Yourcinema

2019

The Big Trip 5.1
The Big Trip ဒီဇာတ်ကားလေးမှာဆိုရင် ဒေါသကြီးတတ်တယ့်ဝက်ဝံတကောင်.. တလွဲလုပ်တတ်တဲ့ ယုန်ကလေး... Storks ကားထဲကလိုမျိုး ကလေးမရတယ့် မိသားစုကို ငှက်ကျားက ကလေး delivery လုပ်သလိုမျိုး ဒီကားထဲမှာလဲ ပန်ဒါလေးကိုဝက်ဝံကြီးဆီ ငှက်ကျားတကောင်က လာမှားပို့သွားတယ် ။ အဲ့ဒီမှာ ဝက်ဝံကြီးက ပန်ဒါလေးကို သူ့မိဘဆီပြန်ပို့ဖို့ ခရီးရှည်တခု စွန့်စားခန်း ဖွင့်ရပါတော့တယ်။ မိတ်ဆွေ အသစ်တွေ ဘယ်လိုရပြီးခရီး စဥ်တလျှောက် လှပတယ့်ရှုခင်းတွေ သူတို့ကြားက ဟာသအလွဲလေးတွေ.. ​အန္တရာယ်တွေကနေ ဘယ်လို လွတ်မြောက်အောင် အတူတူ ကြိုးပမ်းကြလဲဆိုတာကို ကြည့်ရှုခံစားဖို့တင်ဆက်ပေးလိုက်ပါတယ် -=-=-=-=-=-=-=-=-=-=-=-=-=-=-=-=- Translated & Review By Yin Min Thu Encoded By Kar Yan
5.1
IMDB: 5.1/10 904 votes
movie

The Big Trip

2019
1080p
Jessie 7
Jessie Jessie (2019) ညီအစ်မနှစ်ယောက်ရဲ့သွေးဒဏ္ဍာရီ အချို့လူတွေရဲ့ ဝါသနာနဲ့ အာသီသကလည်း အဆန်းသား​ဗျ...အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းလောက်မှာ ဆော့ကစားချင်ကြတာမျိုး​ဗျ...အဲ့လို ဝါသနာတူတွေများ ပေါင်းမိလိုက်ရင် လောင်းကျော်ပြီပဲ... အဲ့လိုမျိုး လူငယ်တစ်စုဟာ ဝိညာဥ်တွေကို လေ့လာရှာဖွေ စူးစမ်းဖို့ အိမ်တစ်အိမ်ဆီကို ဦးတည် ခရီးထွက်ခဲ့ကြတယ်... အဲ့ဒီအိမ်ကတော့ သိပ်ချစ်ခဲ့ကြတဲ့ ညီအစ်မနှစ်ယောက် ဂျက်စီနဲ့အေမီတို့ရဲ့အိမ်ပဲ... အန္တရာယ်ကို ကြိုသိလို တားမြစ်နေတဲ့ကြားက တဇောက်ကန်းလူငယ်အဖွဲ့ကတော့ ရောက်အောင်သွားခဲ့ပါတယ်... အိမ်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ပဲ မျက်နှာနေရာတွေကို တစ်ခုခုနဲ့မွှန်းဖျက်ထားတဲ့ အိမ်အဝင်က ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံကြီးကနေစတင် ဆီးကြိုနေပြီး သူတို့ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံကြရမလဲ..??? သူတို့ရှာချင်ခဲ့တဲ့ အဖြေကို တွေ့မှာလား..??? အန္တရာယ်နဲ့ ပက်ပင်းတိုးတဲ့အခါမှာ သတ္တိရှိနိုင်ပါဦးမလား..??? Quality - 1080P , 480P Size - 1.3 GB , 390 MB Subtitled & Encoded by လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.3 GB] ဒေါင်းရန် နှိပ်ပါ 480P [390 MB]
7
IMDB: 7/10 310 votes
movie

