Yourcinema

Fantasy

Palm Springs 7.5
Palm Springs Palm Springs (2020) Imbd မှာ 7.5 ရရှိထားပြီး, Rotten မှာ 94% ထိတောင်ဆိုတော့ Rating ကောင်းတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး... ဘာကိုမှ စောင်ဂရုမစိုက်တတ်တဲ့ နိုင်းလ် နဲ့ အရာရာကို စိတ်ကုန်နေတဲ့ သတို့သမီးအရံ ဆယ်ရာတို့ရဲ့ Time Loop ထဲမှာ ပိတ်မိပြီး ပြန်ထွက်မရဖြစ်နေရတာကို အချစ် ဟာသ ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတဲ့ 2020 ထွက် ရုပ်ရှင် သစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ.. ဂန္တဝင် ရုပ်ရှင်ကားကြီး Groundhog Day လို အချိန်ထပ်ခါတလဲလဲ ဖြစ်နေတဲ့ကားမျိုးပါ.. English ကားတို့ရဲ့ ထုံးစံအတိုင်း sex scene တစ်ချို့ လောက်ပါတာမို့ မိသားစု နဲ့ဆို မသင့်တော်ပါဘူး.. စကတည်းက Time loop ထဲမှာပိတ်မိနေတဲ့ နိုင်းလ်... ဒီတစ်ရက်တည်းဖြစ်နေတာကိုငြီးငွေ့နေပြီး မဂ်လာဆောင်မှာ ဆယ်ရာ နဲ့ စတွေ့ရာက ဇာတ်လမ်းက စရှုပ်တော့တာပါပဲ.. ဆယ်ရာလဲ Time Loop ...
7.5
IMDB: 7.5/10 42,066 votes
movie

Palm Springs

2020
1080P Bluray 5.1CH
The Secret Garden 5.4
The Secret Garden တစ်ရံရောအခါက ပုံပြင်တွေပြောရတာအရမ်းဝါသနာပါတဲ့ ကလေးမလေးတစ်ယောက်ရှိသတဲ့။ ပြည့်စုံတဲ့အထက်တန်းလွှာမိသားစုမှာမွေးတဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ အသက်ဆယ်နှစ်တောင်မပြည့်သေးခင်မှာ အဖေနဲ့အမေနှစ်ယောက်လုံးက ကာလဝမ်းရောဂါကြောင့်ဆုံးသွားပြီး မိဘမဲ့ဖြစ်သွားသတဲ့။ ဒါနဲ့ သူတို့နိုင်ငံဥပဒေအရ သူ့ဦးလေးဖြစ်သူကမွေးစားရမှာမို့ ဦးလေးရှိရာဘိလပ်ပြည်ကို ပြန်ပို့ခံရသတဲ့။ (ဦးလေးပေမယ့်လို့ သွေးရင်းဦးလေးမဟုတ်ပဲ အမေ့ရဲ့အမြွာညီမနဲ့ရလို့တော်စပ်တဲ့ဦးလေးပေါ့) သူ့ဦးလေးကလည်း အိမ်ကြီးရခိုင်နဲ့ အထက်တန်းလွှာဖြစ်ပေမယ့် ကလေးမလေးရဲ့အန်တီဖြစ်သူ သူ့ဇနီးဆုံးပါးသွားမှုကြောင့် စိတ်ထိခိုက်နေတဲ့သူပေါ့။ ပိုဆိုးတာက သူတို့နေတဲ့အိမ်ကြီးက စစ်ကြီးကာလတုန်းက ဆေးရုံအနေနဲ့ဖွင့်ခဲ့ပြီး စစ်ပြီးသွားတော့ ဘာမှပြန်မပြင်ဆင်ပေးပဲ ဒီတိုင်းပစ်သွားခဲ့တော့ စုတ်ပျက်သပ်နေတဲ့နေရာကြီးပေါ့။ အဲ့ဒါတွေကလည်း သူ့ဦးလေးရဲ့စိတ်အခြေအနေကိုထိခိုက်စေတဲ့အကြောင်းတွေထဲကတစ်ခုဖြစ်တယ်။ ကလေးမလေးအိမ်ကိုရောက်တဲ့ညမှာကတည်းက ညညဆို တအိအိငိုသံတွေ အော်သံလိုလိုတွေကြားလို့ နိုးလာတတ်တယ်။ နိုးလာတိုင်းလည်း ကလေးဆိုတော့ မကြောက်မရွံ့ ဟိုဟိုဒီဒီစပ်စုတယ်၊ သရဲခြောက်တယ်လို့ သူထင်နေတာပေါ့။ အဲ့လို ညဘက်ငိုသံတွေကြောင့်နိုးလာတိုင်း ထပြီးလိုက်စူးစမ်းရင်းနဲ့ကနေ တကယ်တမ်းကျတော့ သရဲမဟုတ်ပဲ သူတစ်ခါမှ မကြားဖူးခဲ့တဲ့ အမြဲအိပ်ယာထဲလှဲနေရပြီး အခန်းအောင်းနေရတဲ့ သူ့ရဲ့ဝမ်းကွဲမောင်လို့ပြောရမလား၊ အစ်ကိုလို့ပဲပြောရမလား .. အဲ့ဒီဝမ်းကွဲရဲ့ငိုသံဆိုတာကို သူသိလိုက်ရတယ်။ သူ့မှာဝမ်းကွဲရှိတယ်ဆိုတာကိုလည်း သူ့ကိုမြင်မှ သိလိုက်ရတာပေါ့။ ...
5.4
IMDB: 5.4/10 908 votes
movie

