Yourcinema
Horror
#Alive 6.2
#Alive Korean Zombie Horror/Drama အမျိုးစားရုပ်ရှင်ဖြစ်ပြီး Imbd မှာ 6.2 , Rotten Tomatoes မှာ 89% ထိ ရရှိထားပါတယ်.. ဇာတ်လမ်းအစမှာ Gaming လောကမှာ နာမည်ကြီး ဂျင်ဝူးက Streaming လုပ်နေရင်း အပြင်ဖက်ကဆူညံသံတွေကို သတိထားမိသွားပါတယ်.. ဂိမ်းအဖွဲ့ထဲက သူဘော်တာတွေကလည်း TV မှာ လာနေတဲ့ အရေးကြီး သတင်းတွေကြည့်ဖို့တိုက်တွန်းပါလေရော.. TV ပေါ်မှာကြည့်လိုက်တော့ အားလုံးနီးပါး Virus ကူးစက်ခံရပြီး ဖုတ်ကောင်တွေပြောင်းတဲ့အကြောင်း သတင်းပြောနေပြီ.. မယုံလို့ အပြင်ကို ဝရံတာက ထွက်ကြည့်ရော ကမ္ဘာ ပျက် နေပြီ.. အဲ့လိုနဲ့ zombie တွေ ပတ်လည်ဝိုင်းနေတဲ့ နေရာကအခန်းလေးထဲမှာ ပိတ်မိနေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှူကြပါအုန်း -=-=-=-=-=-=-==-=-== Translated & Review By Arkar Min Encoded By Kar Yan
6.2
IMDB: 6.2/10 15,682 votes
movie
#Alive
2020
1080p
Sputnik 6.3
Sputnik အခုမိတ်ဆက်ပေးမှာကတော့ Sputnik ဆိုတဲ့ ခု လက်တလောမှ ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကတော့ rating ၆.၃ ရထားပါတယ်။ Sc-fi,Thriller အမျိုးအစားဇာတ်လမ်းကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း စစ်အေးတိုက်ပွဲအပြီး ဆိုဗီယက်အာကာသယာဉ်တစ်စင်းဟာ မစ်ရှင်လွဲချော်သွားပြီးနောက် မြေပေါ်သို့ပျက်ကျကာ တပ်မှူးသာကျန်ရစ်ခဲ့ပါတယ်။ တပ်မှူး၏စိတ်အခြေအနေကိုဆန်းစစ်ဖို့ နာမည်ကျော်ရုရှားစိတ်ပညာရှင်ကိုခေါ်ယူခဲ့တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီးလည်း လျှို့ဝှက်ချက်တွေက ရှိနေပါတယ်။ ကျန်ရစ်ခဲ့တဲ့ တပ်မှူးမှာ ကပ်ပါးတစ်ကောင် ကပ်ပါလာပါတယ်။ အဲ့သတ္တဝါ ကပ်ပါးကောင်ကို ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ကပ်ပါးကောင်ကို အစာကျွေးဖို့အတွက် တစ်နေ့တစ်နေ့ လူတွေ အသက်ပေးရပါတယ်။ တပ်မှူးဆီမှာ ဒီလိုကိစ္စတွေ ဖြစ်ပျက်နေတာကို သတင်းမီဒီယာတွေဆီ လျှို့ဝှက်ထားပါတယ်။ ဒါတွေကို စိတ်ပညာရှင်လည်း မသိပါဘူး။ နောက်တော့ သူစုံစမ်းလိုက်ရင်း ကြောက်စရာကောင်းတဲ့မြင်ကွင်းကို သူမြင်သွားပါတော့တယ်။ ဒီဇာတ်ကားလေးဟာ ကြည့်ရင်းကြည့်ရင်းမှ စိတ်လှုပ်ရှားစရာကောင်းတဲ့အတွက်ကြောင့် Thriller အမျိုးအစားကို သဘောကျတဲ့သူတွေလည်း အကြိုက်တွေ့မယ်ထင်ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုပဲ ကြည့်ရှုခံစားလိုက်ကြပါနော်။ -=-=-=-=-=-=-=-=-= Translated ...
