Yourcinema

Comedy

Luck-Key 6.9
Luck-Key ယွန်းဂျယ်ဆန်းဆိုတဲ့ သရုပ်ဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ ကောင်လေးတယောက်ရှိပါတယ်... တရက်တော့ ဘဝရဲ့ဖိအားတွေကိုမခံနိုင်တဲ့အဆုံး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားပါတော့တယ် တဖက်မှာလည်း အခကြေးငွေယူပြီး သဲလွန်စမပါအောင်သတ်ပေးတဲ့ ကြေးစားလူသတ်သမားတယောက်... တယောက်ကလူသတ်ပြီး ပြန်လာတဲ့အချိန် ကျန်တယောက်က လှလှပပသေမယ်ဆိုပြီး ၂ ယောက်သား အများသုံးချွေးထုတ်ခန်းကိုကိုယ့်စိတ်ကူးနဲ့ကိုယ်သွားကြပါတယ်... အမှတ်မထင် ကြေးစားလူသတ်သမားက ချော်လဲပြီး အတိတ်မေ့သွားတဲ့အခါ ယွန်းဂျယ်ဆန်းက ဘယ်လိုတွေ အခွင့်ရေးကို အပိုင်အသုံးချပြီး ဘယ်လိုတွေတလွဲဖြစ်သွားမလဲဆိုတာ ကြည့်ပေးကြပါဦး.. =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Aye Chan Moe Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
6.9
IMDB: 6.9/10 1,817 votes
movie

Luck-Key

2016
1080p
Veteran 7
Veteran စုံထောက်မင်းသားကြီး Hwanh Jung Minရဲ့နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင် IMDb rating 7အထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ အာဏာရှိပြီး ချမ်းသာတဲ့သူတွေဟာ ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှုတွေကိုကျူးလွန်ခဲ့ပေမယ့် ငွေကြေးနဲ့အရာရာကို လုပ်ယူလို့ရကြပါတယ်။ဆန်ဂျင်းလုပ်ငန်းစုရဲ့သားဖြစ်သူ ဒါရိုက်တာချိုဟာလည်း စိတ်ထင်ရာရိုင်းစိုင်းလေ့ရှိပြီး ငွေကြေးအာဏာကိုအသုံးပြုပြီးတော့ ထိန်းချုပ်ထားပါတယ်။ တစ်နေ့မှာတော့ ဆိုးလ်မြို့နယ်စုံထောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ ကုမ္ပဏီနဲ့ပြဿနာဖြစ်ပြီးတော့ ဒါရိုက်တာချိုဟာလက်လွန်ပြီးတော့ သတ်သေမှုပုံစံမျိုးဖန်တီးခဲ့တယ်။အဲ့နောက်မှာတော့ စုံထောက်ကလည်း လိုက်လံစုံစမ်းနေရင်းက ဒါရိုက်တာချိုရဲ့ လူသတ်မှုကိုကျူးလွန်မှုအပါအဝင် ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှု အရွယ်မရောက်သေးတဲ့လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ အာဏာရှိတဲ့သူက အာဏာကိုအသုံးပြုပြီးတားဆီးပုံ အမှန်တရားကိုနှစ်သက်တဲ့စုံထောက်ကလည်း အခက်အခဲတွေကြားထဲက ဘယ်လိုမျိုးဖော်ထုတ်မလဲဆိုတာကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7
IMDB: 7/10 5,101 votes
movie

Veteran

2015
1080p
The Big Trip 5.1
The Big Trip ဒီဇာတ်ကားလေးမှာဆိုရင် ဒေါသကြီးတတ်တယ့်ဝက်ဝံတကောင်.. တလွဲလုပ်တတ်တဲ့ ယုန်ကလေး... Storks ကားထဲကလိုမျိုး ကလေးမရတယ့် မိသားစုကို ငှက်ကျားက ကလေး delivery လုပ်သလိုမျိုး ဒီကားထဲမှာလဲ ပန်ဒါလေးကိုဝက်ဝံကြီးဆီ ငှက်ကျားတကောင်က လာမှားပို့သွားတယ် ။ အဲ့ဒီမှာ ဝက်ဝံကြီးက ပန်ဒါလေးကို သူ့မိဘဆီပြန်ပို့ဖို့ ခရီးရှည်တခု စွန့်စားခန်း ဖွင့်ရပါတော့တယ်။ မိတ်ဆွေ အသစ်တွေ ဘယ်လိုရပြီးခရီး စဥ်တလျှောက် လှပတယ့်ရှုခင်းတွေ သူတို့ကြားက ဟာသအလွဲလေးတွေ.. ​အန္တရာယ်တွေကနေ ဘယ်လို လွတ်မြောက်အောင် အတူတူ ကြိုးပမ်းကြလဲဆိုတာကို ကြည့်ရှုခံစားဖို့တင်ဆက်ပေးလိုက်ပါတယ် -=-=-=-=-=-=-=-=-=-=-=-=-=-=-=-=- Translated & Review By Yin Min Thu Encoded By Kar Yan
5.1
IMDB: 5.1/10 904 votes
movie

