Yourcinema

2013

Hope 8.3
Hope 2013ခုနှစ်မှာ Lotte Entertainment မှ ထုတ်လွင့်လိုက်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ.ဒါရိုက်တာ Lee Joon-Ik ရိုက်ကူးထားတဲ့ အောင်မြင်မှုများစွာရခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ၃၄ကြိမ်မြောက် Blue Dragon Flim Awardမှာလည်း The Best Film Awardကိုလည်း ရရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဒရာမာ အမျိုးအစားလေးဖြစ်လို့ ဘာသာပြန်သူကိုယ်တိုင် မျက်ရည်ကျခဲ့မိတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားခြင်းဘဲ ဖြစ်ပါတယ်။အသက်ရှစ်နှစ်အရွယ်သာရှိသေးတဲ့ ဟုပ်လေး တစ်ယောက် အဓမ္မပြုကျင့်ခံခဲ့ရပြီး ကလေးငယ်ဘဝမှာ နာကျင်ခံစားရပုံ မိဘများကလည်း သောကပင်လယ်ဝေခဲ့ရပုံ ပညာပေးဇာတ်ကားကောင်းလေးမို့ အခုခေတ်အနေအထားနဲ့ အရမ်းကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ကလေးမိဘများကိုလည်း ဒီဇာတ်ကားလေးကိုကြည့်စေချင်ပါတယ်။အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးမို့ ညွန်းလိုက်ပါရစေ။ဖြစ်နိုင်ရင်တော့ တကယ်ကိုဘဲ ကြည့်စေချင်ပါတယ်။အရမ်းကောင်းလို့ ညွန်းတာပါနော လက်တွေ့သိချင်ရင် ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ပေးပါနော်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naw Eh Tha Khu Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
8.3
IMDB: 8.3/10 5,170 votes
movie

Hope

2013
1080p
Delivery Man 6.4
Delivery Man David Wozniak ဟာ သူ့အဖေ၊အစ်ကိုတွေဦးစီးတဲ့ အသားဆိုင်က သယ်ယူပို့ဆောင်ရေးသမားပါ။ ဘာကိုမှလေးလေးနက်နက်မရှိတဲ့ သူ့အကျင့်ကြောင့် ပိုက်ဆံစုမိတယ်မရှိဘဲ လူဆိုးဂိုဏ်းတစ်ခုမှာတောင် ဒေါ်လာ 80000 လောက်အကြွေးတင်နေပါတယ်။ ဒါ့ကြောင့်လည်း သူ့ကိုယ်ဝန်ကိုလွယ်ထားရတဲ့ အတူနေချစ်သူ Emma က ‘You don’t have a life’ လို့သူ့ကိုခဏခဏပြောလေ့ရှိပါတယ်။ တစ်နေ့ David အလုပ်ကပြန်လာရမှာတော့ sperm bank ကရှေ့နေတစ်ယောက်ကိုသူ့အိမ်မှာတွေ့ရပါတယ်။ ဖြစ်ပုံက……David ဟာကျောင်းသားဘဝမှာ ပိုက်ဆံအတွက် ဆေးခန်းတစ်ခုကို သုတ်ပိုးတွေလှူခဲ့ဖူးပါတယ်။ အကြိမ်ပေါင်း ၆ဝဝကျော်ပြီး ဒေါ်လာ 24,255 ရရှိခဲ့တာပါ။ လှူတုန်းကတော့ Starbuck ဆိုတဲ့အမည်တုနဲ့ဖြစ်ပြီး သူ့ရဲ့ idendity ကိုမဖော်ထုတ်ဖို့ ဆေးခန်းနဲ့စာချုပ်ချုပ်ထားခဲ့တာပါ။ ဖြစ်ချင်တော့ သူလှူထားတဲ့သုတ်ပိုးကတဆင့် သားသမီးပေါင်း ၅၅၃ ယောက်ဖွားမြင်ခဲ့ပါတယ်။ အဲဒီထဲကမှ ၁၄၂ ယောက်က သူတို့ရဲ့ ဖေဖေကြီး Starbuck ဆိုတာဘယ်သူလဲသိချင်လွန်းလို့ တရားဆိုင်ဖို့ပြင်ဆင်လာတာပါ။ ...
6.4
IMDB: 6.4/10 73,897 votes
movie

