Yourcinema

Mystery

Burning 7.5
Burning ကောလိပ်ကျောင်းပြီးထားပြီး အချိန်ပိုင်းလုပ်နေရင်း စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ လီဂျုံးဆုဆိုတဲ့ကောင်လေးဟာ တနေ့တော့ ငယ်သူငယ်ချင်းဖြစ်သူ ရှင်ဟဲမီနဲ့ အလုပ်မှာပြန်တွေ့သွားပြီးအဆက်သွယ်ပြန်ရသွားပါတယ် ရှင်ဟဲမီဟာ စိတ်ကူးယဉ်ပုံပြင်တွေပြောပြတက်သူဖြစ်ပြီး ဘဝကိုလွယ်သလိုဖြတ်သန်းနေတဲ့ ကောင်မလေးတယောက်ပါ တရက် ရှင်ဟဲမီဟာ အာဖရိကကိုခရီးထွက်သွားပြီး ပြန်အလာမှာတော့ ဘန်ဆိုတဲ့ သူဌေးတယောက်နဲ့ မိတ်ဆွေတွေဖြစ်သွားပါတယ်.. ဘန်ကလည်း အင်မတန်ချမ်းသာပြီး သူဘာကြောင့်ချမ်းသာနေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး... လီဂျုံးဆု ရှင်ဟဲမီ ဘန် တို့၃ယောက်သား ဘယ်လိုဇာတ်လမ်းဆက်ကကြမလဲဆိုတာ ကြည့်ရှုပေးပါဦး ဇာတ်လမ်းလေးက ပျင်းစရာကောင်းတဲ့ပုံပေါ်ပေမယ့် စဉ်းစာကြည့်ရင်တော့ ပါးပါးလေးပုတ်သွားသလိုပါပဲ မသိဘူး ယူအာအင်လေး ခပ်အအ သရုပ်ဆောင်တာကြည့်ရရုံတင် အင်မတန်တန်ပါတယ်နော် =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Aye Chan Moe Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7.5
IMDB: 7.5/10 45,556 votes
movie

Burning

2018
Palm Springs 7.5
Palm Springs Palm Springs (2020) Imbd မှာ 7.5 ရရှိထားပြီး, Rotten မှာ 94% ထိတောင်ဆိုတော့ Rating ကောင်းတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး... ဘာကိုမှ စောင်ဂရုမစိုက်တတ်တဲ့ နိုင်းလ် နဲ့ အရာရာကို စိတ်ကုန်နေတဲ့ သတို့သမီးအရံ ဆယ်ရာတို့ရဲ့ Time Loop ထဲမှာ ပိတ်မိပြီး ပြန်ထွက်မရဖြစ်နေရတာကို အချစ် ဟာသ ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတဲ့ 2020 ထွက် ရုပ်ရှင် သစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ.. ဂန္တဝင် ရုပ်ရှင်ကားကြီး Groundhog Day လို အချိန်ထပ်ခါတလဲလဲ ဖြစ်နေတဲ့ကားမျိုးပါ.. English ကားတို့ရဲ့ ထုံးစံအတိုင်း sex scene တစ်ချို့ လောက်ပါတာမို့ မိသားစု နဲ့ဆို မသင့်တော်ပါဘူး.. စကတည်းက Time loop ထဲမှာပိတ်မိနေတဲ့ နိုင်းလ်... ဒီတစ်ရက်တည်းဖြစ်နေတာကိုငြီးငွေ့နေပြီး မဂ်လာဆောင်မှာ ဆယ်ရာ နဲ့ စတွေ့ရာက ဇာတ်လမ်းက စရှုပ်တော့တာပါပဲ.. ဆယ်ရာလဲ Time Loop ...
7.5
IMDB: 7.5/10 42,066 votes
movie

Palm Springs

2020
1080P Bluray 5.1CH
Psych 2: Lassie Come Home 7.7
Psych 2: Lassie Come Home ဒီဇာတ်ကားလေးဟာ American Comedy Film တစ်ခုဖြစ်ပြီး အခုနှစ် 2020Released ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ၂၀၀၆ခုနှစ်မှာ ရုပ်ရှင်စီးရီးအနေနဲ့ထွက်ရှိခဲ့ဖူးပြီး Season 8ခု Total 120 Episodes ထိရှိခဲ့ပါတယ် ၂၀၁၇ခုနှစ်မှာ Psych : The Movie ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ထွက်ရှိလာပြီး အောင်မြင်မှုတွေရခဲ့ပြီးနောက် အခုနောက်တစ်ကားထွက်ရှိလာတာပဲဖြစ်ပါတယ်💙 ဇာတ်လမ်းအကျဉ်း ရှောန်နဲ့ဂတ်စ်တို့ သူငယ်ချင်းနှစ်ရောက် သူတို့ရဲ့ ရဲမှူးဟောင်း လတ်စီကို ကူညီပေးဖို့အတွက် ဆန်တာဘာဘရာဆေးရုံကိုရောက်ရှိလာခဲ့တဲ့နေ့မှာတင် ရှုပ်ထွေးပွေလီလှတဲ့ အမှုတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ် ထုံးစံအတိုင်း သူတို့နှစ်ယောက် အဲ့ဒီအမှုကိုလိုက်ရင်း ဘာတွေဘယ်လို လွဲချော်ပြီး ဘာတွေဘယ်လို ဖော်ထုတ်ကြမလဲဆိုတာ ရယ်မောပျော်ရွှင်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်💙 IMDb Rating 7.7/10ထိရရှိထားပြီး တစ်ကားလုံး မပျင်းမရိဘဲ တစ်ထိုင်တည်းကြည့်ရှုသွားနိုင်ဖို့ ဆွဲခေါ်သွားနိုင်ပါတယ်💙 (အညွှန်းနှင့် ဘာသာပြန် MinnMyoKhant) IMDb Rating - 7.7/10🔥 Genre - Comedy, Crime, Mystery Quality - 1080P, 480P Translator - MinnMyoKhant Encoder - လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ ...
7.7
IMDB: 7.7/10 1,841 votes
movie

