Yourcinema

Private Eye

Geu-rim-ja sal-in    

PG-13 111 min Thriller

6.8
IMDB: 6.8/10 807 votes

, , , , , , , , ,

2 nominations.

South Korea

330

Report error

ကိုးရီးယားနိုင်ငံရဲ့ ၂၀ ရာစုအစပိုင်းကာလကို အခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဆေးကျောင်းသားလေးတစ်ယောက် တောထဲမှာ လူသေအလောင်းကောင်တစ်ခုကို တွေ့ပြီး သူ့အိမ်ကို တိတ်တဆိတ် သယ်ဆောင်သွားပါတယ်။ အလောင်းကောင်ကြီးကို သယ်သွားရတဲ့အကြောင်းအရင်းကတော့ တခြားမဟုတ်ပါဘူး။ သူ့အိမ်မှာ anatomy ခိုးလေ့ကျင့်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလောင်းဟာ နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ သားဖြစ်နေပြီး အသတ်ခံရတဲ့အ‌လောင်းမှန်း သိသွားတဲ့အခါမှာတော့ အဲ့ဒီဆေးကျောင်းသားလေးဟာ သူ့ကို အစွပ်စွဲခံရမှာ စိုးတဲ့အတွက်ကြောင့် လူသတ်သမားကို ရှာမှဖြစ်ပါတော့မယ်။ လူသတ်သမားကို ရှာဖို့အတွက် တစ်ချိန်က စုံစမ်းစစ်ဆေးရေးမှူးဖြစ်ခဲ့ဖူးတဲ့ သတင်းထောက်ကြီးကို အကူအညီတောင်းပြီး နှစ်ယောက်အတူ စုံစမ်းနေကြရင်းမှာကို နောက်ထပ် ပုံစံတူ လူသတ်မှုတွေ ကြုံတွေ့လာရတဲ့အခါမှာတော့..

ဒီဇာတ်ကားမှာ ၁၉ ရာစုအကုန် ၂၀ ရာစုအစပိုင်းကာလတွင်း ကိုရီးယားနိုင်ငံရဲ့ အခြေအနေ၊ ပတ်ဝန်းကျင် ပုံရိပ်တွေကို ယုတ္တိကျကျမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာနဲ့ ငွေကြေးအင်အားအမှီပြုပြီး နောက်ကွယ်မှာ ‌ဝဲစားနေတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ ရှိကြောင်း ပြသသွားသလို ဖြူစင်တဲ့ချစ်ခြင်းမေတ္တာနဲ့  ခိုင်မာတဲ့သံယောဇဉ် ကိုလည်း လှစ်ခနဲ မြင်အောင် ဖန်တီးပြသွားပါသေးတယ်။

ကြည့်ဖို့တန်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

ဇာတ်ကားနာမည်ကတော့ Private Eye ပါ။

IMDb – 6.8 ရထားပါတယ်။

For me rating 7.9/10 အထိပေးပါတယ်။

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

Review by X

Translated by L

Encoded by DaeBak

Private Eye
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies