Yourcinema

2001

Bridget Jones’s Diary 6.7
Bridget Jones’s Diary ဟာသ နဲ့ အချစ် ဇာတ်ကားတွေထဲက Classic ကားဟောင်းကြီးတစ်ကားကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. 2001 က ထွက်ရှိခဲ့ပြီး imbd မှာ 6.7, Rotten မှာ 80% အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဘယ်အချိန်မှာ အချစ်က သူ့ဘဝထဲဝင်လာမလဲ မျှော်လင့်နေတဲ့ အပျိုကြီးမမ .. အပျို ဘဝက ကျွတ်လွတ်အောင် ရတာလဲ မယူ.. အရိုးခါးလေး ဂျီးများလေးလို သူမျိုး.. သူ့အမေ နှစ်စဉ်ကျင်းပတဲ့ ပါတီပွဲကို သွားတိုင်း ‌အမေက သူ့သမီးလေး အပျိုကြီးဘဝနဲ့ အရိုးထုတ်ရရှာမှာမို့ နှစ်တိုင်း ကောင်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးနေကြ.. အဲ့နှစ်မှာလည်း ထုံးစံအတိုင်း မိတ်ဆက် ပေးပါလေရော.. blind date လုပ်ရတာမို့ ဟိုကောင်လေးက သူ့ character ကို မကြိုက်ဘူးဆိုပြီး ငြင်းခံလိုက်ရတာက စလို့ သူ့ဘဝ ရေစုံမျောတော့မယ်ဆို ငိုယို​ပြီး.. သူ့ဘဝကြီး ထပ်အငြင်းမခံဖို့ ဒိုင်ယာရီရေး.. ...
6.7
IMDB: 6.7/10 220,413 votes
movie

Bridget Jones’s Diary

2001
1080p
A Beautiful Mind 8.2
A Beautiful Mind ဒီတစ်ခေါက်ကတော့၁၉၉၄ခုနှစ်မှာနိုဘယ်ဆုရရှိခဲ့တဲ့သင်္ချာပညာရှင်အကြောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ A beautiful mindဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက John Forbes Nash ဆိုတဲ့သင်္ချာပညာရှင်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ သူက Governing Dynamics ဆိုတဲ့Game Theoryကိုတီထွင်ခဲ့တာဖြစ်ပါတယ်။ပရင်စတန်တက္ကသိုလ်မှာ စာလေ့လာရင်း သီအိုရီအသစ်ကိုဖန်တီးချင်နေတဲ့ John Nash.ကိန်းဂဏန်းတွေမှာဘဲ စိတ်နှစ်ထားရင်း လူအများနဲ့ပေါင်းသင်းဆက်ဆံရတာအဆင်မပြေတဲ့ John Nashက အခန်းဖော်ဖြစ်တဲ့ Charlesနဲ့တော့အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနမှာအလုပ်လုပ်ရင်း လျှို့ဝှက်တာဝန်အပေးခံရတာကအစပြုပြီး သူ့ရဲ့ဘဝမှာ ဘယ်လိုအချိုးအကွေ့တွေနဲ့ကြုံတွေ့ရမလဲဆိုတာ ဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ImDb rating 8.2ထိရရှိထားတာဖြစ်ပြီး ဆုပေါင်း ၁၈ခုထိရရှိထားတဲ့အရမ်းကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
8.2
IMDB: 8.2/10 826,261 votes
movie

A Beautiful Mind

2001
1080p
Jurassic Park III 5.9
Jurassic Park III Jurassic Park III (2001) Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ...
5.9
IMDB: 5.9/10 290,477 votes
movie

Jurassic Park III

2001
1080P Bluray 5.1CH