Yourcinema

History

The Man Standing Next 7
The Man Standing Next BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။ မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ ...
7
IMDB: 7/10 1,226 votes
movie

The Man Standing Next

2020
1080p Bluray 5.1 CH
Hamilton 8.9
Hamilton မျိုးရိုးနိမ့်မိဘမဲ့တစ်ယောက် ဘဝစုံနေအောင်ကျော်ဖြတ်ခဲ့သူတစ်ယောက် ကျွန်စနစ်ကိုတိုက်ဖျက်ခဲ့ပြီး ဘဏ်စနစ်ကိုပြောင်းလဲခဲ့သူ အမေရိကန်နိုင်ငံရဲ့တည်ထောင်သူတစ်ယောက် အဲလက်ဇန်းဒါးဟာမယ်တန် အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ယနေ့တိုင်သူ့ကို အမေရိကန် ၁၀ဒေါ်လာတန်တွေမှာတွေ့နိုင်ပါသေးတယ်။ Disney ကနေရိုက်ကူးထားပြီး rating 9.1/10 အထိရရှိထားတဲ့ဇာတ်ကားမို့ rating အလွန်များတဲ့ဇာတ်ကားပါ။ အဲလက်ဇန်းဒါး ဟာမယ်တန်ရဲ့ဇာတ်ကြောင်းကို ပြဇာတ်ပုံစံအနေနဲ့ ရိုက်ကူးပြီး ရုပ်ရှင်လောက ကို ပုံစံပြောင်းထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ဂီတပုံစံ မျိုးစုံနဲ့ဖော်ပြထားတဲ့အတွက် ကြည့်ရှု သူတို့ရဲ့ နှလုံးသားထဲထိ ရောက်အောင် ရိုက်သွင်းနိုင်မှာပါ။ သမိုင်းကိုမှတ်ရလွယ်အောင်ရိုက်ကူးထားတဲ့အတွက် ပြဇာတ်နှစ်သက်သူတွေအတွက် ကော သမိုင်း စိတ်ဝင်စားသူတွေအတွက်ကော ဂီတကိုကြိုက်နှစ်သက်သူတွေအတွက်ကော အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး ထွက်ထားတာ မကြာသေးလို့ ဇာတ်ကား အသစ်စက်စက်ကို ကြည့်ရှုခံစားရမှာလည်းဖြစ်ပါတယ်။ IMDb rating 9.1/10 Type Musical drama Translated & Review By Naw Suee Phaw Shee Encoded By ...
8.9
IMDB: 8.9/10 26,476 votes
movie

Hamilton

2020
1080p HD
Hirkani 7.2
Hirkani Hirkani (2019) အမှန်အတိုင်း‌ပြောရရင် ဒီဇာတ်ကားကို ထွမ်စလိတ်ရမယ်ဆိုတော့ နည်းနည်းစိတ်ညစ်သွားတယ်... ဘာလို့ဆို ကိုယ်မှ ရှင်ဘုရင်ခေတ်က ဇာတ်ကားတွေကို မကြိုက်တာ... မကြိုက်ဆို အဲ့လိုဇာတ်ကားတွေလောက်ရှုပ်တာမရှိဘဲကိုး... ဒါပေမယ့် ထွမ်ကြည့်လိုက်မှ ကိုယ့်အစွဲကြီးက လွဲမှားနေတယ်ဆိုတာ သိလိုက်ရတယ်။ အခုဇာတ်ကားကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်... ကြည့်မိလို့နောင်တမရသွားဘူး ဇာတ်လမ်းအကျဉ်း သူမနာမည်ကဟီရာ... ယောက်ျားက ဘုရင်ယုံကြည် အားထားရလောက်တဲ့ စစ်သည်ကောင်းတစ်ယောက်... နို့စို့အရွယ် သားလေးတစ်ယောက်ရှိပြီး သူမက ဘုရင့်ခံတပ်ထဲကို နွားနို့ ပို့တဲ့အလုပ်လုပ်တဲ့သူ... သူတို့ခံတပ်မှာ စည်းကမ်းတစ်ခုရှိတယ်... အဲ့တာက ခံတပ်တံခါးကို နေဝင်ရင် ပိတ်ပြီး နေထွက်ရင် ပြန်ဖွင့်တယ်... ဖွင့်ထားတဲ့အချိန် ကြိုက်သလောက် ဝင် ကြိုက်သလိုထွက်... ပိတ်ထားတဲ့အချိန် အထွန့်မတက်နဲ့ ဆိုတာမျိုး... တစ်ရက် သူ့သားလေးကို ထားခဲ့ပြီး ခံတပ်ထဲကို နွားနို့ပို့ပြီး အပြန်နောက်ကျလို့ ခံတပ်ထဲမှာ ပိတ်မိသွားပါတယ်... ယောက်ျားကလည်း တာဝန်နဲ့အဝေးရောက်နေ... ယောက္ခမကလည်း အဲ့ဒီနေ့ကျမှ မျက်စိနာလို့ တခြားရွာကို သမားတော်နဲ့သွားပြ... သူကလည်း ခံတပ်ထဲမှာ ပိတ်မိနဲ့... ကလေးလေးက တစ်ယောက်တည်း ကျန်ခဲ့ပါရော... အဲ့ဒီတော့ သူအိမ်ကို အချိန်မီ ပြန်ဖို့ အားထုတ်ရပါတော့တယ်... သားဇောကပ်နေတဲ့သူမ အိမ်ကိုဘယ်လိုရအောင်ပြန်မလဲ... ဘာအခက်အခဲတွေ ကြုံတွေ့‌ရမလဲ ဆိုတာကို ကြည့်ရမှာပါ... ဇာတ်လမ်းက ...
7.2
IMDB: 7.2/10 227 votes
movie

