Yourcinema
1080 P
Double World 6.1
Double World Double world(2020) အခုတစ်ခါကတော့ Neflixရဲ့ဇာတ်ကားကောင်းလေး (Double world)ကိုတင်ဆက်ပေးလိုက်ပါတယ်... Imdb rating 6.1လောက် အထိ ရရှိထားတဲ့ကားလေးပါ... 1:50minလောက်ပဲ ကြာမြင့်ပြီး အဆုံးထိ တစ်ကွက်မှ ကျော်ချင်စိတ်မရှိအောင်ဆွဲဆောင်နိုင်ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့... မြောက်ပိုင်းယန်ပြည်နယ်နဲ့ တောင်ပိုင်းကျောင်ပြည်နယ်တို့ဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး သွေးသံတရဲရဲ စစ်ပွဲကြီးဟာငြိမ်းချမ်းရေးရခဲ့ပေမယ့် ဆယ်စုနှစ်အကြာမှာတော့ စစ်ပွဲကြီးပြန်လည်စဖို့ အကြောင်းဖန်လာပါတော့တယ်... ယန်ပြည်နယ်ရဲ့ဘုရင်သစ်က ကျောင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ဘာတွေကြံစဉ်ထားသလဲ...??? ကျောင်ပြည်နယ်ကလည်း စစ်ပွဲကြီးအတွက်ဆိုပြီး ကျောင်ပြည်နယ် မျိုးနွယ်စုရှစ်ခု ကနေ စစ်သူကြီး ရွေးချယ်ပွဲ ကျင်းပခဲ့ပေမယ့် တကယ့် နောက်ကွယ်က ရည်ရွယ်ချက်က ဘာများလဲ...??? ဘယ်သူတွေကချုပ်ကိုင်ထားသလဲ...??? တစ်ချိန်လုံး ကိုယ့်ဘဝအကြောင်း သိချင်နေတဲ့ ဇတ်လိုက်ကျော် ဒုံရီလုံရဲ့တကယ့် နောက်ကြောင်းအမှန်က ဘာများဖြစ်မလဲ ဆိုတာကို ကြည့်ရှုလိုက်ရအောင်ပါ... ဇာတ်လိုက်ကျော်တွေအဖြစ်ကတော့ ဒုံရီလုံအဖြစ် (Henry lau) ချူးဟန်အဖြစ်(Peterho) Kim noraကဘာသာပြန်ထားပြီး Nanda Kyaw ကencodeလုပ်ပေးထားပါတယ်...
6.1
IMDB: 6.1/10 1,503 votes
movie
Double World
1080 P
Jessie 7
Jessie Jessie (2019) ညီအစ်မနှစ်ယောက်ရဲ့သွေးဒဏ္ဍာရီ အချို့လူတွေရဲ့ ဝါသနာနဲ့ အာသီသကလည်း အဆန်းသား​ဗျ...အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းလောက်မှာ ဆော့ကစားချင်ကြတာမျိုး​ဗျ...အဲ့လို ဝါသနာတူတွေများ ပေါင်းမိလိုက်ရင် လောင်းကျော်ပြီပဲ... အဲ့လိုမျိုး လူငယ်တစ်စုဟာ ဝိညာဥ်တွေကို လေ့လာရှာဖွေ စူးစမ်းဖို့ အိမ်တစ်အိမ်ဆီကို ဦးတည် ခရီးထွက်ခဲ့ကြတယ်... အဲ့ဒီအိမ်ကတော့ သိပ်ချစ်ခဲ့ကြတဲ့ ညီအစ်မနှစ်ယောက် ဂျက်စီနဲ့အေမီတို့ရဲ့အိမ်ပဲ... အန္တရာယ်ကို ကြိုသိလို တားမြစ်နေတဲ့ကြားက တဇောက်ကန်းလူငယ်အဖွဲ့ကတော့ ရောက်အောင်သွားခဲ့ပါတယ်... အိမ်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ပဲ မျက်နှာနေရာတွေကို တစ်ခုခုနဲ့မွှန်းဖျက်ထားတဲ့ အိမ်အဝင်က ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံကြီးကနေစတင် ဆီးကြိုနေပြီး သူတို့ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံကြရမလဲ..??? သူတို့ရှာချင်ခဲ့တဲ့ အဖြေကို တွေ့မှာလား..??? အန္တရာယ်နဲ့ ပက်ပင်းတိုးတဲ့အခါမှာ သတ္တိရှိနိုင်ပါဦးမလား..??? Quality - 1080P , 480P Size - 1.3 GB , 390 MB Subtitled & Encoded by လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [390 MB]
7
IMDB: 7/10 310 votes
movie
Jessie
2019
1080 P
Sinful 5.7
Sinful Sinful (2020) အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ တော်တော်လေးခေါင်းခြောက်စေမယ့် ဇာတ်ကားလို့ပြောရင် မမှားပါဘူး… ဇာတ်လမ်းအကျဉ်း ပျော်ရွှင်စရာမကောင်းလှတဲ့ အိမ်ထောင်ရေးကြောင့် စိတ်ညစ်နေရတဲ့ ရမ်မီဆိုတဲ့ကောင်မလေးရယ် သူနဲ့ကြိုက်နေတဲ့ ဆမ်လို့ခေါ်တဲ့ကောင်မလေးရယ်… နှစ်ယောက်သားသဘောတူ ထွက်ပြေးလာပြီးတဲ့အခါ… သူတို့ကို အခက်အခဲကြားထဲက ထွက်လို့ရအောင်ကူညီပေးမယ့် တိုင်လာဆိုတဲ့တစ်ယောက်ကို စောင့်နေရင်း အိမ်ကြီးတစ်ခုမှာ နှစ်ယောက်သားပိတ်မိနေခဲ့ပါတယ်။ အဲ့ဒီအိမ်က ဘယ်သူ့အိမ်လဲ… သူတို့ အဲ့ဒီအိမ်ကနေ ထွက်နိုင်ပါ့မလား… သူတို့‌စောင့်မျှော်နေတဲ့ တိုင်လာဆိုသူကကော ရောက်လာပါ့မလား… သူတို့ရည်ရွယ်ချက်အတိုင်း နောက်ဆုံးမှာ နှစ်ဦးသား အတူတူပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မလား ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ် (❌အထူးသတိပေးချင်တာကတော့ မိသားစုနဲ့လုံးဝအတူတူမကြည့်ဖို့ပါပဲ❌) IMDb Rating - 5.7/10 Genre - Thriller Quality - 1080P , 480P Size - 693 MB , 213 MB Review and Translated By MinnMyoKhant Encoded By လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [693 MB] ဒေါင်းရန် နှိပ်ပါ 480P [213 MB]
5.7
IMDB: 5.7/10 587 votes
movie
Sinful
2020
1080 P
Yaara 6
Yaara Yaara (2020) Your Cinema ပရိတ်သတ်ကြီးအတွက် ၃၀.၇.၂၀၂၀နေ့မှာ ထွက်ရှိထားတဲ့ အိန္ဒိယ ဇာတ်ကြမ်း ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဇာတ်လမ်းရဲ့အစမှာ လူမိုက်တွေရဲ့ သတ်ဖြတ်မှုကြောင့် မိဘမဲ့လေးများဖြစ်သွားရရှာသော ကလေးနှစ်ယောက်။ လူမိုက်တွေရဲ့အန္တရာယ်ကိုရှောင်ရှားရင်း မှောင်ခိုရာဇာ တစ်ဦးနဲ့ဆုံမိကြတယ်... ထိုမှောင်ခိုရာဇာအဖွဲ့ဟာ ကလေးသူငယ်များကိုအသုံးချပြီး မှောင်ခိုလုပ်ငန်းမှန်သမျှကို ကျူးလွန်ကြတယ်။ မိဘမဲ့ကလေးနှစ်ယောက်နဲ့ မှောင်ခိုရာဇာတို့လက်ထဲမှာရှိတဲ့ ကလေးနှစ်ယောက် စုစုပေါင်းကလေး 4 ယောက်တို့ဟာ အရွယ်ရောက်လာတဲ့အခါ မှောင်ခိုလောကရဲ့ဘုရင်များဖြစ်လာကြတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်ရင် ကြည့်ကြပါလို့ တိုက်တွန်းပါတယ်... ဘာသာပြန် = Maung Pyae Aye Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.7 GB] ဒေါင်းရန် နှိပ်ပါ 480P [511 MB]
6
IMDB: 6/10 1,211 votes
movie
Yaara
2020
1080 P
The Neighbor 5.8
5.8
IMDB: 5.8/10 6,924 votes
movie
The Neighbor
2016
1080 P
Dil Bechara 9.6
Dil Bechara Dil Bechara (2020) အပြုံးလှလှလေးနဲ့ အမြဲဆွဲဆောင်မှုရှိနေတဲ့ မင်းသားဆူရှန့်ရဲ့ မသေခင်နောက်ဆုံးထွက်တဲ့ကားလေး Dil Bechareဟာ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်တွေနောက်ဆုတ်လာရင်းနဲ့ July 24th မှာ Disney+Hotstarကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်... IMDb ratingကတော့ လက်ရှိ လူပေါင်း ၅‌သောင်းခွဲ‌လောက်က ပေးထားတဲ့ ratingအရ 9.7/10ထိ ရရှိထားပါတယ်... ဇာတ်လမ်းအကျဉ်း ကင်ဆာရောဂါသည်မလေး ကစ်ဇီဟာ သူ့ရဲ့နေ့ရက်တိုင်းကို ပွတ်ရှ်ပင်ဒါလို့သူနာမည်ပေးထားတဲ့အောက်စီဂျင်ဘူးလေးနဲ့အတူ ဖြတ်သန်းနေရပါတယ်... တစ်ရက်မှာ မန်နီလို့ခေါ်တဲ့ ကင်ဆာရောဂါသည်‌ကောင်‌လေးနဲ့တွေ့တဲ့အခါ… သူတို့ကြားကဆက်ဆံရေးတွေ ဘယ်လိုဖြစ်လာမလဲ… ရောဂါသည်အချင်းချင်း ဘယ်လို ဖေးမ'မလဲ… ဘယ်လိုအရာတွေနဲ့ကြုံတွေ့လာရမလဲ… ဒီလို ​ကားကောင်းမျိုးကို အညွှန်းရေးရင် ပေါ့ပျက်ပျက်ကြီး ဖြစ်သွားပါလိမ့်မယ်... ဒါကြောင့် တော်ပြီ ဒီလောက်ပဲညွှန်းတော့မယ်.… ပြီးခဲ့တဲ့လက သေဆုံးသွားခဲ့တဲ့ဆူရှန့်ရဲ့ နောက်ဆုံးထွက်ကားဖြစ်နေတာမို့ လူစိတ်ဝင်စားမှုတော့ တော်တော်များခဲ့တယ်လို့ပြောရမယ်ဗျ (ဘောလိဝုဖန်တွေအတွက်ပေါ့နော်)... ကိုယ်တွေလဲ ဆူရှန့်ဖန်မဟုတ်ခဲ့ပေမဲ့ ဒီကားကြည့်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ချစ်စရာအပြုံးတွေ သရုပ်ဆောင်ချက်လန်းလန်းလေးတွေတွေ့ပြီး သဘောကျမိပါတယ်... သင်လဲ ဘောလိဝုကားဆို အနှစ်သာရရှိမှကြည့်ချင်တာပါဆိုရင်တော့ ဒီကားလေး မြည်းစမ်းကြည့်ပါလို့ ဖိတ်ခေါ်အပ်ပါတယ်... Genre - Comedy/ Romance/ Drama Translated By MinnMyoKhant Encoded ...
9.6
IMDB: 9.6/10 61,156 votes
movie
Dil Bechara
2020
1080 P
Lovers Day 5.5
Lovers Day Your Cinema ပရိတ်သတ်ကြီးကို ဒီတစ်ခါ အရမ်းလန်းတဲ့ LOVERS DAY ဆိုတဲ့ဆယ်ကျော်သက် ကျောင်းသား‌ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီကားလေးမှာ ကျွန်တော်အကြိုက်ဆုံးက ကျောင်းသားကား ဖြစ်တာနဲ့အညီ သုံးထားတဲ့မင်းသား မင်းသမီလေးတွေ အားလုံးဟာ ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်နေတာကိုပါ။ ဒီအချက်ကဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။မင်းသား မင်းသမီးလေးတွေက အသက်ငယ်ပေမဲ့ သရုပ်ဆောင်ချက်တွေက တကယ်ပီပြင်ပါတယ်။ ဒီကားလေးကိုကြည့်တဲ့သူတိုင်း မိမိတို့ရဲ့ငယ်စဉ် ကျောင်းသားဘဝကို ပြန်လည်တမ်းတ သတိရနေမယ်ဆိုတာ အသေအချာ ပြောရဲပါတယ်။ကျောင်းသားဘဝ မှားတက်တဲ့အမှား ပေါင်းများစွာကိုလည်း ဟာသဆန်ဆန် ဇာတ်ကွက်လေးများဖြင့် ဖော်ကျူးထားသောကြောင့် အူနှိပ်ပြီးရယ်နေရမှာလဲ မလွဲဧကန်ဖြစ်ပါတယ်။ ကျောင်းသားဘဝ သူငယ်ချင်းများရဲ့ ကြားမှာရှိတဲ့သံ ယောဇဉ်တွေ ၊တစ်ယောက်အခက်အခဲကိုတစ်ယောက်က ကူညီဖြေရှင်းပေးတာတွေ ၊ယောက်ျားလေးသူငယ်ချင်းနဲ့ မိန်းကလေးသူငယ်ချင်းတို့ရဲ့ကြားက သံယောဇဉ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာဖြစ်ပါတယ် ။ကုလားကားဆိုတဲ့အတိုင်း ဇာတ်လမ်းလှည့်ကွက် အလှည့်အပြောင်းများကလည်း ပရိသတ်ကြီးကို ရင်ခုန်စိတ်လို့ရှားစေမှာပါ ။ဇာတ်လမ်းအကျဉ်းကိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် မပြောတော့ပါဘူး။လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်ကို ခံစားချင်သူတိုင်း ...
5.5
IMDB: 5.5/10 2,065 votes
movie
Lovers Day
2019
1080 P
Hirkani 7.2
Hirkani Hirkani (2019) အမှန်အတိုင်း‌ပြောရရင် ဒီဇာတ်ကားကို ထွမ်စလိတ်ရမယ်ဆိုတော့ နည်းနည်းစိတ်ညစ်သွားတယ်... ဘာလို့ဆို ကိုယ်မှ ရှင်ဘုရင်ခေတ်က ဇာတ်ကားတွေကို မကြိုက်တာ... မကြိုက်ဆို အဲ့လိုဇာတ်ကားတွေလောက်ရှုပ်တာမရှိဘဲကိုး... ဒါပေမယ့် ထွမ်ကြည့်လိုက်မှ ကိုယ့်အစွဲကြီးက လွဲမှားနေတယ်ဆိုတာ သိလိုက်ရတယ်။ အခုဇာတ်ကားကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်... ကြည့်မိလို့နောင်တမရသွားဘူး ဇာတ်လမ်းအကျဉ်း သူမနာမည်ကဟီရာ... ယောက်ျားက ဘုရင်ယုံကြည် အားထားရလောက်တဲ့ စစ်သည်ကောင်းတစ်ယောက်... နို့စို့အရွယ် သားလေးတစ်ယောက်ရှိပြီး သူမက ဘုရင့်ခံတပ်ထဲကို နွားနို့ ပို့တဲ့အလုပ်လုပ်တဲ့သူ... သူတို့ခံတပ်မှာ စည်းကမ်းတစ်ခုရှိတယ်... အဲ့တာက ခံတပ်တံခါးကို နေဝင်ရင် ပိတ်ပြီး နေထွက်ရင် ပြန်ဖွင့်တယ်... ဖွင့်ထားတဲ့အချိန် ကြိုက်သလောက် ဝင် ကြိုက်သလိုထွက်... ပိတ်ထားတဲ့အချိန် အထွန့်မတက်နဲ့ ဆိုတာမျိုး... တစ်ရက် သူ့သားလေးကို ထားခဲ့ပြီး ခံတပ်ထဲကို နွားနို့ပို့ပြီး အပြန်နောက်ကျလို့ ခံတပ်ထဲမှာ ပိတ်မိသွားပါတယ်... ယောက်ျားကလည်း တာဝန်နဲ့အဝေးရောက်နေ... ယောက္ခမကလည်း အဲ့ဒီနေ့ကျမှ မျက်စိနာလို့ တခြားရွာကို သမားတော်နဲ့သွားပြ... သူကလည်း ခံတပ်ထဲမှာ ပိတ်မိနဲ့... ကလေးလေးက တစ်ယောက်တည်း ကျန်ခဲ့ပါရော... အဲ့ဒီတော့ သူအိမ်ကို အချိန်မီ ပြန်ဖို့ အားထုတ်ရပါတော့တယ်... သားဇောကပ်နေတဲ့သူမ အိမ်ကိုဘယ်လိုရအောင်ပြန်မလဲ... ဘာအခက်အခဲတွေ ကြုံတွေ့‌ရမလဲ ဆိုတာကို ကြည့်ရမှာပါ... ဇာတ်လမ်းက ...
7.2
IMDB: 7.2/10 227 votes
movie
Hirkani
2019
1080 P
Vicky Donor 7.8
Vicky Donor Vicky Donor (2012) ကဲ Ayushmann Khurranaရဲ့နောက်တစ်ကားဗျာ... Dream Girlတို့ Article 15တို့ကို ကြိုက်ခဲ့တဲ့ပရိတ်သက်တွေကတော့ ဒီမင်းသားကို ကြိုက်မယ်လို့ထင်ပါတယ်... ဘာဖြစ်လို့လဲဆို ကျွန်တော်ကြည့်ပြီးသလောက် သူ့ရဲ့ဇာတ်ကားတွေ တစ်ကားမှ အပြစ်ပြောစရာမရှိလို့ပဲ... ဇာတ်လမ်းအကျဉ်း အလုပ်မရှိအကိုင်မရှိကောင်လေးဗစ်ကီက ပိုက်ဆံဖြုန်းရတာတော့ ဝါသနာပါတယ်ဗျ... သုံးစရာမရှိရင် အိမ်ကမွေးထားတဲ့ခွေးကိုတောင် ရောင်းစားရဲတဲ့အမျိုး... အဲ့လိုကောင်လေးကိုမျက်စိကျသွားတာက မျိုးပွားဗေဒဆရာဝန် ဒေါက်တာချန်ဒါတဲ့... ဘာလုပ်ဖို့မျက်စိကျသွားတာလဲဆို သုတ်လှူဖို့ပဲ... အဲ့တော့ ကောင်လေးဗစ်ကီကို အမျိုးမျိုးစည်းရုံးပြီး သုတ်ရည်လှူခိုင်းတယ်.. ပိုက်ဆံကိုလည်း ရှယ်ပေးတယ်... အဲ့တော့ ဗစ်ကီကသဘောကျပေါ့... အဲ့လိုနဲ့အဆင်ပြေလာပြီးမှာ ကောင်လေးဗစ်ကီအချစ်စစ်နဲ့တွေ့ပြီး လက်ထပ်သွားရော... လက်ထပ်ပြီးမှ ကြုံတွေ့လာရမယ့်အခက်အခဲတွေကဘာဖြစ်မလဲ... သူဒီလိုလုပ်ခဲ့တာကို သူမိသားစု သူ့ရဲ့ဇနီးမယားသိသွားတဲ့အခါ လက်ခံနိုင်ကြမလား... ဒေါက်တာချန်ဒါကကော ဘယ်လိုနည်းနဲ့ပြန်ကူညီဖြေရှင်းပေးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီး ပျော်ပျော်ရွှင်ရွှင်ခံစားရမှာပါ... (အညွှန်းမရေးတတ်လို့ သိပ်မထိရောက်ဘူးဖြစ်သွားရင်တောင် စိတ်ပျက်ပြီး မကြည့်ဘဲမနေပါနဲ့... တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားပါ... ဒီမင်းသားရဲ့ တခြားကားတွေလဲရှာကြည့်ကြည့်ပါ... တစ်ကားမှ ပေါ့တိပေါ့ပြတ်မပါဘူး... အကုန်ကောင်းတယ်) Genre - Comedy, Romance Translated by MinnMyoKhant Encoded by လူယုတ်မာ   1) 👉ဒေါင်းရန်နှိပ် DropBox 1080P [1.2 GB] 2) 👉ဒေါင်းရန်နှိပ် MegaUp 1080P ...
7.8
IMDB: 7.8/10 38,395 votes
movie
Vicky Donor
2012
1080 P
The Strangers: Prey at Night 5.2
The Strangers: Prey at Night လာပါ​ပြီဗျာ.. ဟိုတစ်​နေ့က တင်ခဲ့တဲ့ The Strangers (2008) ရဲ့​နောက်ဆက်တွဲ The Strangers:Prey at Night (2018)ကား​လေးကို တင်ဆက်​ပေးလိုက်ပါပြီ ​နောက်ဆက်တွဲဆို​ပေမယ့် ​ရှေ့ကကားနဲ့ အဆက်စပ်မရှိလို့ ဒီကားကိုတန်းကြည့်လဲရပါတယ် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကလည်း ပရိသတ်နဲ့မစိမ်းတဲ့ The other side of the doorတို့ 47 meters downတို့လိုဇာတ်ကား​တွေရိုက်ကူးခဲ့တဲ့ Johannes Roberts ပဲဖြစ်ပါတယ် ဆို​တော့ ဇာတ်ကားရဲ့အရသာကို​တော့ ခန့်မှန်းမိမှာပါ ထူးခြားတာက အရင် The Strangers(2008)ကို ရိုကိကူးခဲ့တဲ့ ဒါရိုက်တာကလဲ ဒီကားမှာ ဇာတ်ညွှန်းအ​နေနဲ့ပါဝင်ထားပါ​သေးတယ် ဇာတ်လမ်းက​တော့ မိုက်၊ စင်ဒီ၊ လုခ်၊ ကင်ဆီဆိုတဲ့ မိသားစု​လေး​ယောက်က သမီးဖြစ်သူ ကင်ဆီကို ​ဘော်ဒါ​ဆောင်မပို့ခင်မှာ အပန်း​ဖြေခရီးအ​နေနဲ့ သူတို့ရဲ့ အန်ကယ်မက်နဲ့ အန်တီရှယ်တို့ရဲ့ ဂတ်တင်လိတ်အပန်း​ဖြေအိမ်ရာဆီကို ခရီးထွက်ခဲ့ပါတယ် ကင်ဆီက​တော့ ​ဘော်ဒါ​​ဆောင်မသွားချင်လို့ မိဘ​တွေအ​ပေါ်မှာ စိတ်ဆိုး​နေပြီး ...
5.2
IMDB: 5.2/10 25,016 votes
movie
The Strangers: Prey at Night
2018
1080 P
The Core 5.5
The Core မိတ်ဆွေတိုမင်းသားကြီး Bruce Willis ရဲ့ Ammegdon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်ေတာ့ ဒီဇာတ်ကားကို ဒုတိယ Ammegdon လိုပဲ ညႇွန်းေပးပါရေစ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖိုအသက်စွန်ပြီး စွန်စားခန်းဖွင်ကြတဲ့ သူရဲေကာင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကေတာ့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မွာ သံရည်ပူတွေဟာ တစ်စက္ကန်ကို မိုင်ပေါင်းများစွာနဲ့လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်လမ်းမှာ ထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာ‌ေတာင်နဲ့ေမြာက်ဝင်ရိုးစွန်းတွေနဲ ဟန်ခၾက်ညီေအာင် ထိန်းသိမ်းေပးထားရင်း နေရောင်ခြည်ကို ကာကွယ်‌ေပးထားတာပါ။ အဲဒီအၿခိန်မွာေတာ့ အဲဒီလည်ပတ်မႈကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးဖို့ အခြေအနေရောက်လာပါပြီ။ အဲဒီလိုအချိန်မှာ သိပ္ပံ ပညာရှင်တွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ........ ဇာတ်ကားလေးက Rating နည်းတယ်ဆိုပေမဲ့ ၂၀၀၃ ခုနစ်ကရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တာလည်းပါတယ်.... အခုအချိန်ပြန်ကြည့်မယ်ဆိုရင်တော့ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းမှာဖြစ်ပြီး.... သိပ္ပံ နည်းပညာတွေ သူတို့ရဲ့ နည်းစနစ်ကျကျက ...
5.5
IMDB: 5.5/10 90,330 votes
movie
The Core
2003
1080 P
The Call 6.7
The Call ဒီကားလေးကတော့ 2013ထဲက ထွက်ရှိထားပြီးတော့ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် IMDb Rate 6.7ရရှိထားတဲ့ Crime,Dramaအမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာ ပါဝင်ကြသူတွေကလဲ နာမည်ကြီးသရုပ်ဆောင်တွေပါ။ ဇာတ်လမ်း စ လယ် ဆုံးကို ရသမျိုးစုံစွာ ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Jordanဟာ အရေးပေါ်ဝန်ဆောင်မှုဌာနမှ အတွေ့အကြုံရှိသူ တစ်ယောက်ပါ။ တစ်ရက်မှာတော့ ပြန်ပေးဆွဲခံရတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေး Caseyဆိုသူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရခဲ့ပါတယ်။Caseyကို ကယ်တင်ဖို့ကြိုးစားရင်း နောက်ပိုင်းမှာ Jordanတစ်ယောက် သိလာတာက အရင်က Leahပြန်ပေးဆွဲမှုမှာ ကျူးလွန်ခဲ့သူသည် တစ်ယောက်ထဲဆိုတာ သိလိုက်ရတယ် Jordanတစ်ယောက် လူသတ်တရားခံကို ဘယ်လိုဆက်စပ်မိသွားတာလဲ။ Caseyကိုရော ကယ်တင်နိုင်မှာလား ဆိုတာကို အချိတ်အဆက်မိမိ ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။   Translated By - Aye Mya
6.7
IMDB: 6.7/10 108,604 votes
movie
The Call
2013
1080 P
Passengers 2016 7
Passengers 2016 ကျော်တို့ Hunger Games မင်းသမီး Jennifer Lawrence နဲ့ Star Lord တဖြစ်လဲ Chris Pratt တို့ အဓိကပါဝင်ထားတဲ့ Passengers ရုပ်ရှင်ကို ဒီနှစ်မကုန်ခင်မှာ တွေ့မြင်ရတော့မှာပါ။ အာကသယာဉ်ကြီးပေါ်မှာ နှစ် ၁၀၀ ကျော်အိပ်စက်ပြီး ခရီးနှင်နေကြတဲ့အထဲက ခရီးသည်နှစ်ဦးဖြစ်တဲ့ Jennifer နဲ့ Chris တို့ဟာ ခရီးစဉ်မဆုံးခင် နှစ် ၉၀ လောက်စောပြီး နိုးထလာခဲ့ပါတယ်။ ပြန်ပြီး hibernate မလုပ်ရင် ခရီးစဉ်မဆုံးခင် သေဖို့ပဲရှိပေမဲ့ ချွတ်ယွင်းချက်တွေကြောင့် ပြန်အိပ်လို့လည်းမရတဲ့အပြင် ယာဉ်ပျံကြီးကလည်း အန္တရာယ်တွင်းကျရောက်လာလေတော့ တစ်စီးလုံးမှာနိုးနေတာဆိုလို့ နှစ်ယောက်တဲ့ရှိတဲ့ ဇာတ်လိုက်နှစ်ယောက် ယာဉ်ပျံကြီးကိုကယ်တင်ဖို့ဖြစ်လာပါတယ်။ ... Director Morten Tyldum ရိုက်ကူးထားတဲ့ အခုရုပ်ရှင်ဟာ December 21 ရက်မှာ ရုံတင်မှာဖြစ်ပြီး Jennifer နဲ့ Chris တို့အပြင် ...
7
IMDB: 7/10 333,331 votes
movie
Passengers 2016
2016
1080 P
Fan 2016 7.0
Fan 2016 IMDB 7/10 ရထားတဲ့ ရှရွတ်ခန်းမင်းသားရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်... တစ်ယောက်ကတော့ စူပါစတား ကြယ်ပွင့်တစ်ဦး Aryan Khanna ဖြစ်ပြီး... နောက်တစ်ယောက်ကစူပါစတားကြယ်ပွင့်ရဲ့ ပရိတ်သတ်တစ်ဦး Gaurav Chanda ဖြစ်တယ်... ပရိတ်သတ်ဖြစ်တဲ့အပြင် Aryanအပေါ် ငယ်စဥ်ထဲက လွန်စွာ ရူးသွပ်သူ တစ်ဦးလည်းဖြစ်ခဲ့တယ်... Aryanနဲ့ရုပ်ချင်းဆင်ပြီး သူတို့မြို့လေးရဲ့ (သရုပ်ဆောင်)ပြိုင်ပွဲတိုင်းကို ပထမဆုပဲအမြဲရလေ့ရှိတယ်... တစ်နေ့ Aryanရဲ့မွေးနေ့ကို အရောက်သွားခဲ့ရာမှ သူ့ရဲ့ရူးသွပ်မှုကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်... ပရိတ်သတ်တစ်ဦးဖြစ်တဲ့ Gauravက သူရဲ့ရူးသွပ်မှုက အဆုံးစွန်ထိ လုပ်သွားခဲ့တာပါ... စတားတစ်ယောက်ဖြစ်တဲ့ Aryanကလဲ မာနကြီးကြီး တုန်ပြန်ခဲ့ပါတယ်... သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါ... (အညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Sone Kyaw ဖြစ်ပြီး Admin Kyaw Thet က Encodeလုပ်ပေးထားပါတယ်)
7.0
IMDB: 7.0/10 4077 votes
movie
Fan 2016
1080 P
1080 P
Nannaku Prematho 2016 7.6
Nannaku Prematho 2016 "ခံစားချက်ဆိုတာ ချက်ချင်းထုတ် ဖော်ပြသရတဲ့အရာလို့ထင်ခဲ့ဖူးတယ် ဒါပေမဲ့တစ်ချို့ခံစားချက်တွေက​တော့ ဖုံးကွယ်ထားဖ်ို့လ်ိုတာပေါ့ ဒီခံစားချက်တွေကိုဆက်သိမ်းထားမှ ဒီ နာကျည်မှူကြီးက ကျနော်တို့နဲ့တူတူ တစ်သက်လုံးရှိနေမှာလေ " ရိုးရိုးရှင်းရှင်းလေးနဲ့ လှည့်ကွက်တွေထည့်သုံးသွားတဲ့ဒီကားလေးက ကြည့်ရတာ အရမ်းတန်ပါတယ်နော် ....... UKနိုင်ငံမှာရှိတဲ့ India လူမျိုးတွေထဲမှာ အချမ်းသာဆုံးလုပ်ငန်းရှင်ဖြစ်တဲ့ ရမေချန် ဒရာပါရဆတ် တစ်ယောက် ဂိမ်းတစ်ခုကစားပြီးလှည့်ဖျားတက်တဲ့ ခရစ်ရှနာမာတီရဲ့ လိမ်လည်ခြင်းခံလိုက်ရပြီး လုပ်ငန်းတွေဒေဝါလီ ခံလိုက်ရတဲ့ ရမေချန်ဒရာပါရာဆတ် တစ်ယောက် သား ၃ယောက် အတွက် အရှုံး သမား ဆူပရာမန်နီရမ် အဖြစ် ဘဝကိုခက်ခဲစွာရပ်တည်ခဲ့တယ်နောက်ဆုံးထွက်သက်တွက် ရက် ၃၀အလိုမှာ ရင်ထဲက နာကျည်မှုတွေထုတ်ပြတဲ့ချိန် သား​ငယ်ဆုံးဖြစ်သူ အာဘီရမ် တစ်ယောက် သူ့အ​ဖေရဲ့နောက်ဆုံး ဆန္ဒကို ဘယ်လို ဖြည့်ဆည်းပေးမလည်း.... ကြားထဲ အာဘီရမ် နဲ့ ခရစ်ရှနာမာတီရဲ့ အချစ်ဆုံးသမီးလေး ဒေဗရာ ရဲ့အချစ်ရေးဘယ်လိုရှိမလည်း...... အာဘီရမ် ကရော ခရစ်ရှနာမာတီရဲ့ ဘီလယံ 35000 ကြွယ်ဝမှုတွေကို ရက် 30နဲ့ 0 ...
