Yourcinema

2005

Sympathy for Lady Vengeance 7.6
Sympathy for Lady Vengeance လီဂွန်းဂျာဟာ သူမကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ထောင်၁၃နှစ်ကျခံခဲ့ရပါတယ်။ဒါကြောင့် သူမဟာသူ့ကိုစွပ်စွဲခဲ့တဲ့ သူတွေကိုလက်စားချေဖို့အတွက်ဆန္ဒပြင်းပြနေခဲ့တာပေါ့ ဒီတော့သူမထောင်ကထွက်လာတဲ့အခါမှာ ထောင်ထဲမှာတုန်းကသူကူညီပေးခဲ့တဲ့သူတွေဆီသွားရောက်ခဲ့ပြီးတော့ ၁၃နှစ်ကြာမျိုသိပ်ခဲ့ရတဲ့လက်စားချေချင်တဲ့စိတ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာဒီကားထဲမှာ တွေ့ရမှာဖြစ်ပါတယ် နောက်ပြီး ဒီကားလေးနဲ့လည်းတောင်ကိုးရီးယားနိုင်ငံမှာသာမက နိုင်ငံတကာအပါအဝင် ဆုပေါင်း၁၂ကားထိပိုင်ဆိုင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=
7.6
IMDB: 7.6/10 70,386 votes
movie

Sympathy for Lady Vengeance

2005
1080p
Hitch 6.6
Hitch ရုပ်ရှင် 184 ပြန်လည်သုံးသပ်ခြင်းအပေါ်အခြေခံပြီး 68% တဲ့အဆင့်သတ်မှတ်ချက်များနှင့် 6.3 / 10 ပျမ်းမျှပြန်လည်သုံးသပ်ရှိပါတယ်။ Hitch ကို ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင်ဖြန့်ချိခဲ့ပြီးဒေါ်လာ ၃၇၁.၆ သန်းရရှိခဲ့သည်။ 2005 ခုနှစ်ကအမေရိကန်ရုပ်ရှင်ဖြစ်ပါသည်။  အချစ်ဟာသရုပ်ရှင်ဇာတ်ကား​ဖြစ်ပြီး အန်ဒီ Tennant နှင့်သရုပ်ဆောင် Will Smith , နှင့်အတူ အီဗာ Mende , ကီဗင်ဂျိမ်းစ် နှင့် Amber Valletta ။ ဇာတ်လမ်းအကျဥ်းလေးကတော့... အဲလက်စ်ဟစ်ခ်ျဟစ်ကင် ( ဝီစမစ်သ် ) သည်ပရော်ဖက်ရှင်နယ်“ ချိန်းတွေ့သည့်ဆရာဝန်” ဖြစ်သည်။ သူသည်အခြားယောက်ျားများအားအမျိုးသမီးများအားလှောင်ပြောင်အနုပညာနည်းပြအဖြစ်လေ့ကျင့်ပေးသည်။စစ်မှန်သောရေရှည်ဆက်ဆံရေးကိုအဓိကထားသည်။ သူဟာသူလုပ်တဲ့အလုပ်မှာအရမ်းအောင်မြင်တယ်။ သူ၏ဖောက်သည်များအနက်တစ် ဦး အားနည်းတဲ့Albert Brennaman ( ကီဗင်ဂျိမ်းစ် ) သည်သူ၏ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ နာမည်ကျော်ထင်ရှားသူ Allegra Cole ( Amber Valletta ) - Hitch ...
6.6
IMDB: 6.6/10 291,413 votes
movie

Hitch

2005
1080p
Nanny McPhee 6.5
Nanny McPhee ဒီဇာတ်ကားလေးက ၂၀၀၅ ခုနှစ်ထဲက ထွက်ခဲ့တဲ့ ကားလေးဆိုပေမယ့် ကြည့်ရတာ အရမ်းကိုတန်တဲ့ ကားကောင်းလေးပါ။ IMDb rating 6.5 ထိကို ရရှိခဲ့သလို အမြတ်ငွေကလည်း ထက်ဝက်မက ရရှိခဲ့ပါတယ်။ ဒီကားလေးက မိသားစုကားလေး ဖြစ်တဲ့အပြင် comedy လေးလည်း ပါတာမို့ လူတိုင်းကြည့်ချင်မှာ အသေအချာပါပဲ။ ပြီးတော့ ကလေးတွေအနေနဲ့လည်း ဒီဇာတ်ကားကြည့်ရင်း ဒီဇာတ်ကားထဲက ကလေးတွေ စည်းကမ်းတွေ သင်ယူလိုက်နာပုံကို မှတ်သားနိုင်ပါတယ်။ ဇာတ်လမ်းလေးကတော့ Mr.Brown ဆိုသူက သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး အရမ်းဆိုးတဲ့ကလေး ၇ ယောက်နဲ့ ကျန်ခဲ့ရပါတယ်။ ကလေးထိန်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြေးကုန်ကြပါတယ်။ဒါတွေရဲ့ နောက်ကွယ်က အဓိက လှုပ်ရှားသူက သားအကြီးဆုံး Simon ပဲ ဖြစ်တယ်။ ဒါကို ဖြေရှင်းဖို့ သော့ချက်က Nanny McPhee ပဲ ဖြစ်တယ်။ Nanny McPhee ရောက်လာပြီးတဲ့နောက် ...
6.5
IMDB: 6.5/10 65,855 votes
movie