The Secret Garden

2020
1080p
Double World 6.1
Double World Double world(2020) အခုတစ်ခါကတော့ Neflixရဲ့ဇာတ်ကားကောင်းလေး (Double world)ကိုတင်ဆက်ပေးလိုက်ပါတယ်... Imdb rating 6.1လောက် အထိ ရရှိထားတဲ့ကားလေးပါ... 1:50minလောက်ပဲ ကြာမြင့်ပြီး အဆုံးထိ တစ်ကွက်မှ ကျော်ချင်စိတ်မရှိအောင်ဆွဲဆောင်နိုင်ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့... မြောက်ပိုင်းယန်ပြည်နယ်နဲ့ တောင်ပိုင်းကျောင်ပြည်နယ်တို့ဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး သွေးသံတရဲရဲ စစ်ပွဲကြီးဟာငြိမ်းချမ်းရေးရခဲ့ပေမယ့် ဆယ်စုနှစ်အကြာမှာတော့ စစ်ပွဲကြီးပြန်လည်စဖို့ အကြောင်းဖန်လာပါတော့တယ်... ယန်ပြည်နယ်ရဲ့ဘုရင်သစ်က ကျောင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ဘာတွေကြံစဉ်ထားသလဲ...??? ကျောင်ပြည်နယ်ကလည်း စစ်ပွဲကြီးအတွက်ဆိုပြီး ကျောင်ပြည်နယ် မျိုးနွယ်စုရှစ်ခု ကနေ စစ်သူကြီး ရွေးချယ်ပွဲ ကျင်းပခဲ့ပေမယ့် တကယ့် နောက်ကွယ်က ရည်ရွယ်ချက်က ဘာများလဲ...??? ဘယ်သူတွေကချုပ်ကိုင်ထားသလဲ...??? တစ်ချိန်လုံး ကိုယ့်ဘဝအကြောင်း သိချင်နေတဲ့ ဇတ်လိုက်ကျော် ဒုံရီလုံရဲ့တကယ့် နောက်ကြောင်းအမှန်က ဘာများဖြစ်မလဲ ဆိုတာကို ကြည့်ရှုလိုက်ရအောင်ပါ... ဇာတ်လိုက်ကျော်တွေအဖြစ်ကတော့ ဒုံရီလုံအဖြစ် (Henry lau) ချူးဟန်အဖြစ်(Peterho) Kim noraကဘာသာပြန်ထားပြီး Nanda Kyaw ကencodeလုပ်ပေးထားပါတယ်...
6.1
IMDB: 6.1/10 1,503 votes
movie