6.3
IMDB: 6.3/10 5,147 votes
movie
Sputnik
2020
1080p
Underwater 5.8
Underwater Underwater (2020) covid 19 ကြောင့် အိမ်တွင်းအောင်းနေရသူတွေကို ဒီည ကြည့်ဖို့ ညွှန်းချင်တာကတော့ Underwater (2020) ပါပဲ…. Kristen Stewart ကတော့ ချာလီ နဲ့ အိမ်ဂျလ် များ ထဲက ဆံပင် စတိုင်လ် အတိုင်းပဲ ဂတုံးကေ နည်းနည်းဖြစ်သွားတာပဲ... ဒီကောင်မလေး ဒီလို ဂတုံးကေ နဲ့လဲ ချစ်ဖို့ ကောင်းနေတုန်းပဲ... သူများတွေလို ကိတ်ထွက် မနေပဲ ပြားတားတားလေးဖြစ်နေတာကလဲ သူ့ဆွဲဆောင်မှုပဲ… ဇတ်လမ်းပုံစံကတော့ ရေအောက်လေ့လာရေး အဆောက်အဦးကြီး တစ်ခုဟာ ရုတ်တရက် ငလျင်ဒဏ် လို တစ်ခုခု တိုက်ခတ်တာကြောင့် တစ်ချို့ အစိတ်အပိုင်းတွေ ပျက်စီးကုန်ပြီး လူတွေ သေကြပါတယ်... (စ လာကတည်းက တန်ပိုတင်ထားတာ) ဒီထဲကမှ စက်မှုအင်ဂျင်နီယာ ကောင်မလေး နိုရာ နဲ့ အလုပ်ထဲက လက်ချိုးရေလို့ ရတဲ့ လူတစ်ချို့သာ ကျန်ခဲ့ပါတယ်... ဒီကျန်တဲ့ အုပ်စုတွေဟာ ...
5.8
IMDB: 5.8/10 46,633 votes
movie
Underwater
2020
1080P Bluray 5.1CH
Jessie 7
Jessie Jessie (2019) ညီအစ်မနှစ်ယောက်ရဲ့သွေးဒဏ္ဍာရီ အချို့လူတွေရဲ့ ဝါသနာနဲ့ အာသီသကလည်း အဆန်းသား​ဗျ...အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းလောက်မှာ ဆော့ကစားချင်ကြတာမျိုး​ဗျ...အဲ့လို ဝါသနာတူတွေများ ပေါင်းမိလိုက်ရင် လောင်းကျော်ပြီပဲ... အဲ့လိုမျိုး လူငယ်တစ်စုဟာ ဝိညာဥ်တွေကို လေ့လာရှာဖွေ စူးစမ်းဖို့ အိမ်တစ်အိမ်ဆီကို ဦးတည် ခရီးထွက်ခဲ့ကြတယ်... အဲ့ဒီအိမ်ကတော့ သိပ်ချစ်ခဲ့ကြတဲ့ ညီအစ်မနှစ်ယောက် ဂျက်စီနဲ့အေမီတို့ရဲ့အိမ်ပဲ... အန္တရာယ်ကို ကြိုသိလို တားမြစ်နေတဲ့ကြားက တဇောက်ကန်းလူငယ်အဖွဲ့ကတော့ ရောက်အောင်သွားခဲ့ပါတယ်... အိမ်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ပဲ မျက်နှာနေရာတွေကို တစ်ခုခုနဲ့မွှန်းဖျက်ထားတဲ့ အိမ်အဝင်က ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံကြီးကနေစတင် ဆီးကြိုနေပြီး သူတို့ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံကြရမလဲ..??? သူတို့ရှာချင်ခဲ့တဲ့ အဖြေကို တွေ့မှာလား..??? အန္တရာယ်နဲ့ ပက်ပင်းတိုးတဲ့အခါမှာ သတ္တိရှိနိုင်ပါဦးမလား..??? Quality - 1080P , 480P Size - 1.3 GB , 390 MB Subtitled & Encoded by လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [390 MB]
7
IMDB: 7/10 310 votes
movie
Jessie
2019
1080 P
The Neighbor 5.8
5.8
IMDB: 5.8/10 6,924 votes
movie
The Neighbor
2016
