Yourcinema

1080P Bluray 5.1CH

Palm Springs 7.5
Palm Springs Palm Springs (2020) Imbd မှာ 7.5 ရရှိထားပြီး, Rotten မှာ 94% ထိတောင်ဆိုတော့ Rating ကောင်းတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး... ဘာကိုမှ စောင်ဂရုမစိုက်တတ်တဲ့ နိုင်းလ် နဲ့ အရာရာကို စိတ်ကုန်နေတဲ့ သတို့သမီးအရံ ဆယ်ရာတို့ရဲ့ Time Loop ထဲမှာ ပိတ်မိပြီး ပြန်ထွက်မရဖြစ်နေရတာကို အချစ် ဟာသ ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတဲ့ 2020 ထွက် ရုပ်ရှင် သစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ.. ဂန္တဝင် ရုပ်ရှင်ကားကြီး Groundhog Day လို အချိန်ထပ်ခါတလဲလဲ ဖြစ်နေတဲ့ကားမျိုးပါ.. English ကားတို့ရဲ့ ထုံးစံအတိုင်း sex scene တစ်ချို့ လောက်ပါတာမို့ မိသားစု နဲ့ဆို မသင့်တော်ပါဘူး.. စကတည်းက Time loop ထဲမှာပိတ်မိနေတဲ့ နိုင်းလ်... ဒီတစ်ရက်တည်းဖြစ်နေတာကိုငြီးငွေ့နေပြီး မဂ်လာဆောင်မှာ ဆယ်ရာ နဲ့ စတွေ့ရာက ဇာတ်လမ်းက စရှုပ်တော့တာပါပဲ.. ဆယ်ရာလဲ Time Loop ...
7.5
IMDB: 7.5/10 42,066 votes
movie

Palm Springs

2020
1080P Bluray 5.1CH
Jurassic Park III 5.9
Jurassic Park III Jurassic Park III (2001) Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ...
5.9
IMDB: 5.9/10 290,477 votes
movie

Jurassic Park III

2001
1080P Bluray 5.1CH
Dum Laga Ke Haisha 7.5
Dum Laga Ke Haisha Dum Laga Ke Haisha (2015) ပရိသတ်တွေအတွက် 2015 ကထွက်ခဲ့တဲ့ မင်းသားချော အရွတ်ရ်ှမန်းနဲ့ မင်းသမီးချော ဘူမိတို့ရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်... Romance/Drama အမျိုးအစားဖြစ်ပြီး IMDb 7.5/10 နဲ့ Google users 92% ရရှိထားပါတယ်... မင်းသမီး ဘူမိဟာ ဒီဇာတ်ကားအတွက် မူလကတည်းက အနည်းငယ်ဝနေတဲ့ခန္ဓာကိုယ်ကို အဝလွန်အောင်ဝိတ်တင်ခဲ့ရပြီး ဒီဇာတ်ကားနဲ့အတူ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်... ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်... ဇာတ်လမ်းလေးကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့ ပရမ်ဆိုတဲ့ကောင်လေးဟာ ငွေးကြေးအခက်အခဲကြောင့် မိဘတွေပေးစားတဲ့ ဆန်ဒယာဆိုတဲ့ အဝလွန်နေတဲ့ကောင်မလေးကို မယူချင်ဘဲယူလိုက်ရပါတယ်... ဒီလိုနဲ့ သူတို့အိမ်ထောင်ရေး အဆင်ပြေပါ့မလား...??? ဘာတွေဆက်ဖြစ်မလဲ...??? ဆိုတာကို ပရိသတ်တွေကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး... Quality - Bluray (1080P) (480P) Size - (1.6 GB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ ဒေါင်းရန် နှိပ်ပါ 1080P ...
7.5
IMDB: 7.5/10 17,452 votes
movie

