Yourcinema
2018
Burning 7.5
Burning ကောလိပ်ကျောင်းပြီးထားပြီး အချိန်ပိုင်းလုပ်နေရင်း စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ လီဂျုံးဆုဆိုတဲ့ကောင်လေးဟာ တနေ့တော့ ငယ်သူငယ်ချင်းဖြစ်သူ ရှင်ဟဲမီနဲ့ အလုပ်မှာပြန်တွေ့သွားပြီးအဆက်သွယ်ပြန်ရသွားပါတယ် ရှင်ဟဲမီဟာ စိတ်ကူးယဉ်ပုံပြင်တွေပြောပြတက်သူဖြစ်ပြီး ဘဝကိုလွယ်သလိုဖြတ်သန်းနေတဲ့ ကောင်မလေးတယောက်ပါ တရက် ရှင်ဟဲမီဟာ အာဖရိကကိုခရီးထွက်သွားပြီး ပြန်အလာမှာတော့ ဘန်ဆိုတဲ့ သူဌေးတယောက်နဲ့ မိတ်ဆွေတွေဖြစ်သွားပါတယ်.. ဘန်ကလည်း အင်မတန်ချမ်းသာပြီး သူဘာကြောင့်ချမ်းသာနေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး... လီဂျုံးဆု ရှင်ဟဲမီ ဘန် တို့၃ယောက်သား ဘယ်လိုဇာတ်လမ်းဆက်ကကြမလဲဆိုတာ ကြည့်ရှုပေးပါဦး ဇာတ်လမ်းလေးက ပျင်းစရာကောင်းတဲ့ပုံပေါ်ပေမယ့် စဉ်းစာကြည့်ရင်တော့ ပါးပါးလေးပုတ်သွားသလိုပါပဲ မသိဘူး ယူအာအင်လေး ခပ်အအ သရုပ်ဆောင်တာကြည့်ရရုံတင် အင်မတန်တန်ပါတယ်နော် =-=-=-=-=-=-=-=-=-=-=-=-=-=-=-= Translated and Review By Aye Chan Moe Encoded By DaeBak =-=-=-=-=-=-=-=-=-=-=-=-=-=-=-=
7.5
IMDB: 7.5/10 45,556 votes
movie
Burning
2018
Geetha Govindam 7.7
Geetha Govindam ဒီဇာတ်ကားလေးကတော့ ကုလားကားထဲမှာနည်းနည်းထူးခြားတယ်ဗျာ.comedy romance လေးပေါ့ မင်းသား ဗီဂျေးဟာငယ်စဉ် ၅နှစ်သားထဲက မိခင်ဆုံးပါးသွားတာကြောင့် သူအဖေရဲ့သွန်သင်မှုအောက်မှာညရှေးရိုးဆွဲကြီးတစ်ယောက်ပေါ့ ကြည့်ရင်တောင်ဇာတ်ကားကို ရှေးကားလိုလိုကားမှကြည့်တာ အဲ့လိုကားတွေကြည့်ပြီးတော့ ရည်စားလိုချင်တာလည်းနှံ့နှံ့တတ်ပဲလေ ဒီလိုနဲ့တစ်နေ့မှာ သူအစ်မရဲ့ မင်္ဂလာဆောင်ကိုသွားရင်းနဲ့ သူနဲ့ဘုရားကျောင်းမှဆုံခဲ့တဲ့ကောင်မလေးနဲ့သွားဆုံတယ် ဂီသာတဲ့ ကားပေါ်အဲ့ကောင်မလေးကိုဖွန်အကြောင်လွန်ပြီး နမ်းမိသွားရော ကောင်မလေးကလည်းဒေါသထွက်ထွက်နဲ့သူအကိုတွေကိုဖုန်းခေါ်ရာမှာ… သူအကိုကလည်း အဲ့မြို့မှ ဖိုက်တာအကြီးစားတွေဆိုတော့…နောက်ပိုင်းမှာ သူနဲ့ကောင်မလေးနဲ့သဘောတူညီချက်ယူလိုက်ပြိးတော့..ဘယ်လိုအဲ့ဗီဂျေးရဲဟာသတွေ တလွဲတွေကို ဟာသများစွာနဲ့တင်ဆက်ထားပါတယ် Encoded By Kar Yan
7.7
IMDB: 7.7/10 9,346 votes
movie
Geetha Govindam
2018
1080p
Roma 7.7
Roma ၁၉၇၀ ခုနှစ်ရဲ့ မက္ကဆီကို။ တိုင်းရေးပြည်ရေး ရှုပ်ထွေးမှုတွေအပြည့်နဲ့ မက္ကဆီကို။။ Cleo ဆိုတဲ့ အိမ်ဖော်အမျိုးသမီးလေးဟာ မြို့ပေါ်က အိမ်တစ်အိမ်မှာ အလုပ်လုပ်နေတယ်။ တစ်နေ့တော့ . . . Roma ဟာ Alfonso ရဲ့ ဘဝ အစိတ်အပိုင်း အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်အဖြစ် ပြန် ပြောင်း အသက်သွင်းထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ ခုနှစ် အော်စကာမှာ ဆုတွေ သိမ်းကြုံးယူတဲ့ ရုပ်ရှင်လည်း ဖြစ်တယ်။ မက္ကဆီကို နိုင်ငံရဲ့ ၁၉၇၀ ဝန်းကျင် လူနေမှုဘဝတွေ နိုင်ငံရေး စီးပွားရေးအခြေအနေတွေအားလုံးကို အိမ်ဖော်မလေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရိုးရိုးလေးပြထားပေမယ့် ရုပ်ရှင်ရဲ့ အနုပညာဟာ အတောင်အလက်တွေ အပြည့်နဲ့ တောက်ပ ခန်းနားနေပါတယ်။ Translated By One One Moe Encoded By Kar Yan
7.7
IMDB: 7.7/10 132,538 votes
movie
Roma
2018
1080p
If Beale Street Could Talk 7.1
If Beale Street Could Talk ဒီကားလေးက လူမဲရက်ကွက်ထဲက ကောင်လေးနဲ့ကောင်မလေး ချစ်သူလူငယ်လေးနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ ငယ်ငယ်လေးကတည်းက သိခဲ့ကြတဲ့သူတို့နှစ်ယောက်က ချစ်ခဲ့ကြတော့လည်း ငယ်ရွယ်သူတို့ထုံးစံအတိုင်း တိမ်ငွေ့လွင်လွင် ချစ်ခြင်းတရားတွေနဲ့ပေါ့ အနာဂတ်ဘ၀တွေကို တူတူအိမ်မက်မက်ကြရင်း ကောင်လေးက သူမကျူးလွန်ထားတဲ့ အမူတစ်ခုမှာစွဲစွပ်ခံရတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်ရူရမှာပါ Rating 7.1တောင်ရထားတာမို့ကြည့်သင့်တဲ့ကားကောင်းလေးပါဘဲ အသားရောင်ခွဲခြားမူကတော့ အရင်ကတည်းကနေလက်ရှိအထိ ရှိနေဆဲပါဘဲ တရားကိုတစ်ကယ်ရော နတ်စောင့်ပါရဲ့လား...ဥပဒေဆိုတာကရော အားနဲတဲ့သူတွေအပေါ် သက်ရောက်မူရှိရဲ့လားဆိုတာကိုတော့ တွေးတော့ဆင်ခြင်ရမှာဖြစ်ပါတယ် Translated & Review By Yamin Ou Encoded By Kar Yan
7.1
IMDB: 7.1/10 37,848 votes
movie
If Beale Street Could Talk
2018
720p Bluray
The Stolen Princess: Ruslan and Ludmila 6.1
The Stolen Princess: Ruslan and Ludmila အချစ်မှာ ဘယ်လောက်ထိကြီးမားတဲ့ စွမ်းအားတွေရှိပါသလဲ? ‌မှော်ဆရာကြီး Chernomor ကတော့ သူ့ရဲ့အဓိကစွမ်းအားတွေကို အချစ်ရဲ့စွမ်းအားကနေ ရယူတာပါတဲ့။ သူဟာ အစဉ်အဆက် တိုင်းပြည်မှာရှိတဲ့ အချစ်နဲ့တွေ့ကြုံပြီးတဲ့ မင်းသမီးလေးတွေကို ဖမ်းခေါ်၊ ကျောက်ရုပ်အဖြစ်ပြောင်းပြီး အချစ်ရဲ့စွမ်းအားတွေကိုရယူနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့ကျ Ruslan ဆိုတဲ့ လမ်းဘေးပြဇာတ်သမားလေးတစ်ယောက်နဲ့ Mila ဆိုတဲ့ မင်းသမီးလေးတစ်ယောက်တို့ရဲ့ အချစ်စွမ်းအားကို ထိပါးလာတဲ့ အခါမှာတော့... Ruslan ရဲ့ ချစ်ရတဲ့မင်းသမီးလေး Milaကို မှော်ဆရာကြီး Chernomor လက်ထဲကနေ ပြန်လည်ကယ်တင်ပုံတွေကို ရိုးရိုးရှင်းရှင်းလေး တင်ဆက်သွားတဲ့ animation ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDb rating က 6.1/10 ပါ။ မနှစ်က (2019) Children KinoFest မှာ Grand prize [Winner] ဖြစ်တဲ့ Best Film ဆုကိုလည်း ရရှိထားပါတယ်။ ဇာတ်ဝင်တေးလေးတွေလည်း ကောင်းပါတယ်။ Thriller တွေ Drama တွေ နဲ့ပဲ ထိတွေ့နေရလို့ စိတ်တွေ ...