1080 P
Peninsula 6.2
Peninsula Train To Busan ရဲ့နောက်ပိုင်းဇာတ်လမ်းဖြစ်တဲ့ Peninsula လာပါပြီ... မင်းသားအနေနဲ့ ကန်ဒုန်ဝုန် ကသရုပ်ဆောင်ထားပြီး မင်းသမီးအနေနဲ့ လီဂျန်ဟွန်း ကသရုပ်ဆောင်ထားတာပါ.. ဒီကားထဲမှာတော့ အများကြီးပြောစရာ မရှိလောက်အောင် ဇွန်ဘီကားတစ်ကားအဖြစ်ဖန်တီးထားပြီး လူတိုင်းလိုချင်တဲ့ ဇွန်ဘီကားပုံစံကိုလည်းပုံသွင်းထားသလို ဂိမ်းသမားအတွက်လည်းစိတ်ကူးယဉ်ဖွယ် ကောင်းတဲ့ဇွန်ဘီကားတစ်ကားပုံစံမျိုးလည်း ဖန်တီးထားပါသေးတယ်(ဂိမ်းတွေဘာတွေများ ထွက်ဦးမလားမသိဘူး) IMDB ကတော့ထွက်ခါစပဲရှိသေးတယ် 6.2 အထိကျနေပြီဖြစ်ပြီး တကယ်တော့ အရင်ဇာတ်ကားကဖန်တွေအတွက်သာထပ်ပြီးထုတ်ထားသလိုမျိုးပါပဲ... အရင် ၁ တုန်းကတော့ မာဒုန်ဆော့ သေတဲ့အခန်းနဲ့ မင်းသားသေတဲ့အခန်းနှစ်ခန်းနဲ့ ဇာတ်လမ်းကိုဒရမ်မာချိုးသွားတာဖြစ်ပြီး ဒီကားထဲမှာတော့ ပိုပြီးဒရမ်မာချိုးထားပြန်ပါသေးတယ် (ကိုရီယားဆိုတော့လည်း ဒရမ်မာနဲ့မလွတ်ပါဘူး...)(ကုလားကားအကနဲ့မလွတ်သလိုပေါ့) ဒီဇာတ်ကားလေးမှာမတူတာက အခု ထွက်နေတဲ့Walking Deadလိုမျိုး အခြားဇွန်ဘီကားတွေလိုမျိုး လူသားတွေအချင်းချင်းတစ်ဦးနဲ့တစ်ဦးနိုင်ထက်စီးနင်းလုပ်တဲ့ပုံကလည်းမတူခြားနားတာကို တွေ့ရဦးမှာပါ.. Trailer ထဲမှာကြည့်ပြီးတဲ့အတိုင်းပဲ အကုန်လုံးကိုSetting ကောင်းကောင်းနဲ့ရိုက်ထားပြီး သေသေချာချာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံစံတွေကိုလည်းပျောင်းလဲထားတာမလို့ ကြည့်ရတာတော့ တန်ပါတယ်.. အခုတော့Cam Versionနဲ့ပဲရှိသေးတော့ အသံပိုင်းကို ကျွန်တော်လည်းမပြောတတ်သေးဘူးဗျ... ဇာတ်လမ်းအညွန်းလေးကတော့.... တောင်ကိုရီယားနိုင်ငံကိုတစ်ရက်တည်းနဲ့ပြန့်နှံ့သွားခဲ့တဲ့ ဇွန်ဘီဗိုင်းရက်ဟာအခု လေးနှစ်တိုင်အောင် ဖြေဆေးရှာမတွေ့သေးပါဘူး.. အဲဒါအပြင်တောင်ကိုရီယားနိုင်ငံကိုအဝင်အထွက်လည်းပိတ်ထားတာဖြစ်ပြီး နောက်ဆုံးလွတ်မြောက်သွားတဲ့ သူတွေကတော့ ဟောင်ကောင်တို့ ဂျပန်တို့လိုနေရာတွေမှာ အခြေချနေခဲ့ပါတယ်... ဒါပေမဲ့ တောင်ကိုရီယားမှာလည်း ဘူဆန်ပြီးနောက်ဆုံးမှ ဗိုင်းရက်ပြန့်နှံ့တဲ့မြို့နာမည်ကတော့ ပင်နီဆူးလား ပါပဲ မင်းသားဖြစ်တဲ့သူဟာလည်းအဲဒီဗိုင်းရက်ရဲ့ရိုက်ခက်မှုကြောင့် သူ့ရဲ့အစ်မ တူလေး တို့ကိုဆုံးရူံးလိုက်ရတာဖြစ်ပြီး စစ်သားတစ်ယောက်အနေနဲ့တာဝန်ပျက်ကွက်မှုတွေကိုလည်းကြုံခဲ့ရပါတယ်... အဲဒီတော့မင်းသားအနေနဲ့ ပင်နီဆူးလား ကိုဘာလို့ပြန်ရောက်သွားမလဲ.. ပင်နီဆူးလားကနေ မင်းသားပြန်ပြီးတော့လွတ်နိုင်မလား... ပင်နီဆူးလားမှာ ဘယ်လိုပြောင်းလဲမှုတွေ ...
6.2
IMDB: 6.2/10 322 votes
movie
Peninsula
2020
720PCAM
Mermaid Legend 6.8
Mermaid Legend ဒီဇာတ်ကားလေးကတော့.၁၉၈၄လောက်တုန်းက.ရိုက်ကူးခဲ့တဲ့.. စိတ္တဇဆန်တဲ့ဂျပန်drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.... IMDb-6.8 Genres- Crime: Drama :Horror Awards.-3wins ဇာတ်လမ်းဇာတ်သွားကတော့...ညားခါစပူပူနွေးနွေးငါဖမ်းသမား လင်မယားနှစ်ယောက်ရှိတယ်ပေါ့ဗျာ...သူတို့က.ရေအောက်ငုပ်ပြီစ ငါးတစ်မျိုးကိုရှာဖွေပြီး..အသက်မွေးကြတာပေါ့. အဲ့မှာ..မီယာမိုတိုဆိုတဲ့ကုမ္ပဏီတစ်ခုက..သူတို့မြေတွေဝယ်ပြီးတော့အပန်းဖြေစခန်းဆောက်လုပ်ဖို့....ဆန္ဒပြင်းပြနေတာပေါ့.. အမှန်က..အပန်းဖြေစခန်းဆောက်ဖို့ဆိုတာက..ဟန်ပြသက်သက်တာဖြစ်ပြီးတော့.သူတို့ကနျူကလီးယာဓာတ်ပေါင်းဖိုစက်ရုံဆောက်ဖို့လုပ်နေတာဖြစ်တယ်... အဲ့လိုတည်​ဆောက်ဖို့..မြေဝယ်ရာမှာ..ရှိုုဟီးတို့ငါဖမ်းသမားလင်မယားကမရောင်းပဲဆန္ဒပြတာပေါ့..အဲ့တော့..မီယာမိုတိုကုမ္ပဏီက..သူတို့ကိုလုပ်ကြံခိုင်းလိုက်တယ်... သူတို့ငါးဖမ်းထွက်တဲ့ချိန်မှာပေါ့...မိန်မက..ရေအောက်ငုပ်ပြ်ိးငါးရှာတဲ့အချိန်မှာ.လှေပေါ်မှာရှိတဲ့..သူ့ယောကျာ်းအသတ်ခံလိုက်ရပါလေရော.. အဲ့မှာ.မိန်းမဖြစ်သူက..ကူရာမဲ့ဖြစ်ပြီး..မိန်းမတွေနေချည်းနေတဲ့ကျွန်းကိုရောက်သွားခဲ့ပြီး..အပျော်မယ်ဖြစ်သွားတယ်ပေါ့.. သူကသူ့ယောကျ်ားကို..သတ်တဲ့သူတွေကိုဘယ်လိုရှာဖွေဖော်ထုတ်ပြီး..သတ်ခဲ့လဲဆိုတာကိုတော့..ဒီဇာတ်ကားမှာတွေ့ရမှာဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ.18+တစ်ချို့လည်းပါဝင်ပါတယ်... ...အရင်ခေတ်ဂျပန်တို့ရဲ့..နေထိုင်မှုပုံစံတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်.... Translated & Review By Arkar Oo Encoded By Kar Yan
6.8
IMDB: 6.8/10 112 votes
movie
Mermaid Legend
1984
1080p
Coming Soon 6.1
Coming Soon ခုလိုမိုး​အေး​နေတဲ့ ကာလ​တွေမှာ ကြည့်ဖို့အ​ကောင်းဆုံးက​တော့ horrorကား​တွေဖြစ်မှာပါ အဲ့ဒါ​ကြောင့် ပရိသတ်အချစ်​တော် အိုပက်မင်းသားရဲ့ တစ်ချိန်ကနာမည်ကြီး horror ကား​ကောင်းဖြစ်တဲ့ coming soonကို တင်ဆက်​ပေးလိုက်ပါတယ် ရှိန်းက ရုပ်ရှင်ရုံမှာ စက်ပိုင်းဆိုင်ရာအလုပ်လုပ်တဲ့ ဝန်ထမ်းတစ်​ယောက်ပါ သူကအ​လောင်းအစားလဲ ဝါသနာပါပြီး​ ​ဆေးလဲသုံးတတ်ပါတယ် အဲ့လိုနဲ့​ငွေလိုတဲ့​တစ်​နေ့မှာ တခြားဝန်ထမ်းတစ်​ယောက်ဖြစ်တဲ့ ​ယော့ရဲ့ ဆွဲ​ဆောင်မှု​ကြောင့် ​စိုးရိမ်ပေမယ့်လဲ ရုံမတင်ရ​သေးတဲ့ သရဲကားတစ်ကားကို ခိုးကူးပြီး ​​ရောင်းဖို့ လုပ်ပါ​တော့တယ် အဲ့ဒါ​ကြောင့် ​ယော့က ညဘက်ဘယ်သူမှမရှိတဲ့ အချိန်မှာ ရုပ်ရှင်ရုံထဲမှာ အဲ့ကားကို screenမှာထိုးပြီး ကင်မရာနဲ့ ရိုက်ယူပါတယ် ရှိန်းက​တော့ သရဲကားမကြိုက်သူမို့ လိုက်မကြည့်ပဲ စက်ခန်းထဲမှာ အိပ်​ပျော်သွားပါတယ် မနက်သူသတိရလို့ သွားကြည့်​တော့ ကင်မရာပဲ​တွေ့ပြီး ​ယော့က​တော့ ထူးဆန်းစွာ​ပျောက်ဆုံးသွားပါတယ် ကင်မရာထဲမှာလဲ ​ရုပ်ရှင်အပြည့်မရိုက်ခဲ့ရပဲ တစ်ဝက်​လောက်မှာ ​ယော့က ​ကြောက်လန့်စွာ ထွက်​ပြေးသွားတာလဲ ​တွေ့လိုက်ရပါတယ် အဲ့​နောက်​တော့ သူလဲ​ခြောက်ခြားသလို ခံစား​နေရပါတယ် ရုပ်ရှင်ခိုးကူးဖို့​ပြောထားတဲ့သူ​တွေဆီကလဲ ​ငွေ​တွေယူထားပြီးဖြစ်တဲ့အတွက် ကျန်တဲ့တစ်ဝက်ကို ...
6.1
IMDB: 6.1/10 2,361 votes
movie
Coming Soon
2008
1080
The Cave 5.9
The Cave ယခု တင်ဆက်ပြသသွားမဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်။ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဂူထဲ ပိတ်မိနေတဲ့ကလေးတွေကို ကယ်တင်တဲ့အကြောင်းဖြစ်ပါတယ်။ ဖြစ်ရပ်ကတော့ ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့ မှာWild boar ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ နည်းပြတို့ ဂူထဲလျှောက်သွားရင်းနဲ့ လမ်းပျောက်သွားခဲ့ပါတယ်။ မိုးရာသီဖြစ်သောကြောင့် မိုးရွှာတဲ့အခါရေတက်ပြီး ဂူပေါက်ပိတ်သွားခဲ့ပါတယ်။ ထိုကလေးတွေ ကို နိုင်ငံ အသီးသီးက ရေငုပ်သမားတွေက ကယ်တင်ဖို့ကြိုးစားတဲ့အကြောင်းရိုက်ကူးထားတာပါ။ ရိုက်ကူးတဲ့ အချိန်ကတော့ ၂၀၁၉ ခုနှစ်မှာရိုက်ကူးခဲ့ပြီး IMDb rating 5.9/10 ရရှိခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တာကြောင့် ရုပ်ရှင်ကြည့်နေသလိုမခံစားရပဲ ကိုယ်တိုင်ဖြစ်နေသလိုခံစားမှုမျိုးပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ IMDb 5.9/10 -=-=-=-=-=-=-=-=-=-=-=-=-=-= Translated & Review by Naw Sue Phaw Shee Encoded By Kar Yan
5.9
IMDB: 5.9/10 549 votes
movie
The Cave
2019
1080p
Train to Busan 7.5
