Yourcinema

Family

Alvin and the Chipmunks 5.2
Alvin and the Chipmunks Alvin and The Chipmunks က ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။Live action, computer animated ပုံစံဇာတ်ကားဖြစ်ပြီး ဂီတနဲ့ ဟာသဇာတ်မြူးလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အမေရိကန်ရဲ့ နာမည်ကြီး ဒါရိုက်တာဖြစ်တဲ့ Tim Hillကရိုက်ကူးပေးခဲ့တာပါ။အရမ်းကိုအောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ၂၀၀၈ ခုနှစ်ရဲ့ ရောင်အားအကောင်းဆုံး DVD ရဲ့ နံပါတ် ၇ စာရင်းလည်းဝင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၁ သန်းနဲ့အထက် ဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ တောအုပ်ကြီးတစ်ခုရဲ့ သစ်ပင်တစ်ပင်ပေါ်မှာနေထိုင်ကြတဲ့ အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ဆိုတဲ့ ချစ်မန့်ခ် ညီအစ်ကိုသုံးကောင်က သူတို့နေထိုင်တဲ့ သစ်ပင်ဟာ ခုတ်လှဲခံရပြီး လော့ဒ်အိန်ဂျလိမြို့ကို သယ်ဆောင်ခံခဲ့ရပါတယ်။အကြောင်းကတော့ ဂျက်တေးသံသွင်းရဲ့ ခရစ်စမတ်သစ်ပင်အတွက်ပါ။ အောင်မြင်တဲ့ တေးရေးဆရာတစ်ယောက် ဖြစ်အောင် အမြဲကြိုးစားနေတဲ့ ဒေ့ဗ် စဗလီ,ချစ်မန့်ခ် ဆိုပေမယ့် လူစကားပြောတတ်တဲ့ ချစ်မန့်ခ် ...
5.2
IMDB: 5.2/10 74,799 votes
movie

Alvin and the Chipmunks

2007
1080p
Alvin and the Chipmunks: The Squeakquel 4.5

Alvin and the Chipmunks: The Squeakquel

2009
1080p
Garfield (2004) 5
Garfield (2004) Garfield လို့ပြောလိုက်ရင်ကလေးရော လူကြီးတော်တော်များများနဲ့ပါရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ် Garfieldဆိုတာက အမွှေးပွပွ လိမ္မော်ရောင်ကွက်ကြားနဲ့အစားအရမ်းမတ်တဲ့ကြောင်လေးပါ။ ဒီကားက 2004ခုနှစ်ကထွက်ရှိခဲ့ပြီး animationနဲ့လူပေါင်းစပ်ထားတဲ့ကားဖြစ်တဲ့အတွက် ကလေးရောလူကြီးပါကြည့်လို့အဆင်ပြေပြီးတော့ ကြည့်ရတာတန်တဲ့ရုပ်ရှင်ကားလေးပါ။ Garfieldရဲ့ပိုင်ရှင်ဖြစ်တဲ့Jonက​ သူအထက်တန်းကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ Lizကို ဆက်ပြီးလိုက်နေရင်းက Odieဆိုတဲ့ခွေးလေးတစ်ကောင်အိမ်ခေါ်လာတဲ့အခါ ….. Garfieldကရော အဲ့ဒီခွေးလေးကိုကြည်ဖြူပါ့မလား? နောက်ဆုံးမှာ သံယောဇဥ်ဖြစ်သွားပြီးတော့ သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်လိုမျိုးကူညီမလဲ?  Garfieldဆိုတာက ကြောင်ဖြစ်ပေမယ့်လည်း ထက်မြက်ပြီးတော့ ညဏ်ကောင်းတဲ့ကြောင်လေးဖြစ်တဲ့အတွက် ဘယ်လိုစွန့်စားမှုတွေလုပ်ပြီး Odieကိုကယ်မလဲဆိုတာ ဒီကားလေးမှာတွေ့ရမှာဖြစ်ပါတယ်။ Garfieldဆိုတဲ့ဇာတ်ကောင်ကို Jim Davis ဆိုတဲ့စာရေးဆရာကဖန်တီးခဲ့တာဖြစ်ပြီးတော့ 1978ခုနှစ်ကနေစပြီး ရုပ်ပြကာတွန်း videoတွေနဲ့ TV မှာတင်ဆက်ခဲ့တာဖြစ်ပါတယ် 2007ကစပြီး animatedအနေနဲ့ပြောင်းလဲဖန်တီးခဲ့တာဖြစ်ပါတယ် ဒီဇာတ်ကားက ပြတ်လုံး ဟာသ အက်ရှင်နဲ့စွန့်စားခန်းတွေများစွာပါဝင်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ ပျင်းစရာကောင်းတဲ့ကားလေးဖြစ်မှာမဟုတ်ပါဘူး ။ Imdb rating 5အထိရရှိထားပြီး ဒီကားလေးနဲ့ ဆုပေါင်း၂ခုထိ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကားလေးကိုကြည့်ပြီး ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ။ ==================================== Translated and Reviewed by Naychi Thel Kyawtun Encoded by DaeBak ===================================
5
IMDB: 5/10 77,505 votes
movie

Garfield (2004)

2004
1080p
The Secret Garden 5.4
The Secret Garden တစ်ရံရောအခါက ပုံပြင်တွေပြောရတာအရမ်းဝါသနာပါတဲ့ ကလေးမလေးတစ်ယောက်ရှိသတဲ့။ ပြည့်စုံတဲ့အထက်တန်းလွှာမိသားစုမှာမွေးတဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ အသက်ဆယ်နှစ်တောင်မပြည့်သေးခင်မှာ အဖေနဲ့အမေနှစ်ယောက်လုံးက ကာလဝမ်းရောဂါကြောင့်ဆုံးသွားပြီး မိဘမဲ့ဖြစ်သွားသတဲ့။ ဒါနဲ့ သူတို့နိုင်ငံဥပဒေအရ သူ့ဦးလေးဖြစ်သူကမွေးစားရမှာမို့ ဦးလေးရှိရာဘိလပ်ပြည်ကို ပြန်ပို့ခံရသတဲ့။ (ဦးလေးပေမယ့်လို့ သွေးရင်းဦးလေးမဟုတ်ပဲ အမေ့ရဲ့အမြွာညီမနဲ့ရလို့တော်စပ်တဲ့ဦးလေးပေါ့) သူ့ဦးလေးကလည်း အိမ်ကြီးရခိုင်နဲ့ အထက်တန်းလွှာဖြစ်ပေမယ့် ကလေးမလေးရဲ့အန်တီဖြစ်သူ သူ့ဇနီးဆုံးပါးသွားမှုကြောင့် စိတ်ထိခိုက်နေတဲ့သူပေါ့။ ပိုဆိုးတာက သူတို့နေတဲ့အိမ်ကြီးက စစ်ကြီးကာလတုန်းက ဆေးရုံအနေနဲ့ဖွင့်ခဲ့ပြီး စစ်ပြီးသွားတော့ ဘာမှပြန်မပြင်ဆင်ပေးပဲ ဒီတိုင်းပစ်သွားခဲ့တော့ စုတ်ပျက်သပ်နေတဲ့နေရာကြီးပေါ့။ အဲ့ဒါတွေကလည်း သူ့ဦးလေးရဲ့စိတ်အခြေအနေကိုထိခိုက်စေတဲ့အကြောင်းတွေထဲကတစ်ခုဖြစ်တယ်။ ကလေးမလေးအိမ်ကိုရောက်တဲ့ညမှာကတည်းက ညညဆို တအိအိငိုသံတွေ အော်သံလိုလိုတွေကြားလို့ နိုးလာတတ်တယ်။ နိုးလာတိုင်းလည်း ကလေးဆိုတော့ မကြောက်မရွံ့ ဟိုဟိုဒီဒီစပ်စုတယ်၊ သရဲခြောက်တယ်လို့ သူထင်နေတာပေါ့။ အဲ့လို ညဘက်ငိုသံတွေကြောင့်နိုးလာတိုင်း ထပြီးလိုက်စူးစမ်းရင်းနဲ့ကနေ တကယ်တမ်းကျတော့ သရဲမဟုတ်ပဲ သူတစ်ခါမှ မကြားဖူးခဲ့တဲ့ အမြဲအိပ်ယာထဲလှဲနေရပြီး အခန်းအောင်းနေရတဲ့ သူ့ရဲ့ဝမ်းကွဲမောင်လို့ပြောရမလား၊ အစ်ကိုလို့ပဲပြောရမလား .. အဲ့ဒီဝမ်းကွဲရဲ့ငိုသံဆိုတာကို သူသိလိုက်ရတယ်။ သူ့မှာဝမ်းကွဲရှိတယ်ဆိုတာကိုလည်း သူ့ကိုမြင်မှ သိလိုက်ရတာပေါ့။ ...
5.4
IMDB: 5.4/10 908 votes
movie

The Secret Garden

2020
1080p
Hannah Montana: The Movie 4.5
Hannah Montana: The Movie ဒီဇာတ်ကားလေးကတော့ 2009ခုနှစ်ကထွက်ခဲ့တဲ့ အဆိုတော်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအမျိုးအစားကတော့ Musical/Family အမျိုးအစားဖြစ်ပါတယ်။ Hannah montana နေရာမှာMiley cyrusကမင်းသမီးအဖြစ်သရုပ်ဆောင် ထားတာမို့ Miley cyrus fans တွေအကုန်နီးပါးကြည့်ဖူးကြတဲ့ဇာတ်ကားဖြစ်မယ်လို့ထင်ပါတယ်။ Taylor swift ကလည်းဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဆယ်ကျော်သက်အဆိုတော် Hannah တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှအခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။အဓိကပြဿနာကတော့ သူမနာမည်အရင်းက Hannah montana မဟုတ်တဲ့အတွက်ပါ ကျေးလက်တောသူတစ်ယောက်ဖြစ်တာကို ဖုံးကွယ်ချင်လို့ ဘဝအကြောင်းဇာတ်မြုပ်ထားလိုက်တာပါ။ နာမည်ကြီးလာတော့ကိုယ်လာခဲ့တဲ့ဘဝကိုမေ့ချင်သလိုဖြစ်လာတဲ့အတွက် အဖေဖြစ်သူမှ ဇာတိမြို့ကိုပြန်ခေါ်သွားခဲ့ရာမှ ဇာတ်လမ်းလေးဖြစ်ပေါ်လာတာပါ။ အဖေနေရာမှာ Miley cyrus ရဲ့အဖေအရင်းကိုယ်တိုင်သရုပ်ဆောင်ထားပြီး ကျန်တဲ့မိသားစုဝင်တွေအကုန်လုံးကလည်း တကယ့်မိသားစုအစစ်လို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဇာတ်ဝင်သီချင်းတွေကို Miley cyrus ရဲ့နာမည်ကြီးသီချင်းတွေထည့်ထားပြီး Taylor swift ကိုယ်တိုင်ကလည်း Crazier သီချင်းဝင်ဆိုသွားတဲ့အတွက်ကြောင့် Musical drama ကြိုက်သူတွေအတွက် ရင်ထဲ ရောက်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ IMDb rating- 4.5/10 Type- Musical/Family -=-=-=-=-=-=-=-=-=-= Translated & Review By Naw Suee Phaw Shee Encoded By ...
4.5
IMDB: 4.5/10 38,895 votes
movie

Hannah Montana: The Movie

2009
1080p
Meet Dave 5
Meet Dave 2008 ထွက်American comedy science fiction film ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပြီး Director Brian Robbinsက ရိုက်ကူးထားကာ ဟာသသရုပ်ဆောင်မင်းသားကြီး Eddie Murphy က အဓိက သရုပ်ဆောင်ထားပါတယ်..... Nill ဂြိုလ်မှ ကမ္ဘာဂြိုလ်ရဲ့ ပင်လယ်ဆားတွေကို စုပ်ယူပြီး သူတို့ ဂြိုလ်အတွက်စွမ်းအင်ထုတ်ယူနိုင်ဖို့အတွက် orbဆိုတဲ့ ဓာတ်စက်လူံးကို ဖန်တီးခဲ့ပါတယ် ...... အဲ့ စက်လုံးက သတ်မှတ်ပတ်လမ်းကြောင်းကို မရောက်ဘဲ လမ်းကြောင်းမှားကာ Joshဆိုတဲ့ကောင်လေးရဲ့ လက်ထဲသို့ရောက်ရှိသွားခဲ့တယ်.... အဲ့ စက်လုံးကို လိုက်ရှာဖို့ရန် Nillဂြိုလ်က လူသားပုံစံ စက်ယာဉ်တခုကို ဖန်တီးတည်ဆောက်ပြီး ကမ္ဘာဂြိုလ်ကိုစေလွှတ်ခဲ့ပါတယ်.... အဲ့လူသားပုံစံ Dave Min Chengကို Josh ရဲ့အမေ Gina ကားနဲ့ တိုက်မိပြီး Orb ခြေရာခံစက် ပျက်စီးသွားတဲ့အခါ........ Dave Ming Chen လူသားပုံစံ ...
5
IMDB: 5/10 37,798 votes
movie

Meet Dave

2008
1080p
Nanny McPhee 6.5
Nanny McPhee ဒီဇာတ်ကားလေးက ၂၀၀၅ ခုနှစ်ထဲက ထွက်ခဲ့တဲ့ ကားလေးဆိုပေမယ့် ကြည့်ရတာ အရမ်းကိုတန်တဲ့ ကားကောင်းလေးပါ။ IMDb rating 6.5 ထိကို ရရှိခဲ့သလို အမြတ်ငွေကလည်း ထက်ဝက်မက ရရှိခဲ့ပါတယ်။ ဒီကားလေးက မိသားစုကားလေး ဖြစ်တဲ့အပြင် comedy လေးလည်း ပါတာမို့ လူတိုင်းကြည့်ချင်မှာ အသေအချာပါပဲ။ ပြီးတော့ ကလေးတွေအနေနဲ့လည်း ဒီဇာတ်ကားကြည့်ရင်း ဒီဇာတ်ကားထဲက ကလေးတွေ စည်းကမ်းတွေ သင်ယူလိုက်နာပုံကို မှတ်သားနိုင်ပါတယ်။ ဇာတ်လမ်းလေးကတော့ Mr.Brown ဆိုသူက သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး အရမ်းဆိုးတဲ့ကလေး ၇ ယောက်နဲ့ ကျန်ခဲ့ရပါတယ်။ ကလေးထိန်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြေးကုန်ကြပါတယ်။ဒါတွေရဲ့ နောက်ကွယ်က အဓိက လှုပ်ရှားသူက သားအကြီးဆုံး Simon ပဲ ဖြစ်တယ်။ ဒါကို ဖြေရှင်းဖို့ သော့ချက်က Nanny McPhee ပဲ ဖြစ်တယ်။ Nanny McPhee ရောက်လာပြီးတဲ့နောက် ...
6.5
IMDB: 6.5/10 65,855 votes
movie

