Yourcinema
Blue-Ray Hide and Seek
Report error

Hide and Seek

Zhuo mi cang    

n/A 105 min MysteryThriller

5.9
IMDB: 5.9/10 543 votes

, , , ,

n/A

China

207

Report error

ကျန်းကျ​ဝေက အဆင်မြင့်တိုက်ခန်းတစ်ခုမှာ ဇနီး​ရယ် သမီး​လေးရယ်နဲ့ ​ပျော်စရာမိသားစု​လေးတစ်ခုအဖြစ်တူတူ​နေပါတယ် သူကမြို့ထဲမှာ ​ကော်ဖီဆိုင်​လေးဖွင့်ထားပြီး​တော့ အသန့်လည်းအရမ်းကြိုက်တဲ့သူပါ တစ်ညမှာ​တော့ သူ့ဆီကိုဖုန်းတစ်ခုဝင်လာပါတယ် သူ့အကိုရဲ့တိုက်ခန်းပိုင်ရှင်က သူ့အကို​ပျောက်​နေတဲ့အတွက်​ကြောင့် လှန်းဆက်တာဖြစ်ပါတယ် အဲ့လိုဖုန်း​ခေါ်မှပဲ သူ့မှာအကိုရှိမှန်း သူ့ဇနီးက​သိရတာဖြစ်ပြီး​တော့ ​ဘာလို့ဒီ​အ​ကြောင်း​တွေ လျှို့ဝှက်ထားတာလဲလို့​မေးတော့လဲ မ​ဖြေပါဘူး သူတို့ညီအစ်ကိုကြားက အတိတ်​တွေကို ​မေ့ထားချင်ပုံရပါတယ်

ဒါ​ပေမယ့်လဲ တိုက်ခန်းပိုင်ရှင်ရဲ့ထပ်ပြီးဖုန်း​ခေါ်မှု​ကြောင့် သူ့အကို​နေတဲ့​နေရာကို ​ရောက်သွားပါတယ် တိုက်ခန်းပိုင်ရှင်က သူ့အကိုရဲ့အထုတ်​တွေလာသိမ်းခိုင်းတာဖြစ်​ပေမယ့် ကျ​ဝေက​တော့ ၁လစာထပ်​ပေးပြီး အခန်းကိုငှားလိုက်ပါတယ် အခန်းထဲ​ရောက်​တော့ မှတ်စုစာအုပ်​လေးရယ် အသုံးအ​ဆောင်တချို့ရယ် ​တွေ့ခဲ့ရပါပြီး အဲ့အပြင်မိန်းမအသုံးအ​ဆောင်တချို့ပါ​တွေ့ခဲ့ရလို့ တစ်​ယောက်တည်း​နေတာဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်လာပါတယ် ဆက်ပြီးအခန်းထဲ စူးစမ်းကြည့်​တော့ တဖက်အခန်းကိုသွားလို့ရ​အောင် နံရံဖျက်ပြီး​ဖောက်ထားတဲ့ အ​ပေါက်ကိုလဲ​တွေ့လိုက်ရပါတယ် အဲ့တစ်ဖက်အခန်းကလဲ အသုံးအ​ဆောင်​တွေပဲရှိပြီး လူမရှိတဲ့အတွက်​ကြောင့် သံသယပိုကြီးလာတဲ့အတွက် အ​ဆောက်အဦးတစ်ခုတည်းက လူ​တွေကို လိုက်စုံစမ်းကြည့်ပါ​တော့တယ် တချို့က​သေချာမသိဘူး ​ဖြေကြသလို တချို့ကလဲ အခန်းနံပါတ်ကြားရုံနဲ့တင် မသိဘူးဆိုပြီး ပြန်လွှတ်ကြပါတယ် အဲ့လိုစုံစမ်း​​နေရင်း သူသတိထားမိတာက အခန်း​​တိုင်းရဲ့ရှေ့မှာ မှတ်ထားတဲ့သင်္ကေတ​လေး​တွေပါ တဖြည်းဖြည်း ဆက်စပ်ကြည့်​တော့ ​တစ်ခန်းစီမှာရှိတဲ့ ​ယောက်ျား မိန်းမ က​လေး အ​ရေအတွက်ကိုမှတ်ထားတာမှန်းသိသွားပါတယ်

