Yourcinema

1080p HD

Yes, God, Yes 5.9
Yes, God, Yes ဘာသာရေးနဲ့ စိတ်ကစားတတ်တဲ့ ၁၅/၁၆ အရွယ်မြီးကောင်ပေါက်လေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ လိင်ကိစ္စတွေနဲ့ပတ်သက်ပြီး သိချင်စိတ်၊ စူးစမ်းစိတ်တွေအကြောင်းပေါ့။ ဒီဇာတ်လမ်းလေးမှာ လူတွေရဲ့ဖြစ်တတ်တဲ့သဘောသဘာဝတွေအများကြီးပါတယ်။ သူများကျမလုပ်ဖို့ တားမြစ်ထားပြီး ကိုယ်တိုင်ကျ ခိုးလုပ်တတ်တဲ့လူတချို့အကြောင်း၊ ကြားဖူးရုံလောက်နဲ့ နားယောင်ပြီးအမှန်တရားလိုတစ်ထစ်ချယုံကြည်ပစ်လိုက်ကြတတ်သူတွေအကြောင်း၊ လူရှေ့ကျဖြူစင်ချင်ယောင်ဆောင်ပြီး ကွယ်ရာမှခိုးစားကြတဲ့သူတွေရဲ့အကြောင်း စသဖြင့်ပေါ့။ အဲလစ်က ဘာသာရေးကိုင်းရှိုင်းတဲ့ကတ်သလစ်ကျောင်းသူတစ်ယောက်။ AOL လို့ခေါ်တဲ့ Chat တစ်ခုမှာ Cybersex (အလွယ်ခေါ်ရရင် Sex chat) ကိုစမ်းကြည့်ရင်း တစ်ကိုယ်တော်သာယာမှုကိုတွေ့ရှိကာစ ကောင်မလေးပေါ့။ ဒါပေမယ့် တစ်ဖက်မှာကလည်း ဘာသာရေးအဆုံးအမတွေရှိနေလေတော့ ဒါကဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်နေတယ်ဆိုတာကိုသိနေတော့ ကြောက်လည်းကြောက်တယ် စမ်းလည်းကြည့်ချင်တယ်ဆိုတာမျိုးဖြစ်နေတာပေါ့။ ကံကလည်းဆိုးချင်တော့ ဘယ်ကနေဘယ်လိုဖြစ်သွားမှန်းမသိ သူနဲ့ကောင်လေးတစ်ယောက်နဲ့ဟိုလိုဒီလိုအောက်ပိုင်းဇာတ်လမ်းဖြစ်တာကို သူ့အတန်းကလူတွေကြားမှာ ပြန့်သွားတယ်။ ဒါပေမယ့် အဲလစ်က မဟုတ်ဘူးလို့ ပြောသမျှကို ဘယ်သူမှမယုံကြဘူး။ ကောင်လေးမှာက ရည်းစားရှိတယ်။ အဲလစ်က နာမည်ပျက်နေတဲ့ကောင်မလေးပေါ့။ ဒီလိုနဲ့ အပြစ်တွေဆေးကြောဖို့ Kirkos လို့ခေါ်တဲ့ သူတို့ကတ်သလစ်ကျောင်းရဲ့ ခရစ်ယာန်လူငယ်တွေအတွက် လေးရက်တာ Youth Camp ကိုရောက်သွားတဲ့အခါမှာတော့ ......... ၂၀၁၉ မတ်လ ၈ ...
5.9
IMDB: 5.9/10 2,018 votes
movie

Yes, God, Yes

2019
1080p HD
Dear John 6.3
Dear John ဒီဇာက်လမ်းကတောင်ကယ်ရိုလိုင်းနားကမ်းခြေတစ်ခုမှာ စကားပြောနဲတဲ့ အထူးတပ်ဖွဲ့၀င်တပ်ကြပ်ကြီး Johnနဲ့ မိန်းမချောလေး Savannahတို့တွေ့ရာရနေစပါတယ် တွေ့ရတဲ့နှစ်ပတ်အတွင်းမှာ သူတို့နှစ်ယောက်က ချစ်သူ ဖြစ်သွားခဲ့ကြပါတယ် Savannahကကောလိပ်ကိုပြန်ရပြီး Johnကစစ်တပ် ထဲကိုပြန်ရမဲ့အချိန်ရောက်လာတဲ့အခါမှာတော့ ခွဲရမဲ့ တစ်နှစ်အတွင်းမှာ ဖြစ်သမျှအကြောင်းစာရေးပြောဖို့ Savannahကပြောခဲ့ပါတယ် သူတို့နှစ်ယောက်က တစ်ယောက်ဆီတစ်ယောက်အပြန်လှန်ဘဲစာရေးခဲ့ကြတယ် လောကကြီးကစီစဉ်ထားသလိုသာဖြစ်မယ်ဆိုရင်တော့ သူတို့နှစ်ယောက်က တစ်နှစ်အကြာမှ လက်ထပ်ဖြစ်ကြမှာ ဖြစ်ပါတယ် ဒါပေမဲ့လည်းဘ၀ဆိုတာ ရတာမလို လိုတာမရဖြစ်တတ်သလို ဖြစ်ချင်ရာမဖြစ်ရဘဲ မဖြစ်ချင်တာတွေ ဖြစ်တတတ်တဲ့သဘောက‌လည်းရှိနေတော့ သူတို့နှစ်ဦးကြားမှာ အခတ်ခဲလေးတွေရှိလာပါတယ် တဖြည်းဖြည်းနဲ့ Savannahကစာအရေးကျဲလာက‌နေ တစ်နေ့မှာတော့ သူအခြားတစ်ယောက်နဲ့စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းစာက Johnဆီကိုရောက်လာပါတော့တယ်... Savannahကရော ဘယ်လိုအကြောင်းတွေကြောင့် အခြားတစ်ယောက်ကို စေ့စပ်ရတာလဲ Johnကရော ချစ်ရသူကိုစိတ်နာပြီးဘဲပြစ်ထားမလား အကြောင်းစုံသိရအောင်ဘဲ စုံစမ်းမလား... ချစ်တဲ့သူနှစ်ယောက်ကရော ပြန်လည်ပေါင်းဖတ်နိုင်မှာလားဆိုတာကတော့....... Translated & Review By Yamin Ou Encoded By Kar Yan
6.3
IMDB: 6.3/10 135,672 votes
movie

Dear John

2010
1080p HD
The King of Pigs 6.7
The King of Pigs အမျိုးအစားဟာဆိုရင် - အန်နီမေးရှင်း၊ ဒရမ်မာ၊ သည်းထိတ်ရင်ဖိုဖြစ်ပြီး ပြသချိန် - ၉၇မိနစ်ကြာမြင့်ပါတယ် ဝက်၏ဘုရင်ဇာတ်ကားဟာဆိုရင် ၂၀၁၁ တောင်ကိုရီးယားကာတွန်းကားကို Yeon Sang-ho မှရိုက်ကူးခဲ့ခဲ့ပြီး ၂၀၁၁ ခုနှစ် Busan အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်၌ ဆုသုံးဆုရရှိခဲ့သည် ဇာတ်လမ်းအကျဥ်းလေးကတော့.... စီးပွားရေးလုပ်ငန်းများဒေဝါလီခံရပြီးနောက် Kyung-min ( Oh Jung-se ) သည်သူ၏ဇနီးကိုထိတ်လန့်တုန်လှုပ်စေသည်။ သူသည်ဒေါသကိုဖျောက် ဖျက်၍ အလယ်တန်းကျောင်းအတန်းဖော်ဟောင်း Jong-suk ( Yang Ik-june ) ကိုရှာဖွေ ခဲ့သည်။ Jong-suk သည်ယခုအခါ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ အတွက် Ghostwriter အဖြစ်လုပ်ကိုင်သည် ။ သို့သော်သူသည်သူ့ကိုယ်ပိုင်ဝတ္ထုရေးရန်စိတ်ကူးနေသည်။ ၁၅ နှစ်အတွင်းပထမဆုံးအကြိမ်သူတို့တွေ့ဆုံသည်။ ကျုံးမင်နှင့်ဂျုံစွတ်နှစ်ခုစလုံးသည်သူတို့၏လက်ရှိအခြေအနေများကိုဖုံးကွယ်ထားကာသူတို့၏အလယ်တန်းကျောင်းရက်များအကြောင်းစတင်ပြောဆိုကြသည်။ သူတို့၏အလယ်တန်းကျောင်း၌၎င်းတို့အားသူတို့၏ကြွယ်ဝမှု၊ အဆင့်အတန်းနှင့်အရပ်ရပ်တို့ဖြင့်ခွဲခြားခဲ့သည်။ ကျုံးမင်နှင့်ဂျုံစွတ်တို့သည်အောက်ခြေတွင်ရှိသည်။ သူတို့ကို“ ဝက်” များဟုခေါ်ပြီး“ ခွေး” ဟုလူသိများသောအုပ်စိုးမှုလူတန်းစားကအနိုင်ကျင့်ခဲ့သည်။ သူတို့ကိုခေါ်ဝေါ်တဲ့အချိန်မှာသူတို့ကိုဒေါသထွက်ပြီးခွေးတွေကိုဘာမှမလုပ်နိုင်ခဲ့ဘူး။ ထို့နောက် ၀ က်ဘုရင်တစ်ပါးပေါ်လာသည် - Kim Chul (Kim Hye-na) ...
6.7
IMDB: 6.7/10 1,294 votes
movie

The King of Pigs

2011
1080p HD
A Good Day to Die Hard 5.3
A Good Day to Die Hard ဒီဇာတ်ကားက​တော့ Die Hard ဇာတ်ကား​တွေထဲကမှ တတိယ​မြောက်ထွက်ရှိခဲ့တဲ့ ဇာတ်ကား​လေးပါ။ရုရှားကာကွယ်​ရေး ဝန်ကြီး​ကြောင့် ​အမှုရင်ဆ်ုိင်​နေရတဲ့ ရုရှားဘီလီယံနာ​ဟောင်း Yuri Kamorov ကိုကယ်တဲ့ဖို့ secret mission နဲ့ ရုရှား​ရောက်​နေတဲ့ သားဖြစ်သူ​နောက်လိုက်ရင်း John McClane တစ်​ယောက်ရုရှား​ရောက်ဖြစ်သွားပါတယ်။ Yuri Kamorov မှာလဲ ကာကွယ်​ရေးဝန်ကြီး Chagarin ဖြုတ်ချနိုင်တဲ့ လျှို့ဝှက်ချက်ရှိတာ​ကြောင့် CIAကလဲ အလိုရှိ​နေခဲ့တာပါ.......CIA က mission​​ကြောင့် Yuri ကို ကယ်ထုတ်လာရတဲ့ သားဖြစ်သူနဲ့ McClane တို့ အမှတ်မထင်​တွေ့ကြပြီး​နောက် ဘာ​တွေဆက်ဖြစ်ကြမလဲ....Yuri ကိုလိုက်သတ်​နေတဲ့ Chagarinရဲ့ လူ​တေ​ွလက်ထဲက​နေ သားဖနှစ်​ယောက် Yuriကို ဘယ်လိုကာကွယ်မလဲ....တစ်ဦးတည်း​သောသမီး​လေးနဲ့ Yuriတို့ရုရှားနိုင်ငံကထွက်​ပြေးနိုင်မလား ဘယ်လို​တွေ အလှည့်​အ​ပြောင်းဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် အက်ရှင်ဇာတ်ဝင်ခန်း​တွေနဲ့ ကြည့်ရမှာပါ....ဒီကားက ထွက်တာ​ကြာ​ပြီဖြစ်​ပေမယ့် ဘယ်​လောက်ကြည့်ကြည့်မရိုးနိုင်သလို အက်ရှင်ကား ကြိုက်တဲ့လူ​တွေ​သေချာ​ပေါက် အကြိုက်​တွေမယ့် ဇာတ်ကားဖြစ်မှာ ​သေချာပါတယ် Translated & Review ...
5.3
IMDB: 5.3/10 195,061 votes
movie