Train to Busan တော်​တော်များများကြည့်ဖူးကြ​မယ့်ကားလေးပါ 32 award ​and 39 nominations နဲ့အတူ ကိုရီးယားနိုင်ငံမှာ ကြည့်ရှုသူစံချိန်တွေချိုးခဲ့တဲ့ ကမ္ဘာကျော် ကိုရီးယား ရုပ်ရှင်ကားပါပဲ။ IMDb rating 7.5 ထိတောင်ရရှိထားပါတယ်။ ဇဇာတ်ကားကြည့်နေစဥ်တစ်လျှောက်ရင်တမမဖြစ်ရပြီး ဇာတ်ကောင်တွေနဲ့အတူစိတ်ကူးထဲမှာလိုက်ပြေးရင်းမောကြီးပန်းကြီးနဲ့ ကြည့်ရပါတယ်။ ဇာတ်ကားအဆုံးသတ်ပိုင်းနဲ့ပတ်သက်ပြီး​ဝေဖန်ကြတာ​တွေရှိကြ​ပေမယ့် ကိုယ်က​တော့သဘာဝကျတယ်လို့ပဲမြင်မိပါတယ်။ က​လေးမ​လေးသရုပ်​ဆောင်​ကောင်းချက်က​တော့ကိုယ်​တို့ translator ကြီး L တောင်ဘာသာပြန်နေရင်းငိုချင်သွားတယ်တဲ့ဗျာ.. အခု Train to Busan sequel: peninsula ဆိုပြီး trailor တောင် ဟိုတလောကထွက်လာပြီနော် ဆို​တော့ ​​အဲ့ဒီ sequel ကိုစောင့်ရင်း အရင် မူလ Train to Busan ကိုပြန်​နွှေးလို့​ကောင်းတဲ့အချိန်​လေးမို့အခုပဲပြန်ကြည့်လိုက်ကြ​နော် Review by X and L Translated By L Encoded By Kar Yan
7.5
IMDB: 7.5/10 142,057 votes
movie
Train to Busan
2016
1080pBluray 2.5CH
Cargo 6.3
Cargo ကပ်ကြီးဆိုက်ပြီး ဩစတျေးလျနယ်စပ်တစ်ခုမှာ သောင်တင်နေခဲ့တဲ့ ရောဂါကူးစက်ခံထားရတဲ့ အဖေတစ်ယောက်ဟာ အကောင်းအတိုင်းရှိနေခဲ့တဲ့ သူ့ကလေးလေးအတွက် နေရာအသစ်ရှာဖွေရင်း ကလေးရဲ့ကံကြမ္မာကိုပြောင်းလဲပေးဖို့ပါ ကြိုးစားနေခဲ့ပါတယ်။ Cargo 2017 ဇာတ်ကားဟာ IMDB 6.3 Rotton Tomatoes 88% Google Users 85% ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Nomination 16ခု အထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အထူးသဖြင့် ကပ်ရောဂါကာလကြီးအတွင်းမှာပါ သားသမီးကိုသိပ်ချစ်တဲ့ဖခင်တစ်ယောက်ရဲ့ ကြိုးစားမှု စိတ်ရှည်မှု အားထုတ်မှုတို့ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားနိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ မင်းသား Martin Freeman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Drama/Apocalyptic and post-apocalyptic fiction ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ -=-=-=-=-=-=- Translated & Review By JP Encoded By Kar Yan
6.3
IMDB: 6.3/10 33,468 votes
movie
Cargo
2017
1080p Bluray 5.1CH(FHD)LQ
I Spit on Your Grave 6.3