Double World

1080 P
Nanny McPhee 6.5
Nanny McPhee ဒီဇာတ်ကားလေးက ၂၀၀၅ ခုနှစ်ထဲက ထွက်ခဲ့တဲ့ ကားလေးဆိုပေမယ့် ကြည့်ရတာ အရမ်းကိုတန်တဲ့ ကားကောင်းလေးပါ။ IMDb rating 6.5 ထိကို ရရှိခဲ့သလို အမြတ်ငွေကလည်း ထက်ဝက်မက ရရှိခဲ့ပါတယ်။ ဒီကားလေးက မိသားစုကားလေး ဖြစ်တဲ့အပြင် comedy လေးလည်း ပါတာမို့ လူတိုင်းကြည့်ချင်မှာ အသေအချာပါပဲ။ ပြီးတော့ ကလေးတွေအနေနဲ့လည်း ဒီဇာတ်ကားကြည့်ရင်း ဒီဇာတ်ကားထဲက ကလေးတွေ စည်းကမ်းတွေ သင်ယူလိုက်နာပုံကို မှတ်သားနိုင်ပါတယ်။ ဇာတ်လမ်းလေးကတော့ Mr.Brown ဆိုသူက သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး အရမ်းဆိုးတဲ့ကလေး ၇ ယောက်နဲ့ ကျန်ခဲ့ရပါတယ်။ ကလေးထိန်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြေးကုန်ကြပါတယ်။ဒါတွေရဲ့ နောက်ကွယ်က အဓိက လှုပ်ရှားသူက သားအကြီးဆုံး Simon ပဲ ဖြစ်တယ်။ ဒါကို ဖြေရှင်းဖို့ သော့ချက်က Nanny McPhee ပဲ ဖြစ်တယ်။ Nanny McPhee ရောက်လာပြီးတဲ့နောက် ...
6.5
IMDB: 6.5/10 65,855 votes
movie

Nanny McPhee

2005
1080p
Devi 6.6
Devi Devi (1999) မြွေဘုရင်မဒေဝီ အင်အားကြီးတဲ့မကောင်းဆိုးဝါးရဲ့လက်ကနေ သူမကိုကယ်တင်ပေးပြီး သေသွားခဲ့တဲ့လူရဲ့ သမီးကို ကာကွယ်စောင့်ရှောက်မယ်လို့ မြွေဘုရင်မဒေဝီက သန္နိဌာန်ချခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို မေ့လျော့ပြီး လူသားတစ်ယောက်နဲ့ချစ်ကြိုက်သွားခဲ့ပါတယ်။ ​လူတစ်ယောက်ဟာ မြွေဘုရင်မဒေဝီကို ကယ်တင်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်...အသက်သခင် ကျေးဇူးရှင်ရဲ့ ကျန်ရစ်ခဲ့တဲ့ သမီလေးကို ကာကွယ်စောင့်ရှောက်ဖို့ မြွေဘုရင်မဒေဝီ တစ်ယောက် သန္နိဌာန်ချခဲ့ပေမယ့် လူသားတစ်ဦးနဲ့ ချစ်ကြိုက်မိပြီး မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ပါတယ်။ ရန်ပြုလာမယ့် အန္တရာယ်အသွယ်သွယ်ကို မြွေဘုရင်မဒေဝီ သိရှိသွားတဲ့အခါမှာ... ထားခဲ့ဖူးတဲ့ သန္နိဌာန်ကို တည်နိုင်ပါ့မလား... ကိုယ့်ကိုယ်ကိုယ်ရော ကာကွယ်နိုင်ပါ့မလား... ဆိုတာကို ကြည့်ရှုဖို့ ငယ်ငယ်က ဘုမသိ ဘမသိ ကြည့်ခဲ့ရတဲ့ မြွေမင်းသမီးကားတစ်ကားကို ပြန်လည်အောက်မေ့လိုက်ကြရအောင်လား​ဗျာ... Subtitle & Encoder လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [2.4 GB] ဒေါင်းရန် နှိပ်ပါ 480P [740 MB]
6.6
IMDB: 6.6/10 152 votes
movie