Dum Laga Ke Haisha

2015
1080P Bluray 5.1CH
The Beautician and the Beast 5.4
The Beautician and the Beast The Beautician And The Beast (1997) ကင်မ် ဂျုံအန်လိုမျိုး အာဏာရှင်ကို ချစ်မိတဲ့အခါ ဘယ်လိုတွေဖြစ်မယ်ထင်လဲ မိန်းခလေးတို့.. ကဲ ၁၉၉၇ထွက် Comedy / Romance ကားလေးကို ခံစားကြည့်ရအောင်.. မစ်မိလ်လာ ဟာ USAက မိတ်ကပ် နဲ့ ဆံပင်ပညာရှင်တစ်ယောက်.. လက်ထပ်ဖို့ နားချနေတဲ့ အမေဖြစ်သူစကားနားမထောင်ပဲ သူ့ဘဝမှာ သူ ကြိုက်တဲ့သူကို ရွေးချင်သူ.. အရွေးလွန်း ဂျီးများတာကြောင့် FA ဖြစ်နေသူ.. ဒီလိုနဲ့ ကံကောင်းအကြောင်းလှလို့ ဖိန့်ဖိန့်တုန်​အောင်ကြောက်ရတဲ့ စလိုဗက်ဇီးယားနိုင်ငံငယ်လေးက အာဏာရှင်က သူ့ကိုပိုက်ဆံကြေးကြီးပေးပြီး သူ့သားသမီးတွေကို ပညာသင်ခိုင်းရာက စပြီး.. ဘယ်လို အလွဲတွေဖြစ် ဇာတ်တွေရှုပ်ပြီး တိုင်ပတ်မလဲ.. အာဏာရှင်ဆိုတဲ့အတိုင်းပြည်သူတွေကို ဘယ်လိုဖိနှိပ်မယ်..ဆိုတာတွေကို ''ဇာတ်ဝင်ခန်းတိုင်းလိုလို'' ဟာသ မြောက်ပြီး ကြည့်ရမှာ ဖြစ်ပါတယ်.. PS: အခုလို ရီရတဲ့ဟာသ ကားကောင်းလေးကို တောင်းတဲ့ ပရိတ်သတ်ကိုလဲ ကျေးဇူးတင်ပါတယ်.. Quality - 1080P , 480P Size ...
5.4
IMDB: 5.4/10 8,367 votes
movie

The Beautician and the Beast

1997
1080P Bluray 5.1CH
The Lost World: Jurassic Park 6.6
The Lost World: Jurassic Park The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size : (1 GB) and (579 MB) Quality : BluRay 720p Running Time : 2hr 09min Format : Mp4 Genre :Action,Adventure,Sci-Fi Subtitle ...
6.6
IMDB: 6.6/10 369,691 votes
movie

The Lost World: Jurassic Park

1997
1080P Bluray 5.1CH
Jurassic Park 8.1
Jurassic Park Jurassic Park (1993) ဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည် IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင် ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍ နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကို ငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင် လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီး လျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီး ထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေကို သဘာ၀တရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာ ဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား။ Quality - 1080P , 480P Size - 1.1 GB , 588 MB Subtitle & Encoded by လူယုတ်မာ #crd_review_channelmyanmar   ဒေါင်းရန် နှိပ်ပါ 1080P [1.1 GB] ဒေါင်းရန် နှိပ်ပါ 480P [588 MB]
8.1
IMDB: 8.1/10 841,830 votes
movie

