Yourcinema

720P

Lootcase 7.9
Lootcase မြို့ပေါ်ရပ်ကွက်တစ်ခုမှာ အိုးပိုင်အိမ်ပိုင်မရှိဘဲ အခန်းငှားပြီးနေရာတဲ့မိသားစုတစ်စု။ လင်မယားတွေတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ပဲချစ်ချစ် အိမ်ငှားခတွေ နေ့စဉ်အသုံးစရိတ်တွေ ကလေးကျောင်းစရိတ်တွေ စတဲ့ကုန်ကျစရိတ်တွေများလာပြီး ဝင်ငွေနဲ့ထွက်ငွေမမျှတာတော့တဲ့အခါ မိန်းမရဲ့နားပူနားစာ လုပ်မှုကို မကြာခဏခံနေရတဲ့ ယောက်ျားတစ်ယောက် ။ ‌တခုသောညမှာ ညဂျူတီဆင်းပြီး အလုပ်ကနှစ်နာရီထိုး အချိန်လောက် ပြန်လာခဲ့တယ်။လမ်းလျှောက်ပြန်လာရင်း ကိစ္စကထိပ်ဝကိုရောက်နေတဲ့အခါမှာတော့ အနီးအနားမှာရှိတဲ့ အများသုံးသန့်စင်ခန်းတခုကိုဝင်ပြီး သူ့ကိစ္စကိုဖြေရှင်းလိုက်တယ် ။ သန့်စင်ခန်းကပြန်အထွက်ခလုတ်တိုက်မိပြီး အဝတ်အစားထည့်တဲ့ ခရီးဆောင်အိတ်တစ်လုံးဟာ သူ့ရှေ့ကိုပြုတ်ကျလာခဲ့တယ် ။မထင်မှတ်ပဲသူ့ ရှေ့ကိုရောက်လာတဲ့အိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရူပီ ၂၀၀၀တန် ငွေစက္ကူတွေအထပ်လိုက် အိတ်အပြည့်ဖြစ်နေတာကိုတွေ့လိုက်တယ် ။ ပိုက်ဆံမရှိလို့အမြဲတမ်းပူညံပူညံလုပ်နေတဲ့ သူ့ရဲ့မိန်းမ၊ကလေးပီပီလိုချင်မှုတွေ များနေတဲ့သူ့ရဲ့သားလေး၊ မိန်းမနဲ့ သားလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်နေတဲ့သူအတွက်ကတော့ အဲဒီအိတ်ကိုယူသွားမိမှာမလွဲပါဘူး ။ ဒါပေမယ့် အိတ်ပိုင်ရှင်ကဘယ်သူလဲ?????အဲဒီအိတ်ကဘာကြောင့်အဲဒီနေရာကိုရောက်နေတာလဲ၊???? ‌အဲဒီအိတ်နှင့်ပတ်သက်ပြီး သူတို့မိသားစုတွေဘယ်လိုအန္တရာယ်တွေကြုံရမလဲ...??? ‌စသည်စသည်ဖြင့် ဇာတ်ကားကောင်းလေးတစ်ကားကိုကြည့်ရှု့ကြပါဦးလို့ ပြောလိုက်ပါရစေ... ဘာသာပြန် = Maung Pyae Aye Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 720P [1.2 GB] ​ဒေါင်းရန် နှိပ်ပါ 480P [520 MB]
7.9
IMDB: 7.9/10 5,722 votes
movie