A Good Day to Die Hard

2013
1080p HD
Live Free or Die Hard 7.1
Live Free or Die Hard အက်ရှင်ဇာတ်ကားကြိုက်တဲ့သူတွေအတွက် die hard လို့နာမည်ကြီးခဲ့တဲ့ ကားလေးကိုပြန်တင်ပေးလိုက်ပါတယ်နော်။ကြည့်ဖူးတဲ့သူတွေလဲ ပြန်ကြည့်ချင်ကြလိမ့်မယ်လို့ထင်ပါတယ်။ မင်းသားကြီး Bruce willis သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2007 ခုနှစ်က အလွန်အောင်မြင်ခဲ့တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်း ခေတ်မှီ တိုးတက်တဲ့နိုင်ငံတွေရင်ဆိုင်ရလေ့ရှိတဲ့ Cyber attack ရဲ့ပြင်းထန်ပုံကိုရိုက်ကူးထားတာပါ။ မင်းသားကြီး bruce willis က ဂျွန်မက်ကလိန်းဆိုတဲ့နယူးယောက်ရဲနေရာမှာသရုပ်ဆောင် ထားပြီး အမိန့်အတိုင်း မက်သောဖာရယ်ဆိုတဲ့ဟက်ကာကောင်လေးကိုသွားခေါ်ရတာပါ။ သွားခေါ်တဲ့အချိန်မှာ ချောမောတဲ့ခရီးမဟုတ်ပဲ တိုက်ရင်းခိုက်ရင်းနဲ့ ရဲနဲ့ဟက်ကာ ပေါင်းရင်း ဗီလိန်တွေကိုဘယ်လိုအနိုင်တိုက်မလဲ ဆိုတာကိုတော့ ကြည့်ရှုအားပေးလိုက်ကြပါနော်။ IMDb rating 7.1/10 Type - Action/Thrillerအက်ရှင်ဇာတ်ကားကြိုက်တဲ့သူတွေအတွက် die hard လို့နာမည်ကြီးခဲ့တဲ့ ကားလေးကိုပြန်တင်ပေးလိုက်ပါတယ်နော်။ကြည့်ဖူးတဲ့သူတွေလဲ ပြန်ကြည့်ချင်ကြလိမ့်မယ်လို့ထင်ပါတယ်။ မင်းသားကြီး Bruce willis သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2007 ခုနှစ်က အလွန်အောင်မြင်ခဲ့တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်း ခေတ်မှီ တိုးတက်တဲ့နိုင်ငံတွေရင်ဆိုင်ရလေ့ရှိတဲ့ Cyber attack ရဲ့ပြင်းထန်ပုံကိုရိုက်ကူးထားတာပါ။ မင်းသားကြီး ...
7.1
IMDB: 7.1/10 383,039 votes
movie

Live Free or Die Hard

2007
1080p HD
Die Hard: With a Vengeance 7.6
Die Hard: With a Vengeance အခုလိုမျိုး အားလတ်နေရင် ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ နယူးယောက်မြို့ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှနယူးယောက်ရဲတပ်ဖွဲ့ကဒုဗိုလ်ဂျွန်မက်ကလိန်းဟာ ဆိုင်မွန်လို့ခေါ်တဲ့ဗုံးဖောက်ခွဲသူရဲ့ကစားခြင်းကိုခံခဲ့ရပါတယ်။ နယူးယောက်မြို့ကပန်းချီဆရာဇူးစ်ဟာလူဖြူများကိုမယုံကြည်တဲ့လူမည်းတစ်ယောက်ဖြစ်ပါတယ်။ ဆိုင်မွန်ရဲ့ကစားပွဲကနေဆုံတွေ့ခဲ့တဲ့မက်ကလိန်းနဲ့ဇူးစ်တို့ဟာဆိုင်မွန်ရဲ့လှည့်ကွက်တွေကိုဖြေရှင်းပြီး ဗုံးဖောက်ခွဲရေးသမားအုပ်စုကိုဘယ်လိုအမိဖမ်းမလဲ... သူတို့နှစ်ယောက်ဘယ်လိုတွေအလွဲလုပ်ဦးမလဲကိုဟာသနဲ့အက်ရှင်ပေါင်းထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် Translated & Review By San Sandar Aung Encoded By Kar Yan
7.6
IMDB: 7.6/10 355,912 votes
movie

Die Hard: With a Vengeance

1995
1080p HD
Die Hard 2 7.2
Die Hard 2 အခုလိုမျိုး အားလတ်နေရင် ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ ဘာသာပြန်သူမှာ စာမလာ အကြောင်းမကြားသောကြောင့် မရနိုင်သေးပါ ကွိကွိ....ဟီး..
7.2
IMDB: 7.2/10 328,481 votes
movie

Die Hard 2

1990
1080p HD
Die Hard 8.2
Die Hard အခုလိုမျိုး အားလတ်နေရင် ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ Translated By Mone Kore Encoded By Kar Yan
8.2
IMDB: 8.2/10 764,518 votes
movie

Die Hard

1988
1080p HD
A Bittersweet Life 7.6
A Bittersweet Life ဒီကားလေးကတော့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ ရုပ်ရှင်လေးပါ။ လီဗြောင်ဟွန်းနဲ့အတူ မင်းသမီး Shin Min-Ahနဲ့မင်းသား Kim Yeong-cheol တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ Rating ကတော့ 7.6 ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း ဉာဏ်ပညာရှိပြီး အေးဆေးတည်ငြိမ်တဲ့ ဆန်းဝူးဆိုတဲ့ လူငယ်တစ်ဉီးဟာ သူ့သူဌေးအပေါ် အကြွင်းမဲ့သစ္စာရှိမှုနဲ့ စီးပွားရေးကိုစီမံခန့်ခွဲနိုင်တာကြောင့် သူဌေးဆီမှ ယုံကြည်မှုရထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဌေးဖြစ်သူမှာ ငယ်ရွယ်ပြီးချောမောလှပတဲ့ ဟီဆိုးဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးက ဟီဆိုးဆီမှာ တခြား ချစ်သူရှိတယ်လို့ သံသယရှိလာခဲ့ပါတယ်။ အဲ့တာကြောင့် သူအလုပ်ကိစ္စနဲ့ ခရီးထွက်နေစဉ်မှာ ဟီဆိုးကို အနီးကပ်စောင့်ကြည့်ဖို့ နဲ့ အကယ်၍ ချစ်သူရှိတာမှန်ရင် နှစ်ယောက်လုံးကို သတ်ပစ်ဖို့ ဆန်းဝူးကို အမိန့်ပေးခဲ့ပါတယ်။ ဆန်းဝူးဟာ သူဌေးဖြစ်သူမှာကြားခဲ့သလို ဟီဆိုးအနီးကပ်စောင့်ကြည့်ရင်း စိတ်ဝင်စားလာခဲ့ပါတယ်… ဟီဆိုးမှာ တကယ်ပဲတခြားချစ်သူရှိနေတာလား ရှိတယ်ဆိုရင် ဆန်းဝူးက သူဌေးအမိန့်အတိုင်း လုပ်မှာလားဆိုတာကိုတော့ ...
7.6
IMDB: 7.6/10 34,932 votes
movie

A Bittersweet Life

2005
1080p HD
Irresistible 6.2
Irresistible IMDb- 6.2+ Genres- Comedy / Drama ဒီဇာတ်ကားလေးကိုတော့ Jon Stewart ကရေးသားပြီးကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်..နောက်ဆုံးထွက်ဇာတ်ကားလေးတစ်ကားဖြစ်တယ် ..... ဒီဇာတ်ကားလေးက Wiscosinမြို့ငယ်လေးက နိုင်ငံရေးဖြစ်စဉ်တွေ ရဲ့အဓိကဆွဲဆောင်မှုနေရာတစ်ခုဖြစ်လာတဲ့အခါမှာ..ဘယ်လိုအခက်အခဲတွေကမောက်ကမတွေဖြစ်မလဲဆိုတာကို..ကြည့်ရမယ့် Comedy dramaဇာတ်ကားလေးဖြစ်ပါတယ်.. ဒီကားလေးထဲမှာတော့.ဒီမိုကရက်တစ်ဗျူဟာပညာရှင်ဂယ်ရီ.(steve carell)အနေနဲ့အငြိမ်းစားရေတပ်ဗိုလ်မှူးကြီး ဟက်စတင်း (Cris cooper)ကအထောက်အပံ့မရှိသေးတဲ့အလုပ်သမားများရဲ့အခွင့်အရေးအတွက် ဂပ်တည်ပေးတဲ့..videoကိုကြည့်ပြီးတဲ့နောက်..ဟက်စတင်းကheartland ကိုပြန်လည်ရအောင်လုပ်နိုင်မယ့် အဓိက သော့ချက်လို့ယုံကြည်တဲ့အတွက်..သူ့ကိုသွားရောက်ကူညီခဲ့တယ်.. အဲ့အချိန်မှာ..republicansတွေက.သူရဲ့ဆန့်ကျင်ဘက်ဖြစ်သူ ဖိန့် (Rose Byrne)ကိုလွှတ်လိုက်တဲ့အချိန်မှာတော့..ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို..ကြည့်ရှုရမှာဖြစ်ပါတယ်.. ဒီဇာတ်ကားလေးရဲ့အဓိကအချက်ကို..မြှုပ်ကွက်အနေနဲ့ရိုက်ပြထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်...... Translated & Review By Arkar Oo Encoded By Kar Yan
6.2
IMDB: 6.2/10 4,372 votes
movie

