဒန်နီနဲ့ ရဲမေတို့ပူးပေါင်းပြီး တရားခံအစစ်ကိုဖမ်းဆီးနိုင်မှာလား...??? အဲဒီအမှုရဲ့နောက်ဆက်တွဲအနေနဲ့ ဘာဆိုးကျိုး‌ တွေဆက်ဖြစ်နိုင်ဦးမလဲ...??? ဆိုတာကိုတော့ ဇာတ်ကားအစအဆုံး ကြည့်ရှုကြပါခင်ဗျာ... Quality - 1080P , 480P Size - 1.1 GB , 400 MB ဘာသာပြန် - Maung Pyae Aye အန်ကုဒ်ဒါ - လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.1 GB] ဒေါင်းရန် နှိပ်ပါ 480P [400 MB]
4.8
IMDB: 4.8/10 35 votes
movie

Danny

2020
1080p
Balakrishnudu 4.7
Balakrishnudu Balakrishnudu (2017) ဒီကားမှာတော့ မင်းသားဟာ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ့် မိဘမဲ့ လူငယ်တစ်ယောက်။ နာမည်က ဘာလူတဲ့။ မွေးစားဖခင် ဂေါ့ဖားသားကြီး ရာဂူးနန်ဒန်းယာဒက်ဗ်ရဲ့ စေခိုင်းမှုကြောင့် နိုင်ငံရေးသမ တစ်ဦးရဲ့ တူမဖြစ်သူကို စောက်ရှောက်ပေးဖို့ ဘော်ဒီဂတ်အလုပ်ကို သူရတယ်။ ဘော်ဒီဂတ်အဖြစ် ငှါးပြီဆိုကတည်းက နိုင်ငံရေးသမမှာ ရန်သူတွေ၊အတိုက်အခိုက်တွေ အများကြီး ရှိနေလို့ဆိုတာ ခန့်မှန်းမိမယ်ထင်ပါတယ်။ ဒီလိုနဲ့. . . မြို့မှာ ကောလိပ်တက်နေတဲ့ ကောင်မလေးကို သူဟာ ဘော်ဒီဂတ်ဆိုတာကို မပြောပဲ ဘာလူတစ်ယောက် မွေးရပ်မြေကိုရောက်အောင် ဘယ်လိုများ ပြန်ပို့ပေးမလဲ. . . Quality - 1080P , 480P Size - 1.3 GB , 652 MB Subtitle & Encoded by လူယုတ်မာ #crd_review_bbmt   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [652 MB]
4.7
IMDB: 4.7/10 63 votes
movie

Balakrishnudu

2017
FHD 1080p
Jessie 7
Jessie Jessie (2019) ညီအစ်မနှစ်ယောက်ရဲ့သွေးဒဏ္ဍာရီ အချို့လူတွေရဲ့ ဝါသနာနဲ့ အာသီသကလည်း အဆန်းသား​ဗျ...အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းလောက်မှာ ဆော့ကစားချင်ကြတာမျိုး​ဗျ...အဲ့လို ဝါသနာတူတွေများ ပေါင်းမိလိုက်ရင် လောင်းကျော်ပြီပဲ... အဲ့လိုမျိုး လူငယ်တစ်စုဟာ ဝိညာဥ်တွေကို လေ့လာရှာဖွေ စူးစမ်းဖို့ အိမ်တစ်အိမ်ဆီကို ဦးတည် ခရီးထွက်ခဲ့ကြတယ်... အဲ့ဒီအိမ်ကတော့ သိပ်ချစ်ခဲ့ကြတဲ့ ညီအစ်မနှစ်ယောက် ဂျက်စီနဲ့အေမီတို့ရဲ့အိမ်ပဲ... အန္တရာယ်ကို ကြိုသိလို တားမြစ်နေတဲ့ကြားက တဇောက်ကန်းလူငယ်အဖွဲ့ကတော့ ရောက်အောင်သွားခဲ့ပါတယ်... အိမ်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ပဲ မျက်နှာနေရာတွေကို တစ်ခုခုနဲ့မွှန်းဖျက်ထားတဲ့ အိမ်အဝင်က ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံကြီးကနေစတင် ဆီးကြိုနေပြီး သူတို့ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံကြရမလဲ..??? သူတို့ရှာချင်ခဲ့တဲ့ အဖြေကို တွေ့မှာလား..??? အန္တရာယ်နဲ့ ပက်ပင်းတိုးတဲ့အခါမှာ သတ္တိရှိနိုင်ပါဦးမလား..??? Quality - 1080P , 480P Size - 1.3 GB , 390 MB Subtitled & Encoded by လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [390 MB]
7
IMDB: 7/10 310 votes
movie

Jessie

2019
1080 P
Irudhi Suttru 7.6
Irudhi Suttru Irudhi Suttru [သို့] Saala Khadoos(2016) လက်ဝှေ့ဘုရင်မ မတ်ဟာဗန် (ပရာဘူအဖြစ်) ဆိုတဲ့လူဟာ တကယ့်ကို လူ့ဂွစာတစ်ယောက်ပါ...ကိုယ်မှန်တယ် ထင်ရင် ဘယ်သူ့မှ ဂရုစိုက်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး...ခေါင်းမာသလို နှုတ်လည်း ကြမ်းတယ်...အဲ...လူဖြောင့်စိတ်တိုလို့ နာမည်တပ်ချင်ရင် တတ်လို့ရတယ်... သူက လက်ဝှေ့သင်ကြားပေးတဲ့ နည်းပြတစ်ယောက်ပါ... မဟုတ်မခံစိတ်ရှိတဲ့လူတစ်ယောက် ဆိုတော့ လက်ဝှေ့အဖွဲ့အစည်းထဲက နိုင်ငံရေးအရှုပ်အရှင်းတွေရဲ့ သားကောင်ဖြစ်သွားခဲ့ပြီး တမီးလ်နန်ဒူကို ပြောင်းရွှေ့ခံလိုက်ရပါတယ်... ဒါပေမယ့် ခေါင်းမာတဲ့သူက ဘယ်နေရာရောက်ရောက် လက်ဝှေ့ချန်ပီယံတွေ မွေးထုတ်နိုင်ရမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်... ဒီလိုနဲ့ ရှားပါးတဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ရှိပြီး လက်ဝှေ့ကိုတော့ လုံးဝစိတ်မဝင်စားတဲ့ ၁၇နှစ်အရွယ် ငါးရောင်းတဲ့ကောင်မလေးတစ်ယောက်ကို တွေ့သွားပါတယ်။ ပါရမီရှိပြီး ပိုကောင်းအောင်လုပ်ဖို့ စိတ်မဝင်စားတဲ့ကောင်မလေးနဲ့ သူဘယ်တော့မှမရနိုင်တဲ့အရာကို ယူနိုင်တဲ့အစွမ်းအစကိုမြင်တဲ့ လူတစ်ယောက်တို့ကြားက စိတ်ဓာတ်အားပြိုင်မှုတွေကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ Quality 1080P , 480P Size 1.7 GB , 573 MB Subtitled & Encoded by လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P ...
7.6
IMDB: 7.6/10 11,039 votes
movie