Lootcase

2020
720P
Peninsula 6.2
Peninsula Train To Busan ရဲ့နောက်ပိုင်းဇာတ်လမ်းဖြစ်တဲ့ Peninsula လာပါပြီ... မင်းသားအနေနဲ့ ကန်ဒုန်ဝုန် ကသရုပ်ဆောင်ထားပြီး မင်းသမီးအနေနဲ့ လီဂျန်ဟွန်း ကသရုပ်ဆောင်ထားတာပါ.. ဒီကားထဲမှာတော့ အများကြီးပြောစရာ မရှိလောက်အောင် ဇွန်ဘီကားတစ်ကားအဖြစ်ဖန်တီးထားပြီး လူတိုင်းလိုချင်တဲ့ ဇွန်ဘီကားပုံစံကိုလည်းပုံသွင်းထားသလို ဂိမ်းသမားအတွက်လည်းစိတ်ကူးယဉ်ဖွယ် ကောင်းတဲ့ဇွန်ဘီကားတစ်ကားပုံစံမျိုးလည်း ဖန်တီးထားပါသေးတယ်(ဂိမ်းတွေဘာတွေများ ထွက်ဦးမလားမသိဘူး) IMDB ကတော့ထွက်ခါစပဲရှိသေးတယ် 6.2 အထိကျနေပြီဖြစ်ပြီး တကယ်တော့ အရင်ဇာတ်ကားကဖန်တွေအတွက်သာထပ်ပြီးထုတ်ထားသလိုမျိုးပါပဲ... အရင် ၁ တုန်းကတော့ မာဒုန်ဆော့ သေတဲ့အခန်းနဲ့ မင်းသားသေတဲ့အခန်းနှစ်ခန်းနဲ့ ဇာတ်လမ်းကိုဒရမ်မာချိုးသွားတာဖြစ်ပြီး ဒီကားထဲမှာတော့ ပိုပြီးဒရမ်မာချိုးထားပြန်ပါသေးတယ် (ကိုရီယားဆိုတော့လည်း ဒရမ်မာနဲ့မလွတ်ပါဘူး...)(ကုလားကားအကနဲ့မလွတ်သလိုပေါ့) ဒီဇာတ်ကားလေးမှာမတူတာက အခု ထွက်နေတဲ့Walking Deadလိုမျိုး အခြားဇွန်ဘီကားတွေလိုမျိုး လူသားတွေအချင်းချင်းတစ်ဦးနဲ့တစ်ဦးနိုင်ထက်စီးနင်းလုပ်တဲ့ပုံကလည်းမတူခြားနားတာကို တွေ့ရဦးမှာပါ.. Trailer ထဲမှာကြည့်ပြီးတဲ့အတိုင်းပဲ အကုန်လုံးကိုSetting ကောင်းကောင်းနဲ့ရိုက်ထားပြီး သေသေချာချာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံစံတွေကိုလည်းပျောင်းလဲထားတာမလို့ ကြည့်ရတာတော့ တန်ပါတယ်.. အခုတော့Cam Versionနဲ့ပဲရှိသေးတော့ အသံပိုင်းကို ကျွန်တော်လည်းမပြောတတ်သေးဘူးဗျ... ဇာတ်လမ်းအညွန်းလေးကတော့.... တောင်ကိုရီယားနိုင်ငံကိုတစ်ရက်တည်းနဲ့ပြန့်နှံ့သွားခဲ့တဲ့ ဇွန်ဘီဗိုင်းရက်ဟာအခု လေးနှစ်တိုင်အောင် ဖြေဆေးရှာမတွေ့သေးပါဘူး.. အဲဒါအပြင်တောင်ကိုရီယားနိုင်ငံကိုအဝင်အထွက်လည်းပိတ်ထားတာဖြစ်ပြီး နောက်ဆုံးလွတ်မြောက်သွားတဲ့ သူတွေကတော့ ဟောင်ကောင်တို့ ဂျပန်တို့လိုနေရာတွေမှာ အခြေချနေခဲ့ပါတယ်... ဒါပေမဲ့ တောင်ကိုရီယားမှာလည်း ဘူဆန်ပြီးနောက်ဆုံးမှ ဗိုင်းရက်ပြန့်နှံ့တဲ့မြို့နာမည်ကတော့ ပင်နီဆူးလား ပါပဲ မင်းသားဖြစ်တဲ့သူဟာလည်းအဲဒီဗိုင်းရက်ရဲ့ရိုက်ခက်မှုကြောင့် သူ့ရဲ့အစ်မ တူလေး တို့ကိုဆုံးရူံးလိုက်ရတာဖြစ်ပြီး စစ်သားတစ်ယောက်အနေနဲ့တာဝန်ပျက်ကွက်မှုတွေကိုလည်းကြုံခဲ့ရပါတယ်... အဲဒီတော့မင်းသားအနေနဲ့ ပင်နီဆူးလား ကိုဘာလို့ပြန်ရောက်သွားမလဲ.. ပင်နီဆူးလားကနေ မင်းသားပြန်ပြီးတော့လွတ်နိုင်မလား... ပင်နီဆူးလားမှာ ဘယ်လိုပြောင်းလဲမှုတွေ ...
6.2
IMDB: 6.2/10 322 votes
movie

