Yourcinema

Romance

Bridget Jones’s Diary 6.7
Bridget Jones’s Diary ဟာသ နဲ့ အချစ် ဇာတ်ကားတွေထဲက Classic ကားဟောင်းကြီးတစ်ကားကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. 2001 က ထွက်ရှိခဲ့ပြီး imbd မှာ 6.7, Rotten မှာ 80% အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဘယ်အချိန်မှာ အချစ်က သူ့ဘဝထဲဝင်လာမလဲ မျှော်လင့်နေတဲ့ အပျိုကြီးမမ .. အပျို ဘဝက ကျွတ်လွတ်အောင် ရတာလဲ မယူ.. အရိုးခါးလေး ဂျီးများလေးလို သူမျိုး.. သူ့အမေ နှစ်စဉ်ကျင်းပတဲ့ ပါတီပွဲကို သွားတိုင်း ‌အမေက သူ့သမီးလေး အပျိုကြီးဘဝနဲ့ အရိုးထုတ်ရရှာမှာမို့ နှစ်တိုင်း ကောင်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးနေကြ.. အဲ့နှစ်မှာလည်း ထုံးစံအတိုင်း မိတ်ဆက် ပေးပါလေရော.. blind date လုပ်ရတာမို့ ဟိုကောင်လေးက သူ့ character ကို မကြိုက်ဘူးဆိုပြီး ငြင်းခံလိုက်ရတာက စလို့ သူ့ဘဝ ရေစုံမျောတော့မယ်ဆို ငိုယို​ပြီး.. သူ့ဘဝကြီး ထပ်အငြင်းမခံဖို့ ဒိုင်ယာရီရေး.. ...
6.7
IMDB: 6.7/10 220,413 votes
movie

Bridget Jones’s Diary

2001
1080p
Geetha Govindam 7.7
Geetha Govindam ဒီဇာတ်ကားလေးကတော့ ကုလားကားထဲမှာနည်းနည်းထူးခြားတယ်ဗျာ.comedy romance လေးပေါ့ မင်းသား ဗီဂျေးဟာငယ်စဉ် ၅နှစ်သားထဲက မိခင်ဆုံးပါးသွားတာကြောင့် သူအဖေရဲ့သွန်သင်မှုအောက်မှာညရှေးရိုးဆွဲကြီးတစ်ယောက်ပေါ့ ကြည့်ရင်တောင်ဇာတ်ကားကို ရှေးကားလိုလိုကားမှကြည့်တာ အဲ့လိုကားတွေကြည့်ပြီးတော့ ရည်စားလိုချင်တာလည်းနှံ့နှံ့တတ်ပဲလေ ဒီလိုနဲ့တစ်နေ့မှာ သူအစ်မရဲ့ မင်္ဂလာဆောင်ကိုသွားရင်းနဲ့ သူနဲ့ဘုရားကျောင်းမှဆုံခဲ့တဲ့ကောင်မလေးနဲ့သွားဆုံတယ် ဂီသာတဲ့ ကားပေါ်အဲ့ကောင်မလေးကိုဖွန်အကြောင်လွန်ပြီး နမ်းမိသွားရော ကောင်မလေးကလည်းဒေါသထွက်ထွက်နဲ့သူအကိုတွေကိုဖုန်းခေါ်ရာမှာ… သူအကိုကလည်း အဲ့မြို့မှ ဖိုက်တာအကြီးစားတွေဆိုတော့…နောက်ပိုင်းမှာ သူနဲ့ကောင်မလေးနဲ့သဘောတူညီချက်ယူလိုက်ပြိးတော့..ဘယ်လိုအဲ့ဗီဂျေးရဲဟာသတွေ တလွဲတွေကို ဟာသများစွာနဲ့တင်ဆက်ထားပါတယ် Encoded By Kar Yan
7.7
IMDB: 7.7/10 9,346 votes
movie

Geetha Govindam

2018
1080p
Dum Laga Ke Haisha 7.5
Dum Laga Ke Haisha Dum Laga Ke Haisha (2015) ပရိသတ်တွေအတွက် 2015 ကထွက်ခဲ့တဲ့ မင်းသားချော အရွတ်ရ်ှမန်းနဲ့ မင်းသမီးချော ဘူမိတို့ရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်... Romance/Drama အမျိုးအစားဖြစ်ပြီး IMDb 7.5/10 နဲ့ Google users 92% ရရှိထားပါတယ်... မင်းသမီး ဘူမိဟာ ဒီဇာတ်ကားအတွက် မူလကတည်းက အနည်းငယ်ဝနေတဲ့ခန္ဓာကိုယ်ကို အဝလွန်အောင်ဝိတ်တင်ခဲ့ရပြီး ဒီဇာတ်ကားနဲ့အတူ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်... ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်... ဇာတ်လမ်းလေးကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့ ပရမ်ဆိုတဲ့ကောင်လေးဟာ ငွေးကြေးအခက်အခဲကြောင့် မိဘတွေပေးစားတဲ့ ဆန်ဒယာဆိုတဲ့ အဝလွန်နေတဲ့ကောင်မလေးကို မယူချင်ဘဲယူလိုက်ရပါတယ်... ဒီလိုနဲ့ သူတို့အိမ်ထောင်ရေး အဆင်ပြေပါ့မလား...??? ဘာတွေဆက်ဖြစ်မလဲ...??? ဆိုတာကို ပရိသတ်တွေကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး... Quality - Bluray (1080P) (480P) Size - (1.6 GB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ ဒေါင်းရန် နှိပ်ပါ 1080P ...
7.5
IMDB: 7.5/10 17,452 votes
movie

