Yourcinema

1989p

Frankenweenie 6.9
Frankenweenie သင်ဟာ Animationဖန်တစ်ယောက်ဆိုရင် ဒီဇာတ်ကားကားလေးကိုကြည့်ဖြစ်အောင်ကြည့်သင့်တယ် ဒီကားလေးက သိပ္ပံပညာကိုအခြေခံရိုက်ထားတာဖြစ်ပြီး သည်းထိတ်ရင်ဖိုတွေပါမယ် စွန့်စားခန်းတွေလည်းပါမယ် ဟာသလည်းပါးပါးလေးပုတ်ထားတယ်.... ဇာတ်လမ်းအကျဉ်းကတော့ ဗစ်တာဆိုတဲ့လူငယ်လေးက သူ့ခွေးလေးကိုဆုံးရှုံးလိုက်ရတယ် ဒါပေမယ့် ဗစ်တာအတွက်တော့ သူဟာခွေးတစ်ကောင်မဟုတ်ခဲ့ဘူး .... ဗစ်တာအတွက်တစ်ဦးတည်းသောသူငယ်ချင်း... အခင်မင်ဆုံးမိတ်ဆွေ.... ကိုယ်အရမ်းချစ်တဲ့သူကိုဆုံးရှုံးလိုက်ရရင် ပြန်ရဖို့အတွက် ဘာမဆိုလုပ်မယ့် လူတွေရဲ့ထုံးစံအတိုင်း ဗစ်တာကသူ့ခွေးလေးကို အသက်ပြန်သွင်းဖို့နည်းလမ်းတစ်ခုနဲ့ကြိုးစားခဲ့တယ် ပြီးတော့အောင်မြင်ခဲ့တယ်ပေါ့.... ဒါကိုသိတဲ့သူ့ကျောင်းက သူငယ်ချင်းတွေကလည်း အဲ့နည်းလမ်းကိုလုပ်ကြည့်ချင်ကြကော.... တချို့ကကျောင်းမှာကျင်းပတဲ့သိပ္ပံပြိုင်ပွဲအတွက် ရည်ရွယ်ပြီးလုပ်ချင်တယ် တချို့ကကိုယ်ချစ်တဲ့သူတွေကို ပြန်ခေါ်ဖို့အတွက်လုပ်ချင်တယ်... လုပ်လည်းလုပ်ကြတော့ သူတို့လည်းအောင်မြင်ခဲ့ကြတယ်ပေါ့ ဒါပေမယ့်........ ဗစ်တာတုန်းကလိုမဟုတ်ပဲ ဘယ်သူမှမထင်ထားတဲ့ အလွဲအမှားကြီးတစ်ခုဖြစ်သွားတယ် ဘယ်လိုအလွဲအမှားကြီးလဲ ?????? .....အဖြူအမဲနောက်ခံနဲ့ရိုက်ထားတာက ဇာတ်လမ်းကိုပိုလေးနက်စေသလို သိပ္ပံပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေလည်းရနိုင်တဲ့အတွက် ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ..... Translated & Review By Triyan Encoded By Kar Yan
6.9
IMDB: 6.9/10 94,201 votes
movie

Frankenweenie

2012
1989p