Peninsula

2020
720PCAM
Private Eye 6.8
Private Eye ကိုးရီးယားနိုင်ငံရဲ့ ၂၀ ရာစုအစပိုင်းကာလကို အခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဆေးကျောင်းသားလေးတစ်ယောက် တောထဲမှာ လူသေအလောင်းကောင်တစ်ခုကို တွေ့ပြီး သူ့အိမ်ကို တိတ်တဆိတ် သယ်ဆောင်သွားပါတယ်။ အလောင်းကောင်ကြီးကို သယ်သွားရတဲ့အကြောင်းအရင်းကတော့ တခြားမဟုတ်ပါဘူး။ သူ့အိမ်မှာ anatomy ခိုးလေ့ကျင့်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလောင်းဟာ နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ သားဖြစ်နေပြီး အသတ်ခံရတဲ့အ‌လောင်းမှန်း သိသွားတဲ့အခါမှာတော့ အဲ့ဒီဆေးကျောင်းသားလေးဟာ သူ့ကို အစွပ်စွဲခံရမှာ စိုးတဲ့အတွက်ကြောင့် လူသတ်သမားကို ရှာမှဖြစ်ပါတော့မယ်။ လူသတ်သမားကို ရှာဖို့အတွက် တစ်ချိန်က စုံစမ်းစစ်ဆေးရေးမှူးဖြစ်ခဲ့ဖူးတဲ့ သတင်းထောက်ကြီးကို အကူအညီတောင်းပြီး နှစ်ယောက်အတူ စုံစမ်းနေကြရင်းမှာကို နောက်ထပ် ပုံစံတူ လူသတ်မှုတွေ ကြုံတွေ့လာရတဲ့အခါမှာတော့.. ဒီဇာတ်ကားမှာ ၁၉ ရာစုအကုန် ၂၀ ရာစုအစပိုင်းကာလတွင်း ကိုရီးယားနိုင်ငံရဲ့ အခြေအနေ၊ ပတ်ဝန်းကျင် ပုံရိပ်တွေကို ယုတ္တိကျကျမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာနဲ့ ငွေကြေးအင်အားအမှီပြုပြီး နောက်ကွယ်မှာ ‌ဝဲစားနေတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ ရှိကြောင်း ...
6.8
IMDB: 6.8/10 807 votes
movie

Private Eye

2009
720P
Olympus Has Fallen 6.5
Olympus Has Fallen မိုက်ဘန်နင်းဆိုတာကတော့ အမေရီကန်သမ္မတဘန်ဂျမင်ရဲ့ ကိုယ်ရံတော်ခေါင်းဆောင်ပါ တနေ့မှာ သမ္မတကဖိတ်ကြားထားတဲ့ ခရစ္စမတ် ပွဲတော်သွားရင်းလမ်းမာမတော်တဆဖြစ်ပြီးသမ္မတကတော်ကတော်သေဆုံးသွားပါတယ် ဒါ့ကြောင့် လုံခြုံရေးအရတာဝန်အရှိဆုံးဖြစ်သူ မိုက်ဘန်နင်းကို တာဝန်မကျေတာကြောင့် ဌာနပြောင်းပြီးတာဝန်ထမ်းဆောင်ခိုင်းလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ မြောက်ကု်ရီးယားနဲ့နိုင်ငံရေးစစ်ရေးအရအရှုပ်အထွေးတွေဖြစ်ပေါ်လာပြီး ကမ္ဘာအ့လုံခြုံဆုံးနေရာတခုဖြစ်တဲ့ အိမ့ဖြူတော်ကိုမြောက်ကိုရီးယားနဲ့ဆက်စပ်တဲ့ အထူးလေ့ကျင့်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတခုကဝင်စီးပါတော့တယ် အကြမ်းဖက်အဖွဲ့ဆိုပင်မဲ့ စနစ်တကျလေ့ကျင့်ထားတာကြောင့်အမေရီကန်ရဲ့လုံခြုံရေးအေးဂျင့်တွေအတုံးအရုန်းကြဆုံးပြီးအိမ်တော်လဲကျဆုံးသွားပါတယ် ဒီအခြေအနေမှာသမ္မတရဲ့အနီးဆုံးကနေအမြဲတမ်းကာကွယ်ပေးခဲ့တဲ့ ကိုယ်ရံတော်အေးဂျင့်မိုက်ဘန်နငး့်ဟာကိုယ်ရံတော်ပီပီ ဘယ်လိုတော်တဲ့ စွမ်းရည်တွေနဲ့ပြန်လည်ကယ်တင်မလဲဆိုတာရင်သပ်ရှုမောစောင့်ကြည့်ရမာပါ ကိုယ်ရံတော်အေးဂျင့်မိုက်ဘန်းနင်းအနေနဲ့အက်ရှင်မင်းသားကြီးGerard Butler ပီပီပြင်ပြင်သရုပ်ဖော်ပါဝင်ထားပါတယ် Mission impossible လိုအက်ရှင်ကားတွေ ပရိတ်သတ်တွေအတွက်တော့ လုံးဝ အရသာပျက်စရာမရှိတဲ့ ကားမျိုးဖြစ်ပါတယ် Gerard Butler နဲ့ Tom Cruise က အပြိုင်မင်းသားလို့ပြောလို့ရမလားမသိဘူး google ကျိရအုံးမယ် Translated & Review By Aung Nanda Ko Ko Lwin Encoded By Kar Yan
6.5
IMDB: 6.5/10 250,006 votes
movie