Jurassic Park

1993
1080P Bluray 5.1CH
Underwater 5.8
Underwater Underwater (2020) covid 19 ကြောင့် အိမ်တွင်းအောင်းနေရသူတွေကို ဒီည ကြည့်ဖို့ ညွှန်းချင်တာကတော့ Underwater (2020) ပါပဲ…. Kristen Stewart ကတော့ ချာလီ နဲ့ အိမ်ဂျလ် များ ထဲက ဆံပင် စတိုင်လ် အတိုင်းပဲ ဂတုံးကေ နည်းနည်းဖြစ်သွားတာပဲ... ဒီကောင်မလေး ဒီလို ဂတုံးကေ နဲ့လဲ ချစ်ဖို့ ကောင်းနေတုန်းပဲ... သူများတွေလို ကိတ်ထွက် မနေပဲ ပြားတားတားလေးဖြစ်နေတာကလဲ သူ့ဆွဲဆောင်မှုပဲ… ဇတ်လမ်းပုံစံကတော့ ရေအောက်လေ့လာရေး အဆောက်အဦးကြီး တစ်ခုဟာ ရုတ်တရက် ငလျင်ဒဏ် လို တစ်ခုခု တိုက်ခတ်တာကြောင့် တစ်ချို့ အစိတ်အပိုင်းတွေ ပျက်စီးကုန်ပြီး လူတွေ သေကြပါတယ်... (စ လာကတည်းက တန်ပိုတင်ထားတာ) ဒီထဲကမှ စက်မှုအင်ဂျင်နီယာ ကောင်မလေး နိုရာ နဲ့ အလုပ်ထဲက လက်ချိုးရေလို့ ရတဲ့ လူတစ်ချို့သာ ကျန်ခဲ့ပါတယ်... ဒီကျန်တဲ့ အုပ်စုတွေဟာ ...
5.8
IMDB: 5.8/10 46,633 votes
movie

Underwater

2020
1080P Bluray 5.1CH
Headshot 6.3
Headshot Headshot (2016) Imbd မှာ 6.3 ရရှိထားပြီး Rotten မှာ 73% တောင် ရရှိထားတဲ့ အင်ဒို Action/Drama ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အက်ရှင်ကားပီပီ စကားပြောခန်းနည်းနည်းနဲ့ တစ်ကားလုံးနီးပါး သွေးသံရဲရဲ ဖိုက်တင်ခန်း ကြမ်းကြမ်းတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ.. ဇာတ်လမ်းက လူဆိုးဂိုဏ်းဝင်ဖြစ်ခဲ့ဖူးတဲ့ မင်းသားဟာ ဇာတ်လမ်းအစမှာ အတိတ်မေ့ပြီး ဆေးရုံတက်နေရပြီးသူ့ကို ကုပေးနေတဲ့ ဒေါက်တာမလေး နဲ့ ခင်သွားရော.. သူကသာ အတိတ်မေ့နေတာ .. သူ့ ဂိုဏ်းက အဖွဲ့ဝင်တွေကတော့ ရဲကို ဂိုဏ်းအကြောင်းဖော်လိုက်မှာစိုးရိမ်ပြီး သူ့ကို သည်းသည်းမည်းမည်း လိုက်ရှာရင်း သူရော ကုပေးနေတဲ့ ဒေါက်တာမလေးရော အသက် အန္တရာယ်ထဲ ရောက်ကြရရော.. ဒေသတွင်းသာမက နိုင်ငံနီးချင်းတွေပါ ဖိန့်ဖိန့်တုန်ကြောက်ရတဲ့ ဂိုဏ်းချုပ်ကရော သူ့အသက်ကို ချမ်းသာပေးပါ့မလား.. သူ့အတိတ်အရိပ်ဆိုးက လိုက်လံခြောက်နေရာက လွတ်မြောက်နိုင်ပါ့မလား.. ဒေါက်တာမလေးရော ဘာတွေဆက်ဖြစ်မလဲ..ဆိုတာ ရင်တထိတ်ထိတ် နဲ့ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပါလို့တင်ဆက်ရင်း.. Quality ...
6.3
IMDB: 6.3/10 12,393 votes
movie