Irudhi Suttru

2016
1080p
Devi 6.6
Devi Devi (1999) မြွေဘုရင်မဒေဝီ အင်အားကြီးတဲ့မကောင်းဆိုးဝါးရဲ့လက်ကနေ သူမကိုကယ်တင်ပေးပြီး သေသွားခဲ့တဲ့လူရဲ့ သမီးကို ကာကွယ်စောင့်ရှောက်မယ်လို့ မြွေဘုရင်မဒေဝီက သန္နိဌာန်ချခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို မေ့လျော့ပြီး လူသားတစ်ယောက်နဲ့ချစ်ကြိုက်သွားခဲ့ပါတယ်။ ​လူတစ်ယောက်ဟာ မြွေဘုရင်မဒေဝီကို ကယ်တင်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်...အသက်သခင် ကျေးဇူးရှင်ရဲ့ ကျန်ရစ်ခဲ့တဲ့ သမီလေးကို ကာကွယ်စောင့်ရှောက်ဖို့ မြွေဘုရင်မဒေဝီ တစ်ယောက် သန္နိဌာန်ချခဲ့ပေမယ့် လူသားတစ်ဦးနဲ့ ချစ်ကြိုက်မိပြီး မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ပါတယ်။ ရန်ပြုလာမယ့် အန္တရာယ်အသွယ်သွယ်ကို မြွေဘုရင်မဒေဝီ သိရှိသွားတဲ့အခါမှာ... ထားခဲ့ဖူးတဲ့ သန္နိဌာန်ကို တည်နိုင်ပါ့မလား... ကိုယ့်ကိုယ်ကိုယ်ရော ကာကွယ်နိုင်ပါ့မလား... ဆိုတာကို ကြည့်ရှုဖို့ ငယ်ငယ်က ဘုမသိ ဘမသိ ကြည့်ခဲ့ရတဲ့ မြွေမင်းသမီးကားတစ်ကားကို ပြန်လည်အောက်မေ့လိုက်ကြရအောင်လား​ဗျာ... Subtitle & Encoder လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [2.4 GB] ဒေါင်းရန် နှိပ်ပါ 480P [740 MB]
6.6
IMDB: 6.6/10 152 votes
movie

Devi

1999
Lootcase 7.9
Lootcase မြို့ပေါ်ရပ်ကွက်တစ်ခုမှာ အိုးပိုင်အိမ်ပိုင်မရှိဘဲ အခန်းငှားပြီးနေရာတဲ့မိသားစုတစ်စု။ လင်မယားတွေတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ပဲချစ်ချစ် အိမ်ငှားခတွေ နေ့စဉ်အသုံးစရိတ်တွေ ကလေးကျောင်းစရိတ်တွေ စတဲ့ကုန်ကျစရိတ်တွေများလာပြီး ဝင်ငွေနဲ့ထွက်ငွေမမျှတာတော့တဲ့အခါ မိန်းမရဲ့နားပူနားစာ လုပ်မှုကို မကြာခဏခံနေရတဲ့ ယောက်ျားတစ်ယောက် ။ ‌တခုသောညမှာ ညဂျူတီဆင်းပြီး အလုပ်ကနှစ်နာရီထိုး အချိန်လောက် ပြန်လာခဲ့တယ်။လမ်းလျှောက်ပြန်လာရင်း ကိစ္စကထိပ်ဝကိုရောက်နေတဲ့အခါမှာတော့ အနီးအနားမှာရှိတဲ့ အများသုံးသန့်စင်ခန်းတခုကိုဝင်ပြီး သူ့ကိစ္စကိုဖြေရှင်းလိုက်တယ် ။ သန့်စင်ခန်းကပြန်အထွက်ခလုတ်တိုက်မိပြီး အဝတ်အစားထည့်တဲ့ ခရီးဆောင်အိတ်တစ်လုံးဟာ သူ့ရှေ့ကိုပြုတ်ကျလာခဲ့တယ် ။မထင်မှတ်ပဲသူ့ ရှေ့ကိုရောက်လာတဲ့အိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရူပီ ၂၀၀၀တန် ငွေစက္ကူတွေအထပ်လိုက် အိတ်အပြည့်ဖြစ်နေတာကိုတွေ့လိုက်တယ် ။ ပိုက်ဆံမရှိလို့အမြဲတမ်းပူညံပူညံလုပ်နေတဲ့ သူ့ရဲ့မိန်းမ၊ကလေးပီပီလိုချင်မှုတွေ များနေတဲ့သူ့ရဲ့သားလေး၊ မိန်းမနဲ့ သားလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်နေတဲ့သူအတွက်ကတော့ အဲဒီအိတ်ကိုယူသွားမိမှာမလွဲပါဘူး ။ ဒါပေမယ့် အိတ်ပိုင်ရှင်ကဘယ်သူလဲ?????အဲဒီအိတ်ကဘာကြောင့်အဲဒီနေရာကိုရောက်နေတာလဲ၊???? ‌အဲဒီအိတ်နှင့်ပတ်သက်ပြီး သူတို့မိသားစုတွေဘယ်လိုအန္တရာယ်တွေကြုံရမလဲ...??? ‌စသည်စသည်ဖြင့် ဇာတ်ကားကောင်းလေးတစ်ကားကိုကြည့်ရှု့ကြပါဦးလို့ ပြောလိုက်ပါရစေ... ဘာသာပြန် = Maung Pyae Aye Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 720P [1.2 GB] ​ဒေါင်းရန် နှိပ်ပါ 480P [520 MB]
7.9
IMDB: 7.9/10 5,722 votes
movie