The Big Trip

2019
1080p
Legend of the Dragon 6.4
Legend of the Dragon 7/March/1991 ကထွက်ရှိထားတဲ့ Lengend Of The Dragon ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Comedy အမျိုးအစား ဖြစ်ပြီး စတီဗင်ချောင်ဇာတ်ကားကောင်းတွေ ဖြစ်တဲ့ final justice (1988) Just Hero(1989) တိုရဲ့ ခေါင်းဆောင်မင်းသားဒါရိုက်တာ Danny leeက ရိုက်ကူးပေးထားတဲ့အတွက် ဇာတ်လမ်း မကောင်းမှာကို စိုးရိမ်စရာမလိုတော့ပါဘူး final justice နဲ့ just hero က မကြာမီ အချိန်အတွင်းမှာတင်ဆက်ပါမည် စတီဗင်ချောင်ဟာ တာအိုဆိုတဲ့တောမြို့လေးက ကွန်ဖူးမျိုးရိုး​​​ဖြစ်တဲ့​မြေပိုင်ရှင်ကြီးတစ်ဦးရဲ့သားပါ။ သူဌေးသားဆိုပေမယ့်လို့ ဘာအလုပ်မှမယ်မယ်ရရမရှိ ကျွမ်းကျင်တာဆိုလို့ဘိလိယက်ထိုးတာပဲရှိတဲ့သားကို အောင်မြင်ကြီးပွားစေချင်တဲ့အတွက် မြို့ကလာလည်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ဟောင်ကောင်ကိုထည့်ပေးလိုက်ပါတယ်။ တစ်သက်လုံးတောမှာပဲနေတဲ့ စတီ​ဗင်ချောင်တစ်ယောက်မြို့ပေါ်ရောက်လာတဲ့အခါ တလွဲတွေအများကြီးလုပ်ပါတော့တယ် အဲ့နောက် သူကျွမ်းကျင်တဲ့ဘိလိယက်ထိုးနည်းနဲ့မြို့ပေါ်မှာဘယ်လိုကျင်လည်မလဲ သူ့အဖေပိုင်တဲ့မြေတွေအကုန်ဆုံးရှုံးသွားချိန်မှာဘယ်လိုပြန်ယူကြမလဲဆိုတာ ဝမ်းနည်း ဝမ်းသာ ခံ စား ချက် တစ်မျိုး ချင်း ဆီကို ပေးစွမ်း နိုင်မယ့် ဇာတ်ကား ဟောင်းလေးကိုကြည့်ရှူရမှာပါ။ ဒီကားမှာဆိုရင်တကယ်ကျွမ်းကျင်သူတွေရဲ့ဘိလ်ယက်ထိုးပြိုင်ပွဲတွေကိုလဲမြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်ကောင်းပါတယ်နော်။ IMDb ...
6.4
IMDB: 6.4/10 914 votes
movie

Legend of the Dragon

1991
1080p
The Magnificent Scoundrels 6.6
The Magnificent Scoundrels Stephen chow movie collection myanmar page 3နှစ်ပြည့်လေးမှာ တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့ 10/Oct/1991 ကထွက်ရှိထားတဲ့ THE MAGNIFICIENT SOUNDRELS ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Comedy အမျိုးအစား ဖြစ်ပြီး စတီဗင်ချောင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Lee lik-Chi ကဘဲ ရိုက်ကူးပေးထားတဲ့အတွက် ဇာတ်လမ်း မကောင်းမှာကို စိုးရိမ်စရာမလိုတော့ပါဘူး ဇာတ်လမ်းအစမှာပဲ ချစ်သူကချမ်းသာတဲ့သူနဲ့မင်္ဂလာဆောင်ပြီးလမ်းခွဲသွားပါတယ်။ အသည်းကွဲနေတဲ့ Chow ဟာ သူ့လိုပဲ လူတွေဆီကနေလိမ်စားနေတဲ့ကောင်မလေးတစ်ယောက်နဲ့ မတော်တဆတွေ့မိပြီး အရှုပ်တွေလုပ်ရင်း အဲ့ကောင်မလေးရဲ့အကြွေးရှင်နဲ့ပါပြဿနာတက်သွားပါတော့တယ်။ အကြွေးပေးဖို့အတွက်အိမ်ရှင်တွေမရှိတဲ့ချမ်းသာတဲ့အိမ်တစ်အိမ်ကိုဝင်ခိုးဖို့ကြံစည်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့လို အကြွေးရှင်ကိုအကြွေးပေးဖို့အတွက်အဲ့အိမ်ကိုဝင်ခိုးဖို့ကြံနေတဲ့လူတစ်စုရှိနေတဲ့အခါ.....သူခိုးအုပ်စု၂စုတွေ့ပြီးဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာရိုးရိုးကြီးမဟုတ်ဘဲ Twist လေးတွေလဲပါတာမို့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။ မင်းသားဟာလည်းအားလုံးသိတဲ့ ဟာသဘုရင် စတီဗင်ချောင် ဖြစ်တဲ့အတွက် ကြည့်ရှူသူပရိတ်သတ် အားလုံး အူတက်အောင်ရယ်ရမယ့် ဟာသကားကောင်းပဲဖြစ်ပါတယ်။ IMDb 6.6/10 Box office: HK$ 16,548,021 -=-=-=-=-=-=-=-=-=-=-=-=-=-=-=- Reviews Hla Yadanar ...
6.6
IMDB: 6.6/10 843 votes
movie