Delivery Man

2013
Blue-Ray
A Good Day to Die Hard 5.3
A Good Day to Die Hard ဒီဇာတ်ကားက​တော့ Die Hard ဇာတ်ကား​တွေထဲကမှ တတိယ​မြောက်ထွက်ရှိခဲ့တဲ့ ဇာတ်ကား​လေးပါ။ရုရှားကာကွယ်​ရေး ဝန်ကြီး​ကြောင့် ​အမှုရင်ဆ်ုိင်​နေရတဲ့ ရုရှားဘီလီယံနာ​ဟောင်း Yuri Kamorov ကိုကယ်တဲ့ဖို့ secret mission နဲ့ ရုရှား​ရောက်​နေတဲ့ သားဖြစ်သူ​နောက်လိုက်ရင်း John McClane တစ်​ယောက်ရုရှား​ရောက်ဖြစ်သွားပါတယ်။ Yuri Kamorov မှာလဲ ကာကွယ်​ရေးဝန်ကြီး Chagarin ဖြုတ်ချနိုင်တဲ့ လျှို့ဝှက်ချက်ရှိတာ​ကြောင့် CIAကလဲ အလိုရှိ​နေခဲ့တာပါ.......CIA က mission​​ကြောင့် Yuri ကို ကယ်ထုတ်လာရတဲ့ သားဖြစ်သူနဲ့ McClane တို့ အမှတ်မထင်​တွေ့ကြပြီး​နောက် ဘာ​တွေဆက်ဖြစ်ကြမလဲ....Yuri ကိုလိုက်သတ်​နေတဲ့ Chagarinရဲ့ လူ​တေ​ွလက်ထဲက​နေ သားဖနှစ်​ယောက် Yuriကို ဘယ်လိုကာကွယ်မလဲ....တစ်ဦးတည်း​သောသမီး​လေးနဲ့ Yuriတို့ရုရှားနိုင်ငံကထွက်​ပြေးနိုင်မလား ဘယ်လို​တွေ အလှည့်​အ​ပြောင်းဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် အက်ရှင်ဇာတ်ဝင်ခန်း​တွေနဲ့ ကြည့်ရမှာပါ....ဒီကားက ထွက်တာ​ကြာ​ပြီဖြစ်​ပေမယ့် ဘယ်​လောက်ကြည့်ကြည့်မရိုးနိုင်သလို အက်ရှင်ကား ကြိုက်တဲ့လူ​တွေ​သေချာ​ပေါက် အကြိုက်​တွေမယ့် ဇာတ်ကားဖြစ်မှာ ​သေချာပါတယ် Translated & Review ...
5.3
IMDB: 5.3/10 195,061 votes
movie

A Good Day to Die Hard

2013
1080p HD
Family Weekend 6.2
Family Weekend အခုတင်ပေးသွားမဲ့ဇာတ်ကားလေးကတော့ Family weekend ဆိုတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ Comedy drama အမျိုးအစားဖြစ်ပြီး 2013 ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ မင်းသမီးချောလေး Rulin ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး IMDb rating 6.1/10 အထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်း အန်မလီတစ်ယောက် သူမရဲ့မိသားစုကတလွဲဖြစ်နေတာကိုသည်းမခံနိုင်တဲ့အဆုံး မိဘတွေကိုပညာပေးပုံကိုရိုက်ကူးထားတာပါ။ ကလေးတစ် သိုက်အဖေနဲ့အမေကိုအိပ်ဆေးခတ်ကြိုးတုပ်ပြီး ပညာပေးတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာလဲဖြစ်ပါတယ်။ အစပိုင်းမှာ ရယ်စရာလေးတွေနဲ့စတင်ခဲ့ပြီး နောက်ပိုင်းမှာ drama ဆန်ဆန်အပိုင်းလေးတွေနဲ့ဆွဲဆောင်သွားတာကြောင့်ရင်ထဲရောက်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကိုပေါ့ပေါ့ပါးပါးလေးကြည့်ရမှာဖြစ်ပြီး မင်းသမီးနေရာကနေ ဝင်ရောက်ခံစားကြည့်ဖို့အတွက် ကြည့်ရှုအားပေးကြဖို့ တိုက်လိုက်ပါတယ်နော်။ Type- Comedy drama IMDb rating-6.1/10 Translated & Review By Naw Suee Phaw Shee Encoded By Thar Nyo Lwin
6.2
IMDB: 6.2/10 6,566 votes
movie

