Yourcinema

2010

I Saw the Devil 7.8
I Saw the Devil ဒီဇာတ်ကားလေးကတော့ မင်းသားလီဗြောင်ဟွန်းရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါပဲ။  ဇာတ်လမ်းအကျဉ်းကတော့ မင်းသားလီဗြောင်ဟွန်းရဲ့ ချစ်သူဟာ လက်ထပ်ပြီး မကြာခင်မှာပဲ အသတ်ခံလိုက်ရပါတယ် ဒါကြောင့် သူက သူ့ချစ်သူကိုသတ်ခဲ့တဲ့သူကို လိုက်ရှာပြီး ကလဲ့စားချေခဲ့ပါတယ်။ လူသတ်သမားဟာ သူ့ရဲ့ချစ်သူကိုတင်မကဘဲ နောက်ထပ်မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်တယ်။ဒီဇာတ်ကားလေးက တခြားလူသတ်သမားကားတွေနဲ့ မတူဘဲထူးခြားချက်ကတော့ လူသတ်သမားကိုချက်ချင်းမသတ်တာပါပဲ။ တစ်ခါပြီးတစ်ခါ ရိုက်တယ် ထုတယ် ဒါပြီးရင်တော့ တစ်ပတ်လောက်ထားထားလိုက်တယ်။ အနာသက်သာခါစဆိုရင် နောက်တစ်ခေါက်နာကျင်အောင် ထပ်လုပ်တယ်။ သူလူသတ်သမားကို ပေးချင်တာက နာကျင်မှုနဲ့အကြောက်တရားပါ။ ဒါကြောင့်ဒီဇာတ်ကားဟာ သွေးထွက်သံယိုအခန်းတွေ တော်တော်များများပါဝင်ပါတယ်။ဒီလိုဇာတ်ကားမျိုးကိုမှကြိုက်နှစ်သက်တဲ့သူတွေကို ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးချင်ပါတယ်။ ဒီရုပ်ရှင်ကားဟာဆိုရင် rating7.8 အထိရရှိထားပြီး ဆုပေါင်းမြောက်များစွာပိုင်ဆိုင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် =-=-=-=-=-=-=-=-=-=-=-=-= Translated & Review By NayChi Thel Kyaw Tun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=    
7.8
IMDB: 7.8/10 106,575 votes
movie

I Saw the Devil

2010
1080p
The Yellow Sea 7.3
The Yellow Sea မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်မှာ နေထိုင်ရင်း ကားမောင်းပြီးအသက်မွေးတဲ့ ဂူနမ်... မိန်းမက တောင်ကိုရီးယားမှာအလုပ်သွားလုပ်ပြီး ပိုက်ဆံမပို့ အဆက်သွယ်မလုပ်တဲ့အပြင် မိန်းမချန်ခဲ့တဲ့ အကြွေးများစွာနဲ့ ဒုက္ခရောက်နေလို့ ကြံရာမရဖြစ်ပြီး လောင်းကစားသာလုပ်နေတော့ပါတယ်... အဲ့ဒီမှာ မှောင်ခိုကူးသူတယောက်က မက်လောက်စရာငွေနဲ့မျှာပြီး တောင်ကိုရီးယားနိုင်ငံသွားပြီး လူတယောက်ကိုသတ်ခိုင်းပါတော့တယ်.. ပိုက်ဆံလည်းရ မိန်းမကိုလည်းရှာမယ်ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောနဲ့ သဘောတူပြီးနောက်မှာတော့ ဘယ်လိုတွေ ကြုံရလဲ ဘယ်သူတွေကလိမ်နေတာလဲ မိန်းမကရော လှည့်စားနေတာလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါ။ ================= Translated and Reviewed by Aye Chan Moe Encoded by DaeBak =================
7.3
IMDB: 7.3/10 18,237 votes
movie