The Magnificent Scoundrels

1991
1080p
Faithfully Yours 5.8
Faithfully Yours Your Cinemaနှင့်Stephen chow movie Collection Myanmar (Stephen Chow Channel) တို့\Nပူးပေါင်းတင်ဆက်သည်။ ယခုချိန်မှာရှားပါး​ပြီးအမေ့လျော့ခံဖြစ်နေတဲ့ သဘာဝကျကျသရုပ်ဆောင်တဲ့ဟာသဘုရင် စတီဗင်ချောင်ရဲ့ ဇာတ်ကားတွေတဝရီးကြည့်ဖို့ Your Cinema Website Page နှင့် (STEPHEN CHOW MOVIE COLLECTION )PAGE တို့ကို SEE FIRST လုပ်ထားပြီး ဟာသဘုရင်စတီဗင်ချောင်ရဲ့ဇာတ်ကားတွေ တဝရီးကြည်ရူခံစားလိုက်ကြပါ ဇာတ်ကားတွေက ကြာခဲ့လှပြီ ဖြစ်လို့ ကြည့်ပြီးသားဖြစ်နေရင်လဲ နောက်တစ်ကြိမ်ပြန်ကြည့်ဖို့ တိုက်တွန်းပါရစေ။   Playboy ဟောင်ကောင်ဘာဘာမင်္ဂလာချန်းသည်ခေတ်ဟောင်းရှန်ဟိန်းဆံပင်ဆိုင်အနီးတွင်ဖက်ရှင်ဆိုင်သစ်တစ်ခုဖွင့်လှစ်လိုက်တယ်။ သူ၏ပိုင်ရှင် Chuk သည်ဤဖွံ့ဖြိုးတိုးတက်မှုကိုစိတ်ဆိုးပြီး Chuk ၏သမီးဖြစ်သူ Ying ၏ဖွင့်ပွဲအခမ်းအနားတွင် Chan နှင့်သူ့လုပ်ဖော်ကိုင်ဖက်များနှင့်စကားများရန်ဖြစ်ပြီးငြိမ်းချမ်းရေးကိုအတင်းအကျပ်ဖိအားပေးနေတယ်။ Chan နှင့်သူ့သူငယ်ချင်းများအားလုံးသည် Ying ကိုဆွဲဆောင်ရန်ကြိုးပမ်းကြသည်။ သို့သော်သူမသည်သူမ၏အိပ်ခန်းထဲတွင်အရက်မူးပြီးအိပ်ပျော်သွားခဲ့ပြီးနောက်ပိုင်းတွင်ယင်သည်သူမကိုယ်ဝန်ရှိနေကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်၊ သို့သော်မည်သည့်လုပ်ရပ်ကိုပြုလုပ်ခဲ့ကြောင်းမည်သူကမမှတ်မိနိုင်ပါ။ Chan နှင့်သူ၏သူငယ်ချင်းများသည်ဖခင်၏မည်သူမည်ဝါဖြစ်ကြောင်းမဆုံးဖြတ်နိုင်မှီအထိကိုယ်ဝန်ဆောင်စဉ်အတူတကွစုစည်းပြီးမှန်ကန်တဲ့အရာကိုလုပ်ဖို့ကြိုးစားခဲ့တယ်။ ကလေးမွေးဖွားချိန်တွင်ဖခင်လောင်းအားလုံးသည်သွေးအမျိုးအစားတူညီနေကြပါသေးတယ်။ ဘယ်သူကအဖေဖြစ်မလဲဆိုတာကိုတော့ ...... အလွဲလွဲအချော်ချော်လေးများနဲ့မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်.... Translated By Nay Myint Yaun Encoded & review By Kar Yan (TNL)
5.8
IMDB: 5.8/10 279 votes
movie

Faithfully Yours

1988
1080p
Bridget Jones’s Diary 6.7
Bridget Jones’s Diary ဟာသ နဲ့ အချစ် ဇာတ်ကားတွေထဲက Classic ကားဟောင်းကြီးတစ်ကားကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. 2001 က ထွက်ရှိခဲ့ပြီး imbd မှာ 6.7, Rotten မှာ 80% အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဘယ်အချိန်မှာ အချစ်က သူ့ဘဝထဲဝင်လာမလဲ မျှော်လင့်နေတဲ့ အပျိုကြီးမမ .. အပျို ဘဝက ကျွတ်လွတ်အောင် ရတာလဲ မယူ.. အရိုးခါးလေး ဂျီးများလေးလို သူမျိုး.. သူ့အမေ နှစ်စဉ်ကျင်းပတဲ့ ပါတီပွဲကို သွားတိုင်း ‌အမေက သူ့သမီးလေး အပျိုကြီးဘဝနဲ့ အရိုးထုတ်ရရှာမှာမို့ နှစ်တိုင်း ကောင်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးနေကြ.. အဲ့နှစ်မှာလည်း ထုံးစံအတိုင်း မိတ်ဆက် ပေးပါလေရော.. blind date လုပ်ရတာမို့ ဟိုကောင်လေးက သူ့ character ကို မကြိုက်ဘူးဆိုပြီး ငြင်းခံလိုက်ရတာက စလို့ သူ့ဘဝ ရေစုံမျောတော့မယ်ဆို ငိုယို​ပြီး.. သူ့ဘဝကြီး ထပ်အငြင်းမခံဖို့ ဒိုင်ယာရီရေး.. ...
6.7
IMDB: 6.7/10 220,413 votes
movie

Bridget Jones’s Diary

2001
1080p
Burma 6.5
Burma Encoded By KarYan
6.5
IMDB: 6.5/10 229 votes
movie

Burma

2014
1080p
Bill & Ted Face the Music 6.4
Bill & Ted Face the Music Bill and Ted face the music(2020) ဒီဇာတ်ကားမှာတော့John Wick မင်းသား ကြီး Keanu Reeves ကိုကြမ်းကြမ်းတမ်းတမ်းအက်ရှင်မင်းသားကြီးအဖြစ်ပြင်ရမှာမဟုတ်ပဲ ပေါတောတော်ဟာသပုံစံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/sci-fi အမျိုးအစားဖြစ်ပြီး IMDb rating 6.9ရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဂီတဝါသနာထုံတဲ့Bill နဲ့ Ted နှစ်ယောက်ကိုအနာဂတ်ကအမျိုးသမီးတစ်ယောက်လာပြီးတစ်နေ့မှာသူတို့နှစ်ယောက်ရဲ့သီချင်းက ကမ္ဘာကြီးကိုကယ်တင်နိုင်မဲ့အကြောင်းအစပျိုးရင်း ဇာတ်လမ်းဖော်ထားတာပါ။ ဇာတ်လမ်းဇာတ်ကွက်စုံလင်ပြီးဂီတတလှည့်ဟာသတစ်လှည့်ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်။ IMDb rating 6.9/10 Type- Comedy/Sci-fi Translated By Naw Suee Phaw Shee Encoded By Kar Yan
6.4
IMDB: 6.4/10 11,992 votes
movie

Bill & Ted Face the Music

2020
1080p
Palm Springs 7.5
Palm Springs Palm Springs (2020) Imbd မှာ 7.5 ရရှိထားပြီး, Rotten မှာ 94% ထိတောင်ဆိုတော့ Rating ကောင်းတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး... ဘာကိုမှ စောင်ဂရုမစိုက်တတ်တဲ့ နိုင်းလ် နဲ့ အရာရာကို စိတ်ကုန်နေတဲ့ သတို့သမီးအရံ ဆယ်ရာတို့ရဲ့ Time Loop ထဲမှာ ပိတ်မိပြီး ပြန်ထွက်မရဖြစ်နေရတာကို အချစ် ဟာသ ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတဲ့ 2020 ထွက် ရုပ်ရှင် သစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ.. ဂန္တဝင် ရုပ်ရှင်ကားကြီး Groundhog Day လို အချိန်ထပ်ခါတလဲလဲ ဖြစ်နေတဲ့ကားမျိုးပါ.. English ကားတို့ရဲ့ ထုံးစံအတိုင်း sex scene တစ်ချို့ လောက်ပါတာမို့ မိသားစု နဲ့ဆို မသင့်တော်ပါဘူး.. စကတည်းက Time loop ထဲမှာပိတ်မိနေတဲ့ နိုင်းလ်... ဒီတစ်ရက်တည်းဖြစ်နေတာကိုငြီးငွေ့နေပြီး မဂ်လာဆောင်မှာ ဆယ်ရာ နဲ့ စတွေ့ရာက ဇာတ်လမ်းက စရှုပ်တော့တာပါပဲ.. ဆယ်ရာလဲ Time Loop ...
7.5
IMDB: 7.5/10 42,066 votes
movie