Lootcase

2020
720P
Yaara 6
Yaara Yaara (2020) Your Cinema ပရိတ်သတ်ကြီးအတွက် ၃၀.၇.၂၀၂၀နေ့မှာ ထွက်ရှိထားတဲ့ အိန္ဒိယ ဇာတ်ကြမ်း ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဇာတ်လမ်းရဲ့အစမှာ လူမိုက်တွေရဲ့ သတ်ဖြတ်မှုကြောင့် မိဘမဲ့လေးများဖြစ်သွားရရှာသော ကလေးနှစ်ယောက်။ လူမိုက်တွေရဲ့အန္တရာယ်ကိုရှောင်ရှားရင်း မှောင်ခိုရာဇာ တစ်ဦးနဲ့ဆုံမိကြတယ်... ထိုမှောင်ခိုရာဇာအဖွဲ့ဟာ ကလေးသူငယ်များကိုအသုံးချပြီး မှောင်ခိုလုပ်ငန်းမှန်သမျှကို ကျူးလွန်ကြတယ်။ မိဘမဲ့ကလေးနှစ်ယောက်နဲ့ မှောင်ခိုရာဇာတို့လက်ထဲမှာရှိတဲ့ ကလေးနှစ်ယောက် စုစုပေါင်းကလေး 4 ယောက်တို့ဟာ အရွယ်ရောက်လာတဲ့အခါ မှောင်ခိုလောကရဲ့ဘုရင်များဖြစ်လာကြတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်ရင် ကြည့်ကြပါလို့ တိုက်တွန်းပါတယ်... ဘာသာပြန် = Maung Pyae Aye Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.7 GB] ဒေါင်းရန် နှိပ်ပါ 480P [511 MB]
6
IMDB: 6/10 1,211 votes
movie

Yaara

2020
1080 P
Kirik Party 8.4
Kirik Party Kirik party အိန္ဒိယတောင်ပိုင်းဇာတ်ကားများကို ကြည့်ဖူးတဲ့ပရိသတ်များအတွက်တော့ မင်းသမီးချောလေး ရက်ရှ်မီကာ မက်ဒါးနား ကို ကျိန်းသေသိကြမှာပါ... စွဲမက်ဖွယ်ကောင်းတဲ့ အပြုံးပိုင်ရှင် မင်းသမီးချောလေးရဲ့ဇာတ်ကားတွေဟာ ပရိတ်သတ်တွေကြားမှာ အင်မတန် ရေပန်းစားကျော်ကြားပါတယ်... ဒီကားထဲမှာတော့ အသည်းကျော်လေးဟာ အင်ဂျင်နီယာကျောင်းရဲ့ စတုတ္ထနှစ် နောက်ဆုံးနှစ်ကျောင်းသူနေရာကသရုပ်ဆောင်ထားပါတယ်... မင်းသားကတော့ အဲဒီကျောင်းရဲ့ မထမနှစ်ကျောင်းသားတယောက်ပါ... မမဖိုင်နယ်သူနဲ့ ပထမနှစ်ကျောင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းဟာ ထင်မှတ်မထားတဲ့ဇာတ်လမ်းအလှည့်ပြောင်းများနဲ့ သရုပ်‌ ဖော်ထားတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်... ဒီကားထဲမှာကျွန်တော်တို့ရဲ့ အသည်းကျော်လေးအပြင် နောက်ထပ်မင်းသမီးချောလေးတစ်ယောက်ပါပါသေးတယ်... မင်းသားကိုလည်းပထမဆုံး ဂျလေပီစတိုင် ဆံပင်ဂုတ်ထောက်နဲ့ တွေ့ရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ စမတ်ကျကျခံ့ချောကြီးအဖြစ် တွေ့မြင်ရမှာပါ... ကျောင်းသားကားတွေရဲ့သဘာဝ ကျောင်းအ ငွေ့အသက်များ သူငယ်ချင်းအချင်းချင်းကွက်ကျော်ရိုက်တာတွေ တစ်ကျောင်းနဲ့တစ်ကျောင်း ကျောင်းသားအချင်းချင်းမသင့်မြတ်တာတွေ ဂိုဏ်းစတားဆန်ဆန်ဖြေရှင်းတာတွေ အထိုးအကြိတ်အခန်းများကလည်း ပရိတ်သတ်များကိုကျေနပ်စေမှာပါ... ဇာတ်လမ်းအရသာပျက်သွားမှာစိုးတဲ့အတွက် အစအဆုံး ကြည့်ရှု့ကြပါလို့ တိုက်တွန်းပါတယ်... ဘာသာပြန် = Maung Pyae Aye Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 720P [710 MB]    
8.4
IMDB: 8.4/10 4,207 votes
movie