Olympus Has Fallen

2013
720P
Memories of the Sword 6.3
Memories of the Sword ဒီကားလေးက 2015ကခုနှစ်ထွက်ရှိခဲ့တဲ့ action dramaကားလေးပါ ဒီကားထဲမှာပါတဲ့ အဓိကပါဝင်တဲ့သရုပ်ဆောင်တွေကတော့ အိုက်တင်တွေအရမ်းမိုက်တဲ့ မင်းသားကြီး lee Byung Hun နဲ့' goblin'ထဲက မှင်စာသတို့သမီးလေးလို့ သိကြပြီးအခုနာမည်ကြီးနေတဲ့ 'The King' ကားထဲကဘုရင်ကြီးမိဖုလောင်းလေး.Kim Go Eunနဲ့.Jeon Don Yeonတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်....... ဇာတ်ညွှန်း - ဂိုယောခေတ် မှာအတော်ဆုံးဓားသမားသုံးယောက် ပွန်းချမ်း ၊ဒုတ်ဂီ၊ ဆူရန်း ဆိုပြီးရှိခဲ့တယ် ။သူတို့ကပြည်သူတွေအပေါ်ကိုအနိုင်ကျင့်ချယ်လှယ်နေတဲ့ ဘုရင်ခံကို ဦးဆောင်ပြီးပုန်ကန်ခဲ့ကြတယ်။ အဲ့ပုန်ကန်မှုမှာ ဒုတ်ဂီရဲ့သစ္စာဖောက်မှုကြောင့် ပွန်းချမ်းနဲ့သူရဲ့မိသားစု သေခဲ့ရတယ်။ ဒါပေမယ့် ၁၈နှစ် ၁၉နှစ်လောက်ကြာပြီးတဲ့အချိန်မှာ ပွန်းချမ်းရဲ့သမီးဟွန်းရီအသက်ရှင်ပြီး ဆူရန်းကစောင့်ရှောက်ထားခဲ့တယ် ဟွန်းရီက သူ့ဖေရဲ့သွေးကြွေးကိုဆပ်နိုင်မလား ဆိုတာရယ် ပြီးတော့ ဟွန်းရီဆိုတာ ပွန်းချမ်းရဲ့တကယ့်သမီးကမသေတာလား ဆိုုတာ လျှိုဝှက်ချက်တွေနဲ့ကြည့်ရမှာပါ ဒါအပြင်မိဘမေတ္တာတွေ သစ္စာတရားအပေါ် အလေးအနက်ထားမှုတွေ စစ်မှန်တဲ့ချစ်ခြင်းတရားတွေကိုခံစားရမှာပါ ဒါ့ကြောင့်ဒီကားလေးက ကြည့်ရတာတန်တဲ့ကားလေးဖြစ်မှာပါ Translated By La Pyae Encoded By Kar Yan
6.3
IMDB: 6.3/10 1,651 votes
movie