Psych 2: Lassie Come Home

2020
1080p
WestWorld 8.7
WestWorld WestWorld (2016 -2020 ) WestWorld ဆိုတဲ့ စီရီးဟာ IMDB Rating 8.7/10 အထိ ရရှိထားပြီး Voting ပေးသူ 406,840 အထိ ရှိထားပါတယ်။နာမည်ကြီး Game Of Throne စီးရီးလိုမျိုး ကျော်ကြားမှုမျိုးလည်း ရထားပါတယ်။ WestWorld စီးရီးဟာ အရမ်း ပဟေဋိဆန်ပြီး ဖြစ်နိုင်ခြေပေါင်း များစွာကို အစ,ဆွဲထုတ်ပေးထားတာကြောင့် ကြည့်ရှုသူအပေါင်းရဲ့ အတွေးထဲကို မေးခွန်းပေါင်းများစွာ ကျန်ခဲ့စေပါလိမ့်မယ်။ WestWorld စီးရီးဟာ အများနဲ့မတူတဲ့ ဇာတ်အိမ်ကို တည်ထားပါတယ်။ WestWorld ဆိုတာ ကျွန်တော်တို့ရဲ့ အတွေးထဲက ဒုတိယ ကမ္ဘာတစ်ခု (သို့) လက်တွေ့ဆန်တဲ့ ကစားပွဲ တစ်ခုပါ။ WestWorld စီးရီးဟာ ကျွန်တော်တို့ရဲ့ တွေးခေါ်နိုင်စွမ်း ဘယ်လောက် မြင့်မားသလဲ ဆိုတာကို အဖြေပေးပါလိမ့်မယ်။ WestWorld စီးရီးဟာ ကျွန်တော်တို့ရဲ့ ထင်မြင်ချက်တွေကို အကြိမ်ကြိမ် ရိုက်ချိုးပြပါလိမ့်မယ်။ WestWorld စီးရီးမှာ နာမည်ကြီး သရုပ်ဆောင်တွေ ...
8.7
IMDB: 8.7/10 406,840 votes
movie

WestWorld

2016
1080p.BluRay.
Article 15 8.2
Article 15 Article 15 (2019) Mystery Typeကို စောင့်မျှော်နေတဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားတစ်ကား Recommendချင်ပါတယ် ✅ 2019 မှာ ထွက်ရှိပြီး IMDb 8.2 / 10 အထိ ရရှိထားတာမို့ ဇာတ်ပျင်းကြီး ဖြစ်နေမှာ မဟုတ်သလို တခြားကားတွေလို ဒရာမာပဲ ချိုးနေတာ ခေတ်နောက်ကျပါတယ် ကွာ လို့ တွေးမိတာမျိုး ရှိမှာ လုံးဝ မဟုတ်ကြောင်း အာမခံတယ် 😉 ခုနောက်ပိုင်းမှာ တော်တော်လေးစန်းထလာပြီး လက်ရှိကျွန်တော်အကြိုက်ဆုံးမင်းသားဆိုလဲမမှားတဲ့ မင်းသား ​Ayushmann Khurrana က Main Leadဖြစ်တာမို့ ပိုပြီး စိတ်ဝင်စားစရာ‌ေကာင်းအောင် ဆွဲဆောင်တယ် လို့ ကောက်ချက်ချမိတယ် ဇာတ်လမ်းအကျဥ်း မနေ့တနေ့ကမှ အရာရှိအသစ်လေးဖြစ်တဲ့ "အာရ်ယန်းရန်ဂျန်" က သူ့ရဲ့ပထမဆုံးတာဝန်ကျတဲ့နေရာ "လာဂွန်း"လို့ခေါ်တဲ့ တောရွာကို ရောက်လာတယ် ထုံးစံအတိုင်း အိန္ဒိယတောရွာအများစုလို ဇာတ်အနိမ့်အမြင့် ခွဲခြားတာတွေ ၊ အကျင့်ပျက်ခြစားမှုတွေ အပြည့်ပေါ့ အဲ့လို ခွဲခြားဆက်ဆံမှုက အစ ...
8.2
IMDB: 8.2/10 20,015 votes
movie

Article 15

2019
The Lucky One 6.5
The Lucky One ဒီဇာတ်လမ်းကို2012 ခုနှစ်ကဒါရိုက်တာScott Hicks ရိုက်ကူးခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ခူဖြစ်ပါတယအ Logan Thibault အဖြစ် Zac Efron Beth Clayton အဖြစ်Talyor Schilling တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်လမ်းအကျဥ်းကတော့ Logan Thibault ဆိုတဲ့တပ်ကြပ်တစ်ယောက်ဟာအီရတ်မှာတာဝန်ထမ်းဆောင်နေရင်း ညဘက်စစ်ဆင်ရေးတစ်ခုလုပ်နေရတယ် အဲဒီချိန်မှာပဲ တခြားတစ်စိတ်တစ်စုနဲ့တွေ့တယ် သူတို့တပ်စိတ်တွေဟာ ခြုံခိုတိုက်ခိုက်ခံလိုက်ရတဲ့အတွက် Acesလို့ခေါ်တဲ့ တပ်ကြပ်ကြီးဘက်က လူတစ်ယောက် ဒဏ်ရာရခဲ့တယ် တပ်ကြပ် Aces ကသူ့လူကိုအကာကွယ်ပေးနေခဲ့တယ် နောက်နေ့မနက် တပ်ကြပ်Loganကအကျိုးအပဲ့တွေကြားထဲက ဓာတ်ပုံတစ်ပုံကိုတွေ့ခဲ့တယ် သူအဲဒီဓာတ်ပုံကိုသွားကောက်နေချိန်မှာ သူထိုင်နေခဲ့တဲ့နေရာကိုအမြှောက်ကျလာခဲ့တယ် Loganနဲ့သူ့သူငယ်ချင်းက အဲဒီဓာတ်ပုံကိုသွားကောက်မိလို့အသက်ရှင်ခဲ့ကြတယ် အဲဒါအပြင် သေဘေးအန္တရာယ်ကနေလဲခနခနလွတ်ခဲ့တယ် ဒါကြောင့်သူ့ကဒီဓာတ်ပုံထဲကကောင်မလေးကိုရှာဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့သူရှာမတွေ့ခဲ့ဘူး အဲဒါကြောင့်သူကအဲဒီပုံကိုငိမ်းထားခဲ့တယ် တာဝန်ပြီးတော့Logan က ကော်လိုရာဒိုကိုပြန်လာပြီးသူ့အစ်မမိသားစုနဲ့ပြန်လာနေတယ် နောက်တော့သူကဓာတ်ပုံထဲကမိန်းကလေးကိုရှာဖို့လူဝီစီယားနားကို သူ့အချစ်တော်ခွေးလေးဇူးစ်နဲ့ခရီးထွက်ခဲ့တယ် အဲဒီပြည်နယ်ကိုရောက်တော့သူက အဲဒီမိန်းကလေးကိုနေရာအနှံ့လိုက်ရှာခဲ့တယ် တစ်နေ့မှာတော့အဲဒီမိန်းကလေးကိုသိတဲ့လူနဲ့တွေ့ခဲ့တယ် မိန်းကလေးနာမည်ကBeth Clayton လူတစ်ယောက်နဲ့လမ်းညွှန်မှုနဲ့ Beth နေတဲ့နေရာကိုLogan တစ်ယောက်ရောက်လာခဲ့တယ် သူတို့နှစ်ယောက်တွေ့ဆုံတဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲ Beth ပုံပါတဲ့ ဓာတ်ပုံပိုင်ရှင်ကဘယ်သူလဲ ဘယ်လိုအကြောင်းတွေဆက်ဖြစ်မလဲဆိုတာကိုဒီဇာတ်လမ်းမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ် Beth နဲ့ Logan တို့ဆက်ဆံရေးကအဆင်ပြေပါ့မလား ဘယ်လိုအခက်အခဲလေးတွေပေါ်လာမလဲ တော်တော်ကြည့်လို့ကောင်းတဲ့ Romantic ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် -=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=- Translated & Review By Phyu Phyu Aye Encoded ...
6.5
IMDB: 6.5/10 98,959 votes
movie

The Lucky One

2012
1080p
Twelve Monkeys 8
Twelve Monkeys IMDb rate.... 8.0 ဒီဇာတ်ကားကတော့ ဗိုင်းရပ်နဲ့ပက်သက်တဲ့သတင်းအချက်အလက် တွေကို လွန်ခဲ့တဲ့ခုနှစ်များဆီပြန်သွားပြီးရှာဖွေတဲ့..Time travelဇာတ်ကားလေးဖြစ်ပါတယ်.... မင်းသားကြီး Bruce Willis , Brad Pitt နဲ့.မင်းသမီး Madelenie Stoweတို့ကအဓိကပါဝင်သရုပ်ဆောငိထားပါတယ်.. ဒီဇာတ်ကားကတော့တစ်ခြားဇာတ်ကားတွေလို.မဟုတ်ပူးဗျ.. သူ့ပေးချငိတဲ့concept တွေကအများသား..သေချာကြည့်ရင်တော့ ဇာတ်ကားရဲ့အနှစ်သာရတွေကိုခံစားရမှာပါ..ပြီတော့စိတ်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ထင်တယ်ဗျ... ဇာတ်လမ်းလေးကတော့နည်းနည်းcrazyဆန်ဆန်သွားတယ်ဗျ... ဇာတ်လမ်းအညွန်း =========== 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ .. 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ အဲ့ဒီတော့.. ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ...
8
IMDB: 8/10 564,734 votes
movie

Twelve Monkeys

1995
1080p
Eagle Eye 6.6
Eagle Eye Transformer မင်းသား Shia LaBeouf ပါတဲ့Actiln thriller Movie လေးပါ Jerry Shaw(Shia LaBeouf) နဲ့ Rachel holloman( Michelle Monaghan) တို့ဟာ အမည်မသိ အမျိုးသမီးတစ်ယောက်ဆီကနေ ဖုန်းလက်ခံရရှိခဲ့ကြတယ် Jerry shaw က အမွှာအစ်ကို သေပြီးတဲ့နောက်မှာ တိုက်ခန်းကို အမည်မသိ လက်နက်အမြောက်အများ ရောက်ရှိလာရာကနေစပြ နိုင်ငံတော်ပုန်ကန်သူအဖြစ်သတ်မှတ်ခံလိုက်ရပါတယ် မင်းသမီးကလည်း သားလေးတစ်ယောက်နဲ့ဘဝကို ပုံမှန်ဖြတ်သန်းနေရင်းက သားလေးDC သွားတဲ့ လေ့လာရေးခရီးမှာ သူ့သားအသက်ကို ခြိမ်းခြောက်ပြီး အမည်မသိအမျိုးသမီးက အမိန့်ပေးခြင်းကို ခံခဲ့ရပါတယ် ဖုန်းခေါ်တဲ့လူကရောဘယ်သူလဲ အခြေအနေတွေကို တစ်ကားလုံးမရိပ်မိတဲ့ မင်းသားနဲ့မင်းသမီး သူတို့အပြစ်မရှိကြောင်းဘယ်လိုဖော်ထုတ်ကြမလဲ iMDb 6.6 ရှိပြီး တစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ကားလေးပါ Translated By Kisana Min Encoded By Kar Yan
6.6
IMDB: 6.6/10 172,753 votes
movie