Kirik Party

2016
720 P
Dil Bechara 9.6
Dil Bechara Dil Bechara (2020) အပြုံးလှလှလေးနဲ့ အမြဲဆွဲဆောင်မှုရှိနေတဲ့ မင်းသားဆူရှန့်ရဲ့ မသေခင်နောက်ဆုံးထွက်တဲ့ကားလေး Dil Bechareဟာ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်တွေနောက်ဆုတ်လာရင်းနဲ့ July 24th မှာ Disney+Hotstarကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်... IMDb ratingကတော့ လက်ရှိ လူပေါင်း ၅‌သောင်းခွဲ‌လောက်က ပေးထားတဲ့ ratingအရ 9.7/10ထိ ရရှိထားပါတယ်... ဇာတ်လမ်းအကျဉ်း ကင်ဆာရောဂါသည်မလေး ကစ်ဇီဟာ သူ့ရဲ့နေ့ရက်တိုင်းကို ပွတ်ရှ်ပင်ဒါလို့သူနာမည်ပေးထားတဲ့အောက်စီဂျင်ဘူးလေးနဲ့အတူ ဖြတ်သန်းနေရပါတယ်... တစ်ရက်မှာ မန်နီလို့ခေါ်တဲ့ ကင်ဆာရောဂါသည်‌ကောင်‌လေးနဲ့တွေ့တဲ့အခါ… သူတို့ကြားကဆက်ဆံရေးတွေ ဘယ်လိုဖြစ်လာမလဲ… ရောဂါသည်အချင်းချင်း ဘယ်လို ဖေးမ'မလဲ… ဘယ်လိုအရာတွေနဲ့ကြုံတွေ့လာရမလဲ… ဒီလို ​ကားကောင်းမျိုးကို အညွှန်းရေးရင် ပေါ့ပျက်ပျက်ကြီး ဖြစ်သွားပါလိမ့်မယ်... ဒါကြောင့် တော်ပြီ ဒီလောက်ပဲညွှန်းတော့မယ်.… ပြီးခဲ့တဲ့လက သေဆုံးသွားခဲ့တဲ့ဆူရှန့်ရဲ့ နောက်ဆုံးထွက်ကားဖြစ်နေတာမို့ လူစိတ်ဝင်စားမှုတော့ တော်တော်များခဲ့တယ်လို့ပြောရမယ်ဗျ (ဘောလိဝုဖန်တွေအတွက်ပေါ့နော်)... ကိုယ်တွေလဲ ဆူရှန့်ဖန်မဟုတ်ခဲ့ပေမဲ့ ဒီကားကြည့်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ချစ်စရာအပြုံးတွေ သရုပ်ဆောင်ချက်လန်းလန်းလေးတွေတွေ့ပြီး သဘောကျမိပါတယ်... သင်လဲ ဘောလိဝုကားဆို အနှစ်သာရရှိမှကြည့်ချင်တာပါဆိုရင်တော့ ဒီကားလေး မြည်းစမ်းကြည့်ပါလို့ ဖိတ်ခေါ်အပ်ပါတယ်... Genre - Comedy/ Romance/ Drama Translated By MinnMyoKhant Encoded ...
9.6
IMDB: 9.6/10 61,156 votes
movie

Dil Bechara

2020
1080 P
Hamilton 8.9
Hamilton မျိုးရိုးနိမ့်မိဘမဲ့တစ်ယောက် ဘဝစုံနေအောင်ကျော်ဖြတ်ခဲ့သူတစ်ယောက် ကျွန်စနစ်ကိုတိုက်ဖျက်ခဲ့ပြီး ဘဏ်စနစ်ကိုပြောင်းလဲခဲ့သူ အမေရိကန်နိုင်ငံရဲ့တည်ထောင်သူတစ်ယောက် အဲလက်ဇန်းဒါးဟာမယ်တန် အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ယနေ့တိုင်သူ့ကို အမေရိကန် ၁၀ဒေါ်လာတန်တွေမှာတွေ့နိုင်ပါသေးတယ်။ Disney ကနေရိုက်ကူးထားပြီး rating 9.1/10 အထိရရှိထားတဲ့ဇာတ်ကားမို့ rating အလွန်များတဲ့ဇာတ်ကားပါ။ အဲလက်ဇန်းဒါး ဟာမယ်တန်ရဲ့ဇာတ်ကြောင်းကို ပြဇာတ်ပုံစံအနေနဲ့ ရိုက်ကူးပြီး ရုပ်ရှင်လောက ကို ပုံစံပြောင်းထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ဂီတပုံစံ မျိုးစုံနဲ့ဖော်ပြထားတဲ့အတွက် ကြည့်ရှု သူတို့ရဲ့ နှလုံးသားထဲထိ ရောက်အောင် ရိုက်သွင်းနိုင်မှာပါ။ သမိုင်းကိုမှတ်ရလွယ်အောင်ရိုက်ကူးထားတဲ့အတွက် ပြဇာတ်နှစ်သက်သူတွေအတွက် ကော သမိုင်း စိတ်ဝင်စားသူတွေအတွက်ကော ဂီတကိုကြိုက်နှစ်သက်သူတွေအတွက်ကော အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး ထွက်ထားတာ မကြာသေးလို့ ဇာတ်ကား အသစ်စက်စက်ကို ကြည့်ရှုခံစားရမှာလည်းဖြစ်ပါတယ်။ IMDb rating 9.1/10 Type Musical drama Translated & Review By Naw Suee Phaw Shee Encoded By ...
8.9
IMDB: 8.9/10 26,476 votes
movie