Hirkani

2019
1080 P
Red Cliff Part II 7.6
Red Cliff Part II Red Cliff ဇာတ်ကား part 1 နဲ့ 2 ကိုတော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။တရုတ်ရာဇဝင်ဇာတ်ကားတွေထဲကနာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာလဲဖြစ်ပါတယ်။ ဇာတ်လမ်းကို 2008 ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီး အေဒီနှစ်ရာခန့်က ဖြစ်ပွားခဲ့သော ချောက်ကမ်းပါးနီတိုက်ပွဲကို ပညာသားပါပါရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb rating 7.4/10 ရရှိခဲ့လို အလွန်rating များတဲ့ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းပြောရရင် ယန်မင်းဆက်ကို ချုပ်ကိုင်ထားသော ဝန်ကြီးကောကော ရဲ့မတရားစစ်ပွဲများကို ခုခံရန်ကြိုးစားကြပုံကိုရိုက်ကူးထားတာပါ။ အင်အား ချင်းဆယ်ဆကျော်ကွာသောလည်း ဥာဏ်ပညာ စည်းလုံးမှု ကျွမ်းကျင်မှုတို့ပေါင်းစည်းကာ ယှဥ်တိုက်နိုင်ခဲ့ပုံကို အားရပါးရ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ရာဇဝင်ကားကြိုက်တဲ့သူတွေအကြိုက်ဖြစ်ပြီး မကြည့်ဖူးတဲ့သူကော ကြည့်ဖူးတဲ့သူတွေပါ ပြန်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ IMDb rating-7.4/10 Type- War/Action Translated By Hlaine Review By Naw Suee Phaw Shee Encoded By Kar Yan
7.6
IMDB: 7.6/10 22,511 votes
movie