Nanny McPhee

2005
1080p
Hirkani 7.2
Hirkani Hirkani (2019) အမှန်အတိုင်း‌ပြောရရင် ဒီဇာတ်ကားကို ထွမ်စလိတ်ရမယ်ဆိုတော့ နည်းနည်းစိတ်ညစ်သွားတယ်... ဘာလို့ဆို ကိုယ်မှ ရှင်ဘုရင်ခေတ်က ဇာတ်ကားတွေကို မကြိုက်တာ... မကြိုက်ဆို အဲ့လိုဇာတ်ကားတွေလောက်ရှုပ်တာမရှိဘဲကိုး... ဒါပေမယ့် ထွမ်ကြည့်လိုက်မှ ကိုယ့်အစွဲကြီးက လွဲမှားနေတယ်ဆိုတာ သိလိုက်ရတယ်။ အခုဇာတ်ကားကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်... ကြည့်မိလို့နောင်တမရသွားဘူး ဇာတ်လမ်းအကျဉ်း သူမနာမည်ကဟီရာ... ယောက်ျားက ဘုရင်ယုံကြည် အားထားရလောက်တဲ့ စစ်သည်ကောင်းတစ်ယောက်... နို့စို့အရွယ် သားလေးတစ်ယောက်ရှိပြီး သူမက ဘုရင့်ခံတပ်ထဲကို နွားနို့ ပို့တဲ့အလုပ်လုပ်တဲ့သူ... သူတို့ခံတပ်မှာ စည်းကမ်းတစ်ခုရှိတယ်... အဲ့တာက ခံတပ်တံခါးကို နေဝင်ရင် ပိတ်ပြီး နေထွက်ရင် ပြန်ဖွင့်တယ်... ဖွင့်ထားတဲ့အချိန် ကြိုက်သလောက် ဝင် ကြိုက်သလိုထွက်... ပိတ်ထားတဲ့အချိန် အထွန့်မတက်နဲ့ ဆိုတာမျိုး... တစ်ရက် သူ့သားလေးကို ထားခဲ့ပြီး ခံတပ်ထဲကို နွားနို့ပို့ပြီး အပြန်နောက်ကျလို့ ခံတပ်ထဲမှာ ပိတ်မိသွားပါတယ်... ယောက်ျားကလည်း တာဝန်နဲ့အဝေးရောက်နေ... ယောက္ခမကလည်း အဲ့ဒီနေ့ကျမှ မျက်စိနာလို့ တခြားရွာကို သမားတော်နဲ့သွားပြ... သူကလည်း ခံတပ်ထဲမှာ ပိတ်မိနဲ့... ကလေးလေးက တစ်ယောက်တည်း ကျန်ခဲ့ပါရော... အဲ့ဒီတော့ သူအိမ်ကို အချိန်မီ ပြန်ဖို့ အားထုတ်ရပါတော့တယ်... သားဇောကပ်နေတဲ့သူမ အိမ်ကိုဘယ်လိုရအောင်ပြန်မလဲ... ဘာအခက်အခဲတွေ ကြုံတွေ့‌ရမလဲ ဆိုတာကို ကြည့်ရမှာပါ... ဇာတ်လမ်းက ...
7.2
IMDB: 7.2/10 227 votes
movie

Hirkani

2019
1080 P
City of Ember 6.5
City of Ember ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ…. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်… ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ… ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်…အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး…ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်… ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်…(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)…ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်…ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်…ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့…… ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ…ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက အချိန်အရာတိုင်းအတာတစ်ခုအထိနေရာယူနေဦးမှာပါ… ဇာတ်လမ်းအမျိုးအစား Adventure, Family, Fantasy ...
6.5
IMDB: 6.5/10 61,729 votes
movie

City of Ember

2008
Blue-Ray
The Stolen Princess: Ruslan and Ludmila 6.1
The Stolen Princess: Ruslan and Ludmila အချစ်မှာ ဘယ်လောက်ထိကြီးမားတဲ့ စွမ်းအားတွေရှိပါသလဲ? ‌မှော်ဆရာကြီး Chernomor ကတော့ သူ့ရဲ့အဓိကစွမ်းအားတွေကို အချစ်ရဲ့စွမ်းအားကနေ ရယူတာပါတဲ့။ သူဟာ အစဉ်အဆက် တိုင်းပြည်မှာရှိတဲ့ အချစ်နဲ့တွေ့ကြုံပြီးတဲ့ မင်းသမီးလေးတွေကို ဖမ်းခေါ်၊ ကျောက်ရုပ်အဖြစ်ပြောင်းပြီး အချစ်ရဲ့စွမ်းအားတွေကိုရယူနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့ကျ Ruslan ဆိုတဲ့ လမ်းဘေးပြဇာတ်သမားလေးတစ်ယောက်နဲ့ Mila ဆိုတဲ့ မင်းသမီးလေးတစ်ယောက်တို့ရဲ့ အချစ်စွမ်းအားကို ထိပါးလာတဲ့ အခါမှာတော့... Ruslan ရဲ့ ချစ်ရတဲ့မင်းသမီးလေး Milaကို မှော်ဆရာကြီး Chernomor လက်ထဲကနေ ပြန်လည်ကယ်တင်ပုံတွေကို ရိုးရိုးရှင်းရှင်းလေး တင်ဆက်သွားတဲ့ animation ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDb rating က 6.1/10 ပါ။ မနှစ်က (2019) Children KinoFest မှာ Grand prize [Winner] ဖြစ်တဲ့ Best Film ဆုကိုလည်း ရရှိထားပါတယ်။ ဇာတ်ဝင်တေးလေးတွေလည်း ကောင်းပါတယ်။ Thriller တွေ Drama တွေ နဲ့ပဲ ထိတွေ့နေရလို့ စိတ်တွေ ...
6.1
IMDB: 6.1/10 1,891 votes
movie