Dum Laga Ke Haisha

2015
1080P Bluray 5.1CH
The Beautician and the Beast 5.4
The Beautician and the Beast The Beautician And The Beast (1997) ကင်မ် ဂျုံအန်လိုမျိုး အာဏာရှင်ကို ချစ်မိတဲ့အခါ ဘယ်လိုတွေဖြစ်မယ်ထင်လဲ မိန်းခလေးတို့.. ကဲ ၁၉၉၇ထွက် Comedy / Romance ကားလေးကို ခံစားကြည့်ရအောင်.. မစ်မိလ်လာ ဟာ USAက မိတ်ကပ် နဲ့ ဆံပင်ပညာရှင်တစ်ယောက်.. လက်ထပ်ဖို့ နားချနေတဲ့ အမေဖြစ်သူစကားနားမထောင်ပဲ သူ့ဘဝမှာ သူ ကြိုက်တဲ့သူကို ရွေးချင်သူ.. အရွေးလွန်း ဂျီးများတာကြောင့် FA ဖြစ်နေသူ.. ဒီလိုနဲ့ ကံကောင်းအကြောင်းလှလို့ ဖိန့်ဖိန့်တုန်​အောင်ကြောက်ရတဲ့ စလိုဗက်ဇီးယားနိုင်ငံငယ်လေးက အာဏာရှင်က သူ့ကိုပိုက်ဆံကြေးကြီးပေးပြီး သူ့သားသမီးတွေကို ပညာသင်ခိုင်းရာက စပြီး.. ဘယ်လို အလွဲတွေဖြစ် ဇာတ်တွေရှုပ်ပြီး တိုင်ပတ်မလဲ.. အာဏာရှင်ဆိုတဲ့အတိုင်းပြည်သူတွေကို ဘယ်လိုဖိနှိပ်မယ်..ဆိုတာတွေကို ''ဇာတ်ဝင်ခန်းတိုင်းလိုလို'' ဟာသ မြောက်ပြီး ကြည့်ရမှာ ဖြစ်ပါတယ်.. PS: အခုလို ရီရတဲ့ဟာသ ကားကောင်းလေးကို တောင်းတဲ့ ပရိတ်သတ်ကိုလဲ ကျေးဇူးတင်ပါတယ်.. Quality - 1080P , 480P Size ...
5.4
IMDB: 5.4/10 8,367 votes
movie

The Beautician and the Beast

1997
1080P Bluray 5.1CH
Hitch 6.6
Hitch ရုပ်ရှင် 184 ပြန်လည်သုံးသပ်ခြင်းအပေါ်အခြေခံပြီး 68% တဲ့အဆင့်သတ်မှတ်ချက်များနှင့် 6.3 / 10 ပျမ်းမျှပြန်လည်သုံးသပ်ရှိပါတယ်။ Hitch ကို ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင်ဖြန့်ချိခဲ့ပြီးဒေါ်လာ ၃၇၁.၆ သန်းရရှိခဲ့သည်။ 2005 ခုနှစ်ကအမေရိကန်ရုပ်ရှင်ဖြစ်ပါသည်။  အချစ်ဟာသရုပ်ရှင်ဇာတ်ကား​ဖြစ်ပြီး အန်ဒီ Tennant နှင့်သရုပ်ဆောင် Will Smith , နှင့်အတူ အီဗာ Mende , ကီဗင်ဂျိမ်းစ် နှင့် Amber Valletta ။ ဇာတ်လမ်းအကျဥ်းလေးကတော့... အဲလက်စ်ဟစ်ခ်ျဟစ်ကင် ( ဝီစမစ်သ် ) သည်ပရော်ဖက်ရှင်နယ်“ ချိန်းတွေ့သည့်ဆရာဝန်” ဖြစ်သည်။ သူသည်အခြားယောက်ျားများအားအမျိုးသမီးများအားလှောင်ပြောင်အနုပညာနည်းပြအဖြစ်လေ့ကျင့်ပေးသည်။စစ်မှန်သောရေရှည်ဆက်ဆံရေးကိုအဓိကထားသည်။ သူဟာသူလုပ်တဲ့အလုပ်မှာအရမ်းအောင်မြင်တယ်။ သူ၏ဖောက်သည်များအနက်တစ် ဦး အားနည်းတဲ့Albert Brennaman ( ကီဗင်ဂျိမ်းစ် ) သည်သူ၏ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ နာမည်ကျော်ထင်ရှားသူ Allegra Cole ( Amber Valletta ) - Hitch ...
6.6
IMDB: 6.6/10 291,413 votes
movie