Red Cliff Part II

2009
1080p
Torpedo: U-235 6.4
Torpedo: U-235 ဒုတိယကမ္ဘာစစ်ထဲကအဖြစ်အပျက်တချို့ကိုပုံဖော်ထားတဲ့ဒီဇာတ်ကားက သမိုင်းကြောင်းစိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမှာအမှန်ပါပဲ ဇာတ်လမ်းအကျဉ်းကတော့....ဘယ်ဂျီယံနိုင်ငံမှာ နိုင်ငံတကာကိုပတ်ပြီးတာဝန်ထမ်းဆောင်ရတဲ့ အသေခံတပ်ဖွဲ့လိုမျိုး လူနည်းစုအုပ်စုလေးရှိတယ် ဒုတိယကမ္ဘာစစ်ဆိုတော့ ဟစ်တလာတို့ဂျာမန်တွေ ထင်တိုင်းကြဲနေတဲ့အချိန်ပေါ့ဗျာ..... ဘယ်ဂျီယံနဲ့အမေရိကန်ကတော့ဂျာမန်တွေကို ပေါင်းတိုက်နေတဲ့မဟာမိတ်နိုင်ငံတွေပေါ့ အမေရိကန်ကဟစ်တလာတို့ဂျာမန်တွေကို အပြတ်ဆော်ဖို့ ယူရေနီယမ်ဗုံးကိုအသဲအသန် လိုနေတာဗျ သူတို့မှာအဲ့လိုဗုံးမရှိသေးဘူးလေ အဲ့ဗုံးကဂျာမနီကလွဲရင် အာဖရိကနိုင်ငံလေးဖြစ်တဲ့ ကွန်ဂိုဆိုတဲ့နိုင်ငံမှာပဲရှိတာ ဇာတ်လမ်းလေးကတော့ အမေရိကန်တွေကဗုံးကို ကွန်ဂိုမှာလာယူဖို့ မဖြစ်နိုင်တဲ့အတွက် သူ့မဟာမိတ်ဘယ်ဂျီယံကို တစ်ဆင့်ယူခိုင်းတာကစတာပဲ အဲ့တော့ဘယ်ဂျီယံ ကလည်းမဟာမိတ်ဖြစ်နေတဲ့အတွက်အဲ့ဗုံးကို အမေရိကန်ပို့ဖို့ ခုနပြောတဲ့ အသေခံတပ်ဖွဲ့ကိုလွှတ်လိုက်တာ‌ပေါ့ သွားရမှာက ရေကြောင်းခရီး U235လို့ခေါ်တဲ့ရေငုပ်သင်္ဘောနဲ့ သွားရမှာ....ဒုက္ခကဘယ်လိုစတွေ့လဲဆိုတော့ အဲ့သင်္ဘောမောင်းဖို့လေ့ကျင့်ပေးမယ်သူက ဂျာမန်ကဖမ်းလာတဲ့ ဂျာမန်သားစစ်စစ်ကြီး... သူ့နိုင်ငံကိုပြန်တိုက်ဖို့သူကကူညီပေးရမှာ... ဒီထက်ပိုဆိုးတာက တော်ပေ့တတ်ပေ့ဆိုတဲ့ ဂျာမန်အရာရှိတွေကိုတောင် ရေငုပ်သင်္ဘောမောင်းတတ်ဖို့ လေ့ကျင့်ချိန်တစ်နှစ်ယူရတာ အခုဒီလူတွေကို သုံးပတ်နဲ့အပြီးသင်ပေးရမှာဗျ ဂျာမန်ကြီးကတော့ အားပေးရှာပါတယ် မင်းတို့သေမှာပဲတဲ့..... အဆိုးဆုံးကတော့ သုံးပတ်မပြည့်သေးခင်မှာတင် အဝေးကဂျာမန်စစ်သင်္ဘောကြီးပေါ်လာလို့ သူတို့ဘာမှမတတ်နိုင်ပဲ ရေထဲတန်းငုံ့ပြီး အမေရိကန်ကိုခရီးကြမ်းတန်းနှင်ရတာပေါ့ဗျာ... အဲ့တော့ လေ့ကျင့်မှုအတွေ့အကြုံမရှိတဲ့ဒီလူတွေ ရေငုပ်သင်္ဘောကြီးကိုထိန်းချုပ်နိုင်ပါ့မလား.... ဘယ်လိုဒုက္ခတွေတွေ့ကြမလဲ ယူရေနီယမ်ဗုံးကိုကောအမေရိကန်ဆီပို့ပေးနိုင်ပါ့မလား သင်္ဘောပေါ်ပါလာတဲ့ ဂျာမန်ကြီးကကောသူတို့ကို ဘယ်လို‌တွေသစ္စာဖောက်မလဲ...တစ်ကားလုံးဟာ ဒုက္ခတွေစွန့်စားခန်းတွေနဲ့ပြည့်နေပြီး ရေငုပ်သင်္ဘော အကြောင်းလည်းဗဟုသုတတွေအများကြီးရတာကြောင့် ကြည့်ရှုလို့အလကားမဖြစ်စေရဘူးလို့ အာမခံလိုက်ပါတယ်ဗျာ............ -=-=-=-=-=-=-=-=-=-=-=-= Translated & Review By Triyan Encoded By Kar Yan
6.4
IMDB: 6.4/10 990 votes
movie