The Stolen Princess: Ruslan and Ludmila

2018
720p Bluray
The Golden Compass 6.1
The Golden Compass တကယ့်ကျော်ကြားတဲ့ ဇာတ်ကားမှ တကယ့် Fantasy ဖြစ်တဲ့ အမျိုးအစားမှ ကြည့်ချင်တာဗျ ဆိုတဲ့သူတွေ အတွက် တစ်ခုထုတ်ပြပေးသွားမယ်နော်..... တခြားစကြာဝဠာ ထဲမှာနေထိုင်တဲ့ မိဘမဲ့ကလေး လိုင်ရာ ရဲ့စွန့်စားမှုတွေကို သရုပ်ဖော်ထားတဲ့ကားလေးပါ... လိုင်ရာ တစ်ယောက် ကလေးချင်း စကြနောက်ကြရင်းနဲ့ မထင်မှတ်ပဲ သူရဲ့ သူငယ်ချင်းတွေ ပျောက်ဆုံး သွားခဲ့ရပါ တယ်.... ဒီလိုနဲ့ လိုင်ရာဟာ ပျောက်ဆုံးနေတဲ့ကလေးတွေကို ရှာဖွေဖို့ ထွက်လာခဲ့ရာ သံချပ်ကာဝတ် ဝင်ရိုးစွန်း ဝက်ဝံတွေရှိတဲ့ မြောက်ဖက်ဝင်ရိုးစွန်း ကိုရောက်သွားခဲ့ပါတယ်.... ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက လိုင်ရာတစ်ယောက်တည်းရှာဖွေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား...? ကလေးတွေပျောက်ဆုံးသွားတာက သွေးရိုးသားရိုးရော ဖြစ်ပါ့မလား...? သူတို့ရောက်သွားတဲ့ မြောက်ဝင်ရိုးစွန်းက သံချပ်ကာဝတ်ဝင်ရိုးစွန်းဝက်ဝံတွေရှိတဲ့ပြည်နယ်ဟာ ဘယ်လိုမျိုးလဲ...? အာ့ဝက်ဝံတွေကရော ဘာတွေလဲ....? ဒါတွေကို အံ့ဩစရာရိုက်ချက်တွေ သဲထိတ်ရင်ဖို အခန်းတွေနဲ့ စွန့်စွန့်စားစား ကြည့်ရမှာပါ....
6.1
IMDB: 6.1/10 175,638 votes
movie