Hitch

2005
1080p
Balakrishnudu 4.7
Balakrishnudu Balakrishnudu (2017) ဒီကားမှာတော့ မင်းသားဟာ ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ့် မိဘမဲ့ လူငယ်တစ်ယောက်။ နာမည်က ဘာလူတဲ့။ မွေးစားဖခင် ဂေါ့ဖားသားကြီး ရာဂူးနန်ဒန်းယာဒက်ဗ်ရဲ့ စေခိုင်းမှုကြောင့် နိုင်ငံရေးသမ တစ်ဦးရဲ့ တူမဖြစ်သူကို စောက်ရှောက်ပေးဖို့ ဘော်ဒီဂတ်အလုပ်ကို သူရတယ်။ ဘော်ဒီဂတ်အဖြစ် ငှါးပြီဆိုကတည်းက နိုင်ငံရေးသမမှာ ရန်သူတွေ၊အတိုက်အခိုက်တွေ အများကြီး ရှိနေလို့ဆိုတာ ခန့်မှန်းမိမယ်ထင်ပါတယ်။ ဒီလိုနဲ့. . . မြို့မှာ ကောလိပ်တက်နေတဲ့ ကောင်မလေးကို သူဟာ ဘော်ဒီဂတ်ဆိုတာကို မပြောပဲ ဘာလူတစ်ယောက် မွေးရပ်မြေကိုရောက်အောင် ဘယ်လိုများ ပြန်ပို့ပေးမလဲ. . . Quality - 1080P , 480P Size - 1.3 GB , 652 MB Subtitle & Encoded by လူယုတ်မာ #crd_review_bbmt   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [652 MB]
4.7
IMDB: 4.7/10 63 votes
movie

Balakrishnudu

2017
FHD 1080p
Groundhog Day 8
Groundhog Day Groundhog Day (1993) မင်းသားကြီး Bill Murray သရုပ်ဆောင်ထားပြိး Imbd မှာ 8 , Rotten Tomatoes မှာ 96 တောင်ဆိုတော့ Rating က အတော်ကြီးကောင်းနေပြီ... ဒါ့အပြင် အတော်ရယ်ရ ပြီး အချစ် ဂန္တဝင်ကားကောင်းကြီးတစ်ခု ဖြစ်တာမို့ ပရိတ်သတ်ကြီးကို ပြန်လည် မိတ်ဆက်ပေးချင်ပါတယ်... သူဟာ သာမန်သတင်းဋ္ဌာန တစ်ခုမှာ ရာသီဥတုကြေငြာသူ ဖြစ်ပြီး ပိုနာမည်ကြီးတဲ့ သတင်းဋ္ဌာနမှာ သတင်းကြေငြာတဲ့ ကြယ်ပွင့် ဖြစ်နိုင်တယ်လို့ သူ့ကိုယ်သူ ယူဆထားသူ.. ဒါ့အပြင် လုပ်ဖော်လုပ်ဖက်တွေကိုလည်း ကောင်းကောင်းမဆက်ဆံတတ်တဲ့ ဂေါက်သီးအဖြစ်တွေ့ရမှာပါ... တစ်နေ့ USA က ပွဲတော်တွေထဲက "ရှဥ့်ပွဲတော်" ဆိုတဲ့ သူသတင်းမပြောချင်တဲ့ ပွဲတော်လေးကို ပရိုဂျူဆာလုပ်ပေးတဲ့ စကီလေးရယ် သူ့လုပ်ဖော်ကိုင်ဖက် ဒရိုင်ဗာရယ်နဲ့ သွားရောက်တင်ဆက် သတင်းယူပေးဖို့ အထက်အမိန့်ကျလို့ သွားပြောရင်း ဘာတွေ ဘယ်လိုတွေ အလွဲတွေ မဖြစ်နိုင်တာတွေကြုံပြီး သူ့ဘဝ ဘယ်လို ...
8
IMDB: 8/10 567,505 votes
movie

