Yourcinema

1989

Lean On Me 7.4
Lean On Me (Review မဖတ်ခင် တစ်ခုလောက်အကြံပေးပါရစေ.. ဒီဇာတ်ကားကို ကြည့်တော့မယ်ဆိုရင် အသံတိုးတိုးနဲ့မကြည့်ပဲ ရှိသမျှအသံအကုန်ဖွင့်ပြီး ကြည့်ဖို့လိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားရဲ့အသက်ဟာ ဇာတ်ကောင်တွေရဲ့ အသံနဲ့ နောက်ခံတေးဂီတတွေရဲ့ သီချင်းသံတွေပဲ ဖြစ်လို့ပါ။) ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုအပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကရိုးရှင်းတဲ့ ဆရာမေတ္တာဘွဲ့ drama ဇာတ်တစ်ဇာတ်ဖြစ်ပါတယ်။ စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ဆရာကြီးတစ်ဦးရဲ့အကြောင်းကို ရိုက်ပြထားတာပါ ။ ဒီလိုဆိုလိုက်လို့ ပျင်းစရာကြီးပါကွာလို့ ထင်မိလိုက်ရင်တော့ မိတ်ဆွေအကြီးအကျယ်မှားသွားပါပြီ ။ ဘာလို့လဲဆိုတော့ အဲ့ဒီကျောင်းအုပ်ဆရာကြီးရဲ့ ဆူသံ ငေါက်သံတွေကြားထဲမှာ ခင်ဗျားပျင်းစရာမကောင်းလောက်အောင်ကို မျက်စိတွေကျယ်နေမှာမို့လို့ပါ ။ Rocky ရုပ်ရှင်ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ John G. Avildsen ရဲ့လက်ရာတစ်ခုလည်းဖြစ်လို့ lean on me ကိုကြည့်ရင်း ခင်ဗျားပီတိအပြုံးတွေနဲ့ မျက်ရည်တောင်ကျကောင်းကျနေမှာပါ ။ Nominations 5 ခုဝင်ပြီး Awards 4 ဆုရခဲ့ပါတယ်။ Box office အနေနဲ့ အမြတ်ငွေနှစ်ဆကျော်လောက် ရခဲ့ပါသေးတယ် ။ IMDb ratings 7.4 ...
7.4
IMDB: 7.4/10 17,730 votes
movie

Lean On Me

1989
1080p