Headshot

2016
1080P Bluray 5.1CH
Brave 7.1
Brave Brave (2012) မင်းသမီးလေးပါတဲ့ ကားတော်တော်များများဟာ စုံတွဲအချစ်ဇာတ်လမ်းတွေနဲ့ ညားကြတာများပါတယ်.. ဒီ၂၀၁၂ ထွက်ကားလေးကတော့ ၁၅၀၀ အချစ်မဟုတ်ပဲ မိဘ နဲ့ သားသမီးကြားထဲက ၅၂၈ အချစ်ကို ဖော်ကျူးထားတဲ့ကားကောင်းလေး Pixar နဲ့ Disney ရဲ့ တင်ဆက်မှု ဖြစ်ပါတယ်.. rating အနေနဲ့ Imbd မှာ 7.1 , Rotten Tomatoes မှာ 78% ရရှိထားတယ်..Old but Gold လေးပေါ့! မင်းသမီးဖြစ်ရတာကို စိတ်ကုန်နေတဲ့ မင်းသမီးလေး.. များ​​မြောင်လှတဲ့ မင်းသမီး တာဝန်ဝတ္တရား တွေကို ပစ်ချပြီး စီးတော်မြင်းကြီး နဲ့ မြှားပစ်နေရရင် ကျေနပ်နေသူလေး.. အသက်အရွယ်ရလို့ အိမ်ထောင်ပြုဖို့သူ့ကို မိဘနှစ်ယောက်က တိုက်တွန်းတဲ့အခါ..အထူးသဖြင့် သူမ​ဖြစ်ချင်သေးတာကို အမေကဖိအားပေးတဲ့အခါ..လွတ်လပ်မှု ကို မြတ်နိုးတဲ့သူမလေးဟာ..တိုင်း​ပြည်စည်းမျဥ်းတွေအရ ကံကြမ္မာက သတ်မှတ်ထားတာကို လက်မခံပဲ တောနက်ထဲ ထွက်ပြေးရင်း စုန်းမ နဲ့တွေ့ပြီး သူ့အမေ စိတ်ကိုပြောင်းလဲအောင် မန္တန် ...
7.1
IMDB: 7.1/10 363,360 votes
movie

Brave

2012
1080P Bluray 5.1CH
Triple Frontier 6.4
Triple Frontier Triple Frontier (2019) ဓားပြတိုက်တဲ့ကား.. သာမာန်ဓာပြတိုက်တဲ့ကားတွေနဲ့မတူတာက ဘဏ်မှာ ဝင်တိုက်တာမဟုတ်ဘူး..တကယ့်ကြမ်းရမ်းပါပေ့ဆိုတဲ့ မူးယစ်ရာဇာ အိမ်ကိုမှ ဝင်စီးတာ.. Netflix က 2019 မှာ ထုတ်တဲ့ Action နဲ့ Drama ကား...ဇာတ်အိမ်လဲမိုက်စ်!! ဇာတ်လမ်းက နိုင်ငံအတွက် အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့က စစ်မှူထမ်းဟောင်းသုံးယောက် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ.. သူတို့ထဲက တစ်ယောက်က မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့နဲ့ပေါင်းပြီး နာမည်အကြီးဆုံး မူးယစ်ရာဇာကို သတင်းရဖို့လိုက်တာက စတာပဲ.. မူးယစ်ရာဇာ ဥနေတဲ့နေရာကို သူသိသွားတော့ သူ့ တပ်ပြန်ဘော်တာတွေတစ်ယောက်ချင်းစီလိုက် စည်းရုံးပြီး ဝင်စီးတော့တာပဲ.. ဒါပေမဲ့ ပြသနာက မူးယစ်ရာဇာက သာမန်မြို့ထဲမှာမဟုတ်ပဲ ပြန်ထွက်ရအရမ်းခက်တဲ့နေရာမှာ ဆိုတော့ သူတို့ ဓားပြတိုက်ပြီး ပြန်ထွက်နိုင်ပါ့မလား.. ဖွက်ထားတဲ့ ငွေတွေကိုရော သူတို့ရှာတွေ့ကြပါ့မလား..ကိုယ်မထင်ထားတဲ့ အဖြစ်အပျက်တွေကြုံပြီး ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ကားကောင်းတစ်ကားပါလို့ တင်ဆက်ရင်း.. ဘာသာပြန် = Arkar Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.4 GB] ဒေါင်းရန် နှိပ်ပါ 480P [404 ...
6.4
IMDB: 6.4/10 100,782 votes
movie

