Yourcinema
Crime
Luck-Key 6.9
Luck-Key ယွန်းဂျယ်ဆန်းဆိုတဲ့ သရုပ်ဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ ကောင်လေးတယောက်ရှိပါတယ်... တရက်တော့ ဘဝရဲ့ဖိအားတွေကိုမခံနိုင်တဲ့အဆုံး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားပါတော့တယ် တဖက်မှာလည်း အခကြေးငွေယူပြီး သဲလွန်စမပါအောင်သတ်ပေးတဲ့ ကြေးစားလူသတ်သမားတယောက်... တယောက်ကလူသတ်ပြီး ပြန်လာတဲ့အချိန် ကျန်တယောက်က လှလှပပသေမယ်ဆိုပြီး ၂ ယောက်သား အများသုံးချွေးထုတ်ခန်းကိုကိုယ့်စိတ်ကူးနဲ့ကိုယ်သွားကြပါတယ်... အမှတ်မထင် ကြေးစားလူသတ်သမားက ချော်လဲပြီး အတိတ်မေ့သွားတဲ့အခါ ယွန်းဂျယ်ဆန်းက ဘယ်လိုတွေ အခွင့်ရေးကို အပိုင်အသုံးချပြီး ဘယ်လိုတွေတလွဲဖြစ်သွားမလဲဆိုတာ ကြည့်ပေးကြပါဦး.. =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Aye Chan Moe Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
6.9
IMDB: 6.9/10 1,817 votes
movie
Luck-Key
2016
1080p
Veteran 7
Veteran စုံထောက်မင်းသားကြီး Hwanh Jung Minရဲ့နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင် IMDb rating 7အထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ အာဏာရှိပြီး ချမ်းသာတဲ့သူတွေဟာ ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှုတွေကိုကျူးလွန်ခဲ့ပေမယ့် ငွေကြေးနဲ့အရာရာကို လုပ်ယူလို့ရကြပါတယ်။ဆန်ဂျင်းလုပ်ငန်းစုရဲ့သားဖြစ်သူ ဒါရိုက်တာချိုဟာလည်း စိတ်ထင်ရာရိုင်းစိုင်းလေ့ရှိပြီး ငွေကြေးအာဏာကိုအသုံးပြုပြီးတော့ ထိန်းချုပ်ထားပါတယ်။ တစ်နေ့မှာတော့ ဆိုးလ်မြို့နယ်စုံထောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ ကုမ္ပဏီနဲ့ပြဿနာဖြစ်ပြီးတော့ ဒါရိုက်တာချိုဟာလက်လွန်ပြီးတော့ သတ်သေမှုပုံစံမျိုးဖန်တီးခဲ့တယ်။အဲ့နောက်မှာတော့ စုံထောက်ကလည်း လိုက်လံစုံစမ်းနေရင်းက ဒါရိုက်တာချိုရဲ့ လူသတ်မှုကိုကျူးလွန်မှုအပါအဝင် ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှု အရွယ်မရောက်သေးတဲ့လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ အာဏာရှိတဲ့သူက အာဏာကိုအသုံးပြုပြီးတားဆီးပုံ အမှန်တရားကိုနှစ်သက်တဲ့စုံထောက်ကလည်း အခက်အခဲတွေကြားထဲက ဘယ်လိုမျိုးဖော်ထုတ်မလဲဆိုတာကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7
IMDB: 7/10 5,101 votes
movie
Veteran
2015
1080p
A Violent Prosecutor 6.6
A Violent Prosecutor ဗြောဂျယ်ဝူဆိုတဲ့အစိုးရရှေ့နေက အမှန်တရားရဲ့ဘက်တော်သားတစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ စစ်ဆေးမေးမြန်းမှုတွေကို အကြမ်းဖက်နည်းလမ်းကို အသုံးပြုလေ့ရှိတဲ့အတွက်ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ရှေ့နေတစ်ယောက်ပေါ့။တစ်နေ့မှာတော့ ရဲနဲ့ပြည်သူတွေကြားမှာဖြစ်တဲ့ အမှုမှာ ပြည်သူတစ်ဦးက ရဲကိုသံပိုက်နဲ့ရိုက်ခဲ့ပါတယ်။ဒီအမှုကိုကိုင်တွယ်ရတဲ့သူက ရှေ့နေဗြောဖြစ်ပါတယ်။ သူ့စစ်ဆေးမှုအတွင်းမှာ သူကဒီအမှုဟာ သွေးရိုးသားရိုးအမှုတစ်ခုမဟုတ်ဘူးဆိုတာကို