Yourcinema

Drama

Burning 7.5
Burning ကောလိပ်ကျောင်းပြီးထားပြီး အချိန်ပိုင်းလုပ်နေရင်း စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ လီဂျုံးဆုဆိုတဲ့ကောင်လေးဟာ တနေ့တော့ ငယ်သူငယ်ချင်းဖြစ်သူ ရှင်ဟဲမီနဲ့ အလုပ်မှာပြန်တွေ့သွားပြီးအဆက်သွယ်ပြန်ရသွားပါတယ် ရှင်ဟဲမီဟာ စိတ်ကူးယဉ်ပုံပြင်တွေပြောပြတက်သူဖြစ်ပြီး ဘဝကိုလွယ်သလိုဖြတ်သန်းနေတဲ့ ကောင်မလေးတယောက်ပါ တရက် ရှင်ဟဲမီဟာ အာဖရိကကိုခရီးထွက်သွားပြီး ပြန်အလာမှာတော့ ဘန်ဆိုတဲ့ သူဌေးတယောက်နဲ့ မိတ်ဆွေတွေဖြစ်သွားပါတယ်.. ဘန်ကလည်း အင်မတန်ချမ်းသာပြီး သူဘာကြောင့်ချမ်းသာနေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး... လီဂျုံးဆု ရှင်ဟဲမီ ဘန် တို့၃ယောက်သား ဘယ်လိုဇာတ်လမ်းဆက်ကကြမလဲဆိုတာ ကြည့်ရှုပေးပါဦး ဇာတ်လမ်းလေးက ပျင်းစရာကောင်းတဲ့ပုံပေါ်ပေမယ့် စဉ်းစာကြည့်ရင်တော့ ပါးပါးလေးပုတ်သွားသလိုပါပဲ မသိဘူး ယူအာအင်လေး ခပ်အအ သရုပ်ဆောင်တာကြည့်ရရုံတင် အင်မတန်တန်ပါတယ်နော် =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Aye Chan Moe Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7.5
IMDB: 7.5/10 45,556 votes
movie

Burning

2018
#Alive 6.2
#Alive Korean Zombie Horror/Drama အမျိုးစားရုပ်ရှင်ဖြစ်ပြီး Imbd မှာ 6.2 , Rotten Tomatoes မှာ 89% ထိ ရရှိထားပါတယ်.. ဇာတ်လမ်းအစမှာ Gaming လောကမှာ နာမည်ကြီး ဂျင်ဝူးက Streaming လုပ်နေရင်း အပြင်ဖက်ကဆူညံသံတွေကို သတိထားမိသွားပါတယ်.. ဂိမ်းအဖွဲ့ထဲက သူဘော်တာတွေကလည်း TV မှာ လာနေတဲ့ အရေးကြီး သတင်းတွေကြည့်ဖို့တိုက်တွန်းပါလေရော.. TV ပေါ်မှာကြည့်လိုက်တော့ အားလုံးနီးပါး Virus ကူးစက်ခံရပြီး ဖုတ်ကောင်တွေပြောင်းတဲ့အကြောင်း သတင်းပြောနေပြီ.. မယုံလို့ အပြင်ကို ဝရံတာက ထွက်ကြည့်ရော ကမ္ဘာ ပျက် နေပြီ.. အဲ့လိုနဲ့ zombie တွေ ပတ်လည်ဝိုင်းနေတဲ့ နေရာကအခန်းလေးထဲမှာ ပိတ်မိနေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှူကြပါအုန်း -=-=-=-=-=-=-==-=-== Translated & Review By Arkar Min Encoded By Kar Yan
6.2
IMDB: 6.2/10 15,682 votes
movie

#Alive

2020
1080p
The Man Standing Next 7
The Man Standing Next BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။ မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ ...
7
IMDB: 7/10 1,226 votes
movie