Groundhog Day

1993
720 P
Dil Bechara 9.6
Dil Bechara Dil Bechara (2020) အပြုံးလှလှလေးနဲ့ အမြဲဆွဲဆောင်မှုရှိနေတဲ့ မင်းသားဆူရှန့်ရဲ့ မသေခင်နောက်ဆုံးထွက်တဲ့ကားလေး Dil Bechareဟာ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်တွေနောက်ဆုတ်လာရင်းနဲ့ July 24th မှာ Disney+Hotstarကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်... IMDb ratingကတော့ လက်ရှိ လူပေါင်း ၅‌သောင်းခွဲ‌လောက်က ပေးထားတဲ့ ratingအရ 9.7/10ထိ ရရှိထားပါတယ်... ဇာတ်လမ်းအကျဉ်း ကင်ဆာရောဂါသည်မလေး ကစ်ဇီဟာ သူ့ရဲ့နေ့ရက်တိုင်းကို ပွတ်ရှ်ပင်ဒါလို့သူနာမည်ပေးထားတဲ့အောက်စီဂျင်ဘူးလေးနဲ့အတူ ဖြတ်သန်းနေရပါတယ်... တစ်ရက်မှာ မန်နီလို့ခေါ်တဲ့ ကင်ဆာရောဂါသည်‌ကောင်‌လေးနဲ့တွေ့တဲ့အခါ… သူတို့ကြားကဆက်ဆံရေးတွေ ဘယ်လိုဖြစ်လာမလဲ… ရောဂါသည်အချင်းချင်း ဘယ်လို ဖေးမ'မလဲ… ဘယ်လိုအရာတွေနဲ့ကြုံတွေ့လာရမလဲ… ဒီလို ​ကားကောင်းမျိုးကို အညွှန်းရေးရင် ပေါ့ပျက်ပျက်ကြီး ဖြစ်သွားပါလိမ့်မယ်... ဒါကြောင့် တော်ပြီ ဒီလောက်ပဲညွှန်းတော့မယ်.… ပြီးခဲ့တဲ့လက သေဆုံးသွားခဲ့တဲ့ဆူရှန့်ရဲ့ နောက်ဆုံးထွက်ကားဖြစ်နေတာမို့ လူစိတ်ဝင်စားမှုတော့ တော်တော်များခဲ့တယ်လို့ပြောရမယ်ဗျ (ဘောလိဝုဖန်တွေအတွက်ပေါ့နော်)... ကိုယ်တွေလဲ ဆူရှန့်ဖန်မဟုတ်ခဲ့ပေမဲ့ ဒီကားကြည့်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ချစ်စရာအပြုံးတွေ သရုပ်ဆောင်ချက်လန်းလန်းလေးတွေတွေ့ပြီး သဘောကျမိပါတယ်... သင်လဲ ဘောလိဝုကားဆို အနှစ်သာရရှိမှကြည့်ချင်တာပါဆိုရင်တော့ ဒီကားလေး မြည်းစမ်းကြည့်ပါလို့ ဖိတ်ခေါ်အပ်ပါတယ်... Genre - Comedy/ Romance/ Drama Translated By MinnMyoKhant Encoded ...
9.6
IMDB: 9.6/10 61,156 votes
movie

Dil Bechara

2020
1080 P
Dear John 6.3
Dear John ဒီဇာက်လမ်းကတောင်ကယ်ရိုလိုင်းနားကမ်းခြေတစ်ခုမှာ စကားပြောနဲတဲ့ အထူးတပ်ဖွဲ့၀င်တပ်ကြပ်ကြီး Johnနဲ့ မိန်းမချောလေး Savannahတို့တွေ့ရာရနေစပါတယ် တွေ့ရတဲ့နှစ်ပတ်အတွင်းမှာ သူတို့နှစ်ယောက်က ချစ်သူ ဖြစ်သွားခဲ့ကြပါတယ် Savannahကကောလိပ်ကိုပြန်ရပြီး Johnကစစ်တပ် ထဲကိုပြန်ရမဲ့အချိန်ရောက်လာတဲ့အခါမှာတော့ ခွဲရမဲ့ တစ်နှစ်အတွင်းမှာ ဖြစ်သမျှအကြောင်းစာရေးပြောဖို့ Savannahကပြောခဲ့ပါတယ် သူတို့နှစ်ယောက်က တစ်ယောက်ဆီတစ်ယောက်အပြန်လှန်ဘဲစာရေးခဲ့ကြတယ် လောကကြီးကစီစဉ်ထားသလိုသာဖြစ်မယ်ဆိုရင်တော့ သူတို့နှစ်ယောက်က တစ်နှစ်အကြာမှ လက်ထပ်ဖြစ်ကြမှာ ဖြစ်ပါတယ် ဒါပေမဲ့လည်းဘ၀ဆိုတာ ရတာမလို လိုတာမရဖြစ်တတ်သလို ဖြစ်ချင်ရာမဖြစ်ရဘဲ မဖြစ်ချင်တာတွေ ဖြစ်တတတ်တဲ့သဘောက‌လည်းရှိနေတော့ သူတို့နှစ်ဦးကြားမှာ အခတ်ခဲလေးတွေရှိလာပါတယ် တဖြည်းဖြည်းနဲ့ Savannahကစာအရေးကျဲလာက‌နေ တစ်နေ့မှာတော့ သူအခြားတစ်ယောက်နဲ့စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းစာက Johnဆီကိုရောက်လာပါတော့တယ်... Savannahကရော ဘယ်လိုအကြောင်းတွေကြောင့် အခြားတစ်ယောက်ကို စေ့စပ်ရတာလဲ Johnကရော ချစ်ရသူကိုစိတ်နာပြီးဘဲပြစ်ထားမလား အကြောင်းစုံသိရအောင်ဘဲ စုံစမ်းမလား... ချစ်တဲ့သူနှစ်ယောက်ကရော ပြန်လည်ပေါင်းဖတ်နိုင်မှာလားဆိုတာကတော့....... Translated & Review By Yamin Ou Encoded By Kar Yan
6.3
IMDB: 6.3/10 135,672 votes
movie