တစ်ချိန်တည်းမှာပဲ သူနဲ့တူတူမလိုက်ခိုင်းဘဲ ကားမှာချန်ထားခဲ့တဲ့ မိန်းမနဲ့သမီးဖြစ်ခဲ့တဲ့ အခက်အခဲကို ကူရှင်း​ပေးခဲ့တဲ့ အဲ့တိုက်ခန်းမှာပဲ​နေတဲ့ က​လေးအ​မေတစ်​ယောက်က သူတို့ကို သူ့အခန်းကို အလည်​ခေါ်ခဲ့ပါတယ် ဒါ​ပေမယ့်စကား​ပြောရင်းပဲ သူ့အကိုရဲ့ အခန်းနံပါတ်ကို​ပြောလိုက်​တော့ ချက်ချင်းပဲ တ​စ္ဆေသရဲအ​ကြောင်းကြားလိုက်သလို အခန်းက​နေနှင်ထုတ်ပါ​တော့တယ် သူ့သမီးကို​ချောင်းမကြည့်ဖို့​ပြော​ပေးပါလို့လဲ​ပြောပါတယ် သံသယ​တွေပိုကြီးလာတဲ့ ကျ​ဝေဟာ သူ့အကိုအ​ကြောင်း​သေချာစုံစမ်းဖို့ သူ့မိန်းမနဲ့က​လေးကို အိမ်ပြန်လွှတ်လိုက်ပြီး သူက​တော့အဲ့ဒီတိုက်ခန်းမှာပဲကျန်ခဲ့ပါတယ် ပြန်သွားတဲ့ မိန်းမနဲ့ က​လေး​ကလဲ သူတို့နောက်ကို လူတစ်​ယောက်လိုက်​နေတယ်လို့ ခံစား​နေရပါတယ် ​နောက်ရက်မှာပဲ သူ့​ယောက်ျားက ပိုက်ဆံအိပ်နဲ့ဖုန်း​ပျောက်သွားတဲ့အပြင် သူတို့ကို တခြားဘယ်သူ့မှတံခါးဖွင့်မ​ပေးဖို့ အများသုံးဖုန်းက​နေလှန်း​ပြောပါတယ် တကယ်လည်းသူတို့ကို လူတစ်​​ယောက်က ရန်ပြုဖို့ကြိုးစား​အချိန်မှာ သူတို့ကပ်ပြီးလွတ်​မြောက်ခဲ့ပြီး​တော့ သူ့​ယောက်ျားပြန်​ရောက်လာ​တော့ သူ့အကိုရဲ့တိုက်ခန်းမှာလိုပဲ သူတို့အိမ်ရာက အခန်း​တွေမှာလဲ သင်္ကေတ​တွေမှတ်ထားတာကို ​တွေ့လိုက်ရပါတယ် အညွှန်းကို​တော့ ဒီမှာပဲရပ်လိုက်ပါရစေ

အဲ့သင်္ကေတ​တွေမှတ်တာ ဘာအတွက်လဲ သူ့အကိုနဲ့ဘယ်လို​တွေပတ်သတ်လဲ သူ့အကိုကို​ရော ဘာလို့ကြားလိုက်တာနဲ့ ​ကြောက်လန့်ကုန်ကြတာလဲ ဘာလို့​ပျောက်​နေတာလဲ သူတို့​နောက်ကိုလိုက်​နေတဲ့သူက​ရော ဘယ်သူလဲဆိုတာ​တွေကို ဇာတ်လမ်းထဲမှာ ဆက်ပြီးအ​ဖြေရှာကြပါစို့ စိတ်ဝင်စားစရာ အရမ်း​ကောင်းပြီး အခန်းတိုင်းက အချိတ်အဆက်မိမိနဲ့ တစ်ခန်းမှလွတ်သွားလို့ မရ​လောက်​အောင် ပုံ​ဖော်ထားတာမို့ စိတ်ဝင်စားစရာ Mystery / Thrillerကား​ကောင်း​လေး​တွေ ​မျှော်​နေတဲ့သူ​တွေအတွက်​တော့ လက်လွတ်မခံသင့်တဲ့ ကား​ကောင်းတစ်ကားဖြစ်​ကြောင်း အကြံပြုလိုက်ပါတယ်ခင်ဗျာ

Translated By Jay Yang

Encoded By Nanda Kyaw

Hide and Seek
Hide and Seek
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies