Yourcinema

2015

Veteran 7
Veteran စုံထောက်မင်းသားကြီး Hwanh Jung Minရဲ့နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင် IMDb rating 7အထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ အာဏာရှိပြီး ချမ်းသာတဲ့သူတွေဟာ ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှုတွေကိုကျူးလွန်ခဲ့ပေမယ့် ငွေကြေးနဲ့အရာရာကို လုပ်ယူလို့ရကြပါတယ်။ဆန်ဂျင်းလုပ်ငန်းစုရဲ့သားဖြစ်သူ ဒါရိုက်တာချိုဟာလည်း စိတ်ထင်ရာရိုင်းစိုင်းလေ့ရှိပြီး ငွေကြေးအာဏာကိုအသုံးပြုပြီးတော့ ထိန်းချုပ်ထားပါတယ်။ တစ်နေ့မှာတော့ ဆိုးလ်မြို့နယ်စုံထောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ ကုမ္ပဏီနဲ့ပြဿနာဖြစ်ပြီးတော့ ဒါရိုက်တာချိုဟာလက်လွန်ပြီးတော့ သတ်သေမှုပုံစံမျိုးဖန်တီးခဲ့တယ်။အဲ့နောက်မှာတော့ စုံထောက်ကလည်း လိုက်လံစုံစမ်းနေရင်းက ဒါရိုက်တာချိုရဲ့ လူသတ်မှုကိုကျူးလွန်မှုအပါအဝင် ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှု အရွယ်မရောက်သေးတဲ့လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ အာဏာရှိတဲ့သူက အာဏာကိုအသုံးပြုပြီးတားဆီးပုံ အမှန်တရားကိုနှစ်သက်တဲ့စုံထောက်ကလည်း အခက်အခဲတွေကြားထဲက ဘယ်လိုမျိုးဖော်ထုတ်မလဲဆိုတာကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naychi Thel KyawTun Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7
IMDB: 7/10 5,101 votes
movie

Veteran

2015
1080p
Alvin and the Chipmunks: The Road Chip 5
Alvin and the Chipmunks: The Road Chip 2015 ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ.ဇာတ်ကားဟောင်းလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားလေးပါ။အမေရိကန် နာမည်ကြီးဒါရိုက်တာဖြစ်တဲ့Mike Mitchellရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားအပါအဝင်လည်းဖြစ်ပါတယ်။Comedy type နဲ့ family type ပုံစံလေးကို mixed ထားတဲ့ ဇာတ်အိမ်ပုံစံလေးပါ။ဗဟုသုတလည်းရ ရီလည်းရီရတဲ့ ဇာတ်ကားလေးပါ။ကလေး၊လူကြီး အရွယ်မရွေး ကြည့်ဖို့အဆင်ပြေစေမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေ နဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ထင်ပါတယ်။သီချင်းဆိုတတ် ကတတ်တဲ့ ရှဥ့်ကလေးတွေဆိုရင်တော့မှတ်မိလောက်မှာပါ အရင်အပိုင်းမှာတော့ ဒီရှဥ့်ကလေးတွေက သီချင်းဆိုပြီး နာမည်ကျော်ကြားလာပြီဆိုတာသိပြီးဖြစ်မှာပါ။ ဒီအပိုင်းမှာတော့ ရှဥ့်ကလေးတွေက သူတို့ရဲ့ မွေးစားဖေဖေ ဒေ့ဗ်တစ်ယောက် စန်မန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာကို သဘောမတူဘဲ လက်ထပ်ခွင့်တောင်းမှာကို လိုက်ဖျက်ဆီးမယ့် အကြောင်းတွေ ဘယ်လိုဖြစ်လာမလဲ ?အယ်လ်ဗင် ဆိုင်မွန် သီအိုဒို ညီအစ်ကိုသုံးယောက် ဘယ်လို ပညာပြကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားပေးကြပါ။ =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Naw Eh ...
5
IMDB: 5/10 16,236 votes
movie

Alvin and the Chipmunks: The Road Chip

2015
1080p
Dum Laga Ke Haisha 7.5
Dum Laga Ke Haisha Dum Laga Ke Haisha (2015) ပရိသတ်တွေအတွက် 2015 ကထွက်ခဲ့တဲ့ မင်းသားချော အရွတ်ရ်ှမန်းနဲ့ မင်းသမီးချော ဘူမိတို့ရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်... Romance/Drama အမျိုးအစားဖြစ်ပြီး IMDb 7.5/10 နဲ့ Google users 92% ရရှိထားပါတယ်... မင်းသမီး ဘူမိဟာ ဒီဇာတ်ကားအတွက် မူလကတည်းက အနည်းငယ်ဝနေတဲ့ခန္ဓာကိုယ်ကို အဝလွန်အောင်ဝိတ်တင်ခဲ့ရပြီး ဒီဇာတ်ကားနဲ့အတူ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်... ဒီဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်... ဇာတ်လမ်းလေးကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်တဲ့ ပရမ်ဆိုတဲ့ကောင်လေးဟာ ငွေးကြေးအခက်အခဲကြောင့် မိဘတွေပေးစားတဲ့ ဆန်ဒယာဆိုတဲ့ အဝလွန်နေတဲ့ကောင်မလေးကို မယူချင်ဘဲယူလိုက်ရပါတယ်... ဒီလိုနဲ့ သူတို့အိမ်ထောင်ရေး အဆင်ပြေပါ့မလား...??? ဘာတွေဆက်ဖြစ်မလဲ...??? ဆိုတာကို ပရိသတ်တွေကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး... Quality - Bluray (1080P) (480P) Size - (1.6 GB) ဘာသာပြန် - Ye Htet Aung အန်ကုဒ်ဒါ - လူယုတ်မာ ဒေါင်းရန် နှိပ်ပါ 1080P ...
7.5
IMDB: 7.5/10 17,452 votes
movie

Dum Laga Ke Haisha

2015
1080P Bluray 5.1CH
NH10 7.2
NH10 ကဲ…ဒီတစ်ခါတော့ သဲထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျာ... PKမင်းသမီးလို့ လူတွေသိကြတဲ့ Anushka Sharmaရဲ့ဇာတ်ကားကောင်းလေးပါ... ဇာတ်လမ်းအကျဉ်းကတော့... ခေတ်လူငယ်စုံတွဲဖြစ်တဲ့အာရ်ဂျွန်းနဲ့မီရာဟာ မွေးနေ့ပွဲအထိမ်အမှတ်နဲ့ ခရီးထွက်လာပါတယ်... အမြန်လမ်းတစ်နေရာမှာ ခရီးတစ်ထောက်နားနေတုန်း ရန်လိုနေတဲ့လူတစ်စုက တခြားလူငယ်စုံတွဲနှစ်ယောက်ကို ကားပေါ်ဇွတ်တင်ခေါ်ဖို့ကြိုးစားနေတာကို အာရ်ဂျွန်ကမနေနိုင်လို့ ဝင်တားရာ အာရ်ဂျွန်းကို စောက်ခွက်တစ်ချက်ထိုးပြီး ကားမောင်းထွက်သွားပါတယ်... ဒီလိုနဲ့ အာရ်ဂျွန်းတို့လဲခရီးဆက်လာရာ လမ်းတစ်နေရာမှာ ခုနက လူတစ်စုရဲ့ကားကိုတွေ့လိုက်တော့ နောက်ကနေ အသာလေးလိုက်သွားပါတယ်... လိုက်သွားရာကနေ အဲ့ဒီလူတစ်စုက ခုနကလူငယ်စုံတွဲကို သူတို့မျက်စိရှေ့မှာပဲသတ်လိုက်ပါတယ်... သူတို့နှစ်ယောက်ကော ဘယ်လိုလွတ်အောင်ပြေးမလဲ... ဘာကြောင့် သတ်ဖို့ကြိုးစားကြတာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ... IMDb ratingက 7.2/10ထိရရှိထားပြီးတော့ တစ်ထိုင်တည်း မပျင်းမရိနဲ့ ဆွဲခေါ်သွားပေးနိုင်တာမို့ သေချာပေါက် မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ... Genre - Action, Crime, Drama Translator - MinnMyoKhant Encoded by လူယုတ်မာ     👉ဒေါင်းရန် နှိပ်ပါ DropBox 720P [845 MB] 👉ဒေါင်းရန် နှိပ်ပါ MegaUp 720P [845 MB] 👉ဒေါင်းရန် နှိပ်ပါ Racaty 720P [845 MB]   👉ဒေါင်းရန် ...
7.2
IMDB: 7.2/10 11,813 votes
movie

NH10

2015
720 P
Thangamagan 6
Thangamagan Thanga Magan (2015) အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီကား​လေး က (south indian)tamil movie ပါ။ အမည်က​တော့ " သား​ကောင်းရတနာပါ" Translator ကိုယ်တိုင်ကြည့်တာ ၃ခါမက​တော့ ​တော့ပါဘူး ဒါ​ပေမဲ့ကြည့်တိုင်းရီ​နေရပါတယ်🤣၊ ရိုးလည်းရိုးမသွားဘူး။ ရီရတယ်ဆိုလို့ ဟာသကြီးပဲမဟုတ်ပါဘူး။🤔 😀 ရသာစုံပါဝင်တယ်၊ romance(အချစ်ရသ)၊ Drama ရသ၊ action (ဖိုက်တင်)​​​တွေအပြင်၊ Friendship (သူငယ်ချင်း​တွေရဲ့ သံ​ယောဇဥ်)တွေလည်း ပါပါ​သေးတယ်။ Movie review ​​တော့ မရေး​ပေးချင်​တော့ဘူး၊ ဘာဖြစ်လိုလဲ့ဆို​တော့ ရုပ်ရှင်ရဲ့အရသာကို​ပေါ့ပျက်​စေတယ်။ နာမည် အတိုင်း သား​လိမ္မာ တစ်​ယောက်ရဲ့ ဘဝရဲ့​ အ​ကွေ့အချိုး​တွေကို ဖြတ်သန်းပုံကို ကို သရုပ်​ဖော်ထားခြင်းဖြစ်ပါတယ်။ ☺ 👱‍♀️👩မင်းသမီး​ချော​လေး ၂​ယောက်နဲ့ ​ယောက်ကျားဆန်ဆန်💁‍♂️ မင်းသားတစ်​ယောက်လည်းပါဝင်ပါတယ်။ 🎶သီချင်း​🎶တွေကိုလည်း အ​ကောင်းဆုံး ဘာသာပြန်​ပေးထားလို့ ကြည့်ဖြစ်​အောင်ကြည့်ကြပါ​နော်။😀   (ဘာသာပြန်ပြီး အညွှန်းရေးပေးသူကတော့ ညီမငယ် Pwint Saple ဖြစ်ပြီး လူယုတ်မာက Encode လုပ်ပေးထားပါတယ်။)   1) ဒီမှာ ဒေါင်းပါ DropBox 1080P [920 MB] 2) ...
6
IMDB: 6/10 1,735 votes
movie

Thangamagan

2015
Rudhramadevi 5.9
Rudhramadevi အိုရူကာလူ မင်းဆက် ကာကာတီယာ ခေတ် ရာဂျာ ဂါနာပါတီ အရှင်ဘုရင်အုပ်စိုးနေချိန် ရာဂျာဘုရင် ထံတွင် ဆက်ခံမယ့်သူ အနေနဲ့ သားသမီး မရှိဖြစ်နေပါတယ်... အချိန်ကြာလာတဲ့အခါမှာ မိဖုရား ဂါနာပါသီ ဟာ သမီးမိန်းကလေး ( ရူဒရာမာ ဒါဗီ ) ကိုမွေးဖွားခဲ့ပါတယ်.... ဒါပေမဲ့ ရန်သူများပြားလှတဲ့နိုင်ငံတော် အနေနဲ့ ဆက်ခံသူမရှိလျင် ပြဿနာပဲဟုတွေးမိကာ ဘုရင်ကြီးဟာ သူ့ရဲ့သမီး အား သားယောကျ်ားလေး မွေးသည်ဟု ကြေညာကာ သူ့ရဲ့ထီးနန်းကို ဆက်ခံမယ့်သူအဖြစ်တင်မြောက်ထားပါတယ်... မင်းသမီးလေး ဒါဗီ ဟာ ဘုရင်ကြီးရဲ့ အုပ်ထိန်းမှုအောက်မှာ စစ်သူရဲ့ကောင်းတစ်ယောက်အနေနဲ့ လေ့ကျင့်ခြင်းခံထားရပြီး တစ်နေ့မှာတော့ တစ်နိုင်ငံလုံးဟာ သူ့ကို မိန်းကလေးမှန်းသိသွားတဲ့အချိန်...... စစ်ပွဲတွေကို မင်းသမီးလေးအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ ....... ဇာတ်ကားကြီးကို ရိုက်ကူးထားတာကလည်း အရမ်းခမ်းနားပြီးတော့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်နဲ့ စစ်ပွဲပိုင်းဆိုင်ရာ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ချဲ့ထွင်ရိုက်ကူးထားမှုကြောင့် ကြည့်ရှုသင့်ကြောင်းပြောကြားရင်း... Translated & Encoded By Cheater
5.9
IMDB: 5.9/10 2,575 votes
movie

Rudhramadevi

2015
1080p
Beasts of No Nation 7.7
Beasts of No Nation Beasts of No Nation(2015)IMDb….7.8,,,, Rotten…92%စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဒီကားက တကယ့် ဂန္တ၀င်ကားလို့တောင်ပြောလို့ရမယ်ထင်တယ်…အာဂူးဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်…ကလေးအရွယ်ပဲရှိတဲ့ဒီကောင်လေးရဲ့စိတ်မှာ ဆော့လိုက် ပျော်လိုက်နောက်လိုက်ပေါ့….သို့ပေမယ့် အာဂူးတို့နေတဲ့ အာဖရိက မှာ ပြည်တွင်းစစ်ဖြစ်နေတယ်… ပြည်တွင်းစစ်ဆိုတဲ့အတိုင်း ပြည်သူတွေက ဒုက္ခသည် အဖြစ်နဲ့ အရေအတွက်အပေါင်းများစွာ တည်ရှိနေတယ်….ကလေးဘ၀အာဂူးလေးရဲ့ မရှိမဲ့ရှိမဲ့ ပျော်ရွှင်စရာကမ္ဘာဟာ လက်နက်ကိုင်အဖွဲ့အစည်းကြောင့် အဖေနဲ့ အစ်ကို သေဆုံးခဲ့ပြီးအမေနဲ့ ညီမလေးကလည်း ဘယ်ဆီသို့ပေါက်ရောက်မှန်းမသိ….အာဂူးလေးကိုယ်တိုင်လည်း တောထဲထွက်ပြေးရင်း အခြားလက်နက်ကိုင်အဖွဲ့ရဲ့ စစ်သည်တော်တစ်ဦးဖြစ်လာခဲ့တယ်….ဒီကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ…ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကြောင့် ကလေးတစ်ယောက်ရဲ့ ဆင့်ကဲပြောင်းလဲပုံတွေကိုအကောင်းမွန်ဆုံးရိုက်ပြထားတာ…အကုန်လုံးနီးပါးက အသက်(၁၈)နှစ်အောက်တွေဖြစ်တဲ့အပြင် တစ်ချို့တွေဆို တော်တော်ကြီးကိုငယ်တယ်…သို့ပေမယ့် ရန်သူတစ်ယောက်ရဲ့လည်ပင်းကိုလှီးဖို့ဝန်မလေးသလိုသူပုန်အားပေးအရပ်သားလို့ယူဆတဲ့မိန်းမတွေ၊ကလေးတွေကိုလည်း အေးစက်စက်မျက်လုံးနဲ့ နဖူးကိုသေနတ်နဲ့တေ့ပြီးမောင်းဖြုတ်ဖို့ လည်း ၀န်မလေးကြပါဘူး…စစ်ကားကြိုက်တဲ့သူမဟုတ်ရင်တောင် ဒီကားကို ကြည့်စေချင်တယ်….ဘာလို့ဆို ကျွန်တော့်တို့ဆီမှာလည်း ပြည်တွင်းစစ်တွေ ခဏ ခဏဖြစ်နေတာကိုး..တစ်ခုခုတော့ ခင်ဗျားတို့ ရသွားနိုင်ကောင်းပါရဲ့… Translated By Jay Yang
7.7
IMDB: 7.7/10 69,911 votes
movie