Dear John

2010
1080p HD
Lovers Day 5.5
Lovers Day Your Cinema ပရိတ်သတ်ကြီးကို ဒီတစ်ခါ အရမ်းလန်းတဲ့ LOVERS DAY ဆိုတဲ့ဆယ်ကျော်သက် ကျောင်းသား‌ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီကားလေးမှာ ကျွန်တော်အကြိုက်ဆုံးက ကျောင်းသားကား ဖြစ်တာနဲ့အညီ သုံးထားတဲ့မင်းသား မင်းသမီလေးတွေ အားလုံးဟာ ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်နေတာကိုပါ။ ဒီအချက်ကဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။မင်းသား မင်းသမီးလေးတွေက အသက်ငယ်ပေမဲ့ သရုပ်ဆောင်ချက်တွေက တကယ်ပီပြင်ပါတယ်။ ဒီကားလေးကိုကြည့်တဲ့သူတိုင်း မိမိတို့ရဲ့ငယ်စဉ် ကျောင်းသားဘဝကို ပြန်လည်တမ်းတ သတိရနေမယ်ဆိုတာ အသေအချာ ပြောရဲပါတယ်။ကျောင်းသားဘဝ မှားတက်တဲ့အမှား ပေါင်းများစွာကိုလည်း ဟာသဆန်ဆန် ဇာတ်ကွက်လေးများဖြင့် ဖော်ကျူးထားသောကြောင့် အူနှိပ်ပြီးရယ်နေရမှာလဲ မလွဲဧကန်ဖြစ်ပါတယ်။ ကျောင်းသားဘဝ သူငယ်ချင်းများရဲ့ ကြားမှာရှိတဲ့သံ ယောဇဉ်တွေ ၊တစ်ယောက်အခက်အခဲကိုတစ်ယောက်က ကူညီဖြေရှင်းပေးတာတွေ ၊ယောက်ျားလေးသူငယ်ချင်းနဲ့ မိန်းကလေးသူငယ်ချင်းတို့ရဲ့ကြားက သံယောဇဉ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာဖြစ်ပါတယ် ။ကုလားကားဆိုတဲ့အတိုင်း ဇာတ်လမ်းလှည့်ကွက် အလှည့်အပြောင်းများကလည်း ပရိသတ်ကြီးကို ရင်ခုန်စိတ်လို့ရှားစေမှာပါ ။ဇာတ်လမ်းအကျဉ်းကိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် မပြောတော့ပါဘူး။လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်ကို ခံစားချင်သူတိုင်း ...
5.5
IMDB: 5.5/10 2,065 votes
movie