နားလည်သွားတယ်။ အထက်ပိုင်းကလူတွေကလည်း ရှေ့နေဗြောဟာ ပြဿနာရှာတတ်တဲ့သူဖြစ်လို့ ဒီအမှုကိုလက်ရှောင်နေဖို့ သတိပေးခဲ့တယ်။ သတိပေးတဲ့ကြားကနေဆက်လုပ်တဲ့အတွက်ကြောင့် ရှေ့နေဗြောကို အထက်အရာရှိတွေက‌ ပူပေါင်းပြီးတော့ လုပ်ကြံခဲ့ကြတယ်။သူ့ရဲ့စစ်ဆေးမေးမြန်းမှုအတွင်းမှာ တရားခံဟာသေဆုံးသွားတဲ့အတွက် ရှေ့နေဗြောကိုထောင်ဒဏ်၁၅နှစ်ချမှတ်ခဲ့တယ်။ ဒီလိုနဲ့ထောင်ထဲမှာနေတဲ့အချိန်အတွင်းမှာ သူ့ကိုချောက်တွန်းခဲ့တဲ့သူတွေကို ဘယ်လိုမျိုး ဖော်ထုတ်မလဲဆိုတာ ဒီကားလေးကိုဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦး။နောက်ပြီး ဒီကားလေးမှာ အခုလက်ရှိ Peninsula ကားကမင်းသား Gang Dong Wonလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
6.6
IMDB: 6.6/10 2,287 votes
movie
A Violent Prosecutor
2016
1080p
I Saw the Devil 7.8
I Saw the Devil ဒီဇာတ်ကားလေးကတော့ မင်းသားလီဗြောင်ဟွန်းရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါပဲ။  ဇာတ်လမ်းအကျဉ်းကတော့ မင်းသားလီဗြောင်ဟွန်းရဲ့ ချစ်သူဟာ လက်ထပ်ပြီး မကြာခင်မှာပဲ အသတ်ခံလိုက်ရပါတယ် ဒါကြောင့် သူက သူ့ချစ်သူကိုသတ်ခဲ့တဲ့သူကို လိုက်ရှာပြီး ကလဲ့စားချေခဲ့ပါတယ်။ လူသတ်သမားဟာ သူ့ရဲ့ချစ်သူကိုတင်မကဘဲ နောက်ထပ်မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်တယ်။ဒီဇာတ်ကားလေးက တခြားလူသတ်သမားကားတွေနဲ့ မတူဘဲထူးခြားချက်ကတော့ လူသတ်သမားကိုချက်ချင်းမသတ်တာပါပဲ။ တစ်ခါပြီးတစ်ခါ ရိုက်တယ် ထုတယ် ဒါပြီးရင်တော့ တစ်ပတ်လောက်ထားထားလိုက်တယ်။ အနာသက်သာခါစဆိုရင် နောက်တစ်ခေါက်နာကျင်အောင် ထပ်လုပ်တယ်။ သူလူသတ်သမားကို ပေးချင်တာက နာကျင်မှုနဲ့အကြောက်တရားပါ။ ဒါကြောင့်ဒီဇာတ်ကားဟာ သွေးထွက်သံယိုအခန်းတွေ တော်တော်များများပါဝင်ပါတယ်။ဒီလိုဇာတ်ကားမျိုးကိုမှကြိုက်နှစ်သက်တဲ့သူတွေကို ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးချင်ပါတယ်။ ဒီရုပ်ရှင်ကားဟာဆိုရင် rating7.8 အထိရရှိထားပြီး ဆုပေါင်းမြောက်များစွာပိုင်ဆိုင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-= Translated & Review By NayChi Thel Kyaw Tun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=    
7.8
IMDB: 7.8/10 106,575 votes
movie
I Saw the Devil
2010
1080p
Sympathy for Lady Vengeance 7.6
Sympathy for Lady Vengeance လီဂွန်းဂျာဟာ သူမကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ထောင်၁၃နှစ်ကျခံခဲ့ရပါတယ်။ဒါကြောင့် သူမဟာသူ့ကိုစွပ်စွဲခဲ့တဲ့ သူတွေကိုလက်စားချေဖို့အတွက်ဆန္ဒပြင်းပြနေခဲ့တာပေါ့ ဒီတော့သူမထောင်ကထွက်လာတဲ့အခါမှာ ထောင်ထဲမှာတုန်းကသူကူညီပေးခဲ့တဲ့သူတွေဆီသွားရောက်ခဲ့ပြီးတော့ ၁၃နှစ်ကြာမျိုသိပ်ခဲ့ရတဲ့လက်စားချေချင်တဲ့စိတ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာဒီကားထဲမှာ တွေ့ရမှာဖြစ်ပါတယ် နောက်ပြီး ဒီကားလေးနဲ့လည်းတောင်ကိုးရီးယားနိုင်ငံမှာသာမက နိုင်ငံတကာအပါအဝင် ဆုပေါင်း၁၂ကားထိပိုင်ဆိုင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=
