Yourcinema

Science Fiction

Sputnik 6.3
Sputnik အခုမိတ်ဆက်ပေးမှာကတော့ Sputnik ဆိုတဲ့ ခု လက်တလောမှ ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကတော့ rating ၆.၃ ရထားပါတယ်။ Sc-fi,Thriller အမျိုးအစားဇာတ်လမ်းကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း စစ်အေးတိုက်ပွဲအပြီး ဆိုဗီယက်အာကာသယာဉ်တစ်စင်းဟာ မစ်ရှင်လွဲချော်သွားပြီးနောက် မြေပေါ်သို့ပျက်ကျကာ တပ်မှူးသာကျန်ရစ်ခဲ့ပါတယ်။ တပ်မှူး၏စိတ်အခြေအနေကိုဆန်းစစ်ဖို့ နာမည်ကျော်ရုရှားစိတ်ပညာရှင်ကိုခေါ်ယူခဲ့တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီးလည်း လျှို့ဝှက်ချက်တွေက ရှိနေပါတယ်။ ကျန်ရစ်ခဲ့တဲ့ တပ်မှူးမှာ ကပ်ပါးတစ်ကောင် ကပ်ပါလာပါတယ်။ အဲ့သတ္တဝါ ကပ်ပါးကောင်ကို ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ကပ်ပါးကောင်ကို အစာကျွေးဖို့အတွက် တစ်နေ့တစ်နေ့ လူတွေ အသက်ပေးရပါတယ်။ တပ်မှူးဆီမှာ ဒီလိုကိစ္စတွေ ဖြစ်ပျက်နေတာကို သတင်းမီဒီယာတွေဆီ လျှို့ဝှက်ထားပါတယ်။ ဒါတွေကို စိတ်ပညာရှင်လည်း မသိပါဘူး။ နောက်တော့ သူစုံစမ်းလိုက်ရင်း ကြောက်စရာကောင်းတဲ့မြင်ကွင်းကို သူမြင်သွားပါတော့တယ်။ ဒီဇာတ်ကားလေးဟာ ကြည့်ရင်းကြည့်ရင်းမှ စိတ်လှုပ်ရှားစရာကောင်းတဲ့အတွက်ကြောင့် Thriller အမျိုးအစားကို သဘောကျတဲ့သူတွေလည်း အကြိုက်တွေ့မယ်ထင်ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုပဲ ကြည့်ရှုခံစားလိုက်ကြပါနော်။ -=-=-=-=-=-=-=-=-= Translated ...
6.3
IMDB: 6.3/10 5,147 votes
movie

Sputnik

2020
1080p
The Lost World: Jurassic Park 6.6
The Lost World: Jurassic Park The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size : (1 GB) and (579 MB) Quality : BluRay 720p Running Time : 2hr 09min Format : Mp4 Genre :Action,Adventure,Sci-Fi Subtitle ...
6.6
IMDB: 6.6/10 369,691 votes
movie

The Lost World: Jurassic Park

1997
1080P Bluray 5.1CH
Jurassic Park 8.1
Jurassic Park Jurassic Park (1993) ဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည် IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင် ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍ နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကို ငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင် လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီး လျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီး ထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေကို သဘာ၀တရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာ ဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား။ Quality - 1080P , 480P Size - 1.1 GB , 588 MB Subtitle & Encoded by လူယုတ်မာ #crd_review_channelmyanmar   ဒေါင်းရန် နှိပ်ပါ 1080P [1.1 GB] ဒေါင်းရန် နှိပ်ပါ 480P [588 MB]
8.1
IMDB: 8.1/10 841,830 votes
movie

