Yourcinema

Coming Soon

Program na winyan akat    

n/A 95 min HorrorThriller

6.1
IMDB: 6.1/10 2,361 votes

, , , ,

n/A

Thailand

256

Report error

ခုလိုမိုး​အေး​နေတဲ့ ကာလ​တွေမှာ ကြည့်ဖို့အ​ကောင်းဆုံးက​တော့ horrorကား​တွေဖြစ်မှာပါ အဲ့ဒါ​ကြောင့် ပရိသတ်အချစ်​တော် အိုပက်မင်းသားရဲ့ တစ်ချိန်ကနာမည်ကြီး horror ကား​ကောင်းဖြစ်တဲ့ coming soonကို တင်ဆက်​ပေးလိုက်ပါတယ်

ရှိန်းက ရုပ်ရှင်ရုံမှာ စက်ပိုင်းဆိုင်ရာအလုပ်လုပ်တဲ့ ဝန်ထမ်းတစ်​ယောက်ပါ သူကအ​လောင်းအစားလဲ ဝါသနာပါပြီး​ ​ဆေးလဲသုံးတတ်ပါတယ် အဲ့လိုနဲ့​ငွေလိုတဲ့​တစ်​နေ့မှာ တခြားဝန်ထမ်းတစ်​ယောက်ဖြစ်တဲ့ ​ယော့ရဲ့ ဆွဲ​ဆောင်မှု​ကြောင့် ​စိုးရိမ်ပေမယ့်လဲ ရုံမတင်ရ​သေးတဲ့ သရဲကားတစ်ကားကို ခိုးကူးပြီး ​​ရောင်းဖို့ လုပ်ပါ​တော့တယ် အဲ့ဒါ​ကြောင့် ​ယော့က ညဘက်ဘယ်သူမှမရှိတဲ့ အချိန်မှာ ရုပ်ရှင်ရုံထဲမှာ အဲ့ကားကို screenမှာထိုးပြီး ကင်မရာနဲ့ ရိုက်ယူပါတယ် ရှိန်းက​တော့ သရဲကားမကြိုက်သူမို့ လိုက်မကြည့်ပဲ စက်ခန်းထဲမှာ အိပ်​ပျော်သွားပါတယ်

မနက်သူသတိရလို့ သွားကြည့်​တော့ ကင်မရာပဲ​တွေ့ပြီး ​ယော့က​တော့ ထူးဆန်းစွာ​ပျောက်ဆုံးသွားပါတယ် ကင်မရာထဲမှာလဲ ​ရုပ်ရှင်အပြည့်မရိုက်ခဲ့ရပဲ တစ်ဝက်​လောက်မှာ ​ယော့က ​ကြောက်လန့်စွာ ထွက်​ပြေးသွားတာလဲ ​တွေ့လိုက်ရပါတယ် အဲ့​နောက်​တော့ သူလဲ​ခြောက်ခြားသလို ခံစား​နေရပါတယ် ရုပ်ရှင်ခိုးကူးဖို့​ပြောထားတဲ့သူ​တွေဆီကလဲ ​ငွေ​တွေယူထားပြီးဖြစ်တဲ့အတွက် ကျန်တဲ့တစ်ဝက်ကို သူဆက်ပြီး ကင်မရာနဲ့ ရိုက်ပါတယ် အဲ့မှာပဲ ရုပ်ရှင်ထဲက သရဲက​ခြောက်လှန့်တာကို ခံလိုက်ရပြီး ​ယော့ကိုလဲ ရုပ်ရှင်ထဲမှာ​သေ​နေတာကို ထူးဆန်းစွာ​တွေ့လိုက်ရပါ​တော့တယ်

အဲ့​နောက်​တော့ ဘာ​တွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲကသရဲက အပြင်မှာတကယ်ရှိ​နေတာလား သူတို့ဘယ်လိုအ​ဖြေရှာမလဲ သူတို့ငွေယူထားတဲ့ကိစ္စကို​ရော ဘယ်လို​ဖြေရှင်းမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါ ထိုင်းသရဲကားတို့ ထုံးစံအတိုင်း ​​ခြောက်ခြားစရာ​ကောင်း​အောင် ​ခြောက်လှန့်ရိုက်ကူးထားတာမလို့ horrorကြိုက်သူ​တွေ အကြိုက်​​တွေ့မယ့် ကား​ကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ

Coming Soon

Leave a Reply

Your email address will not be published. Required fields are marked *

Related movies