The Man Standing Next

2020
1080p Bluray 5.1 CH
Bridget Jones’s Diary 6.7
Bridget Jones’s Diary ဟာသ နဲ့ အချစ် ဇာတ်ကားတွေထဲက Classic ကားဟောင်းကြီးတစ်ကားကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. 2001 က ထွက်ရှိခဲ့ပြီး imbd မှာ 6.7, Rotten မှာ 80% အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဘယ်အချိန်မှာ အချစ်က သူ့ဘဝထဲဝင်လာမလဲ မျှော်လင့်နေတဲ့ အပျိုကြီးမမ .. အပျို ဘဝက ကျွတ်လွတ်အောင် ရတာလဲ မယူ.. အရိုးခါးလေး ဂျီးများလေးလို သူမျိုး.. သူ့အမေ နှစ်စဉ်ကျင်းပတဲ့ ပါတီပွဲကို သွားတိုင်း ‌အမေက သူ့သမီးလေး အပျိုကြီးဘဝနဲ့ အရိုးထုတ်ရရှာမှာမို့ နှစ်တိုင်း ကောင်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးနေကြ.. အဲ့နှစ်မှာလည်း ထုံးစံအတိုင်း မိတ်ဆက် ပေးပါလေရော.. blind date လုပ်ရတာမို့ ဟိုကောင်လေးက သူ့ character ကို မကြိုက်ဘူးဆိုပြီး ငြင်းခံလိုက်ရတာက စလို့ သူ့ဘဝ ရေစုံမျောတော့မယ်ဆို ငိုယို​ပြီး.. သူ့ဘဝကြီး ထပ်အငြင်းမခံဖို့ ဒိုင်ယာရီရေး.. ...
6.7
IMDB: 6.7/10 220,413 votes
movie

Bridget Jones’s Diary

2001
1080p
I Saw the Devil 7.8
I Saw the Devil ဒီဇာတ်ကားလေးကတော့ မင်းသားလီဗြောင်ဟွန်းရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါပဲ။  ဇာတ်လမ်းအကျဉ်းကတော့ မင်းသားလီဗြောင်ဟွန်းရဲ့ ချစ်သူဟာ လက်ထပ်ပြီး မကြာခင်မှာပဲ အသတ်ခံလိုက်ရပါတယ် ဒါကြောင့် သူက သူ့ချစ်သူကိုသတ်ခဲ့တဲ့သူကို လိုက်ရှာပြီး ကလဲ့စားချေခဲ့ပါတယ်။ လူသတ်သမားဟာ သူ့ရဲ့ချစ်သူကိုတင်မကဘဲ နောက်ထပ်မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်တယ်။ဒီဇာတ်ကားလေးက တခြားလူသတ်သမားကားတွေနဲ့ မတူဘဲထူးခြားချက်ကတော့ လူသတ်သမားကိုချက်ချင်းမသတ်တာပါပဲ။ တစ်ခါပြီးတစ်ခါ ရိုက်တယ် ထုတယ် ဒါပြီးရင်တော့ တစ်ပတ်လောက်ထားထားလိုက်တယ်။ အနာသက်သာခါစဆိုရင် နောက်တစ်ခေါက်နာကျင်အောင် ထပ်လုပ်တယ်။ သူလူသတ်သမားကို ပေးချင်တာက နာကျင်မှုနဲ့အကြောက်တရားပါ။ ဒါကြောင့်ဒီဇာတ်ကားဟာ သွေးထွက်သံယိုအခန်းတွေ တော်တော်များများပါဝင်ပါတယ်။ဒီလိုဇာတ်ကားမျိုးကိုမှကြိုက်နှစ်သက်တဲ့သူတွေကို ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးချင်ပါတယ်။ ဒီရုပ်ရှင်ကားဟာဆိုရင် rating7.8 အထိရရှိထားပြီး ဆုပေါင်းမြောက်များစွာပိုင်ဆိုင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-= Translated & Review By NayChi Thel Kyaw Tun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=    
7.8
IMDB: 7.8/10 106,575 votes
movie

I Saw the Devil

2010
1080p
Sympathy for Lady Vengeance 7.6
Sympathy for Lady Vengeance လီဂွန်းဂျာဟာ သူမကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ထောင်၁၃နှစ်ကျခံခဲ့ရပါတယ်။ဒါကြောင့် သူမဟာသူ့ကိုစွပ်စွဲခဲ့တဲ့ သူတွေကိုလက်စားချေဖို့အတွက်ဆန္ဒပြင်းပြနေခဲ့တာပေါ့ ဒီတော့သူမထောင်ကထွက်လာတဲ့အခါမှာ ထောင်ထဲမှာတုန်းကသူကူညီပေးခဲ့တဲ့သူတွေဆီသွားရောက်ခဲ့ပြီးတော့ ၁၃နှစ်ကြာမျိုသိပ်ခဲ့ရတဲ့လက်စားချေချင်တဲ့စိတ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာဒီကားထဲမှာ တွေ့ရမှာဖြစ်ပါတယ် နောက်ပြီး ဒီကားလေးနဲ့လည်းတောင်ကိုးရီးယားနိုင်ငံမှာသာမက နိုင်ငံတကာအပါအဝင် ဆုပေါင်း၁၂ကားထိပိုင်ဆိုင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=
7.6
IMDB: 7.6/10 70,386 votes
movie