Hamilton

2020
1080p HD
Lovers Day 5.5
Lovers Day Your Cinema ပရိတ်သတ်ကြီးကို ဒီတစ်ခါ အရမ်းလန်းတဲ့ LOVERS DAY ဆိုတဲ့ဆယ်ကျော်သက် ကျောင်းသား‌ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီကားလေးမှာ ကျွန်တော်အကြိုက်ဆုံးက ကျောင်းသားကား ဖြစ်တာနဲ့အညီ သုံးထားတဲ့မင်းသား မင်းသမီလေးတွေ အားလုံးဟာ ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်နေတာကိုပါ။ ဒီအချက်ကဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။မင်းသား မင်းသမီးလေးတွေက အသက်ငယ်ပေမဲ့ သရုပ်ဆောင်ချက်တွေက တကယ်ပီပြင်ပါတယ်။ ဒီကားလေးကိုကြည့်တဲ့သူတိုင်း မိမိတို့ရဲ့ငယ်စဉ် ကျောင်းသားဘဝကို ပြန်လည်တမ်းတ သတိရနေမယ်ဆိုတာ အသေအချာ ပြောရဲပါတယ်။ကျောင်းသားဘဝ မှားတက်တဲ့အမှား ပေါင်းများစွာကိုလည်း ဟာသဆန်ဆန် ဇာတ်ကွက်လေးများဖြင့် ဖော်ကျူးထားသောကြောင့် အူနှိပ်ပြီးရယ်နေရမှာလဲ မလွဲဧကန်ဖြစ်ပါတယ်။ ကျောင်းသားဘဝ သူငယ်ချင်းများရဲ့ ကြားမှာရှိတဲ့သံ ယောဇဉ်တွေ ၊တစ်ယောက်အခက်အခဲကိုတစ်ယောက်က ကူညီဖြေရှင်းပေးတာတွေ ၊ယောက်ျားလေးသူငယ်ချင်းနဲ့ မိန်းကလေးသူငယ်ချင်းတို့ရဲ့ကြားက သံယောဇဉ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာဖြစ်ပါတယ် ။ကုလားကားဆိုတဲ့အတိုင်း ဇာတ်လမ်းလှည့်ကွက် အလှည့်အပြောင်းများကလည်း ပရိသတ်ကြီးကို ရင်ခုန်စိတ်လို့ရှားစေမှာပါ ။ဇာတ်လမ်းအကျဉ်းကိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် မပြောတော့ပါဘူး။လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်ကို ခံစားချင်သူတိုင်း ...
5.5
IMDB: 5.5/10 2,065 votes
movie

Lovers Day

2019
1080 P
NH10 7.2
NH10 ကဲ…ဒီတစ်ခါတော့ သဲထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျာ... PKမင်းသမီးလို့ လူတွေသိကြတဲ့ Anushka Sharmaရဲ့ဇာတ်ကားကောင်းလေးပါ... ဇာတ်လမ်းအကျဉ်းကတော့... ခေတ်လူငယ်စုံတွဲဖြစ်တဲ့အာရ်ဂျွန်းနဲ့မီရာဟာ မွေးနေ့ပွဲအထိမ်အမှတ်နဲ့ ခရီးထွက်လာပါတယ်... အမြန်လမ်းတစ်နေရာမှာ ခရီးတစ်ထောက်နားနေတုန်း ရန်လိုနေတဲ့လူတစ်စုက တခြားလူငယ်စုံတွဲနှစ်ယောက်ကို ကားပေါ်ဇွတ်တင်ခေါ်ဖို့ကြိုးစားနေတာကို အာရ်ဂျွန်ကမနေနိုင်လို့ ဝင်တားရာ အာရ်ဂျွန်းကို စောက်ခွက်တစ်ချက်ထိုးပြီး ကားမောင်းထွက်သွားပါတယ်... ဒီလိုနဲ့ အာရ်ဂျွန်းတို့လဲခရီးဆက်လာရာ လမ်းတစ်နေရာမှာ ခုနက လူတစ်စုရဲ့ကားကိုတွေ့လိုက်တော့ နောက်ကနေ အသာလေးလိုက်သွားပါတယ်... လိုက်သွားရာကနေ အဲ့ဒီလူတစ်စုက ခုနကလူငယ်စုံတွဲကို သူတို့မျက်စိရှေ့မှာပဲသတ်လိုက်ပါတယ်... သူတို့နှစ်ယောက်ကော ဘယ်လိုလွတ်အောင်ပြေးမလဲ... ဘာကြောင့် သတ်ဖို့ကြိုးစားကြတာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ... IMDb ratingက 7.2/10ထိရရှိထားပြီးတော့ တစ်ထိုင်တည်း မပျင်းမရိနဲ့ ဆွဲခေါ်သွားပေးနိုင်တာမို့ သေချာပေါက် မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ... Genre - Action, Crime, Drama Translator - MinnMyoKhant Encoded by လူယုတ်မာ     👉ဒေါင်းရန် နှိပ်ပါ DropBox 720P [845 MB] 👉ဒေါင်းရန် နှိပ်ပါ MegaUp 720P [845 MB] 👉ဒေါင်းရန် နှိပ်ပါ Racaty 720P [845 MB]   👉ဒေါင်းရန် ...
7.2
IMDB: 7.2/10 11,813 votes
movie

NH10

2015
720 P
Hirkani 7.2
Hirkani Hirkani (2019) အမှန်အတိုင်း‌ပြောရရင် ဒီဇာတ်ကားကို ထွမ်စလိတ်ရမယ်ဆိုတော့ နည်းနည်းစိတ်ညစ်သွားတယ်... ဘာလို့ဆို ကိုယ်မှ ရှင်ဘုရင်ခေတ်က ဇာတ်ကားတွေကို မကြိုက်တာ... မကြိုက်ဆို အဲ့လိုဇာတ်ကားတွေလောက်ရှုပ်တာမရှိဘဲကိုး... ဒါပေမယ့် ထွမ်ကြည့်လိုက်မှ ကိုယ့်အစွဲကြီးက လွဲမှားနေတယ်ဆိုတာ သိလိုက်ရတယ်။ အခုဇာတ်ကားကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်... ကြည့်မိလို့နောင်တမရသွားဘူး ဇာတ်လမ်းအကျဉ်း သူမနာမည်ကဟီရာ... ယောက်ျားက ဘုရင်ယုံကြည် အားထားရလောက်တဲ့ စစ်သည်ကောင်းတစ်ယောက်... နို့စို့အရွယ် သားလေးတစ်ယောက်ရှိပြီး သူမက ဘုရင့်ခံတပ်ထဲကို နွားနို့ ပို့တဲ့အလုပ်လုပ်တဲ့သူ... သူတို့ခံတပ်မှာ စည်းကမ်းတစ်ခုရှိတယ်... အဲ့တာက ခံတပ်တံခါးကို နေဝင်ရင် ပိတ်ပြီး နေထွက်ရင် ပြန်ဖွင့်တယ်... ဖွင့်ထားတဲ့အချိန် ကြိုက်သလောက် ဝင် ကြိုက်သလိုထွက်... ပိတ်ထားတဲ့အချိန် အထွန့်မတက်နဲ့ ဆိုတာမျိုး... တစ်ရက် သူ့သားလေးကို ထားခဲ့ပြီး ခံတပ်ထဲကို နွားနို့ပို့ပြီး အပြန်နောက်ကျလို့ ခံတပ်ထဲမှာ ပိတ်မိသွားပါတယ်... ယောက်ျားကလည်း တာဝန်နဲ့အဝေးရောက်နေ... ယောက္ခမကလည်း အဲ့ဒီနေ့ကျမှ မျက်စိနာလို့ တခြားရွာကို သမားတော်နဲ့သွားပြ... သူကလည်း ခံတပ်ထဲမှာ ပိတ်မိနဲ့... ကလေးလေးက တစ်ယောက်တည်း ကျန်ခဲ့ပါရော... အဲ့ဒီတော့ သူအိမ်ကို အချိန်မီ ပြန်ဖို့ အားထုတ်ရပါတော့တယ်... သားဇောကပ်နေတဲ့သူမ အိမ်ကိုဘယ်လိုရအောင်ပြန်မလဲ... ဘာအခက်အခဲတွေ ကြုံတွေ့‌ရမလဲ ဆိုတာကို ကြည့်ရမှာပါ... ဇာတ်လမ်းက ...
7.2
IMDB: 7.2/10 227 votes
movie