Memories of the Sword

2015
720P
Daniel Isn’t Real 6.1
Daniel Isn’t Real လုခ်ဆိုတဲ့ ကောင်လေးဟာ ငယ်စဥ်က မိဘတွေ အဆင်မပြေမှုကြောင့် စိတ်ဒဏ်ရာရခဲ့ပါတယ် ။ တစ်နေ့ ဒန်နီရယ်ဆိုတဲ့ သူငယ်ချင်းနဲ့ တွေ့မှ သူ့စိတ်ဒဏ်ရာတွေ သက်သာရာရခဲ့ပါတယ် ။ ဒါပေမယ့် ဒန်နီရယ်ဆိုတာက အစစ်အမှန် ရှိ​​နေတာ မဟုတ်ဘဲ လုခ်စိတ်ကူးနဲ့ ပုံဖော်ထားတဲ့သူပါ ။ ဒန်နီရယ်ကြောင့် သူ့အမေ သေမလို ဖြစ်သွားတဲ့နောက်တော့ လုခ်က ဒန်နီရယ့်ကို အရုပ်အိမ်ထဲ သော့ခတ်ထားလိုက်ပါတယ် ။ ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာ ငယ်ငယ်ကအိမ်ကို ပြန်ရောက်တုန်း အရုပ်အိမ်ကို ဖွင့်လိုက်မိတဲ့အခါ လုခ်ရဲ့ ဘဝထဲကို ဒန်နီရယ် ပြန်ရောက်လာပါတယ် ။ အစပိုင်းမှာတော့ ရှက်တတ်ပြီး သိမ်ငယ်စိတ်ရှိတဲ့ လုခ်အတွက် confident အပြည့်နဲ့ ဉာဏ်ကြီးရှင် ဒန်နီရယ်ဟာ ကယ်တင်ရှင်လိုပဲ ။ ဒါပေမယ့် နောက်ပိုင်းကျ ဒန်နီရယ်က လုခ်ကိုပါ ချုပ်ကိုင်ဖို့ ကြိုးစားလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ... ဒန်နီရယ် ဆိုတာကရော လုခ် စိတ်ကူးနဲ့ ...
6.1
IMDB: 6.1/10 3,582 votes
movie

Daniel Isn’t Real

2019
720P
Paranormal Activity 4 7,6
Paranormal Activity 4 Horror/Thriller/Mystery ကားတွေဖြစ်တဲ့ Paranormal activity ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ paranormal activity 4 (2012) ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားရဲ့အစပိုင်းမှာ အရင် paranormal activity ကားထဲက ဇာတ်ကောင် Katie နဲ့သူရဲ့ တူလေးတို့အကြောင်းကို အစပျိုးထားပါတယ် သို့ပေမယ့် ဒီဇာတ်ကားမှာတော့ ဇာတ်ကောင်အသစ်တွေနဲ့မိတ်ဆက်ပေးထားပါတယ်။ Alex နဲ့ Wyatt တို့ဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး မိသားစုတွေနဲ့အတူနေထိုင်လျက်ရှိတယ်။ Alex မှာBen ဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်။Alex က ဘယ်သွားသွား ဘယ်လာလာ ကင်မရာနဲ့မှတ်တမ်းတင်ထားလေးရှိတယ်။ တစ်နေ့မှာ သူတို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ Robbie ဆိုတဲ့ကောင်လေးဟာ သူတို့နဲ့အတူတူ လာနေဖို့အကြောင်းဖန်လာပါတော့တယ်။ Robbie မှာ ထူးထူးဆန်းဆန်း အပြုအမူတွေနဲ့ နေထိုင်တတိတဲ့ကလေးတစ်ယောက်ဖြစ်တယ် ။ တစ်ညမှာတော့ Alex ရဲ့ ကင်မရာထဲမှာ Robbie ရဲ့ သွေးလန့်စရာအပြုအမူတွေကို Alex တစ်ယောက် တွေ့သွားတဲ့အခါ ...
7,6
IMDB: 7,6/10 60.489 votes
movie

Paranormal Activity 4

2012
720PBluray
Paranormal Activity 3 5.8
Paranormal Activity 3 Horror/Thriller/Mystery ကားတှဖှဈတေဲ့ Paranormal activity ဇာတကွားတှထေဲက တဈကားဖှဈတဲ့ paranormal activity 3 (2011) ကိုတငဆွကပွေးလိုကပွါတယွ။ ဒီဇာတကွားရဲ့ အစပိုငွးမှာတော့ အရငွ paranormal activity ရဲ့ ဇာတကွောငွ Katie ဟာ ညီမဖှဈသူ Kristi ရဲ့တိုကခွနွးကို အလညသွှားခဲ့တယွ။ ပှီးတော့ သူမဟာ Kristi တို့လငမွယားဆီကို တိပခွှတှထညေေ့ထွားတဲ့ သတြတောတဈလုံးကိုထားခဲ့တယွ။ နှဈအနညွးငယကွှာပှီးတဲ့နောကမွှာ ထူးထူးဆနွးဆနွး Kristi တို့တိုကခွနွးဟာ ဖကှဆွီးခံရပှီး အဲ့ဒီတိပခွှသတေတြော တဈလုံးဟာလညွး ပှောကနွတယွေ။ ပှီးတော့ အဲ့ဒီ တိပခွှတှကေေ Katie နဲ့ Kristi တို့ညီအဈမ ငယဘွဝအကှောငွးကို ရိုကကွူးထားတာပဲဖှဈပါတယွ။ Katie နဲ့ Kristi တို့ညီအဈမဟာ သူတို့အမေ Julie နဲ့ ပထှေး Dennis တို့နဲ့အတူနကှတယွေ။ Dennis ကကတှော့ ဓာတပွုံဆရာပေါ့။သူတို့အိမမွှာ ...
5.8
IMDB: 5.8/10 88,073 votes
movie