6.1
IMDB: 6.1/10 1,891 votes
movie
The Stolen Princess: Ruslan and Ludmila
2018
720p Bluray
K.G.F: Chapter 1 8.2
K.G.F: Chapter 1 ဒီဇာတ်ကားဟာ မကြာသေးမီက 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားဖြစ်တဲ့ ရုရွတ်ခန်းရဲ့ Zero နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိယနိုင်ငံ ခန်နားဒါးပြည်နယ်က မင်းသား Yash ရဲ့အရင်ထွက်ပြီးတဲ့ ဖန်စီအချစ်ကားတွေနဲ့ မတူ တမူထူးခြားနေတော့ အားပေးမှုတော်တော်လေးရခဲ့ပါတယ်။ ဇာတ်ကားလေးမှာတော့.... ==================== KGF ဆိုသော ရွှေတွင်းကြီးအကြောင်းကို ဒီအပိုင်း ၁ မှာ တင်ဆက်ပြီးတော့ ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားပါ.. ကေဂျီအက်ဖ် ဆိုသော ရွှေတွင်းကြီးစတင် ဖြစ်ပေါ်လာချိန်မှာ ရွှေတွင်းအားလောဘတတ်ပြီး အဲဒီရွှေကြောကြီးတစ်ခုလုံးကို လက်နက်ကိုင်သိမ်းပိုက်လိုက်ပါတယ်... အဲဒီရွှေတွင်းကြီး စတင်ဖြစ်ပေါ်လာချိန်မှာပဲ တစ်ချိန်တည်း ရောကီ မွေးဖွားခဲ့တာ ကံတရားကြီးတစ်ခုလား ဆိုတာကတော့ .... ရော့ကီ ဟာ ငယ်စဉ်ကအရမ်းဆင်းဆင်းရဲရဲနေထိုင်ခဲ့ရသူတစ်ဦးဖြစ်ပြီး သူ့အမေဟာ လည်း ဆေးဖိုးဝါးခ မတတ်နိုင်ခြင်းကြောင့် ဆုံးပါးသွားခဲ့တာပါ... သူ့ရဲ့အမေ မဆုံးခင်မှာကြားခဲ့တာကတော့ ရော့ကီကို အောင်မြင်အောင်နေ သူဌေးဖြစ်အောင်နေ လူတွေအပေါ်လွမ်းမိုးနိုင်အောင်နေ ဆိုပြီး မှာကြားခဲ့ပါတယ်... အဲဒီနောက်ပိုင်း ရော့ကီ ဟာ ဘွန်ဘေက ဂိုဏ်းတစ်ခုတွင်အားကိုးရသူ နာမည်ကြီးတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ....... ကေဂျီအက်ဖ် ရွှေတွင်းနဲ့ ရော့ကီနဲ့ ကံတရားနှစ်ခု ဘယ်လိုဆက်စပ်သွားမလဲ..... ရော့ကီ ရဲ့အောင်မြင်မှုလမ်းစဉ်ဟာ ကေဂျီအက်ဖ်ရွှေတွင်းနဲ့ စတင်မလား... ဘယ်လိုမျိုး ...
