Yourcinema

2009

Alvin and the Chipmunks: The Squeakquel 4.5

Alvin and the Chipmunks: The Squeakquel

2009
1080p
The Blind Side 7.6
The Blind Side ဒီဇာတ်ကားကတော့ A must watch ထဲမှာ ပါပါတယ်နော်🤗 ဒီဇာတ်ကားဟာဆိုရင် IMDB 7.6 အထိ rating ရခဲ့တဲ့ ကားလေးပါ။ review အကောင်းတွေကြည့် ရခဲ့တဲ့ကားလေးဆိုလည်း မမှားပါဘူး။ ဒီကားထဲမှာဆို American Football ကစားတာတွေလည်း ပါဝင်ပါတယ်။ ဒီကားလေးက drama အမျိုးအစားပါ။ ဇာတ်လမ်းအကျဥ်း ပြောရမယ်ဆိုရင်...... ဒီထဲက အဓိက သရုပ်ဆောင်က လူမည်းပါ။ သူ့နာမည်က Michael Oher ပါ။ သူက မိဘတွေရဲ့ ဂရုစိုက်မှုကို မရပါဘူး။ ဒါ့အပြင် သူ့ရဲ့ body ကြောင့်ခဏခဏ blame ခံရတဲ့အတွက် confidence တွေ ပျောက်ဆုံးပြီး ကျောင်းစာတွေလည်း မလိုက်နိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက်ဆရာဆရာမတွေကလည်း ဥာဏ်တုံးတဲ့သူလို့ သတ်မှတ်ခဲ့ကြတယ်။ သူ့ရဲ့ ဝါသနာကိုလည်း သူလုပ်ခွင့်မရခဲ့ပါဘူး။ နောက်တော့ Leigh Anne Tuohy နဲ့တွေ့တဲ့အခါ Michael ...
7.6
IMDB: 7.6/10 285,582 votes
movie

The Blind Side

2009
1080p
Hannah Montana: The Movie 4.5
Hannah Montana: The Movie ဒီဇာတ်ကားလေးကတော့ 2009ခုနှစ်ကထွက်ခဲ့တဲ့ အဆိုတော်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအမျိုးအစားကတော့ Musical/Family အမျိုးအစားဖြစ်ပါတယ်။ Hannah montana နေရာမှာMiley cyrusကမင်းသမီးအဖြစ်သရုပ်ဆောင် ထားတာမို့ Miley cyrus fans တွေအကုန်နီးပါးကြည့်ဖူးကြတဲ့ဇာတ်ကားဖြစ်မယ်လို့ထင်ပါတယ်။ Taylor swift ကလည်းဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဆယ်ကျော်သက်အဆိုတော် Hannah တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှအခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။အဓိကပြဿနာကတော့ သူမနာမည်အရင်းက Hannah montana မဟုတ်တဲ့အတွက်ပါ ကျေးလက်တောသူတစ်ယောက်ဖြစ်တာကို ဖုံးကွယ်ချင်လို့ ဘဝအကြောင်းဇာတ်မြုပ်ထားလိုက်တာပါ။ နာမည်ကြီးလာတော့ကိုယ်လာခဲ့တဲ့ဘဝကိုမေ့ချင်သလိုဖြစ်လာတဲ့အတွက် အဖေဖြစ်သူမှ ဇာတိမြို့ကိုပြန်ခေါ်သွားခဲ့ရာမှ ဇာတ်လမ်းလေးဖြစ်ပေါ်လာတာပါ။ အဖေနေရာမှာ Miley cyrus ရဲ့အဖေအရင်းကိုယ်တိုင်သရုပ်ဆောင်ထားပြီး ကျန်တဲ့မိသားစုဝင်တွေအကုန်လုံးကလည်း တကယ့်မိသားစုအစစ်လို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဇာတ်ဝင်သီချင်းတွေကို Miley cyrus ရဲ့နာမည်ကြီးသီချင်းတွေထည့်ထားပြီး Taylor swift ကိုယ်တိုင်ကလည်း Crazier သီချင်းဝင်ဆိုသွားတဲ့အတွက်ကြောင့် Musical drama ကြိုက်သူတွေအတွက် ရင်ထဲ ရောက်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ IMDb rating- 4.5/10 Type- Musical/Family -=-=-=-=-=-=-=-=-=-= Translated & Review By Naw Suee Phaw Shee Encoded By ...
4.5
IMDB: 4.5/10 38,895 votes
movie