Jessie

2019
1080 P
Yes, God, Yes 5.9
Yes, God, Yes ဘာသာရေးနဲ့ စိတ်ကစားတတ်တဲ့ ၁၅/၁၆ အရွယ်မြီးကောင်ပေါက်လေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ လိင်ကိစ္စတွေနဲ့ပတ်သက်ပြီး သိချင်စိတ်၊ စူးစမ်းစိတ်တွေအကြောင်းပေါ့။ ဒီဇာတ်လမ်းလေးမှာ လူတွေရဲ့ဖြစ်တတ်တဲ့သဘောသဘာဝတွေအများကြီးပါတယ်။ သူများကျမလုပ်ဖို့ တားမြစ်ထားပြီး ကိုယ်တိုင်ကျ ခိုးလုပ်တတ်တဲ့လူတချို့အကြောင်း၊ ကြားဖူးရုံလောက်နဲ့ နားယောင်ပြီးအမှန်တရားလိုတစ်ထစ်ချယုံကြည်ပစ်လိုက်ကြတတ်သူတွေအကြောင်း၊ လူရှေ့ကျဖြူစင်ချင်ယောင်ဆောင်ပြီး ကွယ်ရာမှခိုးစားကြတဲ့သူတွေရဲ့အကြောင်း စသဖြင့်ပေါ့။ အဲလစ်က ဘာသာရေးကိုင်းရှိုင်းတဲ့ကတ်သလစ်ကျောင်းသူတစ်ယောက်။ AOL လို့ခေါ်တဲ့ Chat တစ်ခုမှာ Cybersex (အလွယ်ခေါ်ရရင် Sex chat) ကိုစမ်းကြည့်ရင်း တစ်ကိုယ်တော်သာယာမှုကိုတွေ့ရှိကာစ ကောင်မလေးပေါ့။ ဒါပေမယ့် တစ်ဖက်မှာကလည်း ဘာသာရေးအဆုံးအမတွေရှိနေလေတော့ ဒါကဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်နေတယ်ဆိုတာကိုသိနေတော့ ကြောက်လည်းကြောက်တယ် စမ်းလည်းကြည့်ချင်တယ်ဆိုတာမျိုးဖြစ်နေတာပေါ့။ ကံကလည်းဆိုးချင်တော့ ဘယ်ကနေဘယ်လိုဖြစ်သွားမှန်းမသိ သူနဲ့ကောင်လေးတစ်ယောက်နဲ့ဟိုလိုဒီလိုအောက်ပိုင်းဇာတ်လမ်းဖြစ်တာကို သူ့အတန်းကလူတွေကြားမှာ ပြန့်သွားတယ်။ ဒါပေမယ့် အဲလစ်က မဟုတ်ဘူးလို့ ပြောသမျှကို ဘယ်သူမှမယုံကြဘူး။ ကောင်လေးမှာက ရည်းစားရှိတယ်။ အဲလစ်က နာမည်ပျက်နေတဲ့ကောင်မလေးပေါ့။ ဒီလိုနဲ့ အပြစ်တွေဆေးကြောဖို့ Kirkos လို့ခေါ်တဲ့ သူတို့ကတ်သလစ်ကျောင်းရဲ့ ခရစ်ယာန်လူငယ်တွေအတွက် လေးရက်တာ Youth Camp ကိုရောက်သွားတဲ့အခါမှာတော့ ......... ၂၀၁၉ မတ်လ ၈ ...
5.9
IMDB: 5.9/10 2,018 votes
movie

