Yourcinema

2004

Garfield (2004) 5
Garfield (2004) Garfield လို့ပြောလိုက်ရင်ကလေးရော လူကြီးတော်တော်များများနဲ့ပါရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ် Garfieldဆိုတာက အမွှေးပွပွ လိမ္မော်ရောင်ကွက်ကြားနဲ့အစားအရမ်းမတ်တဲ့ကြောင်လေးပါ။ ဒီကားက 2004ခုနှစ်ကထွက်ရှိခဲ့ပြီး animationနဲ့လူပေါင်းစပ်ထားတဲ့ကားဖြစ်တဲ့အတွက် ကလေးရောလူကြီးပါကြည့်လို့အဆင်ပြေပြီးတော့ ကြည့်ရတာတန်တဲ့ရုပ်ရှင်ကားလေးပါ။ Garfieldရဲ့ပိုင်ရှင်ဖြစ်တဲ့Jonက​ သူအထက်တန်းကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ Lizကို ဆက်ပြီးလိုက်နေရင်းက Odieဆိုတဲ့ခွေးလေးတစ်ကောင်အိမ်ခေါ်လာတဲ့အခါ ….. Garfieldကရော အဲ့ဒီခွေးလေးကိုကြည်ဖြူပါ့မလား? နောက်ဆုံးမှာ သံယောဇဥ်ဖြစ်သွားပြီးတော့ သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်လိုမျိုးကူညီမလဲ?  Garfieldဆိုတာက ကြောင်ဖြစ်ပေမယ့်လည်း ထက်မြက်ပြီးတော့ ညဏ်ကောင်းတဲ့ကြောင်လေးဖြစ်တဲ့အတွက် ဘယ်လိုစွန့်စားမှုတွေလုပ်ပြီး Odieကိုကယ်မလဲဆိုတာ ဒီကားလေးမှာတွေ့ရမှာဖြစ်ပါတယ်။ Garfieldဆိုတဲ့ဇာတ်ကောင်ကို Jim Davis ဆိုတဲ့စာရေးဆရာကဖန်တီးခဲ့တာဖြစ်ပြီးတော့ 1978ခုနှစ်ကနေစပြီး ရုပ်ပြကာတွန်း videoတွေနဲ့ TV မှာတင်ဆက်ခဲ့တာဖြစ်ပါတယ် 2007ကစပြီး animatedအနေနဲ့ပြောင်းလဲဖန်တီးခဲ့တာဖြစ်ပါတယ် ဒီဇာတ်ကားက ပြတ်လုံး ဟာသ အက်ရှင်နဲ့စွန့်စားခန်းတွေများစွာပါဝင်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ ပျင်းစရာကောင်းတဲ့ကားလေးဖြစ်မှာမဟုတ်ပါဘူး ။ Imdb rating 5အထိရရှိထားပြီး ဒီကားလေးနဲ့ ဆုပေါင်း၂ခုထိ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကားလေးကိုကြည့်ပြီး ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ။ ==================================== Translated and Reviewed by Naychi Thel Kyawtun Encoded by DaeBak ===================================
5
IMDB: 5/10 77,505 votes
movie

Garfield (2004)

2004
1080p