Palm Springs

2020
1080P Bluray 5.1CH
Alvin and the Chipmunks 5.2
Alvin and the Chipmunks Alvin and The Chipmunks က ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။Live action, computer animated ပုံစံဇာတ်ကားဖြစ်ပြီး ဂီတနဲ့ ဟာသဇာတ်မြူးလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အမေရိကန်ရဲ့ နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ Tim Hillကရိုက်ကူးပေးခဲ့တာပါ။အရမ်းကိုအောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ၂၀၀၈ ခုနှစ်ရဲ့ ရောင်အားအကောင်းဆုံး DVD ရဲ့ နံပါတ် ၇ စာရင်းလည်းဝင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၁ သန်းနဲ့အထက် ဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ တောအုပ်ကြီးတစ်ခုရဲ့ သစ်ပင်တစ်ပင်ပေါ်မှာနေထိုင်ကြတဲ့ အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ဆိုတဲ့ ချစ်မန့်ခ် ညီအစ်ကိုသုံးကောင်က သူတို့နေထိုင်တဲ့ သစ်ပင်ဟာ ခုတ်လှဲခံရပြီး လော့ဒ်အိန်ဂျလိမြို့ကို သယ်ဆောင်ခံခဲ့ရပါတယ်။အကြောင်းကတော့ ဂျက်တေးသံသွင်းရဲ့ ခရစ်စမတ်သစ်ပင်အတွက်ပါ။ အောင်မြင်တဲ့ တေးရေးဆရာတစ်ယောက် ဖြစ်အောင် အမြဲကြိုးစားနေတဲ့ ဒေ့ဗ် စဗလီ,ချစ်မန့်ခ် ဆိုပေမယ့် လူစကားပြောတတ်တဲ့ ချစ်မန့်ခ် ...
5.2
IMDB: 5.2/10 74,799 votes
movie

Alvin and the Chipmunks

2007
1080p
Alvin and the Chipmunks: The Squeakquel 4.5

Alvin and the Chipmunks: The Squeakquel

2009
1080p
Alvin and the Chipmunks: The Road Chip 5
Alvin and the Chipmunks: The Road Chip 2015 ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ.ဇာတ်ကားဟောင်းလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားလေးပါ။အမေရိကန် နာမည်ကြီးဒါရိုက်တာဖြစ်တဲ့Mike Mitchellရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားအပါအဝင်လည်းဖြစ်ပါတယ်။Comedy type နဲ့ family type ပုံစံလေးကို mixed ထားတဲ့ ဇာတ်အိမ်ပုံစံလေးပါ။ဗဟုသုတလည်းရ ရီလည်းရီရတဲ့ ဇာတ်ကားလေးပါ။ကလေး၊လူကြီး အရွယ်မရွေး ကြည့်ဖို့အဆင်ပြေစေမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေ နဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ထင်ပါတယ်။သီချင်းဆိုတတ် ကတတ်တဲ့ ရှဥ့်ကလေးတွေဆိုရင်တော့မှတ်မိလောက်မှာပါ အရင်အပိုင်းမှာတော့ ဒီရှဥ့်ကလေးတွေက သီချင်းဆိုပြီး နာမည်ကျော်ကြားလာပြီဆိုတာသိပြီးဖြစ်မှာပါ။ ဒီအပိုင်းမှာတော့ ရှဥ့်ကလေးတွေက သူတို့ရဲ့ မွေးစားဖေဖေ ဒေ့ဗ်တစ်ယောက် စန်မန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာကို သဘောမတူဘဲ လက်ထပ်ခွင့်တောင်းမှာကို လိုက်ဖျက်ဆီးမယ့် အကြောင်းတွေ ဘယ်လိုဖြစ်လာမလဲ ?အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ညီအစ်ကိုသုံးယောက် ဘယ်လို ပညာပြကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားပေးကြပါ။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naw Eh ...
5
IMDB: 5/10 16,236 votes
movie