Yes, God, Yes

2019
1080p HD
Triple Frontier 6.4
Triple Frontier Triple Frontier (2019) ဓားပြတိုက်တဲ့ကား.. သာမာန်ဓာပြတိုက်တဲ့ကားတွေနဲ့မတူတာက ဘဏ်မှာ ဝင်တိုက်တာမဟုတ်ဘူး..တကယ့်ကြမ်းရမ်းပါပေ့ဆိုတဲ့ မူးယစ်ရာဇာ အိမ်ကိုမှ ဝင်စီးတာ.. Netflix က 2019 မှာ ထုတ်တဲ့ Action နဲ့ Drama ကား...ဇာတ်အိမ်လဲမိုက်စ်!! ဇာတ်လမ်းက နိုင်ငံအတွက် အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့က စစ်မှူထမ်းဟောင်းသုံးယောက် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ.. သူတို့ထဲက တစ်ယောက်က မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့နဲ့ပေါင်းပြီး နာမည်အကြီးဆုံး မူးယစ်ရာဇာကို သတင်းရဖို့လိုက်တာက စတာပဲ.. မူးယစ်ရာဇာ ဥနေတဲ့နေရာကို သူသိသွားတော့ သူ့ တပ်ပြန်ဘော်တာတွေတစ်ယောက်ချင်းစီလိုက် စည်းရုံးပြီး ဝင်စီးတော့တာပဲ.. ဒါပေမဲ့ ပြသနာက မူးယစ်ရာဇာက သာမန်မြို့ထဲမှာမဟုတ်ပဲ ပြန်ထွက်ရအရမ်းခက်တဲ့နေရာမှာ ဆိုတော့ သူတို့ ဓားပြတိုက်ပြီး ပြန်ထွက်နိုင်ပါ့မလား.. ဖွက်ထားတဲ့ ငွေတွေကိုရော သူတို့ရှာတွေ့ကြပါ့မလား..ကိုယ်မထင်ထားတဲ့ အဖြစ်အပျက်တွေကြုံပြီး ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ကားကောင်းတစ်ကားပါလို့ တင်ဆက်ရင်း.. ဘာသာပြန် = Arkar Encoder = လူယုတ်မာ   ဒေါင်းရန် နှိပ်ပါ 1080P [1.4 GB] ဒေါင်းရန် နှိပ်ပါ 480P [404 ...
6.4
IMDB: 6.4/10 100,782 votes
movie

Triple Frontier

2019
1080P Bluray 5.1CH
Missing Link 6.7
Missing Link Missing Link (2019) ကာတွန်းကားဆိုတာ လူကြီးတွေအတွက်မဟုတ်ဘူးဆိုတဲ့ ခေတ်ကုန်သွားပြီ... 2019 ကထွက်ထားတဲ့ ဒီကားလေး Your Cinema ပရိတ်သတ်ကြီးကို ဘဝမှာ အရေး​ကြီးတဲ့ message လေးတစ်ခုပေးပါလိမ့်မယ်.. တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်လက်မခံတဲ့ အသိုင်းဝိုင်းတွေထဲမှာမှ လက်သင့်ခံ မျက်နှာသာပေးခံရတာကို လိုချင်ပြီး ကိုယ်​​​သွားရမဲ့ လမ်းပျောက်နေကြတယ်.. ဒီရုပ်ရှင်လေးကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိနေပါလိမ့်မယ်.. Rotten Tomatoes မှာ rating 89 အထိ​တောင်ရရှိထား​ပြီး Imbd မှာ ဘာလို့ 6.7 ပဲရတယ်လည်းဆိုတဲ့အထိ မချင့်မရဲဖြစ်လောက်အောင် ကောင်းလွန်းပါတယ်..ဒါ့အပြင် 2019 ရဲ့ Golden Globe ဆုကို ရရှိထားတဲ့ အကောင်းဆုံး Animated ရုပ်ရှင်ဖြစ်ပါတယ်.. ရုပ်ရှင်အမျိုးစားကတော့ Comedy နဲ့ Adventure ဖြစ်လို့ အခန်းတိုင်းလိုလို ခွီနေရပြီး စွန့်စားခန်းတွေကို ဖောဖောသီသီကြီးမြင်ရပါမယ်.. ဇာတ်လမ်းကတော့ စွန့်စားသွားလာရင်း သတ္တဝါဆန်းဆန်းပြားပြားတွေကို ရှာဖွေတဲ့ Sir ...
6.7
IMDB: 6.7/10 19,709 votes
movie