Triple Frontier

2019
1080P Bluray 5.1CH
Missing Link 6.7
Missing Link Missing Link (2019) ကာတွန်းကားဆိုတာ လူကြီးတွေအတွက်မဟုတ်ဘူးဆိုတဲ့ ခေတ်ကုန်သွားပြီ... 2019 ကထွက်ထားတဲ့ ဒီကားလေး Your Cinema ပရိတ်သတ်ကြီးကို ဘဝမှာ အရေး​ကြီးတဲ့ message လေးတစ်ခုပေးပါလိမ့်မယ်.. တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်လက်မခံတဲ့ အသိုင်းဝိုင်းတွေထဲမှာမှ လက်သင့်ခံ မျက်နှာသာပေးခံရတာကို လိုချင်ပြီး ကိုယ်​​​သွားရမဲ့ လမ်းပျောက်နေကြတယ်.. ဒီရုပ်ရှင်လေးကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိနေပါလိမ့်မယ်.. Rotten Tomatoes မှာ rating 89 အထိ​တောင်ရရှိထား​ပြီး Imbd မှာ ဘာလို့ 6.7 ပဲရတယ်လည်းဆိုတဲ့အထိ မချင့်မရဲဖြစ်လောက်အောင် ကောင်းလွန်းပါတယ်..ဒါ့အပြင် 2019 ရဲ့ Golden Globe ဆုကို ရရှိထားတဲ့ အကောင်းဆုံး Animated ရုပ်ရှင်ဖြစ်ပါတယ်.. ရုပ်ရှင်အမျိုးစားကတော့ Comedy နဲ့ Adventure ဖြစ်လို့ အခန်းတိုင်းလိုလို ခွီနေရပြီး စွန့်စားခန်းတွေကို ဖောဖောသီသီကြီးမြင်ရပါမယ်.. ဇာတ်လမ်းကတော့ စွန့်စားသွားလာရင်း သတ္တဝါဆန်းဆန်းပြားပြားတွေကို ရှာဖွေတဲ့ Sir ...
6.7
IMDB: 6.7/10 19,709 votes
movie

Missing Link

2019
1080P Bluray 5.1CH
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 6.1
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) DCရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ဇာတ်ကား.Birds of Prey ဒီဇာတ်ကားလေးကတော့..sucide squad ထဲကစောက်ထာအကျဆုံးစုံတွဲဖြစ်တဲ့ ဂျိုကာနဲ့ ဟာလေးကွင်း.ရဲ့နောက်ဆက်တွဲပေါ့ဗျာ.. ၂၀၁၈ တုန်းကလည်းကွင်းရဲ့ဇာတ်ကားတစ်ကားထွက်ရှိထားပြီးတော့.ခုကားကတော့ ဂျိကာနဲ့ပြတ်သွားတဲ့ဟာလေးကွင်းရဲ့..soloသောင်းကျန်းတဲ့ဇာတ်ကားလေးပေါ့.... IMDB.ကတော့ထွက်ထွက်ချင်းတင် 6.1ရထားတာနော်. ကြည့်ရှုသူတွေရဲ့ feedbackတွေကလည်း..ကောင်းမှကောင်း.. ဇာတ်ကားလေးက..idiot..crime..funnyဆန်ဆန်သွားမယ်ဗျ... ဇာတ်လမ်းအညွှန်း.. ဇာတ်လမ်းအစမှာ...ဂျော်ကာလေးနဲ့ပြတ်သွားတဲ့.ဟာလေးကွင်းလေးနဲ့စထားတယ်...လမ်းခွဲပြီးတော့.နဂိုတည်းကချဉ်နေတဲ့မြို့ထဲကလူတွေက...ကွင်းနဲ့ ဂျော်ကာပြတ်သွားတာသိတော့..ကွင်းကို..အမှုန့်ချေဖို့လုပ်ပါလေရော..သူကလည်းချေချေပဲ.. ဟာလေးကွင်းက..ဂျော်ကာနဲ့ပြတ်တာကိုစိတ်နာတော့သူတို့.dateခဲ့တဲ့..ဓာတုစက်ရုံကိုဖောကိခွဲပစ်ပါလေရော... နောက်တော့ဂေါ်သန်ရဲ့မာဖီးယာဂိုဏ်ခေါင်းဆောင်..နဲ့တွေ့ပါလေရော ဖမ်းမိသွားတယ်ပေါ့.. အဲ့အချိန်မှာအဲ့မာဖီးယာဂိုဏ်းခေါင်းဆောင်ဆီက..တန်ဖိုးအကြီးဆုံးစိန်ကိုကောင်မလေးကခိုးသွားပါလေရော.. အဲ့တာကိုအခွင့်ကောင်းယူပြီး...ကွင်းကအဲ့စိန်ကိုရှာပေးမယ်ပေါ့. အဲ့တာနဲ့ဂိုဏ်းခေါင်းဆောင်ကစိန်ပြန်ရှာပေးဖို့လွှတ်လိုက်တယ်.. ဆိုးတာက.စိန်ခိုသွားတဲ့ kidကအချုပ်ထဲရောက်နေပါလေရော.. အဲ့တော့ ဟာလေးကွင်းက.ရဲစခန်းကိုသွားသောင်းကျန်း..ကောင်မ လေးကိုတွေ့တော့..ကောင်မလေးကစိန်ကိုမျိုချထားပါလေရော. တစ်ဖက်မှာ.မာဖီးယာဂိုဏ်းခေါင်းဆောင်ရဲ့.လက်ထောက်ကို.လက်စားချေချင်နေတဲ့..adventure မတစ်ယောက်... ပြီးတော့..ကွင်းကို.အသေအလဲလိုက်ဖမ်းနေတဲ့.စုံထောင်မတျောက် Voice killerဆိုတဲ့..သူလျိှုမတျောက်ရယ်.... စိန်မျိုချထားတဲ့သူခိုးမလေးရယ်...ဂေါ်သန်မာဖီးယားခေါင်းဆောင်ရယ်..ဘယ်လိုတေတိုင်ပတ်ကြလဲဆိုတာကို..ဒီဇာတ်ကားမှာကြည့်ရှုရမှာဖြစ်ပါတယ်... Translated & Reviewed By Arkar Oo Encoded By Kar Yan
6.1
IMDB: 6.1/10 120,265 votes
movie

Birds of Prey (and the Fantabulous Emancipation of One Harley Quinn)

2020
1080P Bluray 5.1CH
A Walk in the Clouds 6.7
A Walk in the Clouds ဒီကားလေးကတော့ ဒုတိယ ကမ္ဘာစစ်အပြီးကာလက စစ်သားတစ်ယောက်ရဲ့အချစ်ရေးကိုဖော်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၁၉၉၅ ကထွက်ရှိထားပြီး ဘယ်အချိန် ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ ခေတ်ဟောင်း romantic drama အမျိုးအစားဖြစ်ပါတယ်။ Imdb rating 6.7/10 ရရှိထားပြီး drama ကြိုက်သူတွေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး မိမိ ဇနီးဆီပြန်လာသော စစ်သားတစ်ယောက်ရဲ့ လွဲမှားနေတဲ့ အချစ်ရေး နဲ့ ခရီးထွက်ရာမှ နောက်ထပ်ဆုံတွေ့ခဲ့ရတဲ့ကောင်မလေးရဲ့ ပြသာနာဖြစ်ရှင်းရခြင်း တို့ကိုပုံဖော်ရိုက်ကူထားတာပါ။ ရှုပ်ထွေးတဲ့အချစ်ဇာတ်ကြောင်းကို ဇာတ်လမ်း ရိုက်ကွက်တွေကရှင်းလင်းအောင်ဖော်ပြသွားတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခု လုံးပေါ့ပေါ့ပါးပါးကြည့်ရမယ့် feeling မျိုးရရှိမှာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲတွေကြည့်ရ တာအီနေတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ IMdb 6.3/10 -=-=-=-=-=-=-=-=-=-= Translated & Review By Naw Su Phaw Shee Encoded By Kar Yan -=-=-=-=-=-=-=-=-=-=-=
6.7
IMDB: 6.7/10 30,690 votes
movie