8.2
IMDB: 8.2/10 30,045 votes
movie
K.G.F: Chapter 1
2018
FHD 1080p
Door Lock 6.2
Door Lock "It's OK, that's love" drama မှာခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီး Kong Hyo Jin ကိုတော့ K drama fan တွေရင်းနှီးပြီးသားဖြစ်မှာပါ။ သူ့ရဲ့ နာမည်ရရုပ်ရှင်ကားတွေထဲက တကားအပါအဝင်ဖြစ်တဲ့ Door lock (2018) နဲ့မိတ်ဆက်ပေးချင်ပါတယ်။Brussel International Festival of Fantasy Film (BIFFF)(2019) မှာ Best Thriller Award ကို ရရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ 2018 တုန်းက ထွက်ခဲ့ ဒီဇာတ်ကားကို တချို့ကြည့်ပြီးသားလည်း ဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားဟာ နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ ပထမတစ်ခေါက်တုန်းကနဲ့ မတူတဲ့ ခံစားချက်နဲ့ ရသကို ပေးပါတယ်။ ပထမတစ်ခေါက်ကြည့်တုန်းက မမြင်ခဲ့တဲ့ တချို့ဝှက်ဖဲတွေကို နောက်တစ်ခေါက်ပြန်ကြည့်ခါမှ သေချာပြန်တွေ့ရပြီး မတူတဲ့ရင်ခုန်မှုမျိုးရစေတဲ့ ဇာတ်ကားပါပဲ။ မကြည့်ရသေးတဲ့ သူတွေအတွက်လည်း spoiler ရှောင်ပြီး ဇာတ်လမ်းအကျဉ်း‌ကို ...
6.2
IMDB: 6.2/10 1,192 votes
movie
Door Lock
2018
1080p
Bharat Ane Nenu 7.7
Bharat Ane Nenu Unicode Version ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ...
7.7
IMDB: 7.7/10 14726 votes
movie
Bharat Ane Nenu
2018
Web-dl 1080p
The Strangers: Prey at Night 5.2
The Strangers: Prey at Night လာပါ​ပြီဗျာ.. ဟိုတစ်​နေ့က တင်ခဲ့တဲ့ The Strangers (2008) ရဲ့​နောက်ဆက်တွဲ The Strangers:Prey at Night (2018)ကား​လေးကို တင်ဆက်​ပေးလိုက်ပါပြီ ​နောက်ဆက်တွဲဆို​ပေမယ့် ​ရှေ့ကကားနဲ့ အဆက်စပ်မရှိလို့ ဒီကားကိုတန်းကြည့်လဲရပါတယ် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကလည်း ပရိသတ်နဲ့မစိမ်းတဲ့ The other side of the doorတို့ 47 meters downတို့လိုဇာတ်ကား​တွေရိုက်ကူးခဲ့တဲ့ Johannes Roberts ပဲဖြစ်ပါတယ် ဆို​တော့ ဇာတ်ကားရဲ့အရသာကို​တော့ ခန့်မှန်းမိမှာပါ ထူးခြားတာက အရင် The Strangers(2008)ကို ရိုကိကူးခဲ့တဲ့ ဒါရိုက်တာကလဲ ဒီကားမှာ ဇာတ်ညွှန်းအ​နေနဲ့ပါဝင်ထားပါ​သေးတယ် ဇာတ်လမ်းက​တော့ မိုက်၊ စင်ဒီ၊ လုခ်၊ ကင်ဆီဆိုတဲ့ မိသားစု​လေး​ယောက်က သမီးဖြစ်သူ ကင်ဆီကို ​ဘော်ဒါ​ဆောင်မပို့ခင်မှာ အပန်း​ဖြေခရီးအ​နေနဲ့ သူတို့ရဲ့ အန်ကယ်မက်နဲ့ အန်တီရှယ်တို့ရဲ့ ဂတ်တင်လိတ်အပန်း​ဖြေအိမ်ရာဆီကို ခရီးထွက်ခဲ့ပါတယ် ကင်ဆီက​တော့ ​ဘော်ဒါ​​ဆောင်မသွားချင်လို့ မိဘ​တွေအ​ပေါ်မှာ စိတ်ဆိုး​နေပြီး ...
5.2
IMDB: 5.2/10 25,016 votes
movie
The Strangers: Prey at Night
2018
1080 P
Kavacham 5.6
5.6
IMDB: 5.6/10 310 votes
movie
Kavacham
2018
720 P