I Spit on Your Grave Horrorကားကြိုက်သူများအတွက်Grey's anatomyထဲမှ မင်းသမီး Sarah Butlerပါဝင်ထားတဲ့ I spit on your graveဆိုတဲ့ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် ဂျနီဖာဟေးလ်ဆိုတဲ့စာရေးဆရာမလေးတစ်ယောက်ဝတ္ထုရေးဖို့အတွက်မြို့ပြင်က သစ်သားအိမ်လေးမှာတစ်‌ေယာက်တည်းလာနေရာမှ လူတစ်စုက စော်ကားဖို့ကြိုးစားသဖြင့်ထွက်ပြေးရင်းရဲမှူးနဲ့တွေ့ရာ ရဲမှူးကပါလူဆိုးဖြစ်နေသောအခါ ဘယ်လိုပင်ကြိုးစားရုန်းကန်လည်း မလွတ်မြောက်နိုင်တော့သဖြင့် သေချင်ယောင်ဆောင်ပြီးရဲမှူးနှင့် ပေါင်းအပါများကိုလက်စားချေဖို့ကြိုးစားသောအခါ သူမရဲ့လက်စားချေမှုတွေအောင်မြင်သွားမလား ဘယ်လိုနည်းလမ်းတွေနဲ့လက်စားချေမလဲဆိုတာကိုတော့ ၁၈+အခန်းများသွေးသံရဲရဲနှင့် ဆဲဆိုသောစကားများကြောင့် ကလေးသူငယ်များကြည့်ရန်မသင့်တော်ပါ Translated & Review By Nyan Linn Htet Encoded By Kar Yan
6.3
IMDB: 6.3/10 73,413 votes
movie
I Spit on Your Grave
2010
1280p Bluray 5.1CH
1BR 5.8
1BR ဆာရာဆိုတဲ့​ကောင်မ​လေးဟာ သူမအ​မေနာမကျန်းဖြစ်​နေစဥ်မှာ အ​ဖေဖြစ်သူက ​သူနာပြုဆရာမနဲ့ ​ဖောက်ပြန်​နေတာကို သိပြီး​နောက်မှာ စိတ်ဒုက္ခ​ရောက်ခဲ့ရသူပါ။ အ​မေဖြစ်သူဆုံးပြီး​နောက်မှာ သူမရဲ့ အိပ်မက်​တွေကိုအကောင်အထည်ဖော်ဖို့ နာကျင်ဖွယ်အတိတ်ကိုစွန့်ခွာပြီးပြီးပြည့်စုံတဲ့ LA မှာရှိတဲ့တိုက်ခန်းတစ်ခုဆီ​ပြောင်းခဲ့ပါတယ်။ အဲ့တိုက်ခန်းက အိမ်​မွေးတိရစ္ဆာန်​တွေကို ခွင့်မပြု​ပေမယ့် သူမက​တော့ သူ့​ကြောင်​​လေးကို အိမ်နီးချင်း​တွေမသိ​အောင် ​မွေးထားခဲ့ပါတယ်။ ဒါပေမယ့်​ပြောင်းပြီး မကြာခင်မှာပဲ အိပ်မပျော်နိုင်တဲ့အပြင်ထူးဆန်းတဲ့ဆူညံသံများနဲ့ ခြိမ်းခြောက်တဲ့စာ​တွေကြောင့်စိတ်သောကရောက်ခဲ့ရပြီး သူမရဲ့ဘဝသစ်လည်း လျင်မြန်စွာပျက်ပြားသွားခဲ့ရပါတယ်။ ကြောက်စရာကောင်းတဲ့အမှန်တရားကိုသူသိသွားတဲ့အချိန်မှာ​တော့ သိပ်နောက်ကျသွားပါပြီ။ သူမရဲ့ အိမ်နီးချင်း​တွေဟာ စသိခါစက သိပ်​ဖော်​ရွေသ​လောက် အခုသူမကို အစွန်း​ရောက် အဖွဲ့အစည်းတစ်ခုဆီ သွတ်သွင်းဖို့ ကြိုးစားသူ​တွေ ဖြစ်လာပါတယ်။ သူမဟာ နဂိုကတည်းက အထီးကျန်စိတ်ပျက်အားလျော့မှု​တွေက​နေ စိတ်ခွန်အားကိုရှာ​တွေ့မလား ဒါမှမဟုတ် အဲ့မှာပဲ ထာဝရပိတ်မိ​နေမလားဆိုတာကို​တော့ စိတ်ဝင်စားဖွယ်ဆက်ကြည့်ရှုကြရမှာပါ။ ==-=-=-=-=-=-=- Review Credit Translated By Jay Yang Encoded By Nanda Kyaw
5.8
IMDB: 5.8/10 1,870 votes
movie
1BR
2019
1080p
The Strangers: Prey at Night 5.2