Missing Link

2019
1080P Bluray 5.1CH
Lovers Day 5.5
Lovers Day Your Cinema ပရိတ်သတ်ကြီးကို ဒီတစ်ခါ အရမ်းလန်းတဲ့ LOVERS DAY ဆိုတဲ့ဆယ်ကျော်သက် ကျောင်းသား‌ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီကားလေးမှာ ကျွန်တော်အကြိုက်ဆုံးက ကျောင်းသားကား ဖြစ်တာနဲ့အညီ သုံးထားတဲ့မင်းသား မင်းသမီလေးတွေ အားလုံးဟာ ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်နေတာကိုပါ။ ဒီအချက်ကဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။မင်းသား မင်းသမီးလေးတွေက အသက်ငယ်ပေမဲ့ သရုပ်ဆောင်ချက်တွေက တကယ်ပီပြင်ပါတယ်။ ဒီကားလေးကိုကြည့်တဲ့သူတိုင်း မိမိတို့ရဲ့ငယ်စဉ် ကျောင်းသားဘဝကို ပြန်လည်တမ်းတ သတိရနေမယ်ဆိုတာ အသေအချာ ပြောရဲပါတယ်။ကျောင်းသားဘဝ မှားတက်တဲ့အမှား ပေါင်းများစွာကိုလည်း ဟာသဆန်ဆန် ဇာတ်ကွက်လေးများဖြင့် ဖော်ကျူးထားသောကြောင့် အူနှိပ်ပြီးရယ်နေရမှာလဲ မလွဲဧကန်ဖြစ်ပါတယ်။ ကျောင်းသားဘဝ သူငယ်ချင်းများရဲ့ ကြားမှာရှိတဲ့သံ ယောဇဉ်တွေ ၊တစ်ယောက်အခက်အခဲကိုတစ်ယောက်က ကူညီဖြေရှင်းပေးတာတွေ ၊ယောက်ျားလေးသူငယ်ချင်းနဲ့ မိန်းကလေးသူငယ်ချင်းတို့ရဲ့ကြားက သံယောဇဉ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာဖြစ်ပါတယ် ။ကုလားကားဆိုတဲ့အတိုင်း ဇာတ်လမ်းလှည့်ကွက် အလှည့်အပြောင်းများကလည်း ပရိသတ်ကြီးကို ရင်ခုန်စိတ်လို့ရှားစေမှာပါ ။ဇာတ်လမ်းအကျဉ်းကိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် မပြောတော့ပါဘူး။လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်ကို ခံစားချင်သူတိုင်း ...
5.5
IMDB: 5.5/10 2,065 votes
movie

Lovers Day

2019
1080 P
Hirkani 7.2
Hirkani Hirkani (2019) အမှန်အတိုင်း‌ပြောရရင် ဒီဇာတ်ကားကို ထွမ်စလိတ်ရမယ်ဆိုတော့ နည်းနည်းစိတ်ညစ်သွားတယ်... ဘာလို့ဆို ကိုယ်မှ ရှင်ဘုရင်ခေတ်က ဇာတ်ကားတွေကို မကြိုက်တာ... မကြိုက်ဆို အဲ့လိုဇာတ်ကားတွေလောက်ရှုပ်တာမရှိဘဲကိုး... ဒါပေမယ့် ထွမ်ကြည့်လိုက်မှ ကိုယ့်အစွဲကြီးက လွဲမှားနေတယ်ဆိုတာ သိလိုက်ရတယ်။ အခုဇာတ်ကားကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်... ကြည့်မိလို့နောင်တမရသွားဘူး ဇာတ်လမ်းအကျဉ်း သူမနာမည်ကဟီရာ... ယောက်ျားက ဘုရင်ယုံကြည် အားထားရလောက်တဲ့ စစ်သည်ကောင်းတစ်ယောက်... နို့စို့အရွယ် သားလေးတစ်ယောက်ရှိပြီး သူမက ဘုရင