Family Weekend

2013
1080pHD
Queen 8.2
Queen "သမီး ဟန်းနီးမွန်းကို တစ်ယောက်တည်းထွက်မယ်'' စေ့စပ်ထားတဲ့သူရဲ့ လက်မထပ်ခင်နှစ်ရက်အလိုမှာ လမ်းခွဲခံလိုက်ရတဲ့ ရာနီး... ရိုးရိုးရှင်းရှင်းလေးနေထိုင်ခဲ့လို့ ခေတ်မဆန်တဲ့ရာနီး... ရိုးအီနေတဲ့ဟာသတွေကို ကလေးတစ်ယောက်လို ရယ်မောတတ်တဲ့ ရာနီး... ဒီလို ဓလေ့ထုံးတမ်းတွေယဥ်ကျေးမှုတွေကြားမှာ ပိတ်လှောင်နေခဲ့တဲ့ ရာနီးကို ခေတ်နဲ့အညီနေတတ်သွားအောင် ပြောင်းလဲပေးမယ့် ကံကြမ္မာရောက်လာခဲ့တယ်... ပဲရစ်ကိုတစ်ယောက်တည်း ထွက်လာပြီး မအူမလည် အိန္ဒိယသူလေး တစ်ယောက် ပဲရစ်လို မြို့ပြမှာ ဘယ်လို ​ဗရမ်း​ဗတာတွေ ဖြစ်ပြီး ဘယ်လို သူငယ်ချင်းအသစ်တွေ ထပ်ရမလဲ...သူငယ်ချင်းအသစ်တွေက လှောင်အိမ်ထဲက သူမရဲ့အမြင်တွေကို ဘယ်လို ကျယ်အောင် လမ်းပြပေးလေမလဲ... အမြင်တွေကျယ်လာခဲ့တဲ့ ရာနီးကို အရင်ကလမ်းခွဲခဲ့တဲ့ဗီဂျေးက ပြန်တောင်းပန်လာတဲ့အခါ ဗီဂျေးကိုအရမ်းချစ်ခဲ့တဲ့ရာနီးက ခွင့်လွှတ်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားကြမှာလား……… ရာနီးတစ်ယောက် ပဲရစ်ကိုတစ်ယောက်တည်းထွက်လာခဲ့ရင်း ဘာတွေကြုံတွေ့ရမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ... ဇာတ်လမ်းက ပျင်းစရာမကောင်းဘဲ တအိအိနဲ့ ဇာတ်ကားပြီးလို့ ပြီးမှန်းမသိအောင်ကို အဆုံးထိ ဆက်တိုက်ဆွဲခေါ်သွားမှာပါ... ကိုယ်အကြိုက်ဆုံးကတော့ သူများနိုင်ငံရဲ့ Friendshipကို ပုံဖော်မှုပုံစံပဲ... (အညွှန်းနဲ့ ဘာသာပြန်သူကတော့ MinnMyoKhant ဖြစ်ပြီးတော့ လူယုတ်မာက Encode လုပ်ပေးထားပါတယ်။) IMDb - 8.2/10 Genre - ...
8.2
IMDB: 8.2/10 58,533 votes
movie