A Walk in the Clouds

1995
1080P Bluray 5.1CH
Robots 6.3
Robots Pageကနေ Movie တွေကြီးပဲကြည့်နေရတာပျင်းလာလို့ Animation ကောင်းကောင်းလေးကြည့်ချင်သူတွေအတွက် Robots ဆိုတဲ့ animation movie လေးကိုတင်ပေးလိုက်ပါတယ်နော်။ Robots ဆိုတဲ့ဇာတ်ကားလေးဟာ Well-E မထွက်ခင် 2005 ခုနှစ်ကထွက်ခဲ့တဲ့ စက်ရုပ် ကမ္ဘာအကြောင်းကို စိတ်ကူးယဥ်ပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီ Animation movie က IMDb 6.3/10 ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ မိသားစုဇာတ်ကားဖြစ်ပြီး ကလေးတွေကိုအိမ်မက်ကိုယ်စီထားရှိဖို့ လက်မလျှော့တတ်စေဖို့ ပညာပေးထားတဲ့ ကားလဲဖြစ်သလို comedy ဆန်ဆန်အခန်းတွေလည်းပါဝင်တာကြောင့်ရယ်ရယ်မောမောကြည့်ကြရမှာဖြစ်ပါတယ်။ ဇာတ်ကားအကျဥ်းပြောရလျှင် Rodney ဆိုတဲ့ စက်ရုပ်ကလေးက တီထွင်ဖန်တီးရတာဝါသနာပါပြီး ငယ်ငယ်လေးကတည်း စက်ရုပ်လေးတွေကိုတီထွင်နိုင်ခဲ့ပါတယ်။သူရဲ့အိမ်မက်ကတော့ တစ်နေ့စက်ရုပ်မြို့တော်ဆီသွားပြီး Bigweld ဆိုတဲ့ စက်ရုပ်ကြီးလို ကမ္ဘာ့အကောင်းဆုံးတီထွင်သူဖြစ်ချင်တာပါ။ အဲ့တာမို့လို့ သူအရွယ်ရောက်လာတဲ့တစ်နေ့ စက်ရုပ်မြို့တော်ဆီသွားပြီး Bigweld ဆိုသူရှာသောလည်း စက်ရုံမြို့တော်မှာ သူစိတ်ကူးထားတာနဲ့ မတူသောအခါ Bigweld ကိုရှာတွေ့သော်လည်း သူထင်သလိုမဟုတ်သောအခါ သူကိုယ်တိုင်စက်ရုပ်မြို့တော်ကိုပြောင်းလဲဖို့ ကံကြမ္မာဖန်လာသောအခါ ဘယ်လိုကြိုးစားမယ်ဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ Animation movie လေးဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ အညွန်းနှင့် ဘာသာပြန်  သူကတော့နော်ဆူးဖောရှီး ဖြစ်ပြီး ကာရံမှတင်ဆက်ပေးလိုက်ပါတယ်
6.3
IMDB: 6.3/10 129,030 votes
movie

Robots

2005
1080P Bluray 5.1CH