The Strangers: Prey at Night လာပါ​ပြီဗျာ.. ဟိုတစ်​နေ့က တင်ခဲ့တဲ့ The Strangers (2008) ရဲ့​နောက်ဆက်တွဲ The Strangers:Prey at Night (2018)ကား​လေးကို တင်ဆက်​ပေးလိုက်ပါပြီ ​နောက်ဆက်တွဲဆို​ပေမယ့် ​ရှေ့ကကားနဲ့ အဆက်စပ်မရှိလို့ ဒီကားကိုတန်းကြည့်လဲရပါတယ် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကလည်း ပရိသတ်နဲ့မစိမ်းတဲ့ The other side of the doorတို့ 47 meters downတို့လိုဇာတ်ကား​တွေရိုက်ကူးခဲ့တဲ့ Johannes Roberts ပဲဖြစ်ပါတယ် ဆို​တော့ ဇာတ်ကားရဲ့အရသာကို​တော့ ခန့်မှန်းမိမှာပါ ထူးခြားတာက အရင် The Strangers(2008)ကို ရိုကိကူးခဲ့တဲ့ ဒါရိုက်တာကလဲ ဒီကားမှာ ဇာတ်ညွှန်းအ​နေနဲ့ပါဝင်ထားပါ​သေးတယ် ဇာတ်လမ်းက​တော့ မိုက်၊ စင်ဒီ၊ လုခ်၊ ကင်ဆီဆိုတဲ့ မိသားစု​လေး​ယောက်က သမီးဖြစ်သူ ကင်ဆီကို ​ဘော်ဒါ​ဆောင်မပို့ခင်မှာ အပန်း​ဖြေခရီးအ​နေနဲ့ သူတို့ရဲ့ အန်ကယ်မက်နဲ့ အန်တီရှယ်တို့ရဲ့ ဂတ်တင်လိတ်အပန်း​ဖြေအိမ်ရာဆီကို ခရီးထွက်ခဲ့ပါတယ် ကင်ဆီက​တော့ ​ဘော်ဒါ​​ဆောင်မသွားချင်လို့ မိဘ​တွေအ​ပေါ်မှာ စိတ်ဆိုး​နေပြီး ...
5.2
IMDB: 5.2/10 25,016 votes
movie
The Strangers: Prey at Night
2018
1080 P
The Call 6.7
The Call ဒီကားလေးကတော့ 2013ထဲက ထွက်ရှိထားပြီးတော့ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် IMDb Rate 6.7ရရှိထားတဲ့ Crime,Dramaအမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာ ပါဝင်ကြသူတွေကလဲ နာမည်ကြီးသရုပ်ဆောင်တွေပါ။ ဇာတ်လမ်း စ လယ် ဆုံးကို ရသမျိုးစုံစွာ ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Jordanဟာ အရေးပေါ်ဝန်ဆောင်မှုဌာနမှ အတွေ့အကြုံရှိသူ တစ်ယောက်ပါ။ တစ်ရက်မှာတော့ ပြန်ပေးဆွဲခံရတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေး Caseyဆိုသူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရခဲ့ပါတယ်။Caseyကို ကယ်တင်ဖို့ကြိုးစားရင်း နောက်ပိုင်းမှာ Jordanတစ်ယောက် သိလာတာက အရင်က Leahပြန်ပေးဆွဲမှုမှာ ကျူးလွန်ခဲ့သူသည် တစ်ယောက်ထဲဆိုတာ သိလိုက်ရတယ် Jordanတစ်ယောက် လူသတ်တရားခံကို ဘယ်လိုဆက်စပ်မိသွားတာလဲ။ Caseyကိုရော ကယ်တင်နိုင်မှာလား ဆိုတာကို အချိတ်အဆက်မိမိ ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။   Translated By - Aye Mya
6.7
IMDB: 6.7/10 108,604 votes
movie
The Call
2013
1080 P