7.6
IMDB: 7.6/10 8,496 votes
movie
Nannaku Prematho 2016
2016
1080 P
Rebel 2012 4.7
Rebel 2012 "ခြင်္သေ့ အိမ်မှာ ခြင်္သေ့ဘဲ မွေးမှာပေါ့ ခြင်္သေ့ နှလုံးသား ခဲနဲ့​ပေါက်မဲ့သူလာရင် ကျောက်တုံးနဲ့ ပြန်ရှင်းပစ်မဲ့သူမျိုး သခင့်သား ရရီး​" စတီဗင်ရောဘတ် .ဝန်ကြီး စေရာဂျ်. ၁၀နှစ်တာ အညိုးတေးတွေနဲ့ ကလဲစားခြေဖို့ ဂျေရော သုံးယောက်ပေါင်းပြီး မင်းသားလေးရရှိီးရဲ့ဇနီးလောင်းဒီပါလီ နဲ့မိဘတွေကို လုပ်ကြံသတ်ဖြတ် ခဲ့နောက် ပုန်းအောင်းနေတဲ့ စတီဗင်ရောဘတ် ကို မင်းသားလေးကရောရှာတွေ့နိုင်မလား စတီဗင်ရောဘတ်နဲ့ မင်းသမီးနန်သနီးအဖေ နာနူးကရော ဘယ်လ်ိုပတ်သတ်နေလည််း ရရှိီးကရော နန်သနီးကိုချစ်ဟန်ဆောင်ပြီး စတီဗင်ရောဘတ်ဆီဘယ်လိုချဥ်းကပ်မလည်း ဆ​က်လက်ကြည့်ရှူပေးပါဦး အညွန်း HMH
4.7
IMDB: 4.7/10 1409 votes
movie
Rebel 2012
2012
1080 P
Tomorrowland 2015 6.4
Tomorrowland 2015 Tomorrowland ကားက " မဆိုးပါဘူး။ မိုက်ပါတယ် " ဆိုတဲ့ထဲမှာပါပါတယ်။ အရမ်းအကောင်းကြီးတော့မဟုတ်ဘူးပေါ့။ ဇာတ်လမ်းအရဆိုရင် Tomorrowland ဆိုတာ အံ့သြစရာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတဲ့ အရမ်းကောင်းတဲ့နေရာပါ။ ဒါကို အဓိကဇာတ်ကောင်ဖြစ်တဲ့ Casey နဲ့ပြသွားနိုင်ပါတယ်။ တစ်ခုခုတွေ့ရင် အရမ်းသဘောကျပြီး ရယ်တာ၊ လျှေက်ကလိတာ၊ အကုန်လျှောက်စပ်စုတာတွေက ကြည့်နေတဲ့လူကို ပိုပြီးစိတ်ဝင်စားအောင်လုပ်သွားနိုင်တယ်။ တကယ်ကိုယ်က သိပ်မအံ့သြရင်တောင် သူက ကလေးလေးလိုပဲ ရယ်မောပြီး မိုက်တယ် ဘာညာ ပြောတော့ လူက ပိုမျောသွားတယ်လေ။ (ရုပ်ရှင်ထဲတော့ အဲလိုဗမာလိုမပြောပါ) ။ ဒါကတော့ ဆွယ်တာတော်တယ်လို့ ပြောရမှာပေါ့။ မင်းသမီး Acting ကလည်း မဆိုပါဘူး။ သူ့အသံပြဲနဲ့ ထ ထ အော်တာတွေကိုတော့ သဘာကျတယ်။ မင်းသားလည်း ဒီအတိုင်းပါပဲ။ ကောင်းတယ် but အရမ်း အကောင်းကြီးမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းသဘောကျတာကတော့ Athena လုပ်တဲ့ ကောင်မလေးပါ။ အသက်က ...
6.4
IMDB: 6.4/10 167,204 votes
movie
Tomorrowland 2015
2015
1080 PBlue-Ray
Inception 8.8
Inception ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –   လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ...
8.8
IMDB: 8.8/10 1,953,084 votes
movie
Inception
2010
1080 P
Mad Max: Fury Road 8.1
Mad Max: Fury Road လူသားတွေရဲ့ မကောင်းမှုတွေကြောင့်ကမ္ဘာကြီးပျက်သုဉ်းသွားရင် ဘာဖြစ်မယ်လို့တွေးဖူးပါလား...အဲ့တာဆိုရင်တော့ Mad Max: Fury Road ကိုကြည့်လိုက်ပါ.... Venom မင်းသားချော Tom Hardy က Max အနေနဲ့ပါဝင်ထားပြီး မင်းသမီးကြီး Charlize Theron လည်းပါဝင်ထားပါတယ်... ကမ္ဘာကြီးချို့ယွင်းပျက်စီးလာပြီး လူသားမျိုးနွယ်အပေါ်စိုးမိုးလာတဲ့ အမျိုးနွယ်တွေပေါ်ပေါက်လာခဲ့တယ်... ဒီ Fury Road ထဲမှာဆို လူသားမျိူးနွယ်ကိုအုပ်ချုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ Immortan Joe ရဲ့ လက်ထောက် Furiosa ကိုအသားပေးဖော်ပြထားတာပါ လူသားတွေကိုကျွန်တွေအဖြစ်သဘောထားပြီး အုပ်ချုပ်နေတဲ့ Joe ကို Furiosa နဲ့ Max အပြင်အခြားသောထူးခြားတဲ့ဇာတ်ကောင်များရဲ့ လက်စားချေမှုကိုအံ့သြစွာကြည့်ရမှာပါ.... ဒီကားဟာ 2015 May လမှာရုံတင်ခဲ့ပြီး တော်တော်အောင်မြင်ခဲ့တဲ့ action ကားကောင်းတစ်ကားပါ.... Box office ကို $374.4 M ထိရရှိထားပြီး IMDb 8.1 ထိရရှိထားတာပါ...ဒါကြောင့် ဒီလို action ကားကောင်းမျိူးကိုလက်မလွှတ်တမ်းကြည့်သင့်ပါတယ်။   အညွှန်းနဲ့ ဘာသာပြန်သူကတော့ Aron ဖြစ်ပြီး Kyaw Thet မှ Encode လုပ်ပေးထားပါတယ်။
8.1
IMDB: 8.1/10 834,299 votes
movie
Mad Max: Fury Road
2015
1080 PBlue-Ray