Devi

1999
Groundhog Day 8
Groundhog Day Groundhog Day (1993) မင်းသားကြီး Bill Murray သရုပ်ဆောင်ထားပြိး Imbd မှာ 8 , Rotten Tomatoes မှာ 96 တောင်ဆိုတော့ Rating က အတော်ကြီးကောင်းနေပြီ... ဒါ့အပြင် အတော်ရယ်ရ ပြီး အချစ် ဂန္တဝင်ကားကောင်းကြီးတစ်ခု ဖြစ်တာမို့ ပရိတ်သတ်ကြီးကို ပြန်လည် မိတ်ဆက်ပေးချင်ပါတယ်... သူဟာ သာမန်သတင်းဋ္ဌာန တစ်ခုမှာ ရာသီဥတုကြေငြာသူ ဖြစ်ပြီး ပိုနာမည်ကြီးတဲ့ သတင်းဋ္ဌာနမှာ သတင်းကြေငြာတဲ့ ကြယ်ပွင့် ဖြစ်နိုင်တယ်လို့ သူ့ကိုယ်သူ ယူဆထားသူ.. ဒါ့အပြင် လုပ်ဖော်လုပ်ဖက်တွေကိုလည်း ကောင်းကောင်းမဆက်ဆံတတ်တဲ့ ဂေါက်သီးအဖြစ်တွေ့ရမှာပါ... တစ်နေ့ USA က ပွဲတော်တွေထဲက "ရှဥ့်ပွဲတော်" ဆိုတဲ့ သူသတင်းမပြောချင်တဲ့ ပွဲတော်လေးကို ပရိုဂျူဆာလုပ်ပေးတဲ့ စကီလေးရယ် သူ့လုပ်ဖော်ကိုင်ဖက် ဒရိုင်ဗာရယ်နဲ့ သွားရောက်တင်ဆက် သတင်းယူပေးဖို့ အထက်အမိန့်ကျလို့ သွားပြောရင်း ဘာတွေ ဘယ်လိုတွေ အလွဲတွေ မဖြစ်နိုင်တာတွေကြုံပြီး သူ့ဘဝ ဘယ်လို ...
8
IMDB: 8/10 567,505 votes
movie

Groundhog Day

1993
720 P
The Old Guard 6.7
The Old Guard အက်ရှင်ဇာတ်ကြမ်းလဲ ဖြစ်ရမယ် Fantasy လေးလဲ ပါရမယ်ဆိုတဲ့သူတွေအတွက် the old guard ဆိုတဲ့ဇာတ်ကားလေးတင်ပေးလိုက်တယ်နော်။2020 ထွက်ဇာတ်ကားဖြစ်ပြီး နာမည်ကြီးမင်းသားမင်းသမီး များစွာပါဝင်ထားတဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်လို့ အောင်မြင်လာမဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် ရုတ်တရက် အကြောင်းကိစ္စတစ်ခုကြောင့် လူတချို့ မသေမျိုး ဖြစ်လာပြ်ီး အဖွဲ့အနေနဲ့ ပေါင်းစည်းလှုပ်ရှားကြတဲ့ကားလေးပါ ဗိလိန်ကတော့ သူတို့ရဲ ပြန်လည်ကုသနိုင်စွမ်းကို စမ်းသပ်ချင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပေါ့ သူတို့ အကြားတိုက်ပွဲ ဖြစ်ပုံ ကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းတစ်ကားလုံး ပျင်းရတယ်ကို မရှိပဲ အဆုံးထိ ကြည့်ရှုသူကိုဆွဲဆောင်နိုင်တဲ့ကားမျိုးဖြစ်လို့ လက်မလွတ်ပဲ အားပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်နော်။ Type- Action/fantasy IMDb rating- 6.7/10 Translated & Review By Naw Suee Phaw Shee Encoded By Thar Nyo Lwin
6.7
IMDB: 6.7/10 62,695 votes
movie

The Old Guard

2020
1080p HD
City of Ember 6.5
City of Ember ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ…. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်… ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ… ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်…အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး…ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်… ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်…(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)…ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်…ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်…ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့…… ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ…ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက အချိန်အရာတိုင်းအတာတစ်ခုအထိနေရာယူနေဦးမှာပါ… ဇာတ်လမ်းအမျိုးအစား Adventure, Family, Fantasy ...
6.5
IMDB: 6.5/10 61,729 votes
movie

City of Ember

2008
Blue-Ray
The Golden Compass 6.1
The Golden Compass တကယ့်ကျော်ကြားတဲ့ ဇာတ်ကားမှ တကယ့် Fantasy ဖြစ်တဲ့ အမျိုးအစားမှ ကြည့်ချင်တာဗျ ဆိုတဲ့သူတွေ အတွက် တစ်ခုထုတ်ပြပေးသွားမယ်နော်..... တခြားစကြာဝဠာ ထဲမှာနေထိုင်တဲ့ မိဘမဲ့ကလေး လိုင်ရာ ရဲ့စွန့်စားမှုတွေကို သရုပ်ဖော်ထားတဲ့ကားလေးပါ... လိုင်ရာ တစ်ယောက် ကလေးချင်း စကြနောက်ကြရင်းနဲ့ မထင်မှတ်ပဲ သူရဲ့ သူငယ်ချင်းတွေ ပျောက်ဆုံး သွားခဲ့ရပါ တယ်.... ဒီလိုနဲ့ လိုင်ရာဟာ ပျောက်ဆုံးနေတဲ့ကလေးတွေကို ရှာဖွေဖို့ ထွက်လာခဲ့ရာ သံချပ်ကာဝတ် ဝင်ရိုးစွန်း ဝက်ဝံတွေရှိတဲ့ မြောက်ဖက်ဝင်ရိုးစွန်း ကိုရောက်သွားခဲ့ပါတယ်.... ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက လိုင်ရာတစ်ယောက်တည်းရှာဖွေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား...? ကလေးတွေပျောက်ဆုံးသွားတာက သွေးရိုးသားရိုးရော ဖြစ်ပါ့မလား...? သူတို့ရောက်သွားတဲ့ မြောက်ဝင်ရိုးစွန်းက သံချပ်ကာဝတ်ဝင်ရိုးစွန်းဝက်ဝံတွေရှိတဲ့ပြည်နယ်ဟာ ဘယ်လိုမျိုးလဲ...? အာ့ဝက်ဝံတွေကရော ဘာတွေလဲ....? ဒါတွေကို အံ့ဩစရာရိုက်ချက်တွေ သဲထိတ်ရင်ဖို အခန်းတွေနဲ့ စွန့်စွန့်စားစား ကြည့်ရမှာပါ....
6.1
IMDB: 6.1/10 175,638 votes
movie

The Golden Compass

2007
Blue-Ray
Hancock 6.4
Hancock လူအများကို ကယ်တင်ပေမယ့် လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ ဆူပါဟီးရိုး.. လူတွေ ဘယ်လိုထင်ထင် သူနေချင်သလို နေတတ်တဲ့ ဆူပါဟီးရိုး…လူတွေမုန်းတဲ့ ဆူပါဟီးရိုးကို လူတွေချစ်အောင် ဘာက ပြောင်းလဲပေးလိုက်မလဲ …ဆူပါဟီးရိုးကြီး ဟန်းကော့ခ်… Hancock (2008) သည် IMDb 6.4/10 Rotten Tomatoes 41% Metacritic 49% Google users 93% ဒါရိုက်တာ Peter Berg က ရိုက်ကူးထား၍ Vincent Ngo, Vince Gilligan တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Will Smith, Charlize Theron, Jason Bateman တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama, Fantasy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… ဟန်းကော့ဆိုတာ ပျက်စီးမှုတွေ သန်းချီဖြစ်စေတဲ့ အရိုင်းအစိုင်းအကျင့်နဲ့ ဆူပါဟီးရိုးတစ်ယောက်ပါ သူ့ကို ...
6.4
IMDB: 6.4/10 433,695 votes
movie

Hancock

2008
1080p.BluRay.
Vanishing Time: A Boy Who Returned 7.2
Vanishing Time: A Boy Who Returned Vanishing Time: A Boy Who returned ဒီကားလေးကတော့ fantasy အမျိုးအစားကြိုက်သူတေအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကျွန်တော် ကြည့်ဖူးသမျှ ကိုရီးယား fantasy ဇာတ်ကားတေထဲမှာ ဇာတ်အိမ်အခိုင်ဆုံး ဇာတ်ကားကိုအခုမှကြည့်ဖူးတာပါ။ ပုံမှန်အားဖြင့် ကိုရီးယားကားတေက drama ဘက်မှာအားသာ တာများပါတယ်။ ဒီလိုဇာတ်အိမ်မျိုးကိုဂျပန် anime အများစုမှာတွေ့နိုင်တဲ့ပုံစံမျိုးဖြစ်လို့ တော်ရုံ ရုပ်ရှင်မကြည့်တဲ့ anime fan တွေတောင် ရုပ်ရှင်ကြည့် တတ်လာအောင်ဆွဲဆောင်နိုင်မယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်လို့ ညွန်းလိုက်ပါတယ်နော်။ ဇာတ်ကားအကြောင်း spoilers မပါအောင်ပြောရရင်ဖြင့် ကလေးသဘာဝ စပ်စုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ကိစ္စမျိုးဖြစ်ပါတယ်။ တစ်​​​​နေ့ကလေးတစ်သိုက်တောထဲလျှောက်သွားရင်း မဝင်သင့် မလုပ်သင့်တဲ့ အရာတွေကိုလုပ်ခဲ့တဲ့အတွက် သူတို့အတွက် လောကကြီးရဲ့အချိန်တေ ရပ်တန့်သွားခဲ့ပါတယ်။ ဇာတ်ကားအစပိုင်း horror ဆန်ပင်မဲ့ စိတ်ဝင်စားဖို့ ကောင်းလို့ စက္ကန့်မလပ် ဆွဲဆောင်သွားနိုင်မဲ့ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းပြီးတဲ့အခါ "လောကကြီးကငါ့အတွက် အချိန်တွေ ရပ်သွားခဲ့ရင်ကော" စသည့် သို့လောသို့လော အတွေးများကျန်စေမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လို့ လက်မလွတ်ပဲကြည့်ကြဖို့တိုက်တွန်း လိုက်ပါတယ်..... IMDB 7.3/10 -=-=-=-=--=-=-=-=-=-=-=- Translated ...
7.2
IMDB: 7.2/10 1,341 votes
movie

Vanishing Time: A Boy Who Returned

2016
1080p
Khaleja 7.5
Khaleja ဒီကားလေးက မင်းသား မာဟစ်ရ်ှနဲ့ ဘာဟူဘလီမင်းသမီးရယ်လို့ဖြစ်လာမယ့် အနူးရ်ှကားရှက်သီတို့ရဲ့ ပထမဆုံး လက်တွဲဖြစ်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအနေအထားက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်ရှုပျော်ရှိပြီး တမူထူးခြားတဲ့ အချက်က တောင်ပိုင်းကားတွေထဲကနေ ခွဲထွက်ထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ် မင်းသားက ဘ၀ကို ပေါ့ပေ့ါပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် အဖိုးဖြစ်သူရဲ့ နားပူနားဆာလုပ်တဲ့ဒါဏ်ကို မခံနိုင်လို့ အငှားယာဉ်မောင်းအလုပ်လုပ်ရင်း သူဌေးသမီး မင်းသမီးလေးနဲ့တွေ့ မင်းသမီးက ရှက်ပြာရှက်ပြာနဲ့မို့ အခုမှစ၀င်တဲ့ မင်းသားရဲ့ကားကို ၀င်တိုက် ဒီလိုပြသနာလေးတွေကြောင့် မင်းသားလည်း အုံနာကို ကားဖိုးလျော်ဖို့အတွက် သက်သေဖြစ်တဲ့လူတစ်ယောက်ဆီကို လိုက်သွားတယ် အဲ့ဒီသက်သေဆိုသူက ပါကစ္စတန်နယ်စပ်က ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ နေတယ် အဲ့ဒီကန္တရထဲမှာပဲ အယူသည်းတဲ့ လူမျိုးစုတွေ နေကြသေး ဒီလူမျိုးစုတွေထဲက တစ်ယောက်ပြီးတစ်ယောက် ကပ်ဘေးကြီးကြောင့် သေကြကြေကြတော့ နတ်ဆရာဟောထားတဲ့ စကားအရ သူတို့ဆီကို ဘုရားလွှတ်လိုက်တဲ့သူ ရောက်လာလိမ့်မယ်တဲ့ သူတို့ပြသနာတွေကို အဲ့့ဒီလူက ရှင်းလင်းပေးလိမ့်မယ်တဲ့ ဘုမသိဘမသိနဲ့ဒီအရပ်ကို ရောက်လာတဲ့ မင်းသားရယ် မိဘသဘောတူထားတဲ့သူနဲ့မယူနိုင်လို့ ထွက်ပြေးလာတဲ့ မင်းသမီးရယ်ဟာ သဲကန္တာရထဲမှာ သွားဆုံမိကြပြန်တယ် ကန္တာရထဲက လူမျိုးစုတွေရဲ့ နတ်ဘုရားဆိုသူဟာ ဘယ်သူလဲ လူတွေ သေကြကြေကြတာကရော ဘာကြောင့်လဲ စိတ်၀င်စားစရာမို့ ဇာတ်လမ်းအပြည့်အစုံကို ဆက်လက်ရှုစားလိုက်ပါခင်ဗျ... Translated By Nyo Gyi Encoded By YCteam
7.5
IMDB: 7.5/10 7,839 votes
movie

Khaleja

2010
1080p
A Werewolf Boy 7.3
A Werewolf Boy 2012 ထွက် Song Joong Ki နဲ့ Park Bo young တို့ရဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေး ဖြစ်ပြီး Korea ရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံး Melodrama ဆိုလည်း မမှားပါဘူး ။ ဒီကားထဲမှာ ပရိသတ်အချစ်တော် Romantic Doctor Kim ထဲက Yoo Yeon Seok ကို ထူးထူးခြားခြား ဗီလိန်ကာရိုက်တာနဲ့ မြင်ရမှာပါ ။ ကျန်းမာရေးကြောင့် လေကောင်းလေသန့်ရတဲ့ နယ်ဘက်ကိုပြောင်းလာတဲ့  ကောင်မလေးဟာ ထူးဆန်းတဲ့ ကောင်လေးနဲ့ တွေ့ပါတယ် ။ ပတ်ဝန်းကျင်က အရိုင်းအစိုင်းလို့ သမုတ်ကျတဲ့ ကောင်လေးကို ကောင်မလေးက မေတ္တာနဲ့ ထွေးပွေ့ပြီး စာသင်ပေးခဲ့ပါတယ် ။ ဗီဇဆိုတာ ပျောက်ရိုးထုံးစံရှိလား... ကြမ်းတမ်းတဲ့ဗီဇ အခံရှိတဲ့ ကောင်လေးဟာ ကောင်မလေးရဲ့ မေတ္တာကြောင့် ပြောင်းလဲသွားမလား ဆိုတာ ဆက်လက်ကြည့်ရှုပေးပါ ။ Song Joong Ki, Park Bo ...
7.3
IMDB: 7.3/10 6,292 votes
movie

A Werewolf Boy

2012
1080p
Fantasy Island (2020) 4.7
Fantasy Island (2020) အညွှန်း သင်တို့ရဲ့အနက်ရှိုင်းဆုံးစိတ်ကူးယဉ်အိမ်မက်ကဘာဖြစ်လိမ့်မလဲ။ ဘာပဲဖြစ်ဖြစ် Fantasy Island ကိုလာရင် ဘာမဆိုဖြစ်နိုင်ပါတယ်တဲ့။ ကျွန်းကြီးကဘာလို့များ လူတစ်ဦးချင်းစီရဲ့ လိုအင်တွေကို ဖြည့်ဆည်းနိုင်စွမ်းတာလဲ။ သင်တို့ကောဘဝမှာ နောင်တနဲ့အမှားတွေကို တစ်သက်တာပြန်အဖတ်ဆည်နိုင်မယ့် ဒုတိယအခွင့်အရေးကို ရမယ်ဆိုရင် အဲ့ဒီ Fantasy Island ကိုသွားကြမှာလား။ ဒါပေမယ့် တစ်ယောက်ကို ဆန္ဒတစ်ခုစီဘဲ ရကြမှာပါတဲ့။ ဒီဇာတ်လမ်းမှာဆိုရင် ပြိုင်ပွဲတစ်ခုမှာအနိုင်ရသွားကြတဲ့သူတွေက ကျွန်းပေါ်ကို VIP ဧည့်သည်တော်များအဖြစ် ရောက်လာကြတဲ့ လူတစ်စုအကြောင်းရိုက်ကူးထားတာပါ။ သူတို့တစ်ယောက်ချင်းမှာရှိတဲ့ ပြည့်ဝချင်တဲ့အိမ်မက်က ဘာတွေများဖြစ်မလဲ။ ကျွန်းကကော ဘယ်လိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေလဲ။ ကျွန်းပိုင်ရှင်ကြီးကဘာတွေကို ဖုန်းကွယ်ထားလဲ။ အိမ်မက်နောက်ကိုလိုက်ကြရင်း အသက်တွေပါစတေးလာရတဲ့အခါမှာတော့ ဘယ်လိုပြန်ရုန်းထွက်ကြမလဲဆိုတာတွေကို မြင်တွေ့ရမှာပါလို့ပြောရင်း ကြည့်ရူကြပါဦးလို့။
4.7
IMDB: 4.7/10 11946 votes
movie

Fantasy Island (2020)

2020
1080 P