Lovers Day

2019
1080 P
Vicky Donor 7.8
Vicky Donor Vicky Donor (2012) ကဲ Ayushmann Khurranaရဲ့နောက်တစ်ကားဗျာ... Dream Girlတို့ Article 15တို့ကို ကြိုက်ခဲ့တဲ့ပရိတ်သက်တွေကတော့ ဒီမင်းသားကို ကြိုက်မယ်လို့ထင်ပါတယ်... ဘာဖြစ်လို့လဲဆို ကျွန်တော်ကြည့်ပြီးသလောက် သူ့ရဲ့ဇာတ်ကားတွေ တစ်ကားမှ အပြစ်ပြောစရာမရှိလို့ပဲ... ဇာတ်လမ်းအကျဉ်း အလုပ်မရှိအကိုင်မရှိကောင်လေးဗစ်ကီက ပိုက်ဆံဖြုန်းရတာတော့ ဝါသနာပါတယ်ဗျ... သုံးစရာမရှိရင် အိမ်ကမွေးထားတဲ့ခွေးကိုတောင် ရောင်းစားရဲတဲ့အမျိုး... အဲ့လိုကောင်လေးကိုမျက်စိကျသွားတာက မျိုးပွားဗေဒဆရာဝန် ဒေါက်တာချန်ဒါတဲ့... ဘာလုပ်ဖို့မျက်စိကျသွားတာလဲဆို သုတ်လှူဖို့ပဲ... အဲ့တော့ ကောင်လေးဗစ်ကီကို အမျိုးမျိုးစည်းရုံးပြီး သုတ်ရည်လှူခိုင်းတယ်.. ပိုက်ဆံကိုလည်း ရှယ်ပေးတယ်... အဲ့တော့ ဗစ်ကီကသဘောကျပေါ့... အဲ့လိုနဲ့အဆင်ပြေလာပြီးမှာ ကောင်လေးဗစ်ကီအချစ်စစ်နဲ့တွေ့ပြီး လက်ထပ်သွားရော... လက်ထပ်ပြီးမှ ကြုံတွေ့လာရမယ့်အခက်အခဲတွေကဘာဖြစ်မလဲ... သူဒီလိုလုပ်ခဲ့တာကို သူမိသားစု သူ့ရဲ့ဇနီးမယားသိသွားတဲ့အခါ လက်ခံနိုင်ကြမလား... ဒေါက်တာချန်ဒါကကော ဘယ်လိုနည်းနဲ့ပြန်ကူညီဖြေရှင်းပေးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီး ပျော်ပျော်ရွှင်ရွှင်ခံစားရမှာပါ... (အညွှန်းမရေးတတ်လို့ သိပ်မထိရောက်ဘူးဖြစ်သွားရင်တောင် စိတ်ပျက်ပြီး မကြည့်ဘဲမနေပါနဲ့... တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားပါ... ဒီမင်းသားရဲ့ တခြားကားတွေလဲရှာကြည့်ကြည့်ပါ... တစ်ကားမှ ပေါ့တိပေါ့ပြတ်မပါဘူး... အကုန်ကောင်းတယ်) Genre - Comedy, Romance Translated by MinnMyoKhant Encoded by လူယုတ်မာ   1) 👉ဒေါင်းရန်နှိပ် DropBox 1080P [1.2 GB] 2) 👉ဒေါင်းရန်နှိပ် MegaUp 1080P ...
7.8
IMDB: 7.8/10 38,395 votes
movie

Vicky Donor

2012
1080 P
Jaane Tu… Ya Jaane Na 7.5
Jaane Tu… Ya Jaane Na Jaane Tu Yu Jaane Na (2008) PKမင်းသားကြီး အာမီရာခမ်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုတ်ထားတဲ့အချစ်ကားလေးပါ... IMDb7.5/10ရရှိထားပါတယ်... အဓိကမင်းသားကတော့ အီမရန်ခမ်းပါ... ဇာတ်လမ်းအစမှာ သူငယ်ချင်းတစ်စု ကားကြီးစီးပြီး သီချင်းတွေအော်ဆိုနေတဲ့အခန်းနဲ့စထားပါတယ်... ပစ္စည်းတစ်ခုဟာရှိနေရင် သူရဲ့တန်ဖိုးကို အသိအမှတ်သိပ်မပြုကြပါဘူး... မရှိတော့ရင်တော့ သူရဲ့တန်ဖိုးကို သိလာကြတယ်... အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်... ယောက်ျားလေးက လုံးဝရန်မဖြစ်တတ်တဲ့သူ... မိန်းခလေးကတော့ ခပ်စွာစွာလေးပေါ့... သူတို့နှစ်ယောက်သိပ်ချစ်တတ်ကြလွန်းလို့ သူငယ်ချင်းတွေရဲ့ မိဘတွေကတောင် ရည်းစားလို့ထင်နေတာပါ... ကောလိပ်ပြီးတဲ့အခါမှာ မိဘတွေကသူတို့ကိုလက်ထပ်ဖို့စီစဉ်ကြတယ်... အဲဒိအခါမှာသူတို့နှစ်ယောက်ဟာ အများထင်သလိုသမီးရည်းစားမဟုတ်ပဲ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြောင်း ပြောပြကြတယ်... ကျောင်းလည်းပြီးပြီဆိုတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ရည်းစာရှာပေးဖို့သဘောတူလိုက်ကြတယ်။ကောင်းလေးကအရင်ရည်းစားရသွားတယ်... သူ့ကောင်မလေးကိုသူကသိပ်ချစ်တတ်တာ... အချိန်တွေအကြာကြီး တပူးပူးတတွဲတွဲ သွားလာနေပြီးမှ ကိုယ်သူငယ်ချင်းက သူ့ရည်းစားနဲ့ပဲ အချိန်ပေးနေတော့ သူငယ်ချင်းကောင်မလေးဘယ်လိုခံစားရမလဲ... သူထင်ထားသလို့ သူ့သူငယ်ချင်းအပေါ်သူတကယ်ရိုးသားရဲ့လား... ကောင်လေးကရော???????? ဘာတွေဆက်ဖြစ်မလဲ ကြည့်ကြည့်ပါဗျ...   (အညွှန်းကို ကိုယ်တိုင်ကိုယ်ကျ ရေးပေးပြီး ဘာသာပြန်ပေးထားသူကတော့ Maung Pyae Aye ဖြစ်ပြီး လူယုတ်မာက Encode ပေးထားပါတယ်။)   1) ဒီမှာ ဒေါင်းပါ DropBox 720P [1.6 GB] 2) ဒီမှာ ...
7.5
IMDB: 7.5/10 24,771 votes
movie