Beasts of No Nation

2015
Blue-Ray
The Classified File 6.4
The Classified File ဒီတစ်ခါတင်ပေးမယ့် ကားကတော့ crime dramaအမျိုးအစားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ ၁၉၇၈ ခုနှစ်တုန်းက ဘူဆန်မြို့မှာ ၃၃ရက် ကလေးပြန်ပေးဆွဲတဲ့အမှုဆိုပြီး အတော်ကိုနာမည်ကြီးသွားတယ် -ဘာကြောင့်ဒီအမှုဟာ တောင်ကိုးရီးယား တစ်နိုင်ငံ လုံးကလူတွေအာရုံကို ဖမ်းစားနိုင်ခဲ့တာလဲ? -စုံစမ်းစစ်ဆေးတဲ့နေရာမှာ တခြားပြန်ပေးအမှုတွေနဲ့ မတူတဲ့ နည်းလမ်းတွေပါလာတယ် -သူတို့တွေ ဘယ်လိုနည်းလမ်းသုံးပြီး စုံစမ်းခဲ့တာ လဲ? -ကလေးကိုရော အသက်ရှင်လျက်ပြန်တွေ့ပါ့မလား? စတဲ့မေးခွန်းတွေနဲ့ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် စုံထောက်ကားတစ်ကားပါ IMDB 6.4 ရရှိထားပြီး စုံထောက်အနေနဲ့ ဝါရင့်သရုပ်ဆောင် Kim Yoon-Seok A Taxi Driver နဲ့လူသိများလာတဲ့ ဇာတ်ရံမင်းသား Yu Hae-Jin နဲ့တခြား သရုပ်ဆောင်တို ့ပါဝင်ထားပါတယ် #ဖြစ်ရပ်မှန် စုံထောက်ကားကြိုက်တတ်တဲ့လူတွေ အတွက် ဒီကားကိုကြည့်ဖို့ လက်တို့ပါတယ်နော်# Translated & Review By Theingi Tun Encoded By Kar Yan
6.4
IMDB: 6.4/10 658 votes
movie