Hannah Montana: The Movie

2009
1080p
Private Eye 6.8
Private Eye ကိုးရီးယားနိုင်ငံရဲ့ ၂၀ ရာစုအစပိုင်းကာလကို အခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဆေးကျောင်းသားလေးတစ်ယောက် တောထဲမှာ လူသေအလောင်းကောင်တစ်ခုကို တွေ့ပြီး သူ့အိမ်ကို တိတ်တဆိတ် သယ်ဆောင်သွားပါတယ်။ အလောင်းကောင်ကြီးကို သယ်သွားရတဲ့အကြောင်းအရင်းကတော့ တခြားမဟုတ်ပါဘူး။ သူ့အိမ်မှာ anatomy ခိုးလေ့ကျင့်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလောင်းဟာ နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ သားဖြစ်နေပြီး အသတ်ခံရတဲ့အ‌လောင်းမှန်း သိသွားတဲ့အခါမှာတော့ အဲ့ဒီဆေးကျောင်းသားလေးဟာ သူ့ကို အစွပ်စွဲခံရမှာ စိုးတဲ့အတွက်ကြောင့် လူသတ်သမားကို ရှာမှဖြစ်ပါတော့မယ်။ လူသတ်သမားကို ရှာဖို့အတွက် တစ်ချိန်က စုံစမ်းစစ်ဆေးရေးမှူးဖြစ်ခဲ့ဖူးတဲ့ သတင်းထောက်ကြီးကို အကူအညီတောင်းပြီး နှစ်ယောက်အတူ စုံစမ်းနေကြရင်းမှာကို နောက်ထပ် ပုံစံတူ လူသတ်မှုတွေ ကြုံတွေ့လာရတဲ့အခါမှာတော့.. ဒီဇာတ်ကားမှာ ၁၉ ရာစုအကုန် ၂၀ ရာစုအစပိုင်းကာလတွင်း ကိုရီးယားနိုင်ငံရဲ့ အခြေအနေ၊ ပတ်ဝန်းကျင် ပုံရိပ်တွေကို ယုတ္တိကျကျမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာနဲ့ ငွေကြေးအင်အားအမှီပြုပြီး နောက်ကွယ်မှာ ‌ဝဲစားနေတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ ရှိကြောင်း ...
6.8
IMDB: 6.8/10 807 votes
movie

Private Eye

2009
720P
Red Cliff Part II 7.6
Red Cliff Part II Red Cliff ဇာတ်ကား part 1 နဲ့ 2 ကိုတော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။တရုတ်ရာဇဝင်ဇာတ်ကားတွေထဲကနာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာလဲဖြစ်ပါတယ်။ ဇာတ်လမ်းကို 2008 ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီး အေဒီနှစ်ရာခန့်က ဖြစ်ပွားခဲ့သော ချောက်ကမ်းပါးနီတိုက်ပွဲကို ပညာသားပါပါရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb rating 7.4/10 ရရှိခဲ့လို အလွန်rating များတဲ့ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းပြောရရင် ယန်မင်းဆက်ကို ချုပ်ကိုင်ထားသော ဝန်ကြီးကောကော ရဲ့မတရားစစ်ပွဲများကို ခုခံရန်ကြိုးစားကြပုံကိုရိုက်ကူးထားတာပါ။ အင်အား ချင်းဆယ်ဆကျော်ကွာသောလည်း ဥာဏ်ပညာ စည်းလုံးမှု ကျွမ်းကျင်မှုတို့ပေါင်းစည်းကာ ယှဥ်တိုက်နိုင်ခဲ့ပုံကို အားရပါးရ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ရာဇဝင်ကားကြိုက်တဲ့သူတွေအကြိုက်ဖြစ်ပြီး မကြည့်ဖူးတဲ့သူကော ကြည့်ဖူးတဲ့သူတွေပါ ပြန်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ IMDb rating-7.4/10 Type- War/Action Translated By Hlaine Review By Naw Suee Phaw Shee Encoded By Kar Yan
7.6
IMDB: 7.6/10 22,511 votes
movie

Red Cliff Part II

2009
1080p
The Human Centipede (First Sequence) 4.4
The Human Centipede (First Sequence) ဒေါက်တာဟက်တာဟာစိတ်မမှန်တဲ့နာဇီသိပ်ပံပညာရှင်တစ်ယောက်ပါ။ စိတ္တဇနာဇီသိပ်ပံပညာရှင်နေရာမှာသရုပ်ဆောင်ဖို့ကို ဝါရင့်ဂျာမန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Dieter Laser ကိုရွေးထားပြီး နာဇီတယောက်ရဲ့ကြမ်းတမ်းတဲ့ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ထားတာမြင်ရပါမှာပါ။ သူဟာတစ်ချိန်ကအောင်မြင်တဲ့ခွဲစိပ်ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပြီး အနားယူချိန်မှာတော့ဂျာမနီနိုင်ငံကတောထဲကသူ့ရဲ့အိမ်ကြီးမှာပြန်ပြီးနေထိုင်နေခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်ကတော့ စမ်းသပ်ခံသားကောင်တွေကို သူကျွမ်းကျင်တဲ့ဆေးပညာနဲ့ခွဲစိတ်ဖြတ်တောက်ပြီး အတူတကွချိတ်ဆက်ကာ လူသားကင်းခြေများတစ်ကောင်ဖန်တီးဖို့ပဲဖြစ်ပါတယ်။ Rating တွေနည်းပေမယ့် ဖေဖော်ဝါရီလကပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂျာမန်မင်းသားကြီး Dieter Laser ရဲ့အောင်မြင်တဲ့ကားတစ်ကားဖြစ်ခဲ့ပြီး ဒီကားနဲ့ပဲဆုတစ်ချို့ရထားပါသေးတယ်။ အော့အန်ချင်စရာ ဇာတ်ဝင်ခန်းတွေကြောင့် သာမန် Horror, Thriller ကားတွေနဲ့ကွဲထွက်နေတဲ့ပုံစံတစ်မျိုးနဲ့ကြည့်ရှုရမှာပါ။ ရွံတတ်တဲ့သူတွေအတွက်တော့ဒီကားကိုကြည့်လို့အဆင်မပြေပါဘူးခင်ဗျာ။ =-=-==-==-=-= Translated & Review By AMH Encoded By Kar Yan
4.4
IMDB: 4.4/10 70,927 votes
movie

The Human Centipede (First Sequence)

2009
1080p