Jaane Tu… Ya Jaane Na

2008
720 P
The Dressmaker 6.3
The Dressmaker အင်္ဂလန်မှာနေတဲ့ နာမည်ကြီး အဝတ်ချူပ်ဆရာမ သို့မဟုတ် တစ်သက်လုံး တစ်ကိုယ်တည်းနေပြီး တူမလေးကို စောင့်ရှောက်နေတဲ့ အန်တီ Nellie၊ ပျော်ပျော်နေတတ်ပြီး လူငယ်တွေနဲ့ အပြိုင်လန်းနေတဲ့ ယောက်ျားတွေအကြောင်းနှောကျေသူ အန်တီ Margo၊ အချစ်ကို အခုမှ စတင်တွေ့ရှိမယ့် အန်တီနှစ်ယောက်ရဲ့ လက်မှာပဲ ကြီးပြင်းလာတဲ့ ၁၇နှစ်ရွယ်ကောင်မလေး Rita၊ ပြီးတော့ ဇနီးဆုံးပြီးကတည်းက သမီးလေးကို အန်တီတွေ လက်ထဲအပ်ထားပြီး သမီးလေးအတွက် အကောင်းဆုံးကိုပဲ လုပ်ပေးချင်တဲ့ အဖေ သို့မဟုတ် ဦးလေး Jack။ သူတို့တွေရဲ့ ဘဝထဲကို အမေရိကန်စစ်သားလေး တစ်ယောက်ရောက်လာပြီးနောက် ဘာတွေဖြစ်သွားမလဲ၊ Rita ရဲ့ အချစ်လမ်းခရီးကကော ဖြောင့်ဖြူးမှာလား…….. ဒုတိယကမ္ဘာစစ်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို 1988ခုနှစ် ဝန်းကျင်မှာ ရိုက်ထားတာ ဆိုပေမဲ့ ဒုတိယကမ္ဘာစစ်တုန်းက အငွေ့အသက်တွေကို လစ်ဟာမှုမရှိအောင်ရိုက်ကူးပေးထားတဲ့ အတွက် ကြည့်ရှုသူအပေါ် ရသတစ်ခု ...
6.3
IMDB: 6.3/10 197 votes
movie

The Dressmaker

1988
1080p
Thangamagan 6
Thangamagan Thanga Magan (2015) အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီကား​လေး က (south indian)tamil movie ပါ။ အမည်က​တော့ " သား​ကောင်းရတနာပါ" Translator ကိုယ်တိုင်ကြည့်တာ ၃ခါမက​တော့ ​တော့ပါဘူး ဒါ​ပေမဲ့ကြည့်တိုင်းရီ​နေရပါတယ်🤣၊ ရိုးလည်းရိုးမသွားဘူး။ ရီရတယ်ဆိုလို့ ဟာသကြီးပဲမဟုတ်ပါဘူး။🤔 😀 ရသာစုံပါဝင်တယ်၊ romance(အချစ်ရသ)၊ Drama ရသ၊ action (ဖိုက်တင်)​​​တွေအပြင်၊ Friendship (သူငယ်ချင်း​တွေရဲ့ သံ​ယောဇဥ်)တွေလည်း ပါပါ​သေးတယ်။ Movie review ​​တော့ မရေး​ပေးချင်​တော့ဘူး၊ ဘာဖြစ်လိုလဲ့ဆို​တော့ ရုပ်ရှင်ရဲ့အရသာကို​ပေါ့ပျက်​စေတယ်။ နာမည် အတိုင်း သား​လိမ္မာ တစ်​ယောက်ရဲ့ ဘဝရဲ့​ အ​ကွေ့အချိုး​တွေကို ဖြတ်သန်းပုံကို ကို သရုပ်​ဖော်ထားခြင်းဖြစ်ပါတယ်။ ☺ 👱‍♀️👩မင်းသမီး​ချော​လေး ၂​ယောက်နဲ့ ​ယောက်ကျားဆန်ဆန်💁‍♂️ မင်းသားတစ်​ယောက်လည်းပါဝင်ပါတယ်။ 🎶သီချင်း​🎶တွေကိုလည်း အ​ကောင်းဆုံး ဘာသာပြန်​ပေးထားလို့ ကြည့်ဖြစ်​အောင်ကြည့်ကြပါ​နော်။😀   (ဘာသာပြန်ပြီး အညွှန်းရေးပေးသူကတော့ ညီမငယ် Pwint Saple ဖြစ်ပြီး လူယုတ်မာက Encode လုပ်ပေးထားပါတယ်။)   1) ဒီမှာ ဒေါင်းပါ DropBox 1080P [920 MB] 2) ...
6
IMDB: 6/10 1,735 votes
movie

Thangamagan

2015
The Best of Me 6.7
The Best of Me အချစ်ဇာတ်လမ်းလှလှလေးတစ်ပုဒ်ကို ပြန်ခံစားကြမလား အခုပြောမယ့်ကားကတော့ တခြားမဟုတ်ပါဘူး။ The best of me (2014) ပါပဲ။ အချစ်ဇာတ်လမ်းနဲ့ပတ်သက်ရင် မေ့ထားလို့မရတဲ့ စာရေးဆရာကြီး Nicholas Spark ရဲ့ ရင်နင့်ကြည်နူးဖွယ် ဖန်တီးမှု‌တွေထဲကတစ်ခုပါပဲ။ IMDb - 6.7 နဲ့ အားမလိုအားမရဖြစ်ရတဲ့ အပိုင်းတွေပါပေမယ့် အရမ်းကြည်နူးရပြီး အရမ်းလွမ်းမောရတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ပါဘူး။ အချစ်ဇာတ်လမ်း ဖြစ်တာမို့ ကိုယ်တိုင်ကြည့်ပြီး စီးမြောခံစားသွားမှ အရသာပိုတွေ့ပါလိမ့်မယ်။ ဒီဇာတ်လမ်းမှာ လူငယ်ဆန်တဲ့ ရင်ခုန်ကြည်နူးစရာအချစ်ရယ်၊ လူကြီးဆန်သွားတဲ့ ရင့်ကျက်လွမ်းမောဖွယ်အချစ်ရယ် ဆိုတဲ့ ကွဲပြားတဲ့ အချစ်ပုံစံနှစ်မျိုးကို တွေ့ရမှာပါ။ ဒီလိုမျိုး အချိန်နဲ့ အသက်အရွယ်ကြောင့် အချစ်နဲ့ ဘဝပုံစံဟာ ကွဲပြားသွား‌ခဲ့တာတောင်မှ တစ်ချိန်က ကိုယ်ရင်နင့်အောင် ချစ်ခဲ့ရတဲ့သူတစ်ယောက်ကို အခုထိတိုင် မပြောင်းလဲသော၊ မလျော့သောခံစားချက်တွေနဲ့ ချစ်နေနိုင်သေးကြောင်းကိုလည်း မြင်တွေ့ခံစားရပါလိမ့်မယ်။ ခင်ဗျား‌တို့ရော ...
6.7
IMDB: 6.7/10 63,989 votes
movie

The Best of Me

2014
1080p
Timeline 6.8
Timeline ဒီ ဇာတ်ကားလေးကတော့ 2014 က ထွက်ရှိထားတဲ့ Timeline ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ rating ကတော့ 6.8 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်း တန်ဆိုတဲ့ ကောင်လေးကို သူ့အမေက မုဆိုးမဘဝနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ သားဖြစ်သူက ဘန်ကောက်မှာ ကောလိပ်တက်ခွင့်ရခဲ့ပေမယ့် မိခင်ဖြစ်သူက စိတ်မချတဲ့ အတွက် မလွှတ်ချင်ခဲ့ဘူး။ ဒါပေမယ့် သားဖြစ်သူစိတ်ချမ်းသာစေဖို့ ဘန်ကောက်မှာ ကျောင်းတက်စေခဲ့ပါတယ်။ ကျောင်းတက်ရင်း ဂျွန်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံပြီး သူငယ်ချင်းဖြစ်ခဲ့တယ်။ ဂျွန်က သွက်လက်တက်ကြွတဲ့ မိန်းကလေးတစ်ယောက်ပါ။ နောက်တော့ ဂျွန်က တန့်ကို ချစ်မိသွားပါတော့တယ် ။ တန်ကတော့ သူ့ကို ဂျွန်တစ်ယောက် ချစ်မိနေတာကို မသိပါဘူး။ တန်က ဂျွန်နဲ့ အမတစ်ဝမ်းကွဲ တော်စပ်သူ Orn ကို ချစ်မိနေပါတယ်။ တစ်ဖက်မှာလည်း တန်က မိခင်ဖြစ်သူကို အထင်မှားတာမျိုးတွေရှိနေပါတယ်။ နောက်ဆုံးမှာ တန်တစ်ယောက် ဂျွန် ...
6.8
IMDB: 6.8/10 309 votes
movie

Timeline

2014