Irresistible

2020
1080p HD
Hamilton 8.9
Hamilton မျိုးရိုးနိမ့်မိဘမဲ့တစ်ယောက် ဘဝစုံနေအောင်ကျော်ဖြတ်ခဲ့သူတစ်ယောက် ကျွန်စနစ်ကိုတိုက်ဖျက်ခဲ့ပြီး ဘဏ်စနစ်ကိုပြောင်းလဲခဲ့သူ အမေရိကန်နိုင်ငံရဲ့တည်ထောင်သူတစ်ယောက် အဲလက်ဇန်းဒါးဟာမယ်တန် အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ယနေ့တိုင်သူ့ကို အမေရိကန် ၁၀ဒေါ်လာတန်တွေမှာတွေ့နိုင်ပါသေးတယ်။ Disney ကနေရိုက်ကူးထားပြီး rating 9.1/10 အထိရရှိထားတဲ့ဇာတ်ကားမို့ rating အလွန်များတဲ့ဇာတ်ကားပါ။ အဲလက်ဇန်းဒါး ဟာမယ်တန်ရဲ့ဇာတ်ကြောင်းကို ပြဇာတ်ပုံစံအနေနဲ့ ရိုက်ကူးပြီး ရုပ်ရှင်လောက ကို ပုံစံပြောင်းထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ဂီတပုံစံ မျိုးစုံနဲ့ဖော်ပြထားတဲ့အတွက် ကြည့်ရှု သူတို့ရဲ့ နှလုံးသားထဲထိ ရောက်အောင် ရိုက်သွင်းနိုင်မှာပါ။ သမိုင်းကိုမှတ်ရလွယ်အောင်ရိုက်ကူးထားတဲ့အတွက် ပြဇာတ်နှစ်သက်သူတွေအတွက် ကော သမိုင်း စိတ်ဝင်စားသူတွေအတွက်ကော ဂီတကိုကြိုက်နှစ်သက်သူတွေအတွက်ကော အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး ထွက်ထားတာ မကြာသေးလို့ ဇာတ်ကား အသစ်စက်စက်ကို ကြည့်ရှုခံစားရမှာလည်းဖြစ်ပါတယ်။ IMDb rating 9.1/10 Type Musical drama Translated & Review By Naw Suee Phaw Shee Encoded By ...
8.9
IMDB: 8.9/10 26,476 votes
movie

Hamilton

2020
1080p HD
The Old Guard 6.7
The Old Guard အက်ရှင်ဇာတ်ကြမ်းလဲ ဖြစ်ရမယ် Fantasy လေးလဲ ပါရမယ်ဆိုတဲ့သူတွေအတွက် the old guard ဆိုတဲ့ဇာတ်ကားလေးတင်ပေးလိုက်တယ်နော်။2020 ထွက်ဇာတ်ကားဖြစ်ပြီး နာမည်ကြီးမင်းသားမင်းသမီး များစွာပါဝင်ထားတဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်လို့ အောင်မြင်လာမဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် ရုတ်တရက် အကြောင်းကိစ္စတစ်ခုကြောင့် လူတချို့ မသေမျိုး ဖြစ်လာပြ်ီး အဖွဲ့အနေနဲ့ ပေါင်းစည်းလှုပ်ရှားကြတဲ့ကားလေးပါ ဗိလိန်ကတော့ သူတို့ရဲ ပြန်လည်ကုသနိုင်စွမ်းကို စမ်းသပ်ချင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပေါ့ သူတို့ အကြားတိုက်ပွဲ ဖြစ်ပုံ ကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းတစ်ကားလုံး ပျင်းရတယ်ကို မရှိပဲ အဆုံးထိ ကြည့်ရှုသူကိုဆွဲဆောင်နိုင်တဲ့ကားမျိုးဖြစ်လို့ လက်မလွတ်ပဲ အားပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်နော်။ Type- Action/fantasy IMDb rating- 6.7/10 Translated & Review By Naw Suee Phaw Shee Encoded By Thar Nyo Lwin
6.7
IMDB: 6.7/10 62,695 votes
movie

The Old Guard

2020
1080p HD