7.6
IMDB: 7.6/10 70,386 votes
movie
Sympathy for Lady Vengeance
2005
1080p
A Dirty Carnival 7.4
A Dirty Carnival A DIRTY CARNIVAL ရုပ်ရှင်ကို CJ Entertainment က2006 ခုနှစ်မှာ ထုတ်လွှင့်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် ဒါရိုက်တာ Yoo Ha ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ပုံဖော်ရိုက်ကူးပေးခဲ့တာပါ။ သဲထိတ်ရင်ဖိုပြီး လျှို့ဝှက်ဆန်းကျယ်စွာ ရိုက်ကူးထားတဲ့ action ဇာတ်ကားဖြစ်ပါတယ် ။ Korea နာမည်ကျော် သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ မိသားစုနဲ့ စားဝတ်နေရေးနဲ့ မိခင်ရဲ့ဆေးဖိုး ဝါးခအတွက် လူဆိုးတစ်ယောက်အနေနဲ့ ရုန်းကန်နေရတဲ့ Byung Dooဆိုသော လူငယ်တစ်ယောက်အကြောင်းနဲ့ အမှောင်လောကသားများရဲ့ ဘဝသရုပ်ပုံစံကို ပုံဖော် ရိုက်ကူးပေးထားလို့ လိုက်ပါစီးမျှော ခံစားကြည့်ရှုပေးကြပါအုံးနော =-=-=-=-=-=-=-=-=-=-=-= Review and Translated By Naw Eh Tha Khu Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=
7.4
IMDB: 7.4/10 7,827 votes
movie
A Dirty Carnival
2006
1080p
The Yellow Sea 7.3
The Yellow Sea မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်မှာ နေထိုင်ရင်း ကားမောင်းပြီးအသက်မွေးတဲ့ ဂူနမ်... မိန်းမက တောင်ကိုရီးယားမှာအလုပ်သွားလုပ်ပြီး ပိုက်ဆံမပို့ အဆက်သွယ်မလုပ်တဲ့အပြင် မိန်းမချန်ခဲ့တဲ့ အကြွေးများစွာနဲ့ ဒုက္ခရောက်နေလို့ ကြံရာမရဖြစ်ပြီး လောင်းကစားသာလုပ်နေတော့ပါတယ်... အဲ့ဒီမှာ မှောင်ခိုကူးသူတယောက်က မက်လောက်စရာငွေနဲ့မျှာပြီး တောင်ကိုရီးယားနိုင်ငံသွားပြီး လူတယောက်ကိုသတ်ခိုင်းပါတော့တယ်.. ပိုက်ဆံလည်းရ မိန်းမကိုလည်းရှာမယ်ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောနဲ့ သဘောတူပြီးနောက်မှာတော့ ဘယ်လိုတွေ ကြုံရလဲ ဘယ်သူတွေကလိမ်နေတာလဲ မိန်းမကရော လှည့်စားနေတာလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါ။ ================= Translated and Reviewed by Aye Chan Moe Encoded by DaeBak =================
7.3
IMDB: 7.3/10 18,237 votes
movie
The Yellow Sea
2010
1080p
Burma 6.5
Burma Encoded By KarYan
6.5
IMDB: 6.5/10 229 votes
movie
Burma
2014
1080p
The Shepherd: Border Patrol 5.6
The Shepherd: Border Patrol မင်းသားကြီးဗန်ဒိန်းရဲ့ 2008 တုန်းကထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဗန်ဒိန်းအပြင် ဘွိုင်ကာလို့လူသိများတဲ့ Undisputed မင်းသား စကော့အက်ဒ်ကင်လည်း ပါဝင်ထားပါသေးတယ် Action/Thriller အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးအော်လန်စ် ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျက်ရော်ဘီဒိုဟာ နယ်စပ်လုံခြုံရေးတာဝန်နဲ့ နယူးမက္ကဆီကို ရောက်ရှိလာပါတယ် အဲ့ဒီမှာ မက္ကဆီကိုကနေ အမေရိကန်ကို မူးယစ်ဆေးကုန်ကူးနေတဲ့ ဂိုဏ်းတစ်ခုရှိပြီး ဒီဂိုဏ်းက သာမန်လူတွေမဟုတ်ဘဲ စစ်သားဟောင်းတွေဖြစ်ပါတယ် ဂျက်ရော်ဘီဒိုအနေနဲ့ သူနဲ့အတိတ်သွေးကြွေးတွေပါရှိနေတဲ့ ဒုစရိုက်သမားတွေကို ချေမှုန်းဖို့ဖြစ်လာရာမှာတော့... Quality - Webrip (1080P) (480P) Size - (1.3 GB) (390 MB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [390 MB]