Paranormal Activity 3

2011
720PBluray
Paranormal Activity 2 5.6
Paranormal Activity 2 Horror/Thriller/Mystery ကားတွေဖြစ်တဲ့ Paranormal activity ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ paranormal activity 2 (2010) ကိုတင်ဆက်ပေးလိုက်ပါတယ်။ Paranormal activity 1တုန်းကဇာတ်ကားကို ကြည့်ဖူးတဲ့သူတိုင်းသိပါလိမ့်မယ်... Paranormal activity ကားတွေဟာဆိုရင် မြင်နေကျ သရဲကားပုံစံ‌တွေနဲ့ကွဲထွက်နေတာဖြစ်ပါတယ်။ ဇာတ်ကားပုံစံကတော့ CCTV, video camera တွေကနေတစ်ဆင့် ဖြစ်ပျက်နေသမျှကို ကြည့်ရှုရမှာဖြစ်ပြီး တကယ့်ဖြစ်နေတာလို့တောင် ထင်ရတဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ Kristi နဲ့ Daniel တို့လင်မယားဟာ သားလေး Hunter နဲ့အတူ အိမ်အသစ်ကို ပြောင်းလာကြပါတယ် ။သိပ်မကြာခင်မှာပဲ သူတို့အိမ်ဟာ ဖောက်ထွင်းခံရပြီး Daniel ဟာ တစ်အိမ်လုံးကို CCTV တပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာပဲ CCTV မှာ ‌ကြောက်မက်ဖွယ်ရာ ထူးထူးဆန်းဆန်း တစ်ခုကို တွေ့မိပါတော့တယ်။ ထိုအချိန်ကစပြီး အဲ့ဒီအရာဟာ သူတို့တစ်မိသားစုလုံးကို လိုက်လံနှောက်ယှက်နေပါတော့တယ်။ ဒါ့ကြောင့် ...
5.6
IMDB: 5.6/10 96,176 votes
movie

Paranormal Activity 2

2010
720PBluray
The Gallows 2015 4.2
The Gallows 2015 Unicode The Gallows ဆိုတဲ့ 2015 ခုနှစ်ကထွက်ခဲ့တဲ့ Supernatural , Horror ဇာတ်ကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် Budget 1 Million တောင် သုံးမထားပဲနဲ့ ဝင်ငွေ 43 Million တောင်ပြန်ရထားတာမို့ ဇာတ်ကားကောင်းလားဆိုတာ မေးဖို့တောင် မလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးက.... ရိစ် လို့ခေါ်တဲ့ ကျောင်းသားလေးက သူတို့ကျောင်းမှာ "ကြိုးစင်" ဆိုတဲ့ ကျောင်းပြဇာတ်မှာ ပါဖို့ အသဲအသန်ကြိုးစားနေခဲ့ပါတယ် ဟိုးဘက်နှစ်တွေက အဲ့ပြဇာတ်ကိုပဲ ကပြခဲ့တဲ့နေရာမှာ ချာလီဆိုတဲ့ ကျောင်းသားက လည်ပင်းမှာကြိုးကွင်းစွပ် ဖျော်ဖြေနေရင်းမှာ မတော်တဆသေဆုံးခဲ့ပါတယ် အဲ့ဒါကြောင့် ရိစ်ကို သူ့အေဖက ပြဇာတ်မှာ အော်ဂတ်စ် နေရာ (ချာလီ သရုပ်ဆောင်ခဲ့သောဇာတ်ကောင်) နေရာမှာ ပါဝင်ဖို့ ခွင့်မပြုခဲ့ပါဘူး.. ရိစ် ရဲ့ သူငယ်ချင်းရိုင်ယန် နဲ့ ရိုင်ယန်ရဲ့ ကောင်မလေး ကေစီဒီတို့က ပြဇာတ်စင်ကို ဖျက်ဆီးဖို့ ...
4.2
IMDB: 4.2/10 18,691 votes
movie

The Gallows 2015

2015
720P