Eagle Eye

2008
1080p Bluray 5.1CH 0.2Ver
Hide and Seek 5.9
Hide and Seek ကျန်းကျ​ဝေက အဆင်မြင့်တိုက်ခန်းတစ်ခုမှာ ဇနီး​ရယ် သမီး​လေးရယ်နဲ့ ​ပျော်စရာမိသားစု​လေးတစ်ခုအဖြစ်တူတူ​နေပါတယ် သူကမြို့ထဲမှာ ​ကော်ဖီဆိုင်​လေးဖွင့်ထားပြီး​တော့ အသန့်လည်းအရမ်းကြိုက်တဲ့သူပါ တစ်ညမှာ​တော့ သူ့ဆီကိုဖုန်းတစ်ခုဝင်လာပါတယ် သူ့အကိုရဲ့တိုက်ခန်းပိုင်ရှင်က သူ့အကို​ပျောက်​နေတဲ့အတွက်​ကြောင့် လှန်းဆက်တာဖြစ်ပါတယ် အဲ့လိုဖုန်း​ခေါ်မှပဲ သူ့မှာအကိုရှိမှန်း သူ့ဇနီးက​သိရတာဖြစ်ပြီး​တော့ ​ဘာလို့ဒီ​အ​ကြောင်း​တွေ လျှို့ဝှက်ထားတာလဲလို့​မေးတော့လဲ မ​ဖြေပါဘူး သူတို့ညီအစ်ကိုကြားက အတိတ်​တွေကို ​မေ့ထားချင်ပုံရပါတယ် ဒါ​ပေမယ့်လဲ တိုက်ခန်းပိုင်ရှင်ရဲ့ထပ်ပြီးဖုန်း​ခေါ်မှု​ကြောင့် သူ့အကို​နေတဲ့​နေရာကို ​ရောက်သွားပါတယ် တိုက်ခန်းပိုင်ရှင်က သူ့အကိုရဲ့အထုတ်​တွေလာသိမ်းခိုင်းတာဖြစ်​ပေမယ့် ကျ​ဝေက​တော့ ၁လစာထပ်​ပေးပြီး အခန်းကိုငှားလိုက်ပါတယ် အခန်းထဲ​ရောက်​တော့ မှတ်စုစာအုပ်​လေးရယ် အသုံးအ​ဆောင်တချို့ရယ် ​တွေ့ခဲ့ရပါပြီး အဲ့အပြင်မိန်းမအသုံးအ​ဆောင်တချို့ပါ​တွေ့ခဲ့ရလို့ တစ်​ယောက်တည်း​နေတာဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်လာပါတယ် ဆက်ပြီးအခန်းထဲ စူးစမ်းကြည့်​တော့ တဖက်အခန်းကိုသွားလို့ရ​အောင် နံရံဖျက်ပြီး​ဖောက်ထားတဲ့ အ​ပေါက်ကိုလဲ​တွေ့လိုက်ရပါတယ် အဲ့တစ်ဖက်အခန်းကလဲ အသုံးအ​ဆောင်​တွေပဲရှိပြီး လူမရှိတဲ့အတွက်​ကြောင့် သံသယပိုကြီးလာတဲ့အတွက် အ​ဆောက်အဦးတစ်ခုတည်းက လူ​တွေကို လိုက်စုံစမ်းကြည့်ပါ​တော့တယ် တချို့က​သေချာမသိဘူး ​ဖြေကြသလို တချို့ကလဲ အခန်းနံပါတ်ကြားရုံနဲ့တင် မသိဘူးဆိုပြီး ပြန်လွှတ်ကြပါတယ် အဲ့လိုစုံစမ်း​​နေရင်း သူသတိထားမိတာက အခန်း​​တိုင်းရဲ့ရှေ့မှာ မှတ်ထားတဲ့သင်္ကေတ​လေး​တွေပါ တဖြည်းဖြည်း ...
5.9
IMDB: 5.9/10 543 votes
movie

Hide and Seek

2016
Blue-Ray
Beasts Clawing at Straws 7.1
Beasts Clawing at Straws Quarantine ကာလတွင်း အိမ်မှာနေရင်း ဘာတွေလုပ်နေကြသလဲ။ အပျင်းလည်းပြေ ရသလည်းစုံသွားအောင် ‌ဒီနှစ်ထဲ ဖေဖော်ဝါရီလကမှ ထွက်ထားတဲ့ Korean movie လေးတစ်ပုဒ် ညွှန်းပေးချင်ပါတယ်။ Thriller type ဖြစ်တာမို့ ကိုရီးယား movie တွေထဲ thriller type မကြည့်ဖူးသေးတဲ့ သူတွေနဲ့၊ Thriller type မှာမှ Korean thriller type ကို မကြည့်ဖူးကြသေးတဲ့‌သူတွေအတွက် အသစ်ကလေးမြည်းစမ်းကြည့်ဖို့ အဆင်ပြေမှာပါ။ Parasite လိုမျိုး လူ့သဘာဝအကြောင်း ပုံဖော်ထားတဲ့ Thriller movie မျိုးလို့လည်း ဆိုလို့ရပါတယ်။ ဇာတ်ကားနာမည်ကတော့ Beasts crowing at straw ပါ။ original name ကတော့ Beasts that cling to the straw ပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောပြပေးပါမယ်။ ချို့တဲ့တဲ့ မိသားစုအတွက် အမျိုးသားချွေးထုတ်ခန်းမှာ အလုပ်လုပ်ကိုင်ရင်း ဧည့်သည်တစ်ယောက်ကျန်ရစ်ခဲ့တဲ့ ...
7.1
IMDB: 7.1/10 423 votes
movie