5.6
IMDB: 5.6/10 6,320 votes
movie
The Shepherd: Border Patrol
2008
Webrip 1080P
Altered Carbon: Resleeved 6.5
Altered Carbon: Resleeved ကဲ အခုတစ်ခါကတော့ Altered Carbon: Resleevedဆိုတဲ့ဇာတ်ကားလေးကောင်းလေးလာပါပြီ 2020ထွက် Netflix Animated Movieဖြစ်ပြီးIMDb 6.5ရရှိထားတဲ့ကားကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။Sci-Fi, Fantasyအမျိုးအစားဖြစ် ပြီး2131ခုနစ်ကိုဇာတ်အိမ်တည်ထားပါတယ် ‌ ‌ လူသား‌တွေဟာ ကမ္ဘာမြေကိုစွန့်ခွာလာပြီးဂြိုလ်တွေမှာ နေထိုင်လာကြပါတယ်။လူတွေဟာ"စတက်"ဆိုတဲ့ပစ္စည်းလေးရှိရုံနဲ့ ခန္ဓာကိုယ်လှဲလှယ်နိုင်ပြီးအသက်အကန့်အသတ်မရှိနေထိုင်နိုင်လာကြပါတယ်။ဇာတ်လိုက် တာကရှီက လာတီမာဂြိုလ်ကိုမစ်ရှင်တစ်ခုအတွက်‌ရောက််ရှိလာရပြီး သူကာကွယ်ရမယ့်ကလေးမလေးက ဂိုဏ်းတစ်ခုရဲ့တက်တူးထိုးတဲ့သူဖြစါနေပါတယ်။ဘာလို့တက်တူးထိုးတဲ့သူကိုကာကွယ်ရတာလဲ။တစ်ခြားဘယ်သူတွေပါဝင်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ် Fightingခန်း Animationတွေကလည်းအလန်းကြီးမို့လို့screentime ၁နာရီကျော်ကျော်လေးနဲ့ကြည့်ရတာတာအရမ်းတန်ပါတယ်လို့
6.5
IMDB: 6.5/10 4,039 votes
movie
Altered Carbon: Resleeved
2020
Blue-Ray
Psych 2: Lassie Come Home 7.7
Psych 2: Lassie Come Home ဒီဇာတ်ကားလေးဟာ American Comedy Film တစ်ခုဖြစ်ပြီး အခုနှစ် 2020Released ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ၂၀၀၆ခုနှစ်မှာ ရုပ်ရှင်စီးရီးအနေနဲ့ထွက်ရှိခဲ့ဖူးပြီး Season 8ခု Total 120 Episodes ထိရှိခဲ့ပါတယ် ၂၀၁၇ခုနှစ်မှာ Psych : The Movie ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ထွက်ရှိလာပြီး အောင်မြင်မှုတွေရခဲ့ပြီးနောက် အခုနောက်တစ်ကားထွက်ရှိလာတာပဲဖြစ်ပါတယ်💙 ဇာတ်လမ်းအကျဉ်း ရှောန်နဲ့ဂတ်စ်တို့ သူငယ်ချင်းနှစ်ရောက် သူတို့ရဲ့ ရဲမှူးဟောင်း လတ်စီကို ကူညီပေးဖို့အတွက် ဆန်တာဘာဘရာဆေးရုံကိုရောက်ရှိလာခဲ့တဲ့နေ့မှာတင် ရှုပ်ထွေးပွေလီလှတဲ့ အမှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ် ထုံးစံအတိုင်း သူတို့နှစ်ယောက် အဲ့ဒီအမှုကိုလိုက်ရင်း ဘာတွေဘယ်လို လွဲချော်ပြီး ဘာတွေဘယ်လို ဖော်ထုတ်ကြမလဲဆိုတာ ရယ်မောပျော်ရွှင်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်💙 IMDb Rating 7.7/10ထိရရှိထားပြီး တစ်ကားလုံး မပျင်းမရိဘဲ တစ်ထိုင်တည်းကြည့်ရှုသွားနိုင်ဖို့ ဆွဲခေါ်သွားနိုင်ပါတယ်💙 (အညွှန်းနှင့် ဘာသာပြန် MinnMyoKhant) IMDb Rating - 7.7/10🔥 Genre - Comedy, Crime, Mystery Quality - 1080P, 480P Translator - MinnMyoKhant Encoder - လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ ...