Hirkani

2019
1080 P
Vicky Donor 7.8
Vicky Donor Vicky Donor (2012) ကဲ Ayushmann Khurranaရဲ့နောက်တစ်ကားဗျာ... Dream Girlတို့ Article 15တို့ကို ကြိုက်ခဲ့တဲ့ပရိတ်သက်တွေကတော့ ဒီမင်းသားကို ကြိုက်မယ်လို့ထင်ပါတယ်... ဘာဖြစ်လို့လဲဆို ကျွန်တော်ကြည့်ပြီးသလောက် သူ့ရဲ့ဇာတ်ကားတွေ တစ်ကားမှ အပြစ်ပြောစရာမရှိလို့ပဲ... ဇာတ်လမ်းအကျဉ်း အလုပ်မရှိအကိုင်မရှိကောင်လေးဗစ်ကီက ပိုက်ဆံဖြုန်းရတာတော့ ဝါသနာပါတယ်ဗျ... သုံးစရာမရှိရင် အိမ်ကမွေးထားတဲ့ခွေးကိုတောင် ရောင်းစားရဲတဲ့အမျိုး... အဲ့လိုကောင်လေးကိုမျက်စိကျသွားတာက မျိုးပွားဗေဒဆရာဝန် ဒေါက်တာချန်ဒါတဲ့... ဘာလုပ်ဖို့မျက်စိကျသွားတာလဲဆို သုတ်လှူဖို့ပဲ... အဲ့တော့ ကောင်လေးဗစ်ကီကို အမျိုးမျိုးစည်းရုံးပြီး သုတ်ရည်လှူခိုင်းတယ်.. ပိုက်ဆံကိုလည်း ရှယ်ပေးတယ်... အဲ့တော့ ဗစ်ကီကသဘောကျပေါ့... အဲ့လိုနဲ့အဆင်ပြေလာပြီးမှာ ကောင်လေးဗစ်ကီအချစ်စစ်နဲ့တွေ့ပြီး လက်ထပ်သွားရော... လက်ထပ်ပြီးမှ ကြုံတွေ့လာရမယ့်အခက်အခဲတွေကဘာဖြစ်မလဲ... သူဒီလိုလုပ်ခဲ့တာကို သူမိသားစု သူ့ရဲ့ဇနီးမယားသိသွားတဲ့အခါ လက်ခံနိုင်ကြမလား... ဒေါက်တာချန်ဒါကကော ဘယ်လိုနည်းနဲ့ပြန်ကူညီဖြေရှင်းပေးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီး ပျော်ပျော်ရွှင်ရွှင်ခံစားရမှာပါ... (အညွှန်းမရေးတတ်လို့ သိပ်မထိရောက်ဘူးဖြစ်သွားရင်တောင် စိတ်ပျက်ပြီး မကြည့်ဘဲမနေပါနဲ့... တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားပါ... ဒီမင်းသားရဲ့ တခြားကားတွေလဲရှာကြည့်ကြည့်ပါ... တစ်ကားမှ ပေါ့တိပေါ့ပြတ်မပါဘူး... အကုန်ကောင်းတယ်) Genre - Comedy, Romance Translated by MinnMyoKhant Encoded by လူယုတ်မာ   1) 👉ဒေါင်းရန်နှိပ် DropBox 1080P [1.2 GB] 2) 👉ဒေါင်းရန်နှိပ် MegaUp 1080P ...
7.8
IMDB: 7.8/10 38,395 votes
movie

Vicky Donor

2012
1080 P
Jaane Tu… Ya Jaane Na 7.5
Jaane Tu… Ya Jaane Na Jaane Tu Yu Jaane Na (2008) PKမင်းသားကြီး အာမီရာခမ်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုတ်ထားတဲ့အချစ်ကားလေးပါ... IMDb7.5/10ရရှိထားပါတယ်... အဓိကမင်းသားကတော့ အီမရန်ခမ်းပါ... ဇာတ်လမ်းအစမှာ သူငယ်ချင်းတစ်စု ကားကြီးစီးပြီး သီချင်းတွေအော်ဆိုနေတဲ့အခန်းနဲ့စထားပါတယ်... ပစ္စည်းတစ်ခုဟာရှိနေရင် သူရဲ့တန်ဖိုးကို အသိအမှတ်သိပ်မပြုကြပါဘူး... မရှိတော့ရင်တော့ သူရဲ့တန်ဖိုးကို သိလာကြတယ်... အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်... ယောက်ျားလေးက လုံးဝရန်မဖြစ်တတ်တဲ့သူ... မိန်းခလေးကတော့ ခပ်စွာစွာလေးပေါ့... သူတို့နှစ်ယောက်သိပ်ချစ်တတ်ကြလွန်းလို့ သူငယ်ချင်းတွေရဲ့ မိဘတွေကတောင် ရည်းစားလို့ထင်နေတာပါ... ကောလိပ်ပြီးတဲ့အခါမှာ မိဘတွေကသူတို့ကိုလက်ထပ်ဖို့စီစဉ်ကြတယ်... အဲဒိအခါမှာသူတို့နှစ်ယောက်ဟာ အများထင်သလိုသမီးရည်းစားမဟုတ်ပဲ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြောင်း ပြောပြကြတယ်... ကျောင်းလည်းပြီးပြီဆိုတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ရည်းစာရှာပေးဖို့သဘောတူလိုက်ကြတယ်။ကောင်းလေးကအရင်ရည်းစားရသွားတယ်... သူ့ကောင်မလေးကိုသူကသိပ်ချစ်တတ်တာ... အချိန်တွေအကြာကြီး တပူးပူးတတွဲတွဲ သွားလာနေပြီးမှ ကိုယ်သူငယ်ချင်းက သူ့ရည်းစားနဲ့ပဲ အချိန်ပေးနေတော့ သူငယ်ချင်းကောင်မလေးဘယ်လိုခံစားရမလဲ... သူထင်ထားသလို့ သူ့သူငယ်ချင်းအပေါ်သူတကယ်ရိုးသားရဲ့လား... ကောင်လေးကရော???????? ဘာတွေဆက်ဖြစ်မလဲ ကြည့်ကြည့်ပါဗျ...   (အညွှန်းကို ကိုယ်တိုင်ကိုယ်ကျ ရေးပေးပြီး ဘာသာပြန်ပေးထားသူကတော့ Maung Pyae Aye ဖြစ်ပြီး လူယုတ်မာက Encode ပေးထားပါတယ်။)   1) ဒီမှာ ဒေါင်းပါ DropBox 720P [1.6 GB] 2) ဒီမှာ ...
7.5
IMDB: 7.5/10 24,771 votes
movie

Jaane Tu… Ya Jaane Na

2008
720 P
Thangamagan 6
Thangamagan Thanga Magan (2015) အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီကား​လေး က (south indian)tamil movie ပါ။ အမည်က​တော့ " သား​ကောင်းရတနာပါ" Translator ကိုယ်တိုင်ကြည့်တာ ၃ခါမက​တော့ ​တော့ပါဘူး ဒါ​ပေမဲ့ကြည့်တိုင်းရီ​နေရပါတယ်🤣၊ ရိုးလည်းရိုးမသွားဘူး။ ရီရတယ်ဆိုလို့ ဟာသကြီးပဲမဟုတ်ပါဘူး။🤔 😀 ရသာစုံပါဝင်တယ်၊ romance(အချစ်ရသ)၊ Drama ရသ၊ action (ဖိုက်တင်)​​​တွေအပြင်၊ Friendship (သူငယ်ချင်း​တွေရဲ့ သံ​ယောဇဥ်)တွေလည်း ပါပါ​သေးတယ်။ Movie review ​​တော့ မရေး​ပေးချင်​တော့ဘူး၊ ဘာဖြစ်လိုလဲ့ဆို​တော့ ရုပ်ရှင်ရဲ့အရသာကို​ပေါ့ပျက်​စေတယ်။ နာမည် အတိုင်း သား​လိမ္မာ တစ်​ယောက်ရဲ့ ဘဝရဲ့​ အ​ကွေ့အချိုး​တွေကို ဖြတ်သန်းပုံကို ကို သရုပ်​ဖော်ထားခြင်းဖြစ်ပါတယ်။ ☺ 👱‍♀️👩မင်းသမီး​ချော​လေး ၂​ယောက်နဲ့ ​ယောက်ကျားဆန်ဆန်💁‍♂️ မင်းသားတစ်​ယောက်လည်းပါဝင်ပါတယ်။ 🎶သီချင်း​🎶တွေကိုလည်း အ​ကောင်းဆုံး ဘာသာပြန်​ပေးထားလို့ ကြည့်ဖြစ်​အောင်ကြည့်ကြပါ​နော်။😀   (ဘာသာပြန်ပြီး အညွှန်းရေးပေးသူကတော့ ညီမငယ် Pwint Saple ဖြစ်ပြီး လူယုတ်မာက Encode လုပ်ပေးထားပါတယ်။)   1) ဒီမှာ ဒေါင်းပါ DropBox 1080P [920 MB] 2) ...
6
IMDB: 6/10 1,735 votes
movie

Thangamagan

2015
Panga 7.0
Panga Panga (2020) အိန္ဒိယကားတွေ ကြိုက်တဲ့သူတိုင်း ခံစားမိမယ့် အချက်တစ်ချက်ရှိတယ်... အဲ့တာက အိန္ဒိယကားတွေက အကြောင်းအရာတစ်ခုကို ဘယ်တော့မှ ပေါ့ပြတ်ပြတ် မရိုက်ဘူးဆိုတာပဲ... ပြီးတော့ ကိုယ်ပြချင်တဲ့အကြောင်းအရာကို သေသေချာချာမီးမောင်းထိုးပြနိုင်တာပဲ... ဇာတ်လမ်းအကျဉ်း အိန္ဒိယခပ်ဘဒီ လက်ရွေးစင်အသင်းရဲ့ ထိပ်တန်းကစားသမား ဂျာယာနီဂမ်ဟာ လက်ထပ်ပြီး ကလေးတစ်ယောက်မွေးအပြီးမှာ အားက‌စားလောကကနေ နှုတ်ထွက်လာခဲ့တယ်... သူမရဲ့သားလေးကမွေးကတည်းက ချူချာ‌နေခဲ့လို့ အနီးကပ်သေချာ စောင့်ရှောက်ပေးရင်း သူမချစ်မြတ်နိုးတဲ့ ခပ်ဘဒီကစားနည်းကို မေ့မေ့လျော့လျော့နေခဲ့တယ်... အဲ့လိုနေလာခဲ့ပြီးမှ သူမရဲ့သားလေး‌ရဲ့တောင်းဆိုမှုကြောင့် ခပ်ဘဒီလောကထဲပြန်လည်ဝင်ရောက်လာတဲ့အခါ……… သူမပြန်ဆော့ဖို့ ဘယ်လိုတွေကြိုးစားမလဲ... ဘာအခက်အခဲတွေ ကြုံတွေ့ရဦးမလဲ... မိသားစုကကော အပြည့်အဝထောက်ပံ့အားပေးနေမှာလား ဆိုတာရယ်... ခပ်ဘဒီကစားသမားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု စည်းလုံးမှုတွေကို ဟာကွက်မရှိ တစ်သီကြီးခံစားရစေမှာပါ... IMDb rating 7/10ရထားပါတယ်... ကျွန်တော့ရဲ့ personal ratingအရဆိုရင်‌တော့ 8.5/10ထိပေးမယ်‌ဗျာ... Genre - Sport, Drama Translated by MinnMyoKhant Encoded by လူယုတ်မာ   1) ဒီမှာ ဒေါင်းပါ DropBox 1080P [1 GB] 2) ဒီမှာ ဒေါင်းပါ MegaUp 1080P [1 GB] 3) ဒီမှာ ...
7.0
IMDB: 7.0/10 3,760 votes
movie