Beasts Clawing at Straws

2020
1080p
Exposed 4.3
Exposed ဒီတစ်ခေါက်ကတော့ အားလုံးရဲ့အချစ်တော် john wickမင်းသားကြီး Keanu Reevesရဲ့ ၂၀၁၆မှာထွက်ရှိခဲ့တဲ့လူသတ်ရုပ်ရှင်ကားကိုရှုစားရမှာပါ စုံထောက်ဂယ်ဘန်(Keanu Reeves)ဟာ သူငယ်ချင်းဖြစ်သူစုံထောက်အသတ်ခံရမှုရဲ့တရားခံကိုရှာဖွေနေသူပါ သို့သော်သေဆုံးသူရဲ့ အတိတ်ကမကောင်းသတင်းတွေကြောင့်ရဲဌာနက ဒီအမှုကိုပြည်ဖုံးကားချဖို့လုပ်နေပါတယ် တဖြည်းဖြည်းနဲ့အမှုစုံစမ်းရင်း လူသေမှုတွေများလာတဲ့အခါ ဝေခွဲမရတဲ့စုံထောက်ဟာ Isabelလို့ခေါ်တဲ့ ရုရှားသူလေးကို သံသယရှိလာပါတော့တယ် တစ်ဖက်မှာလည်း ဘာသာရေးကိုယုံကြည်လွန်းတဲ့Isabel ဟာအစွန်းရောက်တဲ့ထိဖြစ်လာကာ ထင်ယောင်ထင်မှားတွေပါမြင်လာရတဲ့အထိပါပဲ ငယ်ငယ်က ခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေကိုရုတ်တရက်ပြန်လည်ခံစားလာရတဲ့အခါ.... သူမဟာဒီအမှုနဲ့ဘယ်လိုဆက်စပ်နေမလဲ? စုံထောက်ကရောအဖြစ်မှန်ကိုဖော်ထုတ်နိုင်မလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါနော်   Translated & Review By Wutt Yee Encoded By Kar Yan
4.3
IMDB: 4.3/10 13,155 votes
movie

Exposed

2016
1080p
Paranormal Activity 4 7,6
Paranormal Activity 4 Horror/Thriller/Mystery ကားတွေဖြစ်တဲ့ Paranormal activity ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ paranormal activity 4 (2012) ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားရဲ့အစပိုင်းမှာ အရင် paranormal activity ကားထဲက ဇာတ်ကောင် Katie နဲ့သူရဲ့ တူလေးတို့အကြောင်းကို အစပျိုးထားပါတယ် သို့ပေမယ့် ဒီဇာတ်ကားမှာတော့ ဇာတ်ကောင်အသစ်တွေနဲ့မိတ်ဆက်ပေးထားပါတယ်။ Alex နဲ့ Wyatt တို့ဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး မိသားစုတွေနဲ့အတူနေထိုင်လျက်ရှိတယ်။ Alex မှာBen ဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်။Alex က ဘယ်သွားသွား ဘယ်လာလာ ကင်မရာနဲ့မှတ်တမ်းတင်ထားလေးရှိတယ်။ တစ်နေ့မှာ သူတို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ Robbie ဆိုတဲ့ကောင်လေးဟာ သူတို့နဲ့အတူတူ လာနေဖို့အကြောင်းဖန်လာပါတော့တယ်။ Robbie မှာ ထူးထူးဆန်းဆန်း အပြုအမူတွေနဲ့ နေထိုင်တတိတဲ့ကလေးတစ်ယောက်ဖြစ်တယ် ။ တစ်ညမှာတော့ Alex ရဲ့ ကင်မရာထဲမှာ Robbie ရဲ့ သွေးလန့်စရာအပြုအမူတွေကို Alex တစ်ယောက် တွေ့သွားတဲ့အခါ ...
7,6
IMDB: 7,6/10 60.489 votes
movie

Paranormal Activity 4

2012
720PBluray
Paranormal Activity 3 5.8
Paranormal Activity 3 Horror/Thriller/Mystery ကားတှဖှဈတေဲ့ Paranormal activity ဇာတကွားတှထေဲက တဈကားဖှဈတဲ့ paranormal activity 3 (2011) ကိုတငဆွကပွေးလိုကပွါတယွ။ ဒီဇာတကွားရဲ့ အစပိုငွးမှာတော့ အရငွ paranormal activity ရဲ့ ဇာတကွောငွ Katie ဟာ ညီမဖှဈသူ Kristi ရဲ့တိုကခွနွးကို အလညသွှားခဲ့တယွ။ ပှီးတော့ သူမဟာ Kristi တို့လငမွယားဆီကို တိပခွှတှထညေေ့ထွားတဲ့ သတြတောတဈလုံးကိုထားခဲ့တယွ။ နှဈအနညွးငယကွှာပှီးတဲ့နောကမွှာ ထူးထူးဆနွးဆနွး Kristi တို့တိုကခွနွးဟာ ဖကှဆွီးခံရပှီး အဲ့ဒီတိပခွှသတေတြော တဈလုံးဟာလညွး ပှောကနွတယွေ။ ပှီးတော့ အဲ့ဒီ တိပခွှတှကေေ Katie နဲ့ Kristi တို့ညီအဈမ ငယဘွဝအကှောငွးကို ရိုကကွူးထားတာပဲဖှဈပါတယွ။ Katie နဲ့ Kristi တို့ညီအဈမဟာ သူတို့အမေ Julie နဲ့ ပထှေး Dennis တို့နဲ့အတူနကှတယွေ။ Dennis ကကတှော့ ဓာတပွုံဆရာပေါ့။သူတို့အိမမွှာ ...
5.8
IMDB: 5.8/10 88,073 votes
movie