The Yellow Sea

2010
1080p
Dear John 6.3
Dear John ဒီဇာက်လမ်းကတောင်ကယ်ရိုလိုင်းနားကမ်းခြေတစ်ခုမှာ စကားပြောနဲတဲ့ အထူးတပ်ဖွဲ့၀င်တပ်ကြပ်ကြီး Johnနဲ့ မိန်းမချောလေး Savannahတို့တွေ့ရာရနေစပါတယ် တွေ့ရတဲ့နှစ်ပတ်အတွင်းမှာ သူတို့နှစ်ယောက်က ချစ်သူ ဖြစ်သွားခဲ့ကြပါတယ် Savannahကကောလိပ်ကိုပြန်ရပြီး Johnကစစ်တပ် ထဲကိုပြန်ရမဲ့အချိန်ရောက်လာတဲ့အခါမှာတော့ ခွဲရမဲ့ တစ်နှစ်အတွင်းမှာ ဖြစ်သမျှအကြောင်းစာရေးပြောဖို့ Savannahကပြောခဲ့ပါတယ် သူတို့နှစ်ယောက်က တစ်ယောက်ဆီတစ်ယောက်အပြန်လှန်ဘဲစာရေးခဲ့ကြတယ် လောကကြီးကစီစဉ်ထားသလိုသာဖြစ်မယ်ဆိုရင်တော့ သူတို့နှစ်ယောက်က တစ်နှစ်အကြာမှ လက်ထပ်ဖြစ်ကြမှာ ဖြစ်ပါတယ် ဒါပေမဲ့လည်းဘ၀ဆိုတာ ရတာမလို လိုတာမရဖြစ်တတ်သလို ဖြစ်ချင်ရာမဖြစ်ရဘဲ မဖြစ်ချင်တာတွေ ဖြစ်တတတ်တဲ့သဘောက‌လည်းရှိနေတော့ သူတို့နှစ်ဦးကြားမှာ အခတ်ခဲလေးတွေရှိလာပါတယ် တဖြည်းဖြည်းနဲ့ Savannahကစာအရေးကျဲလာက‌နေ တစ်နေ့မှာတော့ သူအခြားတစ်ယောက်နဲ့စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းစာက Johnဆီကိုရောက်လာပါတော့တယ်... Savannahကရော ဘယ်လိုအကြောင်းတွေကြောင့် အခြားတစ်ယောက်ကို စေ့စပ်ရတာလဲ Johnကရော ချစ်ရသူကိုစိတ်နာပြီးဘဲပြစ်ထားမလား အကြောင်းစုံသိရအောင်ဘဲ စုံစမ်းမလား... ချစ်တဲ့သူနှစ်ယောက်ကရော ပြန်လည်ပေါင်းဖတ်နိုင်မှာလားဆိုတာကတော့....... Translated & Review By Yamin Ou Encoded By Kar Yan
6.3
IMDB: 6.3/10 135,672 votes
movie

Dear John

2010
1080p HD
The Man from Nowhere 7.8
The Man from Nowhere မြန်မာစာတန်းထိုး (စ/ဆုံး) IMDb rate ..7.8 Awards*16 wins and 17nominations မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ်...... မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ (ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ) ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(원빈 ) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကတော့ action drama ဇာတ်ကားလေးဖြစ်ပြီးတော့.. ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လိို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ဒီဇာတ်ကားကို ညွှန်းပေးရင်ပေါ့သွားမလားပဲ။ အညွန်းကတော့.... မင်းသားထယ်စောက်(원빈) ဟာ တစ်ကားလုံးမှာ စကားပြောတာ ကျွန်တော့်အထင် အခွန်း၂၀ ထက်ပိုမယ် လို့မထင်ပါဘူး။ မင်သား 원빈ဟာ အစိုးရလျိှု ့ဝှက်အဖွဲ.စည်းမှ အထူးလေ့ကျင့်ထားတဲ. အေဂျင့်တစ်ယောက်ပါ သူ.ဇနီးသည်နှင့်သူ့အားချောင်းမြောင်းလုပ်ကြံခံရပြီး ဇနီးသည်မှာ နေရာမှာပွဲချင်းပြီးသေဆုံးခဲ့ပါတယ် မင်းသား ချန်တေ့ရှီး(원빈)ကတော့ဒဏ်ရာများဖြင့် အသက်မသေပဲလွတ်မြောက်ခဲ့ပြီးဇာတ်မြုတ်နေခဲ့ရာ ကလေးတစ်ယောက်ကို ခင်တွယ်ရာမှ မမျှော်လင့်ပဲ ရက်စက်ကြမ်းကြုတ်သောလူဆိုးဂိုဏ်းနှင့်ထိပ်တိုက် တွေ့ခဲ့ကြပုံကို ခပ်ကြမ်းကြမ်းကြည့်ရှူ.ကြရမှာပါ …………………..။ ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားပါ။.... -=-=-=-=-=-=-=--= Translated & Review ...
7.8
IMDB: 7.8/10 60,220 votes
movie

The Man from Nowhere

2010
1080p
I Spit on Your Grave 6.3
I Spit on Your Grave Horrorကားကြိုက်သူများအတွက်Grey's anatomyထဲမှ မင်းသမီး Sarah Butlerပါဝင်ထားတဲ့ I spit on your graveဆိုတဲ့ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် ဂျနီဖာဟေးလ်ဆိုတဲ့စာရေးဆရာမလေးတစ်ယောက်ဝတ္ထုရေးဖို့အတွက်မြို့ပြင်က သစ်သားအိမ်လေးမှာတစ်‌ေယာက်တည်းလာနေရာမှ လူတစ်စုက စော်ကားဖို့ကြိုးစားသဖြင့်ထွက်ပြေးရင်းရဲမှူးနဲ့တွေ့ရာ ရဲမှူးကပါလူဆိုးဖြစ်နေသောအခါ ဘယ်လိုပင်ကြိုးစားရုန်းကန်လည်း မလွတ်မြောက်နိုင်တော့သဖြင့် သေချင်ယောင်ဆောင်ပြီးရဲမှူးနှင့် ပေါင်းအပါများကိုလက်စားချေဖို့ကြိုးစားသောအခါ သူမရဲ့လက်စားချေမှုတွေအောင်မြင်သွားမလား ဘယ်လိုနည်းလမ်းတွေနဲ့လက်စားချေမလဲဆိုတာကိုတော့ ၁၈+အခန်းများသွေးသံရဲရဲနှင့် ဆဲဆိုသောစကားများကြောင့် ကလေးသူငယ်များကြည့်ရန်မသင့်တော်ပါ Translated & Review By Nyan Linn Htet Encoded By Kar Yan
6.3
IMDB: 6.3/10 73,413 votes
movie

I Spit on Your Grave

2010
1280p Bluray 5.1CH
Khaleja 7.5
Khaleja ဒီကားလေးက မင်းသား မာဟစ်ရ်ှနဲ့ ဘာဟူဘလီမင်းသမီးရယ်လို့ဖြစ်လာမယ့် အနူးရ်ှကားရှက်သီတို့ရဲ့ ပထမဆုံး လက်တွဲဖြစ်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအနေအထားက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်ရှုပျော်ရှိပြီး တမူထူးခြားတဲ့ အချက်က တောင်ပိုင်းကားတွေထဲကနေ ခွဲထွက်ထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ် မင်းသားက ဘ၀ကို ပေါ့ပေ့ါပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် အဖိုးဖြစ်သူရဲ့ နားပူနားဆာလုပ်တဲ့ဒါဏ်ကို မခံနိုင်လို့ အငှားယာဉ်မောင်းအလုပ်လုပ်ရင်း သူဌေးသမီး မင်းသမီးလေးနဲ့တွေ့ မင်းသမီးက ရှက်ပြာရှက်ပြာနဲ့မို့ အခုမှစ၀င်တဲ့ မင်းသားရဲ့ကားကို ၀င်တိုက် ဒီလိုပြသနာလေးတွေကြောင့် မင်းသားလည်း အုံနာကို ကားဖိုးလျော်ဖို့အတွက် သက်သေဖြစ်တဲ့လူတစ်ယောက်ဆီကို လိုက်သွားတယ် အဲ့ဒီသက်သေဆိုသူက ပါကစ္စတန်နယ်စပ်က ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ နေတယ် အဲ့ဒီကန္တရထဲမှာပဲ အယူသည်းတဲ့ လူမျိုးစုတွေ နေကြသေး ဒီလူမျိုးစုတွေထဲက တစ်ယောက်ပြီးတစ်ယောက် ကပ်ဘေးကြီးကြောင့် သေကြကြေကြတော့ နတ်ဆရာဟောထားတဲ့ စကားအရ သူတို့ဆီကို ဘုရားလွှတ်လိုက်တဲ့သူ ရောက်လာလိမ့်မယ်တဲ့ သူတို့ပြသနာတွေကို အဲ့့ဒီလူက ရှင်းလင်းပေးလိမ့်မယ်တဲ့ ဘုမသိဘမသိနဲ့ဒီအရပ်ကို ရောက်လာတဲ့ မင်းသားရယ် မိဘသဘောတူထားတဲ့သူနဲ့မယူနိုင်လို့ ထွက်ပြေးလာတဲ့ မင်းသမီးရယ်ဟာ သဲကန္တာရထဲမှာ သွားဆုံမိကြပြန်တယ် ကန္တာရထဲက လူမျိုးစုတွေရဲ့ နတ်ဘုရားဆိုသူဟာ ဘယ်သူလဲ လူတွေ သေကြကြေကြတာကရော ဘာကြောင့်လဲ စိတ်၀င်စားစရာမို့ ဇာတ်လမ်းအပြည့်အစုံကို ဆက်လက်ရှုစားလိုက်ပါခင်ဗျ... Translated By Nyo Gyi Encoded By YCteam
7.5
IMDB: 7.5/10 7,839 votes
movie

Khaleja

2010
1080p
Legend of the Guardians: The Owls of Ga’Hoole 2010 6.9
Legend of the Guardians: The Owls of Ga’Hoole 2010 စွန့်စားခန်း animation တွေ ကြိုက်တဲ့လူတွေအတွက် 2010 ကထွက်ရှိထားတဲ့ action,adventure,family အမျိုးအစား ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ကြည့်နေရင်းနဲ့ လုံးဝကို ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားပါ climax ရောက်သည့်တိုင်အောင် ဇာတ်ရှိန်ကျမသွားတဲ့ ကာတွန်းကားကောင်းပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဆိုရန်နဲ့ ကလပဲဒ် ဆိုတဲ့ ဇီးကွက်လေးနှစ်ကောင် ကို ရန်သူ ဇီးကွက်တွေက ပြန်ပေးဆွဲရာကနေစထားပါတယ် အကို ဖြစ်သူကလပ်ဒ်က ရန်သူတွေနဲ့ ပူးပေါင်းမိသွားပြီး ဇီးကွက်တိုင်းပြည်ကြီးကို အန္တရာယ် ကြီးကြီးမားမားကျရောက်စေတော့မဲ့ အချိန်မှာ ညီဖြစ်သူဆိုရန်ဟာ သူငယ်ချင်းဇီးကွက်တစ်စုနဲ့ အတူ သူတို့အဖေ ပြောဖူးခဲ့တဲ့ ဒဏ္ဍာရီထဲက ဂါးဒီးယန်းကို ရှာဖွေ ခဲ့ရပါတော့တယ် (ဂိုင်လ်ဖီးလေးဆိုတော်တော် ချစ်ဖို့ကောင်းတာ) သူတို့လေးတွေ တိုင်းပြည်ကို ကယ်တင်နိုင်မလား သစ္စာဖောက်ခံရမလား ဒဏ္ဍာရီပုံပြင်တွေကလည်း အမှန်တရားတွေပဲလား ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ် IMDb 6.9/10 ရထားတဲ့ကာတွန်းကားဖြစ်ပါတယ် အပျင်းပြေ အိမ်မှာ ကြည့်သင့်တဲ့ ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်   Translated By Klouds
6.9
IMDB: 6.9/10 76,117 votes
movie

Legend of the Guardians: The Owls of Ga’Hoole 2010

2010
Blue-Ray
Paranormal Activity 2 5.6
Paranormal Activity 2 Horror/Thriller/Mystery ကားတွေဖြစ်တဲ့ Paranormal activity ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ paranormal activity 2 (2010) ကိုတင်ဆက်ပေးလိုက်ပါတယ်။ Paranormal activity 1တုန်းကဇာတ်ကားကို ကြည့်ဖူးတဲ့သူတိုင်းသိပါလိမ့်မယ်... Paranormal activity ကားတွေဟာဆိုရင် မြင်နေကျ သရဲကားပုံစံ‌တွေနဲ့ကွဲထွက်နေတာဖြစ်ပါတယ်။ ဇာတ်ကားပုံစံကတော့ CCTV, video camera တွေကနေတစ်ဆင့် ဖြစ်ပျက်နေသမျှကို ကြည့်ရှုရမှာဖြစ်ပြီး တကယ့်ဖြစ်နေတာလို့တောင် ထင်ရတဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ Kristi နဲ့ Daniel တို့လင်မယားဟာ သားလေး Hunter နဲ့အတူ အိမ်အသစ်ကို ပြောင်းလာကြပါတယ် ။သိပ်မကြာခင်မှာပဲ သူတို့အိမ်ဟာ ဖောက်ထွင်းခံရပြီး Daniel ဟာ တစ်အိမ်လုံးကို CCTV တပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာပဲ CCTV မှာ ‌ကြောက်မက်ဖွယ်ရာ ထူးထူးဆန်းဆန်း တစ်ခုကို တွေ့မိပါတော့တယ်။ ထိုအချိန်ကစပြီး အဲ့ဒီအရာဟာ သူတို့တစ်မိသားစုလုံးကို လိုက်လံနှောက်ယှက်နေပါတော့တယ်။ ဒါ့ကြောင့် ...
5.6
IMDB: 5.6/10 96,176 votes
movie

Paranormal Activity 2

2010
720PBluray
Inception 8.8
Inception ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –   လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ...
8.8
IMDB: 8.8/10 1,953,084 votes
movie

Inception

2010
1080 P