The Classified File

2015
1080p
Memories of the Sword 6.3
Memories of the Sword ဒီကားလေးက 2015ကခုနှစ်ထွက်ရှိခဲ့တဲ့ action dramaကားလေးပါ ဒီကားထဲမှာပါတဲ့ အဓိကပါဝင်တဲ့သရုပ်ဆောင်တွေကတော့ အိုက်တင်တွေအရမ်းမိုက်တဲ့ မင်းသားကြီး lee Byung Hun နဲ့' goblin'ထဲက မှင်စာသတို့သမီးလေးလို့ သိကြပြီးအခုနာမည်ကြီးနေတဲ့ 'The King' ကားထဲကဘုရင်ကြီးမိဖုလောင်းလေး.Kim Go Eunနဲ့.Jeon Don Yeonတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်....... ဇာတ်ညွှန်း - ဂိုယောခေတ် မှာအတော်ဆုံးဓားသမားသုံးယောက် ပွန်းချမ်း ၊ဒုတ်ဂီ၊ ဆူရန်း ဆိုပြီးရှိခဲ့တယ် ။သူတို့ကပြည်သူတွေအပေါ်ကိုအနိုင်ကျင့်ချယ်လှယ်နေတဲ့ ဘုရင်ခံကို ဦးဆောင်ပြီးပုန်ကန်ခဲ့ကြတယ်။ အဲ့ပုန်ကန်မှုမှာ ဒုတ်ဂီရဲ့သစ္စာဖောက်မှုကြောင့် ပွန်းချမ်းနဲ့သူရဲ့မိသားစု သေခဲ့ရတယ်။ ဒါပေမယ့် ၁၈နှစ် ၁၉နှစ်လောက်ကြာပြီးတဲ့အချိန်မှာ ပွန်းချမ်းရဲ့သမီးဟွန်းရီအသက်ရှင်ပြီး ဆူရန်းကစောင့်ရှောက်ထားခဲ့တယ် ဟွန်းရီက သူ့ဖေရဲ့သွေးကြွေးကိုဆပ်နိုင်မလား ဆိုတာရယ် ပြီးတော့ ဟွန်းရီဆိုတာ ပွန်းချမ်းရဲ့တကယ့်သမီးကမသေတာလား ဆိုုတာ လျှိုဝှက်ချက်တွေနဲ့ကြည့်ရမှာပါ ဒါအပြင်မိဘမေတ္တာတွေ သစ္စာတရားအပေါ် အလေးအနက်ထားမှုတွေ စစ်မှန်တဲ့ချစ်ခြင်းတရားတွေကိုခံစားရမှာပါ ဒါ့ကြောင့်ဒီကားလေးက ကြည့်ရတာတန်တဲ့ကားလေးဖြစ်မှာပါ Translated By La Pyae Encoded By Kar Yan
6.3
IMDB: 6.3/10 1,651 votes
movie

Memories of the Sword

2015
720P
The Gallows 2015 4.2
The Gallows 2015 Unicode The Gallows ဆိုတဲ့ 2015 ခုနှစ်ကထွက်ခဲ့တဲ့ Supernatural , Horror ဇာတ်ကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် Budget 1 Million တောင် သုံးမထားပဲနဲ့ ဝင်ငွေ 43 Million တောင်ပြန်ရထားတာမို့ ဇာတ်ကားကောင်းလားဆိုတာ မေးဖို့တောင် မလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးက.... ရိစ် လို့ခေါ်တဲ့ ကျောင်းသားလေးက သူတို့ကျောင်းမှာ "ကြိုးစင်" ဆိုတဲ့ ကျောင်းပြဇာတ်မှာ ပါဖို့ အသဲအသန်ကြိုးစားနေခဲ့ပါတယ် ဟိုးဘက်နှစ်တွေက အဲ့ပြဇာတ်ကိုပဲ ကပြခဲ့တဲ့နေရာမှာ ချာလီဆိုတဲ့ ကျောင်းသားက လည်ပင်းမှာကြိုးကွင်းစွပ် ဖျော်ဖြေနေရင်းမှာ မတော်တဆသေဆုံးခဲ့ပါတယ် အဲ့ဒါကြောင့် ရိစ်ကို သူ့အေဖက ပြဇာတ်မှာ အော်ဂတ်စ် နေရာ (ချာလီ သရုပ်ဆောင်ခဲ့သောဇာတ်ကောင်) နေရာမှာ ပါဝင်ဖို့ ခွင့်မပြုခဲ့ပါဘူး.. ရိစ် ရဲ့ သူငယ်ချင်းရိုင်ယန် နဲ့ ရိုင်ယန်ရဲ့ ကောင်မလေး ကေစီဒီတို့က ပြဇာတ်စင်ကို ဖျက်ဆီးဖို့ ...
4.2
IMDB: 4.2/10 18,691 votes
movie