Sympathy for Lady Vengeance

2005
1080p
A Dirty Carnival 7.4
A Dirty Carnival A DIRTY CARNIVAL ရုပ်ရှင်ကို CJ Entertainment က2006 ခုနှစ်မှာ ထုတ်လွှင့်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် ဒါရိုက်တာ Yoo Ha ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ပုံဖော်ရိုက်ကူးပေးခဲ့တာပါ။ သဲထိတ်ရင်ဖိုပြီး လျှို့ဝှက်ဆန်းကျယ်စွာ ရိုက်ကူးထားတဲ့ action ဇာတ်ကားဖြစ်ပါတယ် ။ Korea နာမည်ကျော် သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ မိသားစုနဲ့ စားဝတ်နေရေးနဲ့ မိခင်ရဲ့ဆေးဖိုး ဝါးခအတွက် လူဆိုးတစ်ယောက်အနေနဲ့ ရုန်းကန်နေရတဲ့ Byung Dooဆိုသော လူငယ်တစ်ယောက်အကြောင်းနဲ့ အမှောင်လောကသားများရဲ့ ဘဝသရုပ်ပုံစံကို ပုံဖော် ရိုက်ကူးပေးထားလို့ လိုက်ပါစီးမျှော ခံစားကြည့်ရှုပေးကြပါအုံးနော =-=-=-=-=-=-=-=-=-=-=-= Review and Translated By Naw Eh Tha Khu Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=
7.4
IMDB: 7.4/10 7,827 votes
movie

A Dirty Carnival

2006
1080p
The Yellow Sea 7.3
The Yellow Sea မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်မှာ နေထိုင်ရင်း ကားမောင်းပြီးအသက်မွေးတဲ့ ဂူနမ်... မိန်းမက တောင်ကိုရီးယားမှာအလုပ်သွားလုပ်ပြီး ပိုက်ဆံမပို့ အဆက်သွယ်မလုပ်တဲ့အပြင် မိန်းမချန်ခဲ့တဲ့ အကြွေးများစွာနဲ့ ဒုက္ခရောက်နေလို့ ကြံရာမရဖြစ်ပြီး လောင်းကစားသာလုပ်နေတော့ပါတယ်... အဲ့ဒီမှာ မှောင်ခိုကူးသူတယောက်က မက်လောက်စရာငွေနဲ့မျှာပြီး တောင်ကိုရီးယားနိုင်ငံသွားပြီး လူတယောက်ကိုသတ်ခိုင်းပါတော့တယ်.. ပိုက်ဆံလည်းရ မိန်းမကိုလည်းရှာမယ်ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောနဲ့ သဘောတူပြီးနောက်မှာတော့ ဘယ်လိုတွေ ကြုံရလဲ ဘယ်သူတွေကလိမ်နေတာလဲ မိန်းမကရော လှည့်စားနေတာလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါ။ ================= Translated and Reviewed by Aye Chan Moe Encoded by DaeBak =================
7.3
IMDB: 7.3/10 18,237 votes
movie

The Yellow Sea

2010
1080p
Geetha Govindam 7.7
Geetha Govindam ဒီဇာတ်ကားလေးကတော့ ကုလားကားထဲမှာနည်းနည်းထူးခြားတယ်ဗျာ.comedy romance လေးပေါ့ မင်းသား ဗီဂျေးဟာငယ်စဉ် ၅နှစ်သားထဲက မိခင်ဆုံးပါးသွားတာကြောင့် သူအဖေရဲ့သွန်သင်မှုအောက်မှာညရှေးရိုးဆွဲကြီးတစ်ယောက်ပေါ့ ကြည့်ရင်တောင်ဇာတ်ကားကို ရှေးကားလိုလိုကားမှကြည့်တာ အဲ့လိုကားတွေကြည့်ပြီးတော့ ရည်စားလိုချင်တာလည်းနှံ့နှံ့တတ်ပဲလေ ဒီလိုနဲ့တစ်နေ့မှာ သူအစ်မရဲ့ မင်္ဂလာဆောင်ကိုသွားရင်းနဲ့ သူနဲ့ဘုရားကျောင်းမှဆုံခဲ့တဲ့ကောင်မလေးနဲ့သွားဆုံတယ် ဂီသာတဲ့ ကားပေါ်အဲ့ကောင်မလေးကိုဖွန်အကြောင်လွန်ပြီး နမ်းမိသွားရော ကောင်မလေးကလည်းဒေါသထွက်ထွက်နဲ့သူအကိုတွေကိုဖုန်းခေါ်ရာမှာ… သူအကိုကလည်း အဲ့မြို့မှ ဖိုက်တာအကြီးစားတွေဆိုတော့…နောက်ပိုင်းမှာ သူနဲ့ကောင်မလေးနဲ့သဘောတူညီချက်ယူလိုက်ပြိးတော့..ဘယ်လိုအဲ့ဗီဂျေးရဲဟာသတွေ တလွဲတွေကို ဟာသများစွာနဲ့တင်ဆက်ထားပါတယ် Encoded By Kar Yan
7.7
IMDB: 7.7/10 9,346 votes
movie

Geetha Govindam

2018
1080p
Hope 8.3
Hope 2013ခုနှစ်မှာ Lotte Entertainment မှ ထုတ်လွင့်လိုက်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ.ဒါရိုက်တာ Lee Joon-Ik ရိုက်ကူးထားတဲ့ အောင်မြင်မှုများစွာရခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ၃၄ကြိမ်မြောက် Blue Dragon Flim Awardမှာလည်း The Best Film Awardကိုလည်း ရရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဒရာမာ အမျိုးအစားလေးဖြစ်လို့ ဘာသာပြန်သူကိုယ်တိုင် မျက်ရည်ကျခဲ့မိတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားခြင်းဘဲ ဖြစ်ပါတယ်။အသက်ရှစ်နှစ်အရွယ်သာရှိသေးတဲ့ ဟုပ်လေး တစ်ယောက် အဓမ္မပြုကျင့်ခံခဲ့ရပြီး ကလေးငယ်ဘဝမှာ နာကျင်ခံစားရပုံ မိဘများကလည်း သောကပင်လယ်ဝေခဲ့ရပုံ ပညာပေးဇာတ်ကားကောင်းလေးမို့ အခုခေတ်အနေအထားနဲ့ အရမ်းကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ကလေးမိဘများကိုလည်း ဒီဇာတ်ကားလေးကိုကြည့်စေချင်ပါတယ်။အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးမို့ ညွန်းလိုက်ပါရစေ။ဖြစ်နိုင်ရင်တော့ တကယ်ကိုဘဲ ကြည့်စေချင်ပါတယ်။အရမ်းကောင်းလို့ ညွန်းတာပါနော လက်တွေ့သိချင်ရင် ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ပေးပါနော်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naw Eh Tha Khu Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
8.3
IMDB: 8.3/10 5,170 votes
movie

Hope

2013
1080p
Sputnik 6.3
Sputnik အခုမိတ်ဆက်ပေးမှာကတော့ Sputnik ဆိုတဲ့ ခု လက်တလောမှ ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကတော့ rating ၆.၃ ရထားပါတယ်။ Sc-fi,Thriller အမျိုးအစားဇာတ်လမ်းကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း စစ်အေးတိုက်ပွဲအပြီး ဆိုဗီယက်အာကာသယာဉ်တစ်စင်းဟာ မစ်ရှင်လွဲချော်သွားပြီးနောက် မြေပေါ်သို့ပျက်ကျကာ တပ်မှူးသာကျန်ရစ်ခဲ့ပါတယ်။ တပ်မှူး၏စိတ်အခြေအနေကိုဆန်းစစ်ဖို့ နာမည်ကျော်ရုရှားစိတ်ပညာရှင်ကိုခေါ်ယူခဲ့တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီးလည်း လျှို့ဝှက်ချက်တွေက ရှိနေပါတယ်။ ကျန်ရစ်ခဲ့တဲ့ တပ်မှူးမှာ ကပ်ပါးတစ်ကောင် ကပ်ပါလာပါတယ်။ အဲ့သတ္တဝါ ကပ်ပါးကောင်ကို ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ကပ်ပါးကောင်ကို အစာကျွေးဖို့အတွက် တစ်နေ့တစ်နေ့ လူတွေ အသက်ပေးရပါတယ်။ တပ်မှူးဆီမှာ ဒီလိုကိစ္စတွေ ဖြစ်ပျက်နေတာကို သတင်းမီဒီယာတွေဆီ လျှို့ဝှက်ထားပါတယ်။ ဒါတွေကို စိတ်ပညာရှင်လည်း မသိပါဘူး။ နောက်တော့ သူစုံစမ်းလိုက်ရင်း ကြောက်စရာကောင်းတဲ့မြင်ကွင်းကို သူမြင်သွားပါတော့တယ်။ ဒီဇာတ်ကားလေးဟာ ကြည့်ရင်းကြည့်ရင်းမှ စိတ်လှုပ်ရှားစရာကောင်းတဲ့အတွက်ကြောင့် Thriller အမျိုးအစားကို သဘောကျတဲ့သူတွေလည်း အကြိုက်တွေ့မယ်ထင်ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုပဲ ကြည့်ရှုခံစားလိုက်ကြပါနော်။ -=-=-=-=-=-=-=-=-= Translated ...
6.3
IMDB: 6.3/10 5,147 votes
movie

Sputnik

2020
1080p
The Blind Side 7.6
The Blind Side ဒီဇာတ်ကားကတော့ A must watch ထဲမှာ ပါပါတယ်နော်🤗 ဒီဇာတ်ကားဟာဆိုရင် IMDB 7.6 အထိ rating ရခဲ့တဲ့ ကားလေးပါ။ review အကောင်းတွေကြည့် ရခဲ့တဲ့ကားလေးဆိုလည်း မမှားပါဘူး။ ဒီကားထဲမှာဆို American Football ကစားတာတွေလည်း ပါဝင်ပါတယ်။ ဒီကားလေးက drama အမျိုးအစားပါ။ ဇာတ်လမ်းအကျဥ်း ပြောရမယ်ဆိုရင်...... ဒီထဲက အဓိက သရုပ်ဆောင်က လူမည်းပါ။ သူ့နာမည်က Michael Oher ပါ။ သူက မိဘတွေရဲ့ ဂရုစိုက်မှုကို မရပါဘူး။ ဒါ့အပြင် သူ့ရဲ့ body ကြောင့်ခဏခဏ blame ခံရတဲ့အတွက် confidence တွေ ပျောက်ဆုံးပြီး ကျောင်းစာတွေလည်း မလိုက်နိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက်ဆရာဆရာမတွေကလည်း ဥာဏ်တုံးတဲ့သူလို့ သတ်မှတ်ခဲ့ကြတယ်။ သူ့ရဲ့ ဝါသနာကိုလည်း သူလုပ်ခွင့်မရခဲ့ပါဘူး။ နောက်တော့ Leigh Anne Tuohy နဲ့တွေ့တဲ့အခါ Michael ...
7.6
IMDB: 7.6/10 285,582 votes
movie

The Blind Side

2009
1080p
The Breakfast Club 7.9
The Breakfast Club movieကြည့်ရင်း...လွန်ခဲ့တဲ့ 1985ခုနစ်က အချိန်တွေဆီပြန်သွားကြည့်ကြမလား ရှင်းမား အထက်တန်းကျောင်းလေးဆီသို့အလည်သွားကြည့်ကြ‌ရအောင်လားဗျာ့ .... The Breakfast Club ဇာတ်ကားထဲမှာဆိုရင် သာမန်အထက်တန်းကျောင်းသားလေး ငါးယောက်ဟာ မတူညီတဲ့ မိသားစု အခြေအနေကလာခဲ့ကြရပြီး စိတ်သဘောထားချင်းလည်း မတူကြပါဘူးတူတာတခုကတော့ အကုန်လုံးက တော်တော့်ကို ဆိုးသွမ်းကြတာပါပဲ သူတို့ငါးယောက်လုံးကို စာကြည့်တိုက်ခန်းထဲ စနေနေ့တနေ့လုံး သောခတ်ထားပြီး ပြစ်ဒဏ်ပေးလိုက်တဲ့အခါ ......ဘယ်လိုတွေဆက်ဖြစ်ကြမလဲ သူတို့အကုန်လုံးကရော တယောက်နဲ့တယောက် ရင်းနှီးသွားကြမလား ဆယ်ကျော်သက်လေးတွေရဲ့စိတ်ခံစားချက်တွေက ဘယ်လိုရှိတတ်ကြလဲ ဇာတ်လမ်းအဆုံးမှာရော ဘာတွေဖြစ်သွားမလဲဆိုတာ သိချင်ရင်တော့ ဒီဇာတ်ကားလေးထဲစီးမြောသွားကြရအောင်.... The Breakfast Clubဇာတ်လမ်းက rating 7.9/10ရရှိထားပြီး ဒါရိုက်တာ John Hughesကရိုက်ကူးထားတဲ့ ဆယ်ကျော်သက်ဟာသဒရမ်မာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By ALPS Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7.9
IMDB: 7.9/10 348,053 votes
movie