7.7
IMDB: 7.7/10 1,841 votes
movie
Psych 2: Lassie Come Home
2020
1080p
Triple Frontier 6.4
Triple Frontier Triple Frontier (2019) ဓားပြတိုက်တဲ့ကား.. သာမာန်ဓာပြတိုက်တဲ့ကားတွေနဲ့မတူတာက ဘဏ်မှာ ဝင်တိုက်တာမဟုတ်ဘူး..တကယ့်ကြမ်းရမ်းပါပေ့ဆိုတဲ့ မူးယစ်ရာဇာ အိမ်ကိုမှ ဝင်စီးတာ.. Netflix က 2019 မှာ ထုတ်တဲ့ Action နဲ့ Drama ကား...ဇာတ်အိမ်လဲမိုက်စ်!! ဇာတ်လမ်းက နိုင်ငံအတွက် အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့က စစ်မှူထမ်းဟောင်းသုံးယောက် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ.. သူတို့ထဲက တစ်ယောက်က မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့နဲ့ပေါင်းပြီး နာမည်အကြီးဆုံး မူးယစ်ရာဇာကို သတင်းရဖို့လိုက်တာက စတာပဲ.. မူးယစ်ရာဇာ ဥနေတဲ့နေရာကို သူသိသွားတော့ သူ့ တပ်ပြန်ဘော်တာတွေတစ်ယောက်ချင်းစီလိုက် စည်းရုံးပြီး ဝင်စီးတော့တာပဲ.. ဒါပေမဲ့ ပြသနာက မူးယစ်ရာဇာက သာမန်မြို့ထဲမှာမဟုတ်ပဲ ပြန်ထွက်ရအရမ်းခက်တဲ့နေရာမှာ ဆိုတော့ သူတို့ ဓားပြတိုက်ပြီး ပြန်ထွက်နိုင်ပါ့မလား.. ဖွက်ထားတဲ့ ငွေတွေကိုရော သူတို့ရှာတွေ့ကြပါ့မလား..ကိုယ်မထင်ထားတဲ့ အဖြစ်အပျက်တွေကြုံပြီး ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ကားကောင်းတစ်ကားပါလို့ တင်ဆက်ရင်း.. ဘာသာပြန် = Arkar Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.4 GB] ဒေါင်းရန် နှိပ်ပါ 480P [404 ...
6.4
IMDB: 6.4/10 100,782 votes
movie
Triple Frontier
2019
1080P Bluray 5.1CH
Yaara 6
Yaara Yaara (2020) Your Cinema ပရိတ်သတ်ကြီးအတွက် ၃၀.၇.၂၀၂၀နေ့မှာ ထွက်ရှိထားတဲ့ အိန္ဒိယ ဇာတ်ကြမ်း ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဇာတ်လမ်းရဲ့အစမှာ လူမိုက်တွေရဲ့ သတ်ဖြတ်မှုကြောင့် မိဘမဲ့လေးများဖြစ်သွားရရှာသော ကလေးနှစ်ယောက်။ လူမိုက်တွေရဲ့အန္တရာယ်ကိုရှောင်ရှားရင်း မှောင်ခိုရာဇာ တစ်ဦးနဲ့ဆုံမိကြတယ်... ထိုမှောင်ခိုရာဇာအဖွဲ့ဟာ ကလေးသူငယ်များကိုအသုံးချပြီး မှောင်ခိုလုပ်ငန်းမှန်သမျှကို ကျူးလွန်ကြတယ်။ မိဘမဲ့ကလေးနှစ်ယောက်နဲ့ မှောင်ခိုရာဇာတို့လက်ထဲမှာရှိတဲ့ ကလေးနှစ်ယောက် စုစုပေါင်းကလေး 4 ယောက်တို့ဟာ အရွယ်ရောက်လာတဲ့အခါ မှောင်ခိုလောကရဲ့ဘုရင်များဖြစ်လာကြတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်ရင် ကြည့်ကြပါလို့ တိုက်တွန်းပါတယ်... ဘာသာပြန် = Maung Pyae Aye Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.7 GB] ဒေါင်းရန် နှိပ်ပါ 480P [511 MB]
6
IMDB: 6/10 1,211 votes
movie
Yaara
2020
1080 P
The Neighbor 5.8
5.8
IMDB: 5.8/10 6,924 votes
movie
The Neighbor
2016
1080 P
A Bittersweet Life 7.6
A Bittersweet Life ဒီကားလေးကတော့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ ရုပ်ရှင်လေးပါ။ လီဗြောင်ဟွန်းနဲ့အတူ မင်းသမီး Shin Min-Ahနဲ့မင်းသား Kim Yeong-cheol တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ Rating ကတော့ 7.6 ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း ဉာဏ်ပညာရှိပြီး အေးဆေးတည်ငြိမ်တဲ့ ဆန်းဝူးဆိုတဲ့ လူငယ်တစ်ဉီးဟာ သူ့သူဌေးအပေါ် အကြွင်းမဲ့သစ္စာရှိမှုနဲ့ စီးပွားရေးကိုစီမံခန့်ခွဲနိုင်တာကြောင့် သူဌေးဆီမှ ယုံကြည်မှုရထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဌေးဖြစ်သူမှာ ငယ်ရွယ်ပြီးချောမောလှပတဲ့ ဟီဆိုးဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးက ဟီဆိုးဆီမှာ တခြား ချစ်သူရှိတယ်လို့ သံသယရှိလာခဲ့ပါတယ်။ အဲ့တာကြောင့် သူအလုပ်ကိစ္စနဲ့ ခရီးထွက်နေစဉ်မှာ ဟီဆိုးကို အနီးကပ်စောင့်ကြည့်ဖို့ နဲ့ အကယ်၍ ချစ်သူရှိတာမှန်ရင် နှစ်ယောက်လုံးကို သတ်ပစ်ဖို့ ဆန်းဝူးကို အမိန့်ပေးခဲ့ပါတယ်။ ဆန်းဝူးဟာ သူဌေးဖြစ်သူမှာကြားခဲ့သလို ဟီဆိုးအနီးကပ်စောင့်ကြည့်ရင်း စိတ်ဝင်စားလာခဲ့ပါတယ်… ဟီဆိုးမှာ တကယ်ပဲတခြားချစ်သူရှိနေတာလား ရှိတယ်ဆိုရင် ဆန်းဝူးက သူဌေးအမိန့်အတိုင်း လုပ်မှာလားဆိုတာကိုတော့ ...
7.6
IMDB: 7.6/10 34,932 votes
movie
A Bittersweet Life
2005
1080p HD
NH10 7.2
NH10 ကဲ…ဒီတစ်ခါတော့ သဲထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျာ... PKမင်းသမီးလို့ လူတွေသိကြတဲ့ Anushka Sharmaရဲ့ဇာတ်ကားကောင်းလေးပါ... ဇာတ်လမ်းအကျဉ်းကတော့... ခေတ်လူငယ်စုံတွဲဖြစ်တဲ့အာရ်ဂျွန်းနဲ့မီရာဟာ မွေးနေ့ပွဲအထိမ်အမှတ်နဲ့ ခရီးထွက်လာပါတယ်... အမြန်လမ်းတစ်နေရာမှာ ခရီးတစ်ထောက်နားနေတုန်း ရန်လိုနေတဲ့လူတစ်စုက တခြားလူငယ်စုံတွဲနှစ်ယောက်ကို ကားပေါ်ဇွတ်တင်ခေါ်ဖို့ကြိုးစားနေတာကို အာရ်ဂျွန်ကမနေနိုင်လို့ ဝင်တားရာ အာရ်ဂျွန်းကို စောက်ခွက်တစ်ချက်ထိုးပြီး ကားမောင်းထွက်သွားပါတယ်... ဒီလိုနဲ့ အာရ်ဂျွန်းတို့လဲခရီးဆက်လာရာ လမ်းတစ်နေရာမှာ ခုနက လူတစ်စုရဲ့ကားကိုတွေ့လိုက်တော့ နောက်ကနေ အသာလေးလိုက်သွားပါတယ်... လိုက်သွားရာကနေ အဲ့ဒီလူတစ်စုက ခုနကလူငယ်စုံတွဲကို သူတို့မျက်စိရှေ့မှာပဲသတ်လိုက်ပါတယ်... သူတို့နှစ်ယောက်ကော ဘယ်လိုလွတ်အောင်ပြေးမလဲ... ဘာကြောင့် သတ်ဖို့ကြိုးစားကြတာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ... IMDb ratingက 7.2/10ထိရရှိထားပြီးတော့ တစ်ထိုင်တည်း မပျင်းမရိနဲ့ ဆွဲခေါ်သွားပေးနိုင်တာမို့ သေချာပေါက် မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ... Genre - Action, Crime, Drama Translator - MinnMyoKhant Encoded by လူယုတ်မာ     👉ဒေါင်းရန် နှိပ်ပါ DropBox 720P [845 MB] 👉ဒေါင်းရန် နှိပ်ပါ MegaUp 720P [845 MB] 👉ဒေါင်းရန် နှိပ်ပါ Racaty 720P [845 MB]   👉ဒေါင်းရန် ...
