Yourcinema

1080p Bluray 5.1 CH

The Man Standing Next 7
The Man Standing Next BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။ မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ ...
7
IMDB: 7/10 1,226 votes
movie

The Man Standing Next

2020
1080p Bluray 5.1 CH