The Breakfast Club

1985
1080p
A Beautiful Mind 8.2
A Beautiful Mind ဒီတစ်ခေါက်ကတော့၁၉၉၄ခုနှစ်မှာနိုဘယ်ဆုရရှိခဲ့တဲ့သင်္ချာပညာရှင်အကြောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ A beautiful mindဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက John Forbes Nash ဆိုတဲ့သင်္ချာပညာရှင်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ သူက Governing Dynamics ဆိုတဲ့Game Theoryကိုတီထွင်ခဲ့တာဖြစ်ပါတယ်။ပရင်စတန်တက္ကသိုလ်မှာ စာလေ့လာရင်း သီအိုရီအသစ်ကိုဖန်တီးချင်နေတဲ့ John Nash.ကိန်းဂဏန်းတွေမှာဘဲ စိတ်နှစ်ထားရင်း လူအများနဲ့ပေါင်းသင်းဆက်ဆံရတာအဆင်မပြေတဲ့ John Nashက အခန်းဖော်ဖြစ်တဲ့ Charlesနဲ့တော့အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနမှာအလုပ်လုပ်ရင်း လျှို့ဝှက်တာဝန်အပေးခံရတာကအစပြုပြီး သူ့ရဲ့ဘဝမှာ ဘယ်လိုအချိုးအကွေ့တွေနဲ့ကြုံတွေ့ရမလဲဆိုတာ ဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ImDb rating 8.2ထိရရှိထားတာဖြစ်ပြီး ဆုပေါင်း ၁၈ခုထိရရှိထားတဲ့အရမ်းကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
8.2
IMDB: 8.2/10 826,261 votes
movie

A Beautiful Mind

2001
1080p
Lean On Me 7.4
Lean On Me (Review မဖတ်ခင် တစ်ခုလောက်အကြံပေးပါရစေ.. ဒီဇာတ်ကားကို ကြည့်တော့မယ်ဆိုရင် အသံတိုးတိုးနဲ့မကြည့်ပဲ ရှိသမျှအသံအကုန်ဖွင့်ပြီး ကြည့်ဖို့လိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားရဲ့အသက်ဟာ ဇာတ်ကောင်တွေရဲ့ အသံနဲ့ နောက်ခံတေးဂီတတွေရဲ့ သီချင်းသံတွေပဲ ဖြစ်လို့ပါ။) ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုအပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကရိုးရှင်းတဲ့ ဆရာမေတ္တာဘွဲ့ drama ဇာတ်တစ်ဇာတ်ဖြစ်ပါတယ်။ စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ဆရာကြီးတစ်ဦးရဲ့အကြောင်းကို ရိုက်ပြထားတာပါ ။ ဒီလိုဆိုလိုက်လို့ ပျင်းစရာကြီးပါကွာလို့ ထင်မိလိုက်ရင်တော့ မိတ်ဆွေအကြီးအကျယ်မှားသွားပါပြီ ။ ဘာလို့လဲဆိုတော့ အဲ့ဒီကျောင်းအုပ်ဆရာကြီးရဲ့ ဆူသံ ငေါက်သံတွေကြားထဲမှာ ခင်ဗျားပျင်းစရာမကောင်းလောက်အောင်ကို မျက်စိတွေကျယ်နေမှာမို့လို့ပါ ။ Rocky ရုပ်ရှင်ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ John G. Avildsen ရဲ့လက်ရာတစ်ခုလည်းဖြစ်လို့ lean on me ကိုကြည့်ရင်း ခင်ဗျားပီတိအပြုံးတွေနဲ့ မျက်ရည်တောင်ကျကောင်းကျနေမှာပါ ။ Nominations 5 ခုဝင်ပြီး Awards 4 ဆုရခဲ့ပါတယ်။ Box office အနေနဲ့ အမြတ်ငွေနှစ်ဆကျော်လောက် ရခဲ့ပါသေးတယ် ။ IMDb ratings 7.4 ...
7.4
IMDB: 7.4/10 17,730 votes
movie