7.2
IMDB: 7.2/10 11,813 votes
movie
NH10
2015
720 P
Article 15 8.2
Article 15 Article 15 (2019) Mystery Typeကို စောင့်မျှော်နေတဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားတစ်ကား Recommendချင်ပါတယ် ✅ 2019 မှာ ထွက်ရှိပြီး IMDb 8.2 / 10 အထိ ရရှိထားတာမို့ ဇာတ်ပျင်းကြီး ဖြစ်နေမှာ မဟုတ်သလို တခြားကားတွေလို ဒရာမာပဲ ချိုးနေတာ ခေတ်နောက်ကျပါတယ် ကွာ လို့ တွေးမိတာမျိုး ရှိမှာ လုံးဝ မဟုတ်ကြောင်း အာမခံတယ် 😉 ခုနောက်ပိုင်းမှာ တော်တော်လေးစန်းထလာပြီး လက်ရှိကျွန်တော်အကြိုက်ဆုံးမင်းသားဆိုလဲမမှားတဲ့ မင်းသား ​Ayushmann Khurrana က Main Leadဖြစ်တာမို့ ပိုပြီး စိတ်ဝင်စားစရာ‌ေကာင်းအောင် ဆွဲဆောင်တယ် လို့ ကောက်ချက်ချမိတယ် ဇာတ်လမ်းအကျဥ်း မနေ့တနေ့ကမှ အရာရှိအသစ်လေးဖြစ်တဲ့ "အာရ်ယန်းရန်ဂျန်" က သူ့ရဲ့ပထမဆုံးတာဝန်ကျတဲ့နေရာ "လာဂွန်း"လို့ခေါ်တဲ့ တောရွာကို ရောက်လာတယ် ထုံးစံအတိုင်း အိန္ဒိယတောရွာအများစုလို ဇာတ်အနိမ့်အမြင့် ခွဲခြားတာတွေ ၊ အကျင့်ပျက်ခြစားမှုတွေ အပြည့်ပေါ့ အဲ့လို ခွဲခြားဆက်ဆံမှုက အစ ...