Torpedo: U-235

2019
1080p
Rudhramadevi 5.9
Rudhramadevi အိုရူကာလူ မင်းဆက် ကာကာတီယာ ခေတ် ရာဂျာ ဂါနာပါတီ အရှင်ဘုရင်အုပ်စိုးနေချိန် ရာဂျာဘုရင် ထံတွင် ဆက်ခံမယ့်သူ အနေနဲ့ သားသမီး မရှိဖြစ်နေပါတယ်... အချိန်ကြာလာတဲ့အခါမှာ မိဖုရား ဂါနာပါသီ ဟာ သမီးမိန်းကလေး ( ရူဒရာမာ ဒါဗီ ) ကိုမွေးဖွားခဲ့ပါတယ်.... ဒါပေမဲ့ ရန်သူများပြားလှတဲ့နိုင်ငံတော် အနေနဲ့ ဆက်ခံသူမရှိလျင် ပြဿနာပဲဟုတွေးမိကာ ဘုရင်ကြီးဟာ သူ့ရဲ့သမီး အား သားယောကျ်ားလေး မွေးသည်ဟု ကြေညာကာ သူ့ရဲ့ထီးနန်းကို ဆက်ခံမယ့်သူအဖြစ်တင်မြောက်ထားပါတယ်... မင်းသမီးလေး ဒါဗီ ဟာ ဘုရင်ကြီးရဲ့ အုပ်ထိန်းမှုအောက်မှာ စစ်သူရဲ့ကောင်းတစ်ယောက်အနေနဲ့ လေ့ကျင့်ခြင်းခံထားရပြီး တစ်နေ့မှာတော့ တစ်နိုင်ငံလုံးဟာ သူ့ကို မိန်းကလေးမှန်းသိသွားတဲ့အချိန်...... စစ်ပွဲတွေကို မင်းသမီးလေးအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ ....... ဇာတ်ကားကြီးကို ရိုက်ကူးထားတာကလည်း အရမ်းခမ်းနားပြီးတော့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်နဲ့ စစ်ပွဲပိုင်းဆိုင်ရာ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ချဲ့ထွင်ရိုက်ကူးထားမှုကြောင့် ကြည့်ရှုသင့်ကြောင်းပြောကြားရင်း... Translated & Encoded By Cheater
5.9
IMDB: 5.9/10 2,575 votes
movie

Rudhramadevi

2015
1080p
Kesari 7.4
Kesari ဒီဇာတ်ကားကတော့.မင်းသားကြီး.အာရှေးကူမားရဲ့.နာမည်ကြီး ဇာတ်ကားတေထဲကတစ်ကားဖြစ်ပါတယ်.. ဒီဇာတ်လမ်းဟာ ၁၉ရာစုဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အခြေပြုထာတဲ့ဖြစ်ရပ်မှန် ဟိန္ဒူစစ်ကားတစ်ကားဖြစ်ပါတယ်. Kesari 2019ဒီဇာတ်ကားကတော့ IMDB 7.4 ရှိ ပြီးတော့..ဆုငါးဆုနက်...စကာတင်ဆုများစွာရရှိ ထားပါတယ်... ဒီဇာတ်ကားက.စစ်ကားတင်မဟုတ်ပူးနော်.ဟိန္ဒူစစ်သားတွေရဲ့ ှှစည်းလုံးမှုတွေ. ငြီးငွေ့ဖို့ကောင်းတဲ့ခံတပ်ထဲမာ.ဘယ်လိုပျော်ပျော် ရွင်ရွင်နေကြတာတွေ.မဟုတ်ရင်မခံတဲ့စိတ်ဓာတ်တွေ..ကူညီတတ်တဲ့ စိတ်တွေကိုတွေ့မြင်ရမာဖြစ်ပါတယ်. နောက်ပြီးတော့..ဒီကားထဲမာ'တော်ကီ'အလန်းတွေလည်း ပါတယ်နော်.. ဇာတ်လမ်းအညွှန်းကတော့ ၁၉ ရာစုတွင် အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်ပိုင်း၌ အိန္ဒိယနှင့်ပါကစ္စတန်ကြား နယ်မြေလုပွဲများစွာဖြစ်ပေါ်ခဲ့ပါတယ် အဲ့ဒီ ဒေသအတွင်းကြီးစိုးနေတဲ့ ဗြိတိသျှစစ်တပ်များကလည်း ပါကစ္စတန်လက်နက်ကိုင်များကို မနှိမ်နင်းနိုင်တာကြောင့် တောင်တန်းတွေ မှာခံတပ်သုံးခုဆောက်လုပ်ပြီး ကျူးကျော်မှုများအားကာကွယ်တားဆီးဖို့ အိန္ဒိယနိုင်ငံသား Sikhs လူမျိုးများကိုတာဝန်ပေးအပ်ခဲ့သည်..... ဒီဇာတ်လမ်းလေးကတော့ ပါကစ္စတန်စစ်သားတစ်သောင်းကျော်က တြိဂံပုံစံခံတပ် 3 ခုရဲ့လမ်းကြောင်းများကိုဖြတ်တောက်ကာ အစောင့်စစ်သား 21 ယောက်သာရှိတဲ့ အိန္ဒိယနိုင်ငံခံတပ်ကိုရွေးချယ်တိုက်ခိုက်ခဲ့ပါတယ် ဒါပေမယ့်လည်း အဲ့ဒီစစ်သား 21 ယောက်ကကြောက်ရွံသွားခြင်းအလျဉ်းမရှိပဲစွမ်းစွမ်းတမံခုခံကာကွယ်မှုတွေကို ဘယ်လိုတွေရိုက်ကူးထားလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ရှုုခံစားစေချင်ပါ တယ်.... Translated By Arkar Oo Encoded By Haymar
7.4
IMDB: 7.4/10 12,759 votes
movie