Jurassic Park

1993
1080P Bluray 5.1CH
WestWorld 8.7
WestWorld WestWorld (2016 -2020 ) WestWorld ဆိုတဲ့ စီရီးဟာ IMDB Rating 8.7/10 အထိ ရရှိထားပြီး Voting ပေးသူ 406,840 အထိ ရှိထားပါတယ်။နာမည်ကြီး Game Of Throne စီးရီးလိုမျိုး ကျော်ကြားမှုမျိုးလည်း ရထားပါတယ်။ WestWorld စီးရီးဟာ အရမ်း ပဟေဋိဆန်ပြီး ဖြစ်နိုင်ခြေပေါင်း များစွာကို အစ,ဆွဲထုတ်ပေးထားတာကြောင့် ကြည့်ရှုသူအပေါင်းရဲ့ အတွေးထဲကို မေးခွန်းပေါင်းများစွာ ကျန်ခဲ့စေပါလိမ့်မယ်။ WestWorld စီးရီးဟာ အများနဲ့မတူတဲ့ ဇာတ်အိမ်ကို တည်ထားပါတယ်။ WestWorld ဆိုတာ ကျွန်တော်တို့ရဲ့ အတွေးထဲက ဒုတိယ ကမ္ဘာတစ်ခု (သို့) လက်တွေ့ဆန်တဲ့ ကစားပွဲ တစ်ခုပါ။ WestWorld စီးရီးဟာ ကျွန်တော်တို့ရဲ့ တွေးခေါ်နိုင်စွမ်း ဘယ်လောက် မြင့်မားသလဲ ဆိုတာကို အဖြေပေးပါလိမ့်မယ်။ WestWorld စီးရီးဟာ ကျွန်တော်တို့ရဲ့ ထင်မြင်ချက်တွေကို အကြိမ်ကြိမ် ရိုက်ချိုးပြပါလိမ့်မယ်။ WestWorld စီးရီးမှာ နာမည်ကြီး သရုပ်ဆောင်တွေ ...
8.7
IMDB: 8.7/10 406,840 votes
movie

WestWorld

2016
1080p.BluRay.
Iru Mugan 6.3
Iru Mugan Iru Mugan (2016) Action ကားကောင်းကောင်းကြိုက်သူများအတွက် နာမည်ကျော် Vikram ရဲ့ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action Thriller ကားလေး တင်ပေးလိုက်ပါတယ်။ တစ်ကားထက် တစ်ကား ပိုမိုပြီး ထူးခြားဆန်းသစ်အောင် ရိုက်ကူးလာတဲ့ တောင်ပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း.. ဇာတ်အိမ်ကိုအဆင့်မြင်မြင့် နဲ့.. အာဏာရှင် ဟစ်တလာရဲ့... တပ်တွေဆီမှာ စိတ်ကူးယဉ်မြစ်ဖျားခံထားတာကိုတွေ့ရှိရပါတယ် ခင်ဗျ။ မလေးရှားနိုင်ငံမှာ.. ရိုက်ကွင်းအခြေတည်ရိုက်ကူးထားတဲ့အတွက်... မြင်နေကျ တောင်ပိုင်းရုပ်ရှင် အသွင်အပြင်နဲ့ ကွဲပြားနေတာတော့ အမှန်ပါပဲခင်ဗျာ။ RAW အထူး အေးဂျင့် အကီလန် ဟာ (Code name) LOVE လို့ခေါ်တဲ့ ရာဇ၀တ်ကောင်တစ်ယောက် ပြန်ပေါ်လာတဲ့အတွက် ရာထူးချထားရာကနေ ပြန်လည်ခေါ်ယူ​​ခြင်းခံခဲ့ပါတယ်။ အကြမ်းဖက်ဒုစရိုက်ခေါင်းဆောင် LOVE ဟာ မလေးရှားနိုင်ငံမှာ လေးနှစ်ကြာ ဇာတ်မြှုပ်နေခဲ့ပြီးနောက် အာဏာရှင်ဟစ်တလာရဲ့ စစ်သားတွေအပေါ်မှာ စမ်းသပ်သုံးစွဲခဲ့တဲ့.. စိတ်ကြွဆေး တစ်မျိုးကိုဖြန့်ဖြူးဖို့ ကြိုးစားလာတာကို စုံစမ်းသိရှိရတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ အေးဂျင့် ...
6.3
IMDB: 6.3/10 2,892 votes
movie