8.2
IMDB: 8.2/10 20,015 votes
movie
Article 15
2019
Mermaid Legend 6.8
Mermaid Legend ဒီဇာတ်ကားလေးကတော့.၁၉၈၄လောက်တုန်းက.ရိုက်ကူးခဲ့တဲ့.. စိတ္တဇဆန်တဲ့ဂျပန်drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.... IMDb-6.8 Genres- Crime: Drama :Horror Awards.-3wins ဇာတ်လမ်းဇာတ်သွားကတော့...ညားခါစပူပူနွေးနွေးငါဖမ်းသမား လင်မယားနှစ်ယောက်ရှိတယ်ပေါ့ဗျာ...သူတို့က.ရေအောက်ငုပ်ပြီစ ငါးတစ်မျိုးကိုရှာဖွေပြီး..အသက်မွေးကြတာပေါ့. အဲ့မှာ..မီယာမိုတိုဆိုတဲ့ကုမ္ပဏီတစ်ခုက..သူတို့မြေတွေဝယ်ပြီးတော့အပန်းဖြေစခန်းဆောက်လုပ်ဖို့....ဆန္ဒပြင်းပြနေတာပေါ့.. အမှန်က..အပန်းဖြေစခန်းဆောက်ဖို့ဆိုတာက..ဟန်ပြသက်သက်တာဖြစ်ပြီးတော့.သူတို့ကနျူကလီးယာဓာတ်ပေါင်းဖိုစက်ရုံဆောက်ဖို့လုပ်နေတာဖြစ်တယ်... အဲ့လိုတည်​ဆောက်ဖို့..မြေဝယ်ရာမှာ..ရှိုုဟီးတို့ငါဖမ်းသမားလင်မယားကမရောင်းပဲဆန္ဒပြတာပေါ့..အဲ့တော့..မီယာမိုတိုကုမ္ပဏီက..သူတို့ကိုလုပ်ကြံခိုင်းလိုက်တယ်... သူတို့ငါးဖမ်းထွက်တဲ့ချိန်မှာပေါ့...မိန်မက..ရေအောက်ငုပ်ပြ်ိးငါးရှာတဲ့အချိန်မှာ.လှေပေါ်မှာရှိတဲ့..သူ့ယောကျာ်းအသတ်ခံလိုက်ရပါလေရော.. အဲ့မှာ.မိန်းမဖြစ်သူက..ကူရာမဲ့ဖြစ်ပြီး..မိန်းမတွေနေချည်းနေတဲ့ကျွန်းကိုရောက်သွားခဲ့ပြီး..အပျော်မယ်ဖြစ်သွားတယ်ပေါ့.. သူကသူ့ယောကျ်ားကို..သတ်တဲ့သူတွေကိုဘယ်လိုရှာဖွေဖော်ထုတ်ပြီး..သတ်ခဲ့လဲဆိုတာကိုတော့..ဒီဇာတ်ကားမှာတွေ့ရမှာဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ.18+တစ်ချို့လည်းပါဝင်ပါတယ်... ...အရင်ခေတ်ဂျပန်တို့ရဲ့..နေထိုင်မှုပုံစံတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်.... Translated & Review By Arkar Oo Encoded By Kar Yan
6.8
IMDB: 6.8/10 112 votes
movie
Mermaid Legend
1984
1080p
Wasp Network 5.8
Wasp Network အခုတင်ဆက်ပေးသွားမှာကတော့ Triller အမျိုးအစားဖြစ်ပြီး ဇာတ်ကားကိုအချိန်ပေးပြီး တွေးတောတဲ့တဲ့သူတွေအတွက်ဖြစ်ပါတယ်။ နိုင်ငံရေး လှည့်ကွက်အကြောင်းတွေကိုဖော်ပြထားပြီး ဖြစ်ရပ်မှန်ကိုရိိုက်ကူးထားသည့်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကို၁၉၉၀ ခုနှစ်မှာတည်ပြီးရိုက်ကူးခဲ့တာပါ။ဇာတ်လမ်းအကျဥ်းဆိုရလျှင် ကျူးဘားကနေ အမေရိကန်သို့ပြောင်းရွေ့သွားသောလေယာဥ်မှူးကစတာပါ။ ကျူးဘားနိုင်ငံမှ မိသားစုကိုပစ်ထားပြီး ထွက်ခွာလာခဲ့တာပါ။ကျူးဘာနိုင်ငံက အစားအသောက်ရှားပါးပြီး နေထိုင်ရခက်ခဲလို့အမေရိကန်ကိုပြောင်းလာတဲ့ပြည်ပြေးတွေကိုကူညီပေးရတဲ့အလုပ်ကိုလုပ်ခဲ့ရပါတယ်။ နိုင်ငံတော်အတွက်တာဝန်ကျေခဲ့သော်လည်းမိသားစုကိုအချိန်မပေးခဲ့သောကြောင်း ဖြစ်ပေါ်လာသောမိသားစုအတွင်းရေး ရှုပ်ထွေးသော နိုင်ငံရေးပြသာနာတို့ကို ကွက်ကွက် ကွင်းကွင်းမြင်နိုင်အောင်ဘယ်လို ရိုက်ပြထားသလဲဆိုတာ ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 5.8/10 -=-=-=-=-=-=-=-=-=-=-=-=- Translated & Review By  Naw Sue Phaw Shee Encoded By Kar Yan
5.8
IMDB: 5.8/10 2,774 votes
movie
Wasp Network
2019
1080p