The Gallows 2015

2015
720P
Tomorrowland 2015 6.4
Tomorrowland 2015 Tomorrowland ကားက " မဆိုးပါဘူး။ မိုက်ပါတယ် " ဆိုတဲ့ထဲမှာပါပါတယ်။ အရမ်းအကောင်းကြီးတော့မဟုတ်ဘူးပေါ့။ ဇာတ်လမ်းအရဆိုရင် Tomorrowland ဆိုတာ အံ့သြစရာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတဲ့ အရမ်းကောင်းတဲ့နေရာပါ။ ဒါကို အဓိကဇာတ်ကောင်ဖြစ်တဲ့ Casey နဲ့ပြသွားနိုင်ပါတယ်။ တစ်ခုခုတွေ့ရင် အရမ်းသဘောကျပြီး ရယ်တာ၊ လျှေက်ကလိတာ၊ အကုန်လျှောက်စပ်စုတာတွေက ကြည့်နေတဲ့လူကို ပိုပြီးစိတ်ဝင်စားအောင်လုပ်သွားနိုင်တယ်။ တကယ်ကိုယ်က သိပ်မအံ့သြရင်တောင် သူက ကလေးလေးလိုပဲ ရယ်မောပြီး မိုက်တယ် ဘာညာ ပြောတော့ လူက ပိုမျောသွားတယ်လေ။ (ရုပ်ရှင်ထဲတော့ အဲလိုဗမာလိုမပြောပါ) ။ ဒါကတော့ ဆွယ်တာတော်တယ်လို့ ပြောရမှာပေါ့။ မင်းသမီး Acting ကလည်း မဆိုပါဘူး။ သူ့အသံပြဲနဲ့ ထ ထ အော်တာတွေကိုတော့ သဘာကျတယ်။ မင်းသားလည်း ဒီအတိုင်းပါပဲ။ ကောင်းတယ် but အရမ်း အကောင်းကြီးမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းသဘောကျတာကတော့ Athena လုပ်တဲ့ ကောင်မလေးပါ။ အသက်က ...
6.4
IMDB: 6.4/10 167,204 votes
movie

Tomorrowland 2015

2015
1080 PBlue-Ray
Mad Max: Fury Road 8.1
Mad Max: Fury Road လူသားတွေရဲ့ မကောင်းမှုတွေကြောင့်ကမ္ဘာကြီးပျက်သုဉ်းသွားရင် ဘာဖြစ်မယ်လို့တွေးဖူးပါလား...အဲ့တာဆိုရင်တော့ Mad Max: Fury Road ကိုကြည့်လိုက်ပါ.... Venom မင်းသားချော Tom Hardy က Max အနေနဲ့ပါဝင်ထားပြီး မင်းသမီးကြီး Charlize Theron လည်းပါဝင်ထားပါတယ်... ကမ္ဘာကြီးချို့ယွင်းပျက်စီးလာပြီး လူသားမျိုးနွယ်အပေါ်စိုးမိုးလာတဲ့ အမျိုးနွယ်တွေပေါ်ပေါက်လာခဲ့တယ်... ဒီ Fury Road ထဲမှာဆို လူသားမျိူးနွယ်ကိုအုပ်ချုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ Immortan Joe ရဲ့ လက်ထောက် Furiosa ကိုအသားပေးဖော်ပြထားတာပါ လူသားတွေကိုကျွန်တွေအဖြစ်သဘောထားပြီး အုပ်ချုပ်နေတဲ့ Joe ကို Furiosa နဲ့ Max အပြင်အခြားသောထူးခြားတဲ့ဇာတ်ကောင်များရဲ့ လက်စားချေမှုကိုအံ့သြစွာကြည့်ရမှာပါ.... ဒီကားဟာ 2015 May လမှာရုံတင်ခဲ့ပြီး တော်တော်အောင်မြင်ခဲ့တဲ့ action ကားကောင်းတစ်ကားပါ.... Box office ကို $374.4 M ထိရရှိထားပြီး IMDb 8.1 ထိရရှိထားတာပါ...ဒါကြောင့် ဒီလို action ကားကောင်းမျိူးကိုလက်မလွှတ်တမ်းကြည့်သင့်ပါတယ်။   အညွှန်းနဲ့ ဘာသာပြန်သူကတော့ Aron ဖြစ်ပြီး Kyaw Thet မှ Encode လုပ်ပေးထားပါတယ်။
8.1
IMDB: 8.1/10 834,299 votes
movie

Mad Max: Fury Road

2015
1080 PBlue-Ray