Yourcinema

1997

The Beautician and the Beast 5.4
The Beautician and the Beast The Beautician And The Beast (1997) ကင်မ် ဂျုံအန်လိုမျိုး အာဏာရှင်ကို ချစ်မိတဲ့အခါ ဘယ်လိုတွေဖြစ်မယ်ထင်လဲ မိန်းခလေးတို့.. ကဲ ၁၉၉၇ထွက် Comedy / Romance ကားလေးကို ခံစားကြည့်ရအောင်.. မစ်မိလ်လာ ဟာ USAက မိတ်ကပ် နဲ့ ဆံပင်ပညာရှင်တစ်ယောက်.. လက်ထပ်ဖို့ နားချနေတဲ့ အမေဖြစ်သူစကားနားမထောင်ပဲ သူ့ဘဝမှာ သူ ကြိုက်တဲ့သူကို ရွေးချင်သူ.. အရွေးလွန်း ဂျီးများတာကြောင့် FA ဖြစ်နေသူ.. ဒီလိုနဲ့ ကံကောင်းအကြောင်းလှလို့ ဖိန့်ဖိန့်တုန်​အောင်ကြောက်ရတဲ့ စလိုဗက်ဇီးယားနိုင်ငံငယ်လေးက အာဏာရှင်က သူ့ကိုပိုက်ဆံကြေးကြီးပေးပြီး သူ့သားသမီးတွေကို ပညာသင်ခိုင်းရာက စပြီး.. ဘယ်လို အလွဲတွေဖြစ် ဇာတ်တွေရှုပ်ပြီး တိုင်ပတ်မလဲ.. အာဏာရှင်ဆိုတဲ့အတိုင်းပြည်သူတွေကို ဘယ်လိုဖိနှိပ်မယ်..ဆိုတာတွေကို ''ဇာတ်ဝင်ခန်းတိုင်းလိုလို'' ဟာသ မြောက်ပြီး ကြည့်ရမှာ ဖြစ်ပါတယ်.. PS: အခုလို ရီရတဲ့ဟာသ ကားကောင်းလေးကို တောင်းတဲ့ ပရိတ်သတ်ကိုလဲ ကျေးဇူးတင်ပါတယ်.. Quality - 1080P , 480P Size ...
5.4
IMDB: 5.4/10 8,367 votes
movie

The Beautician and the Beast

1997
1080P Bluray 5.1CH
The Lost World: Jurassic Park 6.6
The Lost World: Jurassic Park The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size : (1 GB) and (579 MB) Quality : BluRay 720p Running Time : 2hr 09min Format : Mp4 Genre :Action,Adventure,Sci-Fi Subtitle ...
6.6
IMDB: 6.6/10 369,691 votes
movie

The Lost World: Jurassic Park

1997
1080P Bluray 5.1CH
Men in Black 7.3
Men in Black ဒီရုပ်ရှင်လေးနဲ့ ငယ်ငယ်ကအချိန်လေးတွေကို တစ်ခေါက်ပြန်သွားကြပါစို့လားဗျာ ကျနော်တို့ငယ်ငယ်က ရုပ်ရှင်ကြည့်ပုံနဲ့ အခုနဲ့မတူဘူးမလား။  ကိုယ်စီ Laptop တွေ၊ ဖုန်းတွေနဲ့ ကြည့်ကြမျိုးမဟုတ်ဘဲ ထမင်းစားပြီးတဲ့ အချိန် နေ့လည် ၂နာရီ၊ ၃နာရီလောက်မှာ ညီအစ်ကို မောင်နှမတွေ၊ မိသားစုတွေ စုံစုံလင်လင်နဲ့ တီဗီရှေ့ထိုင်ပြီးအားရပါးရကြည့်ကြတာမျိုး။Sexအခန်းတွေမပါဘူး၊ လေးလေးနက်နက်အဓိပ္ပာယ်တွေမပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလည်းကောင်း၊ ကြည့်လို့လည်းကောင်းတဲ့ ကားမျိုးလေးတွေ ကြည့်ကြတာများတယ်။ အဲ့တုန်းက အကြည့်များတာဆို Spider Man Triologyတို့၊ Indiana Jones တို့၊ MIB တို့လို franchise တွေရယ်၊ ဂျက်ကီချန်းတို့၊ Ong Back တို့လို့ အက်ရှင်ကားအများစုရယ်၊ Spy Kid တို့၊ Home Alone တို့လို ကလေးကားလေးတွေရယ်ပေါ့။ အခု Men In Black 1997 ကလည်း အဲ့လို 90sနဲ့ 2000 ခုနှစ်ပတ်ချာလည်တွေကို ပြန်ခေါ်သွားမဲ့ကားမျိုးပါ။ MIB ရဲ့ထွက်သမျှလေးကားလုံးထဲမှာ ...
7.3
IMDB: 7.3/10 504,097 votes
movie

Men in Black

1997
1080p