Yourcinema

1995

Die Hard: With a Vengeance 7.6
Die Hard: With a Vengeance အခုလိုမျိုး အားလတ်နေရင် ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ နယူးယောက်မြို့ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှနယူးယောက်ရဲတပ်ဖွဲ့ကဒုဗိုလ်ဂျွန်မက်ကလိန်းဟာ ဆိုင်မွန်လို့ခေါ်တဲ့ဗုံးဖောက်ခွဲသူရဲ့ကစားခြင်းကိုခံခဲ့ရပါတယ်။ နယူးယောက်မြို့ကပန်းချီဆရာဇူးစ်ဟာလူဖြူများကိုမယုံကြည်တဲ့လူမည်းတစ်ယောက်ဖြစ်ပါတယ်။ ဆိုင်မွန်ရဲ့ကစားပွဲကနေဆုံတွေ့ခဲ့တဲ့မက်ကလိန်းနဲ့ဇူးစ်တို့ဟာဆိုင်မွန်ရဲ့လှည့်ကွက်တွေကိုဖြေရှင်းပြီး ဗုံးဖောက်ခွဲရေးသမားအုပ်စုကိုဘယ်လိုအမိဖမ်းမလဲ... သူတို့နှစ်ယောက်ဘယ်လိုတွေအလွဲလုပ်ဦးမလဲကိုဟာသနဲ့အက်ရှင်ပေါင်းထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် Translated & Review By San Sandar Aung Encoded By Kar Yan
7.6
IMDB: 7.6/10 355,912 votes
movie

Die Hard: With a Vengeance

1995
1080p HD
Twelve Monkeys 8
Twelve Monkeys IMDb rate.... 8.0 ဒီဇာတ်ကားကတော့ ဗိုင်းရပ်နဲ့ပက်သက်တဲ့သတင်းအချက်အလက် တွေကို လွန်ခဲ့တဲ့ခုနှစ်များဆီပြန်သွားပြီးရှာဖွေတဲ့..Time travelဇာတ်ကားလေးဖြစ်ပါတယ်.... မင်းသားကြီး Bruce Willis , Brad Pitt နဲ့.မင်းသမီး Madelenie Stoweတို့ကအဓိကပါဝင်သရုပ်ဆောငိထားပါတယ်.. ဒီဇာတ်ကားကတော့တစ်ခြားဇာတ်ကားတွေလို.မဟုတ်ပူးဗျ.. သူ့ပေးချငိတဲ့concept တွေကအများသား..သေချာကြည့်ရင်တော့ ဇာတ်ကားရဲ့အနှစ်သာရတွေကိုခံစားရမှာပါ..ပြီတော့စိတ်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ထင်တယ်ဗျ... ဇာတ်လမ်းလေးကတော့နည်းနည်းcrazyဆန်ဆန်သွားတယ်ဗျ... ဇာတ်လမ်းအညွန်း =========== 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ .. 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ အဲ့ဒီတော့.. ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ...
8
IMDB: 8/10 564,734 votes
movie

Twelve Monkeys

1995
1080p
Outbreak 6.6
Outbreak 1995မှာထွက်ခဲ့တဲ့ အမေရိကန်ကားကောင်းလေးပါ လက်တစ်လောဖြစ်ပွားနေတဲ့ Covid 19လိုမျိုး Motabaဆိုတဲ့ရောဂါတစ်မျိုး အာဖရိကမှာဖြစ်ရာကနေ စပါတယ် စစ်တပ်ကကူညီဖို့သွားပေမဲ့ ရောဂါကကူးစက်မြန်တာကြောင့် စခန်းတစ်ခုလုံးကို အပြက်ရှင်းလိုက်ပါတယ် ဇီ၀လက်နက်တစ်မျိုးကိုလည်းလည်း တိတ်တဆိတ်ထုပ်လုပ်ပြီး လျိုဝှက်ထားပါတယ် တစ်ခါကျတော့ ဂျင်ဘိုဆိုတဲ့ကောင်လေး အာဖရိကကနေ ခိုးသွင်းလာတဲ့ မျောက်မှာဗိုင်းရပ်စ်ကပါလာပြီးတော့ သူကစပြီး ကယ်လီဖိုးနီးယားတစ်မြို့လုံးရောဂါကူးသွားပါတယ် စစ်တပ်ကသူတို့မှာရှိတဲ့ဇီ၀လက်နက်ကို လျိုဝှက်လိုတာကြောင့် ဆေးထုပ်မပေးဘဲ အခြားနေရာတွေကိုပါမကူးခင် သက်ပြစ်ချင်တာပါ တစ်ဖက်မှာလည်း စစ်ဆရာ၀န် ‌ဗိုလ်ကြီးဒေါက်တာဒယ်နီရယ်ကနေ ရောဂါလက်ခံကောင်ကိုရှာပြီး ကုသနိုင်အောင်ကြိုးစားနေတာပါ စစ်တပ်ကဘဲ တစ်မြို့လုံးကိုသတ်ပစ်တော့မှာလား ဗိုလ်ကြီးဒယ်နီရယ်ကဘဲ ဆေးရှာနိုင်ပြီးညတစ်မြို့လုံးကို ကယ်နိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ ဒီလိုCovidဖြစ်နေတဲ့ကာလမှာ ခံစားသက်၀င်လို့ကောင်းမဲ့ ကားလေးတစ်ကားပါ -=-=-=-=-=-=-=-=-=-=-= Translated & Review By Yamin Ou Encoded By Kar Yan
6.6
IMDB: 6.6/10 116,312 votes
movie

Outbreak

1995
1080p
A Walk in the Clouds 6.7
A Walk in the Clouds ဒီကားလေးကတော့ ဒုတိယ ကမ္ဘာစစ်အပြီးကာလက စစ်သားတစ်ယောက်ရဲ့အချစ်ရေးကိုဖော်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၁၉၉၅ ကထွက်ရှိထားပြီး ဘယ်အချိန် ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ ခေတ်ဟောင်း romantic drama အမျိုးအစားဖြစ်ပါတယ်။ Imdb rating 6.7/10 ရရှိထားပြီး drama ကြိုက်သူတွေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး မိမိ ဇနီးဆီပြန်လာသော စစ်သားတစ်ယောက်ရဲ့ လွဲမှားနေတဲ့ အချစ်ရေး နဲ့ ခရီးထွက်ရာမှ နောက်ထပ်ဆုံတွေ့ခဲ့ရတဲ့ကောင်မလေးရဲ့ ပြသာနာဖြစ်ရှင်းရခြင်း တို့ကိုပုံဖော်ရိုက်ကူထားတာပါ။ ရှုပ်ထွေးတဲ့အချစ်ဇာတ်ကြောင်းကို ဇာတ်လမ်း ရိုက်ကွက်တွေကရှင်းလင်းအောင်ဖော်ပြသွားတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခု လုံးပေါ့ပေါ့ပါးပါးကြည့်ရမယ့် feeling မျိုးရရှိမှာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲတွေကြည့်ရ တာအီနေတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ IMdb 6.3/10 -=-=-=-=-=-=-=-=-=-= Translated & Review By Naw Su Phaw Shee Encoded By Kar Yan -=-=-=-=-=-=-=-=-=-=-=
6.7
IMDB: 6.7/10 30,690 votes
movie

A Walk in the Clouds

1995
1080P Bluray 5.1CH