Paranormal Activity 3

2011
720PBluray
Paranormal Activity 2 5.6
Paranormal Activity 2 Horror/Thriller/Mystery ကားတွေဖြစ်တဲ့ Paranormal activity ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ paranormal activity 2 (2010) ကိုတင်ဆက်ပေးလိုက်ပါတယ်။ Paranormal activity 1တုန်းကဇာတ်ကားကို ကြည့်ဖူးတဲ့သူတိုင်းသိပါလိမ့်မယ်... Paranormal activity ကားတွေဟာဆိုရင် မြင်နေကျ သရဲကားပုံစံ‌တွေနဲ့ကွဲထွက်နေတာဖြစ်ပါတယ်။ ဇာတ်ကားပုံစံကတော့ CCTV, video camera တွေကနေတစ်ဆင့် ဖြစ်ပျက်နေသမျှကို ကြည့်ရှုရမှာဖြစ်ပြီး တကယ့်ဖြစ်နေတာလို့တောင် ထင်ရတဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ Kristi နဲ့ Daniel တို့လင်မယားဟာ သားလေး Hunter နဲ့အတူ အိမ်အသစ်ကို ပြောင်းလာကြပါတယ် ။သိပ်မကြာခင်မှာပဲ သူတို့အိမ်ဟာ ဖောက်ထွင်းခံရပြီး Daniel ဟာ တစ်အိမ်လုံးကို CCTV တပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာပဲ CCTV မှာ ‌ကြောက်မက်ဖွယ်ရာ ထူးထူးဆန်းဆန်း တစ်ခုကို တွေ့မိပါတော့တယ်။ ထိုအချိန်ကစပြီး အဲ့ဒီအရာဟာ သူတို့တစ်မိသားစုလုံးကို လိုက်လံနှောက်ယှက်နေပါတော့တယ်။ ဒါ့ကြောင့် ...
5.6
IMDB: 5.6/10 96,176 votes
movie

Paranormal Activity 2

2010
720PBluray
Paranormal Activity 1 6.3
Paranormal Activity 1 ဒီဇာတ်ကားလေးမှာတော့ စိတ္တဇ ဆန်ဆန် ရိုက်ကူးထားတာပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်နှစ်ကောင်ထဲနဲ့ ရိုက်သွားတာပါ မီကယ်နဲ့ ကေတီ ပေါ့ ပထမပိုင်းမှာတော့ မီကယ်က ကင်မရာဝယ်လာပြီးအိမ်မှာ အပျော်တမ်းရိုက်ကြတာပေါ့ ကေတီက ငယ်ငယ်ကတည်းကစိတ်ဒဏ်ရာရှိတဲ့ကောင်မလေး ညအိမ်ထဲခါ အသံတွေကြားလို့ ကောင်းကောင်းမအိမ်ရဘူး စိတ်ပညာရှင်တွေခေါ်ပြီး အဖြေရှာခဲ့ကြတယ် နောက်ဆုံး မီကယ်က သူရဲ့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုဖော်ထုတ်မလဲ.... တကယ်ကို ရင်တထိန့်ထိန့်နဲ့ ကြည့်ရတဲ့ကားပါ အိမ်ထပ်ခိုးမှာ တွေရတဲ့ မီးလောင်ထားတဲ့ ကောင်းမလေးပုံကိုမြင်လိုက်ရတဲ့ ကေတီတစ်ယောက် တွက် ပိုပြီးခြောက်ခြားစရာကောင်းခဲ့တယ်... မီကယ်ရဲ့ သရဲ့ကိုနည်းလမ်းမျိုးစုံဘယ်လိုဖမ်းမလဲ စိတ္တဇဆန်ဆန် သရဲကားကြိုက်တဲ့လူတွေ အကြိုက်တွေ့မယ့်ကားမျိုးပါ စိတ်ပညာရှင်ဒေါက်တာဖားရစ်ရဲ့ အကြံပေးချက်အရ ပယောဂဆရာကိုခေါ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်းမယားနှစ်ယောက် ဘယ်လိုတွေဆက်ပြီး ထိန့်လန့်တဲ့ညတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ ဒီဇာတ်လမ်းမှာ အစပိုင်းကနေပြီးတော့ အဆုံးထိ ကြည့်တဲ့လူကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရအောင်ဆွဲခေါ်သွားတာပါ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ သူတို့နှစ်ယောက် ဘာများဖြစ်သွားကြမလဲ ..... အိမ်မှာ တကယ်ပဲသရဲ့ရှိတာလား စိတ္တဇများဖြစ်နေတာလာ.... Translated & Review By -- Win Htun Naing Encoded By -- Kar Yan www.yourcinema.org App - https://www.facebook.com/yourcinema.movieapp/ Paranormal Activity 1 Paranormal Activity 2 Paranormal Activity ...
6.3
IMDB: 6.3/10 214,494 votes
movie