Queen

2013
Snowpiercer 7.1
Snowpiercer ကပ္ပတိန်အမေရိကရဲ့နောက်ထပ်ရှယ်ဇာတ်ကား...... ခင်ဗျားတို့ထင်မှတ်ထားတဲ့ကမ္ဘာကြီးရဲ့ပုံစံကဘယ်လိုလဲ အလုံးလား အပြားလား လေးထောင့်လား ဒါပေမယ့်.... တချို့တချို့သောသူတွေရဲ့ ကမ္ဘာကြီးကရထားတစ်စီလို့ပြောရင်ခင်ဗျားယုံပါ့မလား အမှန်ပါပဲ ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ကမ္ဘာကြီးဟာ သိပ္ပံပညာရှင်တွေရဲ့အမှားကြောင့် အေးခဲလာခဲ့ပြီး လူတွေနေလို့ မရတော့တဲ့တိုင်ဖြစ်ခဲ့ပါတယ် ဒါကိုကြိုသိတဲ့ မစ္စတာဝီလ်ဖို့ဒ်ဆိုတဲ့သူဟာ လူသားတွေနေလို့ရမယ့်နှင်းဖောက်ရထားကြီးကို တည်ဆောက်ခဲ့ပါတယ် ဒီထဲမှာဆိုပြင်ပအပူချိန်ကို လုံးဝဂရုစိုက်စရာမလိုဘူးပေါ့ဗျာ ခက်တာကဒီရထားက လူချမ်းသာတွေနဲ့အမှုထမ်းတချို့အတွက်သာရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး ရိုးရိုးသာမန်လူတန်းစားတွေ ကိုစီးနင်းခွင့်မပေးပါဘူး ဒါကိုသိကြတဲ့သာမန်လူတန်းစားတွေကလည်း ရထားထွက်ခါနီးမှာအတင်းလုတက် အပေါ်ကလူတွေ ကလည်းကန်ချရင်းနဲ့ နောက်ဆုံးမှာသာမန်လူတန်းစား လူနည်းစုတစ်စုရထားပေါ်ရောက်သွားကော.... ဒီမှာတင်ရထားပေါ်လူတန်းစားသုံးမျိုးရှိသွားကောဗျ.... လူချမ်းသာရယ် အမှုထမ်းတွေရယ် နောက်မှရောက်တဲ့ လူနည်းစုကိုတော့ တမင်နှိမ်ပြီး မှီခိုသူလို့ခေါ်ကြတယ်ဗျ ဘယ်လောက်ထိနှိမ်လဲဆို အစာရေစာတွေပေးချင်မှပေးတယ် မိန်းကလေးတွေဆို သားကြောပါဖြတ်ထားတာ ဒီတော့မှီခိုသူတွေကလည်း အခွင့်ရရင်ရသလို‌ဆော်ဖို့ချောင်းနေကြတာပေါ့... ဒီမှာပဲဇာတ်အလှည့်အပြောင်းဖြစ်စေမယ့် အကြောင်းအရာတစ်ခုဖြစ်ခဲ့တယ် မှီခိုသူတွေဟာ မစ္စတာဝီလ်ဖို့ဒ်ဘက်တော်သားတစ်ယောက်ကို ဓားစာခံလုပ်နိုင်ခဲ့တယ် ပြီးတော့အဲ့ဓားစာခံကို မစ္စတာဝီလ်ဖို့ဒ်ဆီသူတို့ကိုလိုက်ပို့ ခိုင်းတာပေါ့ ဒီကနေစပြီးတော့..... ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်သွားမလဲ မစ္စတာဝီလ်ဖိုဒ့်ဆိုတာက‌ေကာဘယ်သူများဖြစ်နေမလဲ ဇာတ်အိမ်က အပိုင်းအစများစွာနဲ့ရှုပ်ထွေးနက်နဲ သွားခဲ့ပြီး တစ်ခန်းချင်းတစ်ခန်းချင်းစီတိုင်းက သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေအပြည့်နဲ့ ကြည့်ရှူသူပရိတ်သတ်တွေကိုလည်း မေးခွန်းထုတ်စရာ တွေးစရာတွေအပြည့်ပေးမယ့် ဇာတ်ကားတစ်ခုဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ.........   Translated & Review By Triyan Encoded By Kar Yan
7.1
IMDB: 7.1/10 287,838 votes
movie