Lean On Me

1989
1080p
Dum Laga Ke Haisha 7.5
Dum Laga Ke Haisha Dum Laga Ke Haisha (2015) ပရိသတ်တွေအတွက် 2015 ကထွက်ခဲ့တဲ့ မင်းသားချော အရွတ်ရ်ှမန်းနဲ့ မင်းသမီးချော ဘူမိတို့ရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်... Romance/Drama အမျိုးအစားဖြစ်ပြီး IMDb 7.5/10 နဲ့ Google users 92% ရရှိထားပါတယ်... မင်းသမီး ဘူမိဟာ ဒီဇာတ်ကားအတွက် မူလကတည်းက အနည်းငယ်ဝနေတဲ့ခန္ဓာကိုယ်ကို အဝလွန်အောင်ဝိတ်တင်ခဲ့ရပြီး ဒီဇာတ်ကားနဲ့အတူ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်... ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်... ဇာတ်လမ်းလေးကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့ ပရမ်ဆိုတဲ့ကောင်လေးဟာ ငွေးကြေးအခက်အခဲကြောင့် မိဘတွေပေးစားတဲ့ ဆန်ဒယာဆိုတဲ့ အဝလွန်နေတဲ့ကောင်မလေးကို မယူချင်ဘဲယူလိုက်ရပါတယ်... ဒီလိုနဲ့ သူတို့အိမ်ထောင်ရေး အဆင်ပြေပါ့မလား...??? ဘာတွေဆက်ဖြစ်မလဲ...??? ဆိုတာကို ပရိသတ်တွေကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး... Quality - Bluray (1080P) (480P) Size - (1.6 GB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ ဒေါင်းရန် နှိပ်ပါ 1080P ...
7.5
IMDB: 7.5/10 17,452 votes
movie

Dum Laga Ke Haisha

2015
1080P Bluray 5.1CH
Seven Pounds 7.6
Seven Pounds Director Gabriele Muccino ရဲ့ လှပတဲ့ ဖန်တီးမှုတစ်ခုပါ။ ကျွန်တော်တို့ချစ်ရတဲ့ မင်းသားကြီး Will Smith ရဲ့ ပြောင်မြောက်တဲ့ ကြိုးပမ်းမှုတစ်ခုဆိုလည်း မမှားပါဘူး။ IMDb 7.6 နဲ့ Awards 5 ဆုရထားပါတယ်။ ဒီဇာတ်ကားကို စကြည့်ကြည့်ချင်းတုန်းက ဇာတ်လမ်းရဲ့ တစ်ဝက်လောက်အထိကို ဒီ Ben Thomas ဆိုတဲ့ လူဟာ ဘာလို့ ဒီလို နားမလည်နိုင်တဲ့ လုပ်ရပ်တွေကို လုပ်နေတာလဲ ဆိုပြီး စဉ်းစားလို့မရခဲ့ဘူး။ နောက်ပိုင်း ဇာတ်လမ်းကနေ တစ်ချက်တစ်ချက်ချပြသွားတဲ့ သဲလွန်စတစ်ခုချင်းစီကို ဖြည်းဖြည်းချင်း ဆွဲထုတ်ရင်းမှ Ben ကိုနားလည်နိုင်ခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ben Thomas ဆိုတဲ့ လူတစ်​ယောက်ဟာ သူနဲ့လုံးဝမသိတဲ့လူ ၇ယောက်ကို သူတို့ရဲ့ ဘဝတွေ လုံးဝပြောင်းလဲသွားနိုင်တဲ့ အကူအညီတွေပေးနေပါတယ်။ အဲ့ဒီအကူအညီတွေကို သူ့ဘဝနဲ့တောင်ရင်းပြီး သေချာ စနစ်တကျ အစီအစဉ်ချမှတ်ထားတာပါ။ လုံးဝအပျက်ခံလို့မဖြစ်တဲ့ အဲ့ဒီအစီအစဉ်ကြီးမှာ Emily ဆိုတဲ့ ...
7.6
IMDB: 7.6/10 281,919 votes
movie

Seven Pounds

2008
1080p