Alvin and the Chipmunks: The Road Chip

2015
1080p
The Breakfast Club 7.9
The Breakfast Club movieကြည့်ရင်း...လွန်ခဲ့တဲ့ 1985ခုနစ်က အချိန်တွေဆီပြန်သွားကြည့်ကြမလား ရှင်းမား အထက်တန်းကျောင်းလေးဆီသို့အလည်သွားကြည့်ကြ‌ရအောင်လားဗျာ့ .... The Breakfast Club ဇာတ်ကားထဲမှာဆိုရင် သာမန်အထက်တန်းကျောင်းသားလေး ငါးယောက်ဟာ မတူညီတဲ့ မိသားစု အခြေအနေကလာခဲ့ကြရပြီး စိတ်သဘောထားချင်းလည်း မတူကြပါဘူးတူတာတခုကတော့ အကုန်လုံးက တော်တော့်ကို ဆိုးသွမ်းကြတာပါပဲ သူတို့ငါးယောက်လုံးကို စာကြည့်တိုက်ခန်းထဲ စနေနေ့တနေ့လုံး သောခတ်ထားပြီး ပြစ်ဒဏ်ပေးလိုက်တဲ့အခါ ......ဘယ်လိုတွေဆက်ဖြစ်ကြမလဲ သူတို့အကုန်လုံးကရော တယောက်နဲ့တယောက် ရင်းနှီးသွားကြမလား ဆယ်ကျော်သက်လေးတွေရဲ့စိတ်ခံစားချက်တွေက ဘယ်လိုရှိတတ်ကြလဲ ဇာတ်လမ်းအဆုံးမှာရော ဘာတွေဖြစ်သွားမလဲဆိုတာ သိချင်ရင်တော့ ဒီဇာတ်ကားလေးထဲစီးမြောသွားကြရအောင်.... The Breakfast Clubဇာတ်လမ်းက rating 7.9/10ရရှိထားပြီး ဒါရိုက်တာ John Hughesကရိုက်ကူးထားတဲ့ ဆယ်ကျော်သက်ဟာသဒရမ်မာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By ALPS Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7.9
IMDB: 7.9/10 348,053 votes
movie

The Breakfast Club

1985
1080p
Dum Laga Ke Haisha 7.5
Dum Laga Ke Haisha Dum Laga Ke Haisha (2015) ပရိသတ်တွေအတွက် 2015 ကထွက်ခဲ့တဲ့ မင်းသားချော အရွတ်ရ်ှမန်းနဲ့ မင်းသမီးချော ဘူမိတို့ရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်... Romance/Drama အမျိုးအစားဖြစ်ပြီး IMDb 7.5/10 နဲ့ Google users 92% ရရှိထားပါတယ်... မင်းသမီး ဘူမိဟာ ဒီဇာတ်ကားအတွက် မူလကတည်းက အနည်းငယ်ဝနေတဲ့ခန္ဓာကိုယ်ကို အဝလွန်အောင်ဝိတ်တင်ခဲ့ရပြီး ဒီဇာတ်ကားနဲ့အတူ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်... ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်... ဇာတ်လမ်းလေးကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့ ပရမ်ဆိုတဲ့ကောင်လေးဟာ ငွေးကြေးအခက်အခဲကြောင့် မိဘတွေပေးစားတဲ့ ဆန်ဒယာဆိုတဲ့ အဝလွန်နေတဲ့ကောင်မလေးကို မယူချင်ဘဲယူလိုက်ရပါတယ်... ဒီလိုနဲ့ သူတို့အိမ်ထောင်ရေး အဆင်ပြေပါ့မလား...??? ဘာတွေဆက်ဖြစ်မလဲ...??? ဆိုတာကို ပရိသတ်တွေကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး... Quality - Bluray (1080P) (480P) Size - (1.6 GB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ ဒေါင်းရန် နှိပ်ပါ 1080P ...
7.5
IMDB: 7.5/10 17,452 votes
movie