Kesari

2019
940p
Memories of the Sword 6.3
Memories of the Sword ဒီကားလေးက 2015ကခုနှစ်ထွက်ရှိခဲ့တဲ့ action dramaကားလေးပါ ဒီကားထဲမှာပါတဲ့ အဓိကပါဝင်တဲ့သရုပ်ဆောင်တွေကတော့ အိုက်တင်တွေအရမ်းမိုက်တဲ့ မင်းသားကြီး lee Byung Hun နဲ့' goblin'ထဲက မှင်စာသတို့သမီးလေးလို့ သိကြပြီးအခုနာမည်ကြီးနေတဲ့ 'The King' ကားထဲကဘုရင်ကြီးမိဖုလောင်းလေး.Kim Go Eunနဲ့.Jeon Don Yeonတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်....... ဇာတ်ညွှန်း - ဂိုယောခေတ် မှာအတော်ဆုံးဓားသမားသုံးယောက် ပွန်းချမ်း ၊ဒုတ်ဂီ၊ ဆူရန်း ဆိုပြီးရှိခဲ့တယ် ။သူတို့ကပြည်သူတွေအပေါ်ကိုအနိုင်ကျင့်ချယ်လှယ်နေတဲ့ ဘုရင်ခံကို ဦးဆောင်ပြီးပုန်ကန်ခဲ့ကြတယ်။ အဲ့ပုန်ကန်မှုမှာ ဒုတ်ဂီရဲ့သစ္စာဖောက်မှုကြောင့် ပွန်းချမ်းနဲ့သူရဲ့မိသားစု သေခဲ့ရတယ်။ ဒါပေမယ့် ၁၈နှစ် ၁၉နှစ်လောက်ကြာပြီးတဲ့အချိန်မှာ ပွန်းချမ်းရဲ့သမီးဟွန်းရီအသက်ရှင်ပြီး ဆူရန်းကစောင့်ရှောက်ထားခဲ့တယ် ဟွန်းရီက သူ့ဖေရဲ့သွေးကြွေးကိုဆပ်နိုင်မလား ဆိုတာရယ် ပြီးတော့ ဟွန်းရီဆိုတာ ပွန်းချမ်းရဲ့တကယ့်သမီးကမသေတာလား ဆိုုတာ လျှိုဝှက်ချက်တွေနဲ့ကြည့်ရမှာပါ ဒါအပြင်မိဘမေတ္တာတွေ သစ္စာတရားအပေါ် အလေးအနက်ထားမှုတွေ စစ်မှန်တဲ့ချစ်ခြင်းတရားတွေကိုခံစားရမှာပါ ဒါ့ကြောင့်ဒီကားလေးက ကြည့်ရတာတန်တဲ့ကားလေးဖြစ်မှာပါ Translated By La Pyae Encoded By Kar Yan
6.3
IMDB: 6.3/10 1,651 votes
movie

Memories of the Sword

2015
720P