Paranormal Activity 1

2007
720 PBlue-Ray
The Gallows 2015 4.2
The Gallows 2015 Unicode The Gallows ဆိုတဲ့ 2015 ခုနှစ်ကထွက်ခဲ့တဲ့ Supernatural , Horror ဇာတ်ကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် Budget 1 Million တောင် သုံးမထားပဲနဲ့ ဝင်ငွေ 43 Million တောင်ပြန်ရထားတာမို့ ဇာတ်ကားကောင်းလားဆိုတာ မေးဖို့တောင် မလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးက.... ရိစ် လို့ခေါ်တဲ့ ကျောင်းသားလေးက သူတို့ကျောင်းမှာ "ကြိုးစင်" ဆိုတဲ့ ကျောင်းပြဇာတ်မှာ ပါဖို့ အသဲအသန်ကြိုးစားနေခဲ့ပါတယ် ဟိုးဘက်နှစ်တွေက အဲ့ပြဇာတ်ကိုပဲ ကပြခဲ့တဲ့နေရာမှာ ချာလီဆိုတဲ့ ကျောင်းသားက လည်ပင်းမှာကြိုးကွင်းစွပ် ဖျော်ဖြေနေရင်းမှာ မတော်တဆသေဆုံးခဲ့ပါတယ် အဲ့ဒါကြောင့် ရိစ်ကို သူ့အေဖက ပြဇာတ်မှာ အော်ဂတ်စ် နေရာ (ချာလီ သရုပ်ဆောင်ခဲ့သောဇာတ်ကောင်) နေရာမှာ ပါဝင်ဖို့ ခွင့်မပြုခဲ့ပါဘူး.. ရိစ် ရဲ့ သူငယ်ချင်းရိုင်ယန် နဲ့ ရိုင်ယန်ရဲ့ ကောင်မလေး ကေစီဒီတို့က ပြဇာတ်စင်ကို ဖျက်ဆီးဖို့ ...
4.2
IMDB: 4.2/10 18,691 votes
movie

The Gallows 2015

2015
720P
12 Suicidal Teens 5.7
12 Suicidal Teens Unicode ====== ဒီဇာတ်ကားလေးဟာ ဂျပန်မှာ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်ပေါ်လာကြတဲ့ ကိုယ့်ကိုကိုယ် သတ်သေမှုတွေကို ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်နေကြတယ်ဆိုတာကို ချောက်ချားဖွယ်ရာ စိတ္တဇ ဆန်ဆန်တင်ပြလိုက်တဲ့ဇာတ်ကားလေးတစ်ကားပါ... ဇာတ်ကားထဲမှာ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ လူငယ် ၁၂ ယောက်ဟာ လူမှုကွန်ရက်ပေါ်တွင်တွေ့ရှိသော သတ်သေရန်စီစဉ်ပေးသည်ဆိုတဲ့အရာတစ်ခုကို စာရင်းသွင်းခဲ့ကြပါတယ်.. ထိုသို့စာရင်းပေးပြီးနောက်မှာ သတ်သေရန်လိပ်စာတစ်နေရာသို့သွားရောက်ခါ ကိုယ့်ကိုကိုယ်သတ်သေရမှာပါ.. ၁၂ ယောက်လုံးအဲဒီနေရာကိုရောက်သွားတဲ့အချိန်မှာ သူတို့အတွက် ကုတင် ၁၂လုံးနဲ့ လိုအပ်တဲ့ပစ္စည်းများကိုပါထည့်ပေးထားပါတယ်.. ထိုနောက်သူတို့ကြားထဲမှာ ကုတင်ဟာ ၁၂ လုံးတည်းရှိပြီး တစ်ယောက်ပိုနေတာကိုသိလိုက်ရပါတယ်.. ထိုသူဟာ လူပိုတစ်ယောာက်လား... ဒါမှမဟုတ် အရင်တမန် သတ်သေပြီးသားသူလော... ဒီအဖွဲ့အစည်းကြားမှာဝင်ရောက်ရောနှောနေခါတစ်ခုခုကြံစည်နေတဲ့သူလော... သူတို့ဟာ သတ်သေရလောက်အောင်ဘာအကြောင်းအရာတွေရှိနေတာလဲ... ဘယ်လိုအကြောင်းအရာတွေက သူတို့ကိုတစ်စုတစ်စည်းထဲဖြစ်စေခဲ့တာလဲ... သူတို့ဟာ လူငယ်တွေဖြစ်ပြီး ဘယ်လိုအကြောင်းအရာကြောင့် စိတ်မှာဒဏ်ရာများဖြစ်နေသလဲဆိုတာအပြင်.... အခြားသော ချောက်ချားဖွယ်ရာများကိုတွေ့မြင်ရမှာပါ   Zawgyi ====== ဒီဇာတ်ကားလေးဟာ ဂျပန်မှာ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်ပေါ်လာကြတဲ့ ကိုယ့်ကိုကိုယ် သတ်သေမှုတွေကို ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်နေကြတယ်ဆိုတာကို ချောက်ချားဖွယ်ရာ စိတ္တဇ ဆန်ဆန်တင်ပြလိုက်တဲ့ဇာတ်ကားလေးတစ်ကားပါ... ဇာတ်ကားထဲမှာ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ လူငယ် ၁၂ ယောက်ဟာ လူမှုကွန်ရက်ပေါ်တွင်တွေ့ရှိသော သတ်သေရန်စီစဉ်ပေးသည်ဆိုတဲ့အရာတစ်ခုကို စာရင်းသွင်းခဲ့ကြပါတယ်.. ထိုသို့စာရင်းပေးပြီးနောက်မှာ သတ်သေရန်လိပ်စာတစ်နေရာသို့သွားရောက်ခါ ကိုယ့်ကိုကိုယ်သတ်သေရမှာပါ.. ၁၂ ယောက်လုံးအဲဒီနေရာကိုရောက်သွားတဲ့အချိန်မှာ သူတို့အတွက် ကုတင် ၁၂လုံးနဲ့ လိုအပ်တဲ့ပစ္စည်းများကိုပါထည့်ပေးထားပါတယ်.. ထိုနောက်သူတို့ကြားထဲမှာ ကုတင်ဟာ ၁၂ လုံးတည်းရှိပြီး တစ်ယောက်ပိုနေတာကိုသိလိုက်ရပါတယ်.. ထိုသူဟာ လူပိုတစ်ယောာက်လား... ဒါမှမဟုတ် အရင်တမန် သတ်သေပြီးသားသူလော... ဒီအဖွဲ့အစည်းကြားမှာဝင်ရောက်ရောနှောနေခါတစ်ခုခုကြံစည်နေတဲ့သူလော... သူတို့ဟာ သတ်သေရလောက်အောင်ဘာအကြောင်းအရာတွေရှိနေတာလဲ... ဘယ်လိုအကြောင်းအရာတွေက သူတို့ကိုတစ်စုတစ်စည်းထဲဖြစ်စေခဲ့တာလဲ... သူတို့ဟာ လူငယ်တွေဖြစ်ပြီး ဘယ်လိုအကြောင်းအရာကြောင့် စိတ်မှာဒဏ်ရာများဖြစ်နေသလဲဆိုတာအပြင်.... အခြားသော ...
5.7
IMDB: 5.7/10 471 votes
movie