Snowpiercer

2013
1080p
The Call 6.7
The Call ဒီကားလေးကတော့ 2013ထဲက ထွက်ရှိထားပြီးတော့ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် IMDb Rate 6.7ရရှိထားတဲ့ Crime,Dramaအမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာ ပါဝင်ကြသူတွေကလဲ နာမည်ကြီးသရုပ်ဆောင်တွေပါ။ ဇာတ်လမ်း စ လယ် ဆုံးကို ရသမျိုးစုံစွာ ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Jordanဟာ အရေးပေါ်ဝန်ဆောင်မှုဌာနမှ အတွေ့အကြုံရှိသူ တစ်ယောက်ပါ။ တစ်ရက်မှာတော့ ပြန်ပေးဆွဲခံရတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေး Caseyဆိုသူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရခဲ့ပါတယ်။Caseyကို ကယ်တင်ဖို့ကြိုးစားရင်း နောက်ပိုင်းမှာ Jordanတစ်ယောက် သိလာတာက အရင်က Leahပြန်ပေးဆွဲမှုမှာ ကျူးလွန်ခဲ့သူသည် တစ်ယောက်ထဲဆိုတာ သိလိုက်ရတယ် Jordanတစ်ယောက် လူသတ်တရားခံကို ဘယ်လိုဆက်စပ်မိသွားတာလဲ။ Caseyကိုရော ကယ်တင်နိုင်မှာလား ဆိုတာကို အချိတ်အဆက်မိမိ ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။   Translated By - Aye Mya
6.7
IMDB: 6.7/10 108,604 votes
movie

The Call

2013
1080 P
Olympus Has Fallen 6.5
Olympus Has Fallen မိုက်ဘန်နင်းဆိုတာကတော့ အမေရီကန်သမ္မတဘန်ဂျမင်ရဲ့ ကိုယ်ရံတော်ခေါင်းဆောင်ပါ တနေ့မှာ သမ္မတကဖိတ်ကြားထားတဲ့ ခရစ္စမတ် ပွဲတော်သွားရင်းလမ်းမာမတော်တဆဖြစ်ပြီးသမ္မတကတော်ကတော်သေဆုံးသွားပါတယ် ဒါ့ကြောင့် လုံခြုံရေးအရတာဝန်အရှိဆုံးဖြစ်သူ မိုက်ဘန်နင်းကို တာဝန်မကျေတာကြောင့် ဌာနပြောင်းပြီးတာဝန်ထမ်းဆောင်ခိုင်းလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ မြောက်ကု်ရီးယားနဲ့နိုင်ငံရေးစစ်ရေးအရအရှုပ်အထွေးတွေဖြစ်ပေါ်လာပြီး ကမ္ဘာအ့လုံခြုံဆုံးနေရာတခုဖြစ်တဲ့ အိမ့ဖြူတော်ကိုမြောက်ကိုရီးယားနဲ့ဆက်စပ်တဲ့ အထူးလေ့ကျင့်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတခုကဝင်စီးပါတော့တယ် အကြမ်းဖက်အဖွဲ့ဆိုပင်မဲ့ စနစ်တကျလေ့ကျင့်ထားတာကြောင့်အမေရီကန်ရဲ့လုံခြုံရေးအေးဂျင့်တွေအတုံးအရုန်းကြဆုံးပြီးအိမ်တော်လဲကျဆုံးသွားပါတယ် ဒီအခြေအနေမှာသမ္မတရဲ့အနီးဆုံးကနေအမြဲတမ်းကာကွယ်ပေးခဲ့တဲ့ ကိုယ်ရံတော်အေးဂျင့်မိုက်ဘန်နငး့်ဟာကိုယ်ရံတော်ပီပီ ဘယ်လိုတော်တဲ့ စွမ်းရည်တွေနဲ့ပြန်လည်ကယ်တင်မလဲဆိုတာရင်သပ်ရှုမောစောင့်ကြည့်ရမာပါ ကိုယ်ရံတော်အေးဂျင့်မိုက်ဘန်းနင်းအနေနဲ့အက်ရှင်မင်းသားကြီးGerard Butler ပီပီပြင်ပြင်သရုပ်ဖော်ပါဝင်ထားပါတယ် Mission impossible လိုအက်ရှင်ကားတွေ ပရိတ်သတ်တွေအတွက်တော့ လုံးဝ အရသာပျက်စရာမရှိတဲ့ ကားမျိုးဖြစ်ပါတယ် Gerard Butler နဲ့ Tom Cruise က အပြိုင်မင်းသားလို့ပြောလို့ရမလားမသိဘူး google ကျိရအုံးမယ် Translated & Review By Aung Nanda Ko Ko Lwin Encoded By Kar Yan
6.5
IMDB: 6.5/10 250,006 votes
movie

Olympus Has Fallen

2013
720P