The Golden Compass

2007
Blue-Ray
Frankenweenie 6.9
Frankenweenie သင်ဟာ Animationဖန်တစ်ယောက်ဆိုရင် ဒီဇာတ်ကားကားလေးကိုကြည့်ဖြစ်အောင်ကြည့်သင့်တယ် ဒီကားလေးက သိပ္ပံပညာကိုအခြေခံရိုက်ထားတာဖြစ်ပြီး သည်းထိတ်ရင်ဖိုတွေပါမယ် စွန့်စားခန်းတွေလည်းပါမယ် ဟာသလည်းပါးပါးလေးပုတ်ထားတယ်.... ဇာတ်လမ်းအကျဉ်းကတော့ ဗစ်တာဆိုတဲ့လူငယ်လေးက သူ့ခွေးလေးကိုဆုံးရှုံးလိုက်ရတယ် ဒါပေမယ့် ဗစ်တာအတွက်တော့ သူဟာခွေးတစ်ကောင်မဟုတ်ခဲ့ဘူး .... ဗစ်တာအတွက်တစ်ဦးတည်းသောသူငယ်ချင်း... အခင်မင်ဆုံးမိတ်ဆွေ.... ကိုယ်အရမ်းချစ်တဲ့သူကိုဆုံးရှုံးလိုက်ရရင် ပြန်ရဖို့အတွက် ဘာမဆိုလုပ်မယ့် လူတွေရဲ့ထုံးစံအတိုင်း ဗစ်တာကသူ့ခွေးလေးကို အသက်ပြန်သွင်းဖို့နည်းလမ်းတစ်ခုနဲ့ကြိုးစားခဲ့တယ် ပြီးတော့အောင်မြင်ခဲ့တယ်ပေါ့.... ဒါကိုသိတဲ့သူ့ကျောင်းက သူငယ်ချင်းတွေကလည်း အဲ့နည်းလမ်းကိုလုပ်ကြည့်ချင်ကြကော.... တချို့ကကျောင်းမှာကျင်းပတဲ့သိပ္ပံပြိုင်ပွဲအတွက် ရည်ရွယ်ပြီးလုပ်ချင်တယ် တချို့ကကိုယ်ချစ်တဲ့သူတွေကို ပြန်ခေါ်ဖို့အတွက်လုပ်ချင်တယ်... လုပ်လည်းလုပ်ကြတော့ သူတို့လည်းအောင်မြင်ခဲ့ကြတယ်ပေါ့ ဒါပေမယ့်........ ဗစ်တာတုန်းကလိုမဟုတ်ပဲ ဘယ်သူမှမထင်ထားတဲ့ အလွဲအမှားကြီးတစ်ခုဖြစ်သွားတယ် ဘယ်လိုအလွဲအမှားကြီးလဲ ?????? .....အဖြူအမဲနောက်ခံနဲ့ရိုက်ထားတာက ဇာတ်လမ်းကိုပိုလေးနက်စေသလို သိပ္ပံပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေလည်းရနိုင်တဲ့အတွက် ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ..... Translated & Review By Triyan Encoded By Kar Yan
6.9
IMDB: 6.9/10 94,201 votes
movie

Frankenweenie

2012
1989p
Tomorrowland 2015 6.4
Tomorrowland 2015 Tomorrowland ကားက " မဆိုးပါဘူး။ မိုက်ပါတယ် " ဆိုတဲ့ထဲမှာပါပါတယ်။ အရမ်းအကောင်းကြီးတော့မဟုတ်ဘူးပေါ့။ ဇာတ်လမ်းအရဆိုရင် Tomorrowland ဆိုတာ အံ့သြစရာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတဲ့ အရမ်းကောင်းတဲ့နေရာပါ။ ဒါကို အဓိကဇာတ်ကောင်ဖြစ်တဲ့ Casey နဲ့ပြသွားနိုင်ပါတယ်။ တစ်ခုခုတွေ့ရင် အရမ်းသဘောကျပြီး ရယ်တာ၊ လျှေက်ကလိတာ၊ အကုန်လျှောက်စပ်စုတာတွေက ကြည့်နေတဲ့လူကို ပိုပြီးစိတ်ဝင်စားအောင်လုပ်သွားနိုင်တယ်။ တကယ်ကိုယ်က သိပ်မအံ့သြရင်တောင် သူက ကလေးလေးလိုပဲ ရယ်မောပြီး မိုက်တယ် ဘာညာ ပြောတော့ လူက ပိုမျောသွားတယ်လေ။ (ရုပ်ရှင်ထဲတော့ အဲလိုဗမာလိုမပြောပါ) ။ ဒါကတော့ ဆွယ်တာတော်တယ်လို့ ပြောရမှာပေါ့။ မင်းသမီး Acting ကလည်း မဆိုပါဘူး။ သူ့အသံပြဲနဲ့ ထ ထ အော်တာတွေကိုတော့ သဘာကျတယ်။ မင်းသားလည်း ဒီအတိုင်းပါပဲ။ ကောင်းတယ် but အရမ်း အကောင်းကြီးမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းသဘောကျတာကတော့ Athena လုပ်တဲ့ ကောင်မလေးပါ။ အသက်က ...
6.4
IMDB: 6.4/10 167,204 votes
movie

Tomorrowland 2015

2015
1080 PBlue-Ray