12 Suicidal Teens

2019
1080p.BluRay.H264.AAC
The Red Violin 7.6
The Red Violin Unicode ======= သားသမီးလေးတွေပိုင်ဆိုင်တော့မယ် ဆိုရင် မိခင်ဖခင်တွေဟာ ငါ့သားလေးဘာဖြစ်ရမယ်ငါ့သမီးလေးဘာဖြစ်ရမယ် စသည်ဖြင့်မျှော်လင့်ချက်တွေ အလိုလို ရှိလာပါတယ် ဒီလိုပါဘဲ တယောလုပ်ငန်းရှင်ဖခင်တယောက်ဟာ သူ့ရဲ့ မမြင်ရသေးတဲ့ သားလေးတွက် မျော်လင့်ချက်တသီတန်းကြီးနဲ့ သူ့ရဲ့လက်ရာအကောင်းဆုံး တယောလေးတခုကို ဖန်တီးပါတော့တယ် ဒီတယောလေးဟာ ရာစုနှစ်ပေါင်းများစွားတိုင်လူပေါင်းများစွာသုံးစွဲတည်ရှိလာခဲ့တဲ့နောက် ဖခင်တယောက်ရဲ့ သားအပေါ်ထားတဲ့စေတနာဖန်တီးခဲ့တယောလေးဟာ ဘယ်လိုတွေဆက်ပြီးဖြစ်လာမလဲ ဇတ်ကားက အစကတော့ အေးအေးလေးနဲ့ နည်းနည်းပျင်းစရာလိုလို ရှိပင်မဲ့ နောက်မှာတော့ ဇတ်ရှိန်တော်တော်ကောင်းကောင်းနဲ့ ဘယ်လိုတွေ လက်ရာမြောက်တဲ့အနုပညာလဲဆိုတာ တွေ့မြင်ရမာပါ Zawgyi =======ားသမီးလေးတွေပိုင်ဆိုင်တော့မယ် ဆိုရင် မိခင်ဖခင်တွေဟာ ငါ့သားလေးဘာဖြစ်ရမယ်ငါ့သမီးလေးဘာဖြစ်ရမယ် စသည်ဖြင့်မျှော်လင့်ချက်တွေ အလိုလို ရှိလာပါတယ် ဒီလိုပါဘဲ တယောလုပ်ငန်းရှင်ဖခင်တယောက်ဟာ သူ့ရဲ့ မမြင်ရသေးတဲ့ သားလေးတွက် မျော်လင့်ချက်တသီတန်းကြီးနဲ့ သူ့ရဲ့လက်ရာအကောင်းဆုံး တယောလေးတခုကို ဖန်တီးပါတော့တယ် ဒီတယောလေးဟာ ရာစုနှစ်ပေါင်းများစွားတိုင်လူပေါင်းများစွာသုံးစွဲတည်ရှိလာခဲ့တဲ့နောက် ဖခင်တယောက်ရဲ့ သားအပေါ်ထားတဲ့စေတနာဖန်တီးခဲ့တယောလေးဟာ ဘယ်လိုတွေဆက်ပြီးဖြစ်လာမလဲ ဇတ်ကားက အစကတော့ အေးအေးလေးနဲ့ နည်းနည်းပျင်းစရာလိုလို ရှိပင်မဲ့ နောက်မှာတော့ ဇတ်ရှိန်တော်တော်ကောင်းကောင်းနဲ့ ဘယ်လိုတွေ လက်ရာမြောက်တဲ့အနုပညာလဲဆိုတာ တွေ့မြင်ရမာပါ ------------------------------------------------------------------- Translated & Review By -- Aung Nanda Ko Ko Lwin Encoded By -- ...
7.6
IMDB: 7.6/10 30,858 votes
movie

The Red Violin

1998
1080p.BluRay.H264.AAC