Iru Mugan

2016
Twelve Monkeys 8
Twelve Monkeys IMDb rate.... 8.0 ဒီဇာတ်ကားကတော့ ဗိုင်းရပ်နဲ့ပက်သက်တဲ့သတင်းအချက်အလက် တွေကို လွန်ခဲ့တဲ့ခုနှစ်များဆီပြန်သွားပြီးရှာဖွေတဲ့..Time travelဇာတ်ကားလေးဖြစ်ပါတယ်.... မင်းသားကြီး Bruce Willis , Brad Pitt နဲ့.မင်းသမီး Madelenie Stoweတို့ကအဓိကပါဝင်သရုပ်ဆောငိထားပါတယ်.. ဒီဇာတ်ကားကတော့တစ်ခြားဇာတ်ကားတွေလို.မဟုတ်ပူးဗျ.. သူ့ပေးချငိတဲ့concept တွေကအများသား..သေချာကြည့်ရင်တော့ ဇာတ်ကားရဲ့အနှစ်သာရတွေကိုခံစားရမှာပါ..ပြီတော့စိတ်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ထင်တယ်ဗျ... ဇာတ်လမ်းလေးကတော့နည်းနည်းcrazyဆန်ဆန်သွားတယ်ဗျ... ဇာတ်လမ်းအညွန်း =========== 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ .. 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ အဲ့ဒီတော့.. ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ...
8
IMDB: 8/10 564,734 votes
movie

Twelve Monkeys

1995
1080p
Cargo 6.3
Cargo ကပ်ကြီးဆိုက်ပြီး ဩစတျေးလျနယ်စပ်တစ်ခုမှာ သောင်တင်နေခဲ့တဲ့ ရောဂါကူးစက်ခံထားရတဲ့ အဖေတစ်ယောက်ဟာ အကောင်းအတိုင်းရှိနေခဲ့တဲ့ သူ့ကလေးလေးအတွက် နေရာအသစ်ရှာဖွေရင်း ကလေးရဲ့ကံကြမ္မာကိုပြောင်းလဲပေးဖို့ပါ ကြိုးစားနေခဲ့ပါတယ်။ Cargo 2017 ဇာတ်ကားဟာ IMDB 6.3 Rotton Tomatoes 88% Google Users 85% ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Nomination 16ခု အထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အထူးသဖြင့် ကပ်ရောဂါကာလကြီးအတွင်းမှာပါ သားသမီးကိုသိပ်ချစ်တဲ့ဖခင်တစ်ယောက်ရဲ့ ကြိုးစားမှု စိတ်ရှည်မှု အားထုတ်မှုတို့ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားနိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ မင်းသား Martin Freeman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Drama/Apocalyptic and post-apocalyptic fiction ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ -=-=-=-=-=-=- Translated & Review By JP Encoded By Kar Yan
6.3
IMDB: 6.3/10 33,468 votes
movie

Cargo

2017
1080p Bluray 5.1CH(FHD)LQ
Lucid Dream 6.1
Lucid Dream Lucid dream ဒီကားလေးကတော့ IMDB 6.1/10 ရရှိခဲ့ပြီး Thriller/Sci-fi အမျိုးအသားဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့နည်းနည်းရှုပ်ထွေးပါတယ်။ MkMk ရှားပါးသွေး အမျိုးအစားရှိတဲ့ ကောင်လေး ပြန်ပေးဆွဲခံရတာကို သတင်းထောက်ဖြစ်တဲ့ အဖေက ကြိုးစားပမ်းစား လိုက်ရှာခဲ့ပါတယ်။နည်းလမ်းမျိုးစုံသုံးပြီးနောက်မှာ Lucid dream လို့ခေါ်တဲ့ နည်းပညာနဲ့အတိတ်ကမှတ်ဥာဏ်တွေကိုပြန်ရှာလို့ရတာတွေ့ရှိခဲ့ပါတယ်။ ထိုနည်းပညာနဲ့လိုက်ရှာရင် နောက်ဆုံးတွင် အနီးကပ်ဆုံးလူက ပြန်ပေးဆွဲခြင်းဖြစ်နေသောအခါ ပြန်ပေးဆွဲသည့်သူမှာလည်းအကြောင်းအရင်းရှိနေသောအခါ အချေအတင်ဖြစ်ကြပြီး အက်ရှင် အပိုင်းတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။ ကိုရီးယားကားတွေရဲ့ သဘောတရားအတိုင်း drama လေးကလည်းမပါမဖြစ်ဖို့ ဖခင်မေတ္တာ အကြောင်းကိုလည်းပေါ်လွင်အောင်ရိုက်ပြထားနိုင်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကိုခြုံကြည့်လျှင် ရသပေါင်းစုံခံစားရမှာဖြစ်ပြီးဇာတ်လမ်းအစမှအဆုံးထိ တရားခံကို ကိုယ်တိုင်လိုက်ရှာနေမိမှာပါ။ -=-=-=-=-==-=-=-=-=-= Translated & Review By Naw Sue Phaw Shee Encoded By Kar Yan
6.1
IMDB: 6.1/10 2,533 votes
movie