Dum Laga Ke Haisha

2015
1080P Bluray 5.1CH
The Beautician and the Beast 5.4
The Beautician and the Beast The Beautician And The Beast (1997) ကင်မ် ဂျုံအန်လိုမျိုး အာဏာရှင်ကို ချစ်မိတဲ့အခါ ဘယ်လိုတွေဖြစ်မယ်ထင်လဲ မိန်းခလေးတို့.. ကဲ ၁၉၉၇ထွက် Comedy / Romance ကားလေးကို ခံစားကြည့်ရအောင်.. မစ်မိလ်လာ ဟာ USAက မိတ်ကပ် နဲ့ ဆံပင်ပညာရှင်တစ်ယောက်.. လက်ထပ်ဖို့ နားချနေတဲ့ အမေဖြစ်သူစကားနားမထောင်ပဲ သူ့ဘဝမှာ သူ ကြိုက်တဲ့သူကို ရွေးချင်သူ.. အရွေးလွန်း ဂျီးများတာကြောင့် FA ဖြစ်နေသူ.. ဒီလိုနဲ့ ကံကောင်းအကြောင်းလှလို့ ဖိန့်ဖိန့်တုန်​အောင်ကြောက်ရတဲ့ စလိုဗက်ဇီးယားနိုင်ငံငယ်လေးက အာဏာရှင်က သူ့ကိုပိုက်ဆံကြေးကြီးပေးပြီး သူ့သားသမီးတွေကို ပညာသင်ခိုင်းရာက စပြီး.. ဘယ်လို အလွဲတွေဖြစ် ဇာတ်တွေရှုပ်ပြီး တိုင်ပတ်မလဲ.. အာဏာရှင်ဆိုတဲ့အတိုင်းပြည်သူတွေကို ဘယ်လိုဖိနှိပ်မယ်..ဆိုတာတွေကို ''ဇာတ်ဝင်ခန်းတိုင်းလိုလို'' ဟာသ မြောက်ပြီး ကြည့်ရမှာ ဖြစ်ပါတယ်.. PS: အခုလို ရီရတဲ့ဟာသ ကားကောင်းလေးကို တောင်းတဲ့ ပရိတ်သတ်ကိုလဲ ကျေးဇူးတင်ပါတယ်.. Quality - 1080P , 480P Size ...
5.4
IMDB: 5.4/10 8,367 votes
movie

The Beautician and the Beast

1997
1080P Bluray 5.1CH
Hitch 6.6
Hitch ရုပ်ရှင် 184 ပြန်လည်သုံးသပ်ခြင်းအပေါ်အခြေခံပြီး 68% တဲ့အဆင့်သတ်မှတ်ချက်များနှင့် 6.3 / 10 ပျမ်းမျှပြန်လည်သုံးသပ်ရှိပါတယ်။ Hitch ကို ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင်ဖြန့်ချိခဲ့ပြီးဒေါ်လာ ၃၇၁.၆ သန်းရရှိခဲ့သည်။ 2005 ခုနှစ်ကအမေရိကန်ရုပ်ရှင်ဖြစ်ပါသည်။  အချစ်ဟာသရုပ်ရှင်ဇာတ်ကား​ဖြစ်ပြီး အန်ဒီ Tennant နှင့်သရုပ်ဆောင် Will Smith , နှင့်အတူ အီဗာ Mende , ကီဗင်ဂျိမ်းစ် နှင့် Amber Valletta ။ ဇာတ်လမ်းအကျဥ်းလေးကတော့... အဲလက်စ်ဟစ်ခ်ျဟစ်ကင် ( ဝီစမစ်သ် ) သည်ပရော်ဖက်ရှင်နယ်“ ချိန်းတွေ့သည့်ဆရာဝန်” ဖြစ်သည်။ သူသည်အခြားယောက်ျားများအားအမျိုးသမီးများအားလှောင်ပြောင်အနုပညာနည်းပြအဖြစ်လေ့ကျင့်ပေးသည်။စစ်မှန်သောရေရှည်ဆက်ဆံရေးကိုအဓိကထားသည်။ သူဟာသူလုပ်တဲ့အလုပ်မှာအရမ်းအောင်မြင်တယ်။ သူ၏ဖောက်သည်များအနက်တစ် ဦး အားနည်းတဲ့Albert Brennaman ( ကီဗင်ဂျိမ်းစ် ) သည်သူ၏ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ နာမည်ကျော်ထင်ရှားသူ Allegra Cole ( Amber Valletta ) - Hitch ...
6.6
IMDB: 6.6/10 291,413 votes
movie

Hitch

2005
1080p
Garfield (2004) 5
Garfield (2004) Garfield လို့ပြောလိုက်ရင်ကလေးရော လူကြီးတော်တော်များများနဲ့ပါရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ် Garfieldဆိုတာက အမွှေးပွပွ လိမ္မော်ရောင်ကွက်ကြားနဲ့အစားအရမ်းမတ်တဲ့ကြောင်လေးပါ။ ဒီကားက 2004ခုနှစ်ကထွက်ရှိခဲ့ပြီး animationနဲ့လူပေါင်းစပ်ထားတဲ့ကားဖြစ်တဲ့အတွက် ကလေးရောလူကြီးပါကြည့်လို့အဆင်ပြေပြီးတော့ ကြည့်ရတာတန်တဲ့ရုပ်ရှင်ကားလေးပါ။ Garfieldရဲ့ပိုင်ရှင်ဖြစ်တဲ့Jonက​ သူအထက်တန်းကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ Lizကို ဆက်ပြီးလိုက်နေရင်းက Odieဆိုတဲ့ခွေးလေးတစ်ကောင်အိမ်ခေါ်လာတဲ့အခါ ….. Garfieldကရော အဲ့ဒီခွေးလေးကိုကြည်ဖြူပါ့မလား? နောက်ဆုံးမှာ သံယောဇဥ်ဖြစ်သွားပြီးတော့ သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်လိုမျိုးကူညီမလဲ?  Garfieldဆိုတာက ကြောင်ဖြစ်ပေမယ့်လည်း ထက်မြက်ပြီးတော့ ညဏ်ကောင်းတဲ့ကြောင်လေးဖြစ်တဲ့အတွက် ဘယ်လိုစွန့်စားမှုတွေလုပ်ပြီး Odieကိုကယ်မလဲဆိုတာ ဒီကားလေးမှာတွေ့ရမှာဖြစ်ပါတယ်။ Garfieldဆိုတဲ့ဇာတ်ကောင်ကို Jim Davis ဆိုတဲ့စာရေးဆရာကဖန်တီးခဲ့တာဖြစ်ပြီးတော့ 1978ခုနှစ်ကနေစပြီး ရုပ်ပြကာတွန်း videoတွေနဲ့ TV မှာတင်ဆက်ခဲ့တာဖြစ်ပါတယ် 2007ကစပြီး animatedအနေနဲ့ပြောင်းလဲဖန်တီးခဲ့တာဖြစ်ပါတယ် ဒီဇာတ်ကားက ပြတ်လုံး ဟာသ အက်ရှင်နဲ့စွန့်စားခန်းတွေများစွာပါဝင်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ ပျင်းစရာကောင်းတဲ့ကားလေးဖြစ်မှာမဟုတ်ပါဘူး ။ Imdb rating 5အထိရရှိထားပြီး ဒီကားလေးနဲ့ ဆုပေါင်း၂ခုထိ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကားလေးကိုကြည့်ပြီး ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ။ ==================================== Translated and Reviewed by Naychi Thel Kyawtun Encoded by DaeBak ===================================
5
IMDB: 5/10 77,505 votes
movie

Garfield (2004)

2004
1080p
An American Pickle 5.8
An American Pickle Seth Rogen သည် ၁၉၁၉ ခုနှစ်တွင်အမေရိကသို့ ပြောင်းရွှေ့အခြေချပြီးသူချစ်မြတ်နိုးရသောမိသားစုအတွက် ပိုမို ကောင်းမွန်သောဘဝကို တည်ဆောက်ရန်အိပ်မက်များနှင့် အတူရုန်းကန်နေရသောအလုပ်သမား Herschel Greenbaum အဖြစ်သရုပ်ဆောင်ခဲ့သည်။ ဇာတ်လမ်းအကျဉ်း Herschel မှာ ချစ်ရတဲ့ ဇနီးသည်ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့မှာ ရင်သွေးလေးရလာခဲ့တယ်။ သူဟာ သူ့ရင်သွေးလေးနဲ့ ပက်သက်ပြီး ၊ သူ့မိသားစုနဲ့ပက်သက်ပြီးတော့ မျှော်မှန်းချက်ကြီးကြီးထားခဲ့ပါတယ်။ တစ်န့တော့ သူဟာစက်ရုံမှာ အလုပ်လုပ်နေစဉ် ဆားရည်စိမ်ထဲကို ကျသွားပါတယ်။ သူအလုပ်လုပ်နေတဲ့ စက်ရုံကလည်း ပိတ်သွားပါတယ်။ သူကျသွားတာကို ဘယ်သူမှ မသိလိုက်ပါ။ အဲ့လိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာလာတဲ့အခါ ဆားရည်စိမ်ကန်ထဲကနေ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တယ်။ သူသည်အသက်တစ်ရက် မပြည့်သေးကြောင်း တွေ့ရှိခဲ့ပါတယ်။ သူ့မိသားစုကိုရှာသောအခါသူ့မှာ ကျန်ရှိနေသေးသောဆွေမျိုးတစ် ဦး ရှိနေကြောင်းသိလိုက်ရပါတယ်။ ထိုသူမှာ သူနှင့်အသက်ရွယ်တူဖြစ်နေသော သူနှင့်မြေးတော်စပ်သူ Ben Greenbaum ဖြစ်နေပါသည်။ သူ့မြေးနဲ့အတူလိုက်နေပြီး သူတို့ ဘာတွေ ဆက်ဖြစ်ကြမလည်းဆိုတာကို စိတ်ဝင်တစားနဲ့ ...
5.8
IMDB: 5.8/10 5,493 votes
movie

An American Pickle

2020
1080p