Nanny McPhee

2005
1080p
A Bittersweet Life 7.6
A Bittersweet Life ဒီကားလေးကတော့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ ရုပ်ရှင်လေးပါ။ လီဗြောင်ဟွန်းနဲ့အတူ မင်းသမီး Shin Min-Ahနဲ့မင်းသား Kim Yeong-cheol တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ Rating ကတော့ 7.6 ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း ဉာဏ်ပညာရှိပြီး အေးဆေးတည်ငြိမ်တဲ့ ဆန်းဝူးဆိုတဲ့ လူငယ်တစ်ဉီးဟာ သူ့သူဌေးအပေါ် အကြွင်းမဲ့သစ္စာရှိမှုနဲ့ စီးပွားရေးကိုစီမံခန့်ခွဲနိုင်တာကြောင့် သူဌေးဆီမှ ယုံကြည်မှုရထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဌေးဖြစ်သူမှာ ငယ်ရွယ်ပြီးချောမောလှပတဲ့ ဟီဆိုးဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးက ဟီဆိုးဆီမှာ တခြား ချစ်သူရှိတယ်လို့ သံသယရှိလာခဲ့ပါတယ်။ အဲ့တာကြောင့် သူအလုပ်ကိစ္စနဲ့ ခရီးထွက်နေစဉ်မှာ ဟီဆိုးကို အနီးကပ်စောင့်ကြည့်ဖို့ နဲ့ အကယ်၍ ချစ်သူရှိတာမှန်ရင် နှစ်ယောက်လုံးကို သတ်ပစ်ဖို့ ဆန်းဝူးကို အမိန့်ပေးခဲ့ပါတယ်။ ဆန်းဝူးဟာ သူဌေးဖြစ်သူမှာကြားခဲ့သလို ဟီဆိုးအနီးကပ်စောင့်ကြည့်ရင်း စိတ်ဝင်စားလာခဲ့ပါတယ်… ဟီဆိုးမှာ တကယ်ပဲတခြားချစ်သူရှိနေတာလား ရှိတယ်ဆိုရင် ဆန်းဝူးက သူဌေးအမိန့်အတိုင်း လုပ်မှာလားဆိုတာကိုတော့ ...
7.6
IMDB: 7.6/10 34,932 votes
movie

A Bittersweet Life

2005
1080p HD
Robots 6.3
Robots Pageကနေ Movie တွေကြီးပဲကြည့်နေရတာပျင်းလာလို့ Animation ကောင်းကောင်းလေးကြည့်ချင်သူတွေအတွက် Robots ဆိုတဲ့ animation movie လေးကိုတင်ပေးလိုက်ပါတယ်နော်။ Robots ဆိုတဲ့ဇာတ်ကားလေးဟာ Well-E မထွက်ခင် 2005 ခုနှစ်ကထွက်ခဲ့တဲ့ စက်ရုပ် ကမ္ဘာအကြောင်းကို စိတ်ကူးယဥ်ပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီ Animation movie က IMDb 6.3/10 ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ မိသားစုဇာတ်ကားဖြစ်ပြီး ကလေးတွေကိုအိမ်မက်ကိုယ်စီထားရှိဖို့ လက်မလျှော့တတ်စေဖို့ ပညာပေးထားတဲ့ ကားလဲဖြစ်သလို comedy ဆန်ဆန်အခန်းတွေလည်းပါဝင်တာကြောင့်ရယ်ရယ်မောမောကြည့်ကြရမှာဖြစ်ပါတယ်။ ဇာတ်ကားအကျဥ်းပြောရလျှင် Rodney ဆိုတဲ့ စက်ရုပ်ကလေးက တီထွင်ဖန်တီးရတာဝါသနာပါပြီး ငယ်ငယ်လေးကတည်း စက်ရုပ်လေးတွေကိုတီထွင်နိုင်ခဲ့ပါတယ်။သူရဲ့အိမ်မက်ကတော့ တစ်နေ့စက်ရုပ်မြို့တော်ဆီသွားပြီး Bigweld ဆိုတဲ့ စက်ရုပ်ကြီးလို ကမ္ဘာ့အကောင်းဆုံးတီထွင်သူဖြစ်ချင်တာပါ။ အဲ့တာမို့လို့ သူအရွယ်ရောက်လာတဲ့တစ်နေ့ စက်ရုပ်မြို့တော်ဆီသွားပြီး Bigweld ဆိုသူရှာသောလည်း စက်ရုံမြို့တော်မှာ သူစိတ်ကူးထားတာနဲ့ မတူသောအခါ Bigweld ကိုရှာတွေ့သော်လည်း သူထင်သလိုမဟုတ်သောအခါ သူကိုယ်တိုင်စက်ရုပ်မြို့တော်ကိုပြောင်းလဲဖို့ ကံကြမ္မာဖန်လာသောအခါ ဘယ်လိုကြိုးစားမယ်ဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ Animation movie လေးဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ အညွန်းနှင့် ဘာသာပြန်  သူကတော့နော်ဆူးဖောရှီး ဖြစ်ပြီး ကာရံမှတင်ဆက်ပေးလိုက်ပါတယ်
6.3
IMDB: 6.3/10 129,030 votes
movie

Robots

2005
1080P Bluray 5.1CH