Lucid Dream

2017
1080p
Snowpiercer 7.1
Snowpiercer ကပ္ပတိန်အမေရိကရဲ့နောက်ထပ်ရှယ်ဇာတ်ကား...... ခင်ဗျားတို့ထင်မှတ်ထားတဲ့ကမ္ဘာကြီးရဲ့ပုံစံကဘယ်လိုလဲ အလုံးလား အပြားလား လေးထောင့်လား ဒါပေမယ့်.... တချို့တချို့သောသူတွေရဲ့ ကမ္ဘာကြီးကရထားတစ်စီလို့ပြောရင်ခင်ဗျားယုံပါ့မလား အမှန်ပါပဲ ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ကမ္ဘာကြီးဟာ သိပ္ပံပညာရှင်တွေရဲ့အမှားကြောင့် အေးခဲလာခဲ့ပြီး လူတွေနေလို့ မရတော့တဲ့တိုင်ဖြစ်ခဲ့ပါတယ် ဒါကိုကြိုသိတဲ့ မစ္စတာဝီလ်ဖို့ဒ်ဆိုတဲ့သူဟာ လူသားတွေနေလို့ရမယ့်နှင်းဖောက်ရထားကြီးကို တည်ဆောက်ခဲ့ပါတယ် ဒီထဲမှာဆိုပြင်ပအပူချိန်ကို လုံးဝဂရုစိုက်စရာမလိုဘူးပေါ့ဗျာ ခက်တာကဒီရထားက လူချမ်းသာတွေနဲ့အမှုထမ်းတချို့အတွက်သာရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး ရိုးရိုးသာမန်လူတန်းစားတွေ ကိုစီးနင်းခွင့်မပေးပါဘူး ဒါကိုသိကြတဲ့သာမန်လူတန်းစားတွေကလည်း ရထားထွက်ခါနီးမှာအတင်းလုတက် အပေါ်ကလူတွေ ကလည်းကန်ချရင်းနဲ့ နောက်ဆုံးမှာသာမန်လူတန်းစား လူနည်းစုတစ်စုရထားပေါ်ရောက်သွားကော.... ဒီမှာတင်ရထားပေါ်လူတန်းစားသုံးမျိုးရှိသွားကောဗျ.... လူချမ်းသာရယ် အမှုထမ်းတွေရယ် နောက်မှရောက်တဲ့ လူနည်းစုကိုတော့ တမင်နှိမ်ပြီး မှီခိုသူလို့ခေါ်ကြတယ်ဗျ ဘယ်လောက်ထိနှိမ်လဲဆို အစာရေစာတွေပေးချင်မှပေးတယ် မိန်းကလေးတွေဆို သားကြောပါဖြတ်ထားတာ ဒီတော့မှီခိုသူတွေကလည်း အခွင့်ရရင်ရသလို‌ဆော်ဖို့ချောင်းနေကြတာပေါ့... ဒီမှာပဲဇာတ်အလှည့်အပြောင်းဖြစ်စေမယ့် အကြောင်းအရာတစ်ခုဖြစ်ခဲ့တယ် မှီခိုသူတွေဟာ မစ္စတာဝီလ်ဖို့ဒ်ဘက်တော်သားတစ်ယောက်ကို ဓားစာခံလုပ်နိုင်ခဲ့တယ် ပြီးတော့အဲ့ဓားစာခံကို မစ္စတာဝီလ်ဖို့ဒ်ဆီသူတို့ကိုလိုက်ပို့ ခိုင်းတာပေါ့ ဒီကနေစပြီးတော့..... ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်သွားမလဲ မစ္စတာဝီလ်ဖိုဒ့်ဆိုတာက‌ေကာဘယ်သူများဖြစ်နေမလဲ ဇာတ်အိမ်က အပိုင်းအစများစွာနဲ့ရှုပ်ထွေးနက်နဲ သွားခဲ့ပြီး တစ်ခန်းချင်းတစ်ခန်းချင်းစီတိုင်းက သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေအပြည့်နဲ့ ကြည့်ရှူသူပရိတ်သတ်တွေကိုလည်း မေးခွန်းထုတ်စရာ တွေးစရာတွေအပြည့်ပေးမယ့် ဇာတ်ကားတစ်ခုဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ.........   Translated & Review By Triyan Encoded By Kar Yan
7.1
IMDB: 7.1/10 287,838 votes
movie