Panga

2020
Iru Mugan 6.3
Iru Mugan Iru Mugan (2016) Action ကားကောင်းကောင်းကြိုက်သူများအတွက် နာမည်ကျော် Vikram ရဲ့ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action Thriller ကားလေး တင်ပေးလိုက်ပါတယ်။ တစ်ကားထက် တစ်ကား ပိုမိုပြီး ထူးခြားဆန်းသစ်အောင် ရိုက်ကူးလာတဲ့ တောင်ပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း.. ဇာတ်အိမ်ကိုအဆင့်မြင်မြင့် နဲ့.. အာဏာရှင် ဟစ်တလာရဲ့... တပ်တွေဆီမှာ စိတ်ကူးယဉ်မြစ်ဖျားခံထားတာကိုတွေ့ရှိရပါတယ် ခင်ဗျ။ မလေးရှားနိုင်ငံမှာ.. ရိုက်ကွင်းအခြေတည်ရိုက်ကူးထားတဲ့အတွက်... မြင်နေကျ တောင်ပိုင်းရုပ်ရှင် အသွင်အပြင်နဲ့ ကွဲပြားနေတာတော့ အမှန်ပါပဲခင်ဗျာ။ RAW အထူး အေးဂျင့် အကီလန် ဟာ (Code name) LOVE လို့ခေါ်တဲ့ ရာဇ၀တ်ကောင်တစ်ယောက် ပြန်ပေါ်လာတဲ့အတွက် ရာထူးချထားရာကနေ ပြန်လည်ခေါ်ယူ​​ခြင်းခံခဲ့ပါတယ်။ အကြမ်းဖက်ဒုစရိုက်ခေါင်းဆောင် LOVE ဟာ မလေးရှားနိုင်ငံမှာ လေးနှစ်ကြာ ဇာတ်မြှုပ်နေခဲ့ပြီးနောက် အာဏာရှင်ဟစ်တလာရဲ့ စစ်သားတွေအပေါ်မှာ စမ်းသပ်သုံးစွဲခဲ့တဲ့.. စိတ်ကြွဆေး တစ်မျိုးကိုဖြန့်ဖြူးဖို့ ကြိုးစားလာတာကို စုံစမ်းသိရှိရတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ အေးဂျင့် ...
6.3
IMDB: 6.3/10 2,892 votes
movie

Iru Mugan

2016
Delhi Belly 7.6
Delhi Belly Dehli Belly (2011) IMDB Rating 7.6/10 ရရှိထားပြီး ဟာသ ဇာတ်ကြမ်း 18+ရောမွှေထားတဲ့ကားလေးပါ... တိုက်ခန်းငှားနေတဲ့ သူငယ်ချင်းသုံးယောက်အဖြစ်Imran Khan, Vir Das, Kunaal Roy Kapur တို့သုံးယောက်ကပါဝင်သရုပ်ဆောင်ထားပါတယ်... Imran Khan (တာရှီ)ရဲ့ရည်းစားကောင်မလေး ဟာ သူ့သူငယ်ချင်းရဲ့အထုပ်တစ်ထုပ်ကို လူတစ်ယောက်ဆီပို့ဖို့တာဝန်ယူလိုက်ပါတယ်... အထဲမှာဘာတွေပါလဲတောင်သူမမသိပါဘူး... အဲဒိအထုပ်ကို သူကိုယ်တိုင်မပို့ပဲ တာရှီကိုပို့ပေးဖို့အကူညီတောင်းလိုက်ပါတယ်... နောက်ပိုင်းမှာအဲဒီအထုပ်နဲ့ပတ်သတ်ပြီးတာရှီတို့သူငယ်ချင်းသုံးယောက်လည်းဒုက္ခရောက်ပါတော့တယ်... အထုပ်ထဲမှာဘာတွေပါလို့လဲ... ဘယ်သူတွေကသူတို့ကိုဒုက္ခပေးဖို့ကြံစည်နေတာလဲ... ဘာကြောင့်ဒုက္ခပေးချင်ရတာလဲ... အထုပ်ကိုရော တာရှီကပို့လိုက်လား... စသည်ဖြင့် အထုပ်တစ်ထုပ်ကစတဲ့ဒီဇာတ်လမ်းလေးကို ဟာသဆန်ဆန်ကြည့်ရမှာဖြစ်ပါတယ်...ကြည့်သင့်တဲ့ကားလေးတစ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Maung Pyae Aye ဖြစ်ပြီး Encoderကတော့ လူယုတ်မာ ဖြစ်ပါတယ်)   1) ဒီမှာ ဒေါင်းပါ DropBox [830 MB] 2) ဒီမှာ ဒေါင်းပါ MegaUp [830 MB] 3) ဒီမှာ ဒေါင်းပါ Racaty [830 MB]
7.6
IMDB: 7.6/10 26,524 votes
movie

Delhi Belly

2011