Snowpiercer

2013
1080p
The Core 5.5
The Core မိတ်ဆွေတိုမင်းသားကြီး Bruce Willis ရဲ့ Ammegdon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်ေတာ့ ဒီဇာတ်ကားကို ဒုတိယ Ammegdon လိုပဲ ညႇွန်းေပးပါရေစ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖိုအသက်စွန်ပြီး စွန်စားခန်းဖွင်ကြတဲ့ သူရဲေကာင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကေတာ့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မွာ သံရည်ပူတွေဟာ တစ်စက္ကန်ကို မိုင်ပေါင်းများစွာနဲ့လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်လမ်းမှာ ထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာ‌ေတာင်နဲ့ေမြာက်ဝင်ရိုးစွန်းတွေနဲ ဟန်ခၾက်ညီေအာင် ထိန်းသိမ်းေပးထားရင်း နေရောင်ခြည်ကို ကာကွယ်‌ေပးထားတာပါ။ အဲဒီအၿခိန်မွာေတာ့ အဲဒီလည်ပတ်မႈကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးဖို့ အခြေအနေရောက်လာပါပြီ။ အဲဒီလိုအချိန်မှာ သိပ္ပံ ပညာရှင်တွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ........ ဇာတ်ကားလေးက Rating နည်းတယ်ဆိုပေမဲ့ ၂၀၀၃ ခုနစ်ကရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တာလည်းပါတယ်.... အခုအချိန်ပြန်ကြည့်မယ်ဆိုရင်တော့ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းမှာဖြစ်ပြီး.... သိပ္ပံ နည်းပညာတွေ သူတို့ရဲ့ နည်းစနစ်ကျကျက ...
5.5
IMDB: 5.5/10 90,330 votes
movie

The Core

2003
1080 P
Passengers 2016 7
Passengers 2016 ကျော်တို့ Hunger Games မင်းသမီး Jennifer Lawrence နဲ့ Star Lord တဖြစ်လဲ Chris Pratt တို့ အဓိကပါဝင်ထားတဲ့ Passengers ရုပ်ရှင်ကို ဒီနှစ်မကုန်ခင်မှာ တွေ့မြင်ရတော့မှာပါ။ အာကသယာဉ်ကြီးပေါ်မှာ နှစ် ၁၀၀ ကျော်အိပ်စက်ပြီး ခရီးနှင်နေကြတဲ့အထဲက ခရီးသည်နှစ်ဦးဖြစ်တဲ့ Jennifer နဲ့ Chris တို့ဟာ ခရီးစဉ်မဆုံးခင် နှစ် ၉၀ လောက်စောပြီး နိုးထလာခဲ့ပါတယ်။ ပြန်ပြီး hibernate မလုပ်ရင် ခရီးစဉ်မဆုံးခင် သေဖို့ပဲရှိပေမဲ့ ချွတ်ယွင်းချက်တွေကြောင့် ပြန်အိပ်လို့လည်းမရတဲ့အပြင် ယာဉ်ပျံကြီးကလည်း အန္တရာယ်တွင်းကျရောက်လာလေတော့ တစ်စီးလုံးမှာနိုးနေတာဆိုလို့ နှစ်ယောက်တဲ့ရှိတဲ့ ဇာတ်လိုက်နှစ်ယောက် ယာဉ်ပျံကြီးကိုကယ်တင်ဖို့ဖြစ်လာပါတယ်။ ... Director Morten Tyldum ရိုက်ကူးထားတဲ့ အခုရုပ်ရှင်ဟာ December 21 ရက်မှာ ရုံတင်မှာဖြစ်ပြီး Jennifer နဲ့ Chris တို့အပြင် ...
7
IMDB: 7/10 333,331 votes
movie

Passengers 2016

2016
1080 P
The Gallows 2015 4.2
The Gallows 2015 Unicode The Gallows ဆိုတဲ့ 2015 ခုနှစ်ကထွက်ခဲ့တဲ့ Supernatural , Horror ဇာတ်ကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် Budget 1 Million တောင် သုံးမထားပဲနဲ့ ဝင်ငွေ 43 Million တောင်ပြန်ရထားတာမို့ ဇာတ်ကားကောင်းလားဆိုတာ မေးဖို့တောင် မလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးက.... ရိစ် လို့ခေါ်တဲ့ ကျောင်းသားလေးက သူတို့ကျောင်းမှာ "ကြိုးစင်" ဆိုတဲ့ ကျောင်းပြဇာတ်မှာ ပါဖို့ အသဲအသန်ကြိုးစားနေခဲ့ပါတယ် ဟိုးဘက်နှစ်တွေက အဲ့ပြဇာတ်ကိုပဲ ကပြခဲ့တဲ့နေရာမှာ ချာလီဆိုတဲ့ ကျောင်းသားက လည်ပင်းမှာကြိုးကွင်းစွပ် ဖျော်ဖြေနေရင်းမှာ မတော်တဆသေဆုံးခဲ့ပါတယ် အဲ့ဒါကြောင့် ရိစ်ကို သူ့အေဖက ပြဇာတ်မှာ အော်ဂတ်စ် နေရာ (ချာလီ သရုပ်ဆောင်ခဲ့သောဇာတ်ကောင်) နေရာမှာ ပါဝင်ဖို့ ခွင့်မပြုခဲ့ပါဘူး.. ရိစ် ရဲ့ သူငယ်ချင်းရိုင်ယန် နဲ့ ရိုင်ယန်ရဲ့ ကောင်မလေး ကေစီဒီတို့က ပြဇာတ်စင်ကို ဖျက်ဆီးဖို့ ...
4.2
IMDB: 4.2/10 18,691 votes
movie

The Gallows 2015

2015
720P
Inception 8.8
Inception ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –   လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ...
8.8
IMDB: 8.8/10 1,953,084 votes
movie

Inception

2010
1080 P
Mad Max: Fury Road 8.1
Mad Max: Fury Road လူသားတွေရဲ့ မကောင်းမှုတွေကြောင့်ကမ္ဘာကြီးပျက်သုဉ်းသွားရင် ဘာဖြစ်မယ်လို့တွေးဖူးပါလား...အဲ့တာဆိုရင်တော့ Mad Max: Fury Road ကိုကြည့်လိုက်ပါ.... Venom မင်းသားချော Tom Hardy က Max အနေနဲ့ပါဝင်ထားပြီး မင်းသမီးကြီး Charlize Theron လည်းပါဝင်ထားပါတယ်... ကမ္ဘာကြီးချို့ယွင်းပျက်စီးလာပြီး လူသားမျိုးနွယ်အပေါ်စိုးမိုးလာတဲ့ အမျိုးနွယ်တွေပေါ်ပေါက်လာခဲ့တယ်... ဒီ Fury Road ထဲမှာဆို လူသားမျိူးနွယ်ကိုအုပ်ချုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ Immortan Joe ရဲ့ လက်ထောက် Furiosa ကိုအသားပေးဖော်ပြထားတာပါ လူသားတွေကိုကျွန်တွေအဖြစ်သဘောထားပြီး အုပ်ချုပ်နေတဲ့ Joe ကို Furiosa နဲ့ Max အပြင်အခြားသောထူးခြားတဲ့ဇာတ်ကောင်များရဲ့ လက်စားချေမှုကိုအံ့သြစွာကြည့်ရမှာပါ.... ဒီကားဟာ 2015 May လမှာရုံတင်ခဲ့ပြီး တော်တော်အောင်မြင်ခဲ့တဲ့ action ကားကောင်းတစ်ကားပါ.... Box office ကို $374.4 M ထိရရှိထားပြီး IMDb 8.1 ထိရရှိထားတာပါ...ဒါကြောင့် ဒီလို action ကားကောင်းမျိူးကိုလက်မလွှတ်တမ်းကြည့်သင့်ပါတယ်။   အညွှန်းနဲ့ ဘာသာပြန်သူကတော့ Aron ဖြစ်ပြီး Kyaw Thet မှ Encode လုပ်ပေးထားပါတယ်။
8.1
IMDB: 8.1/10 834,299 votes
movie

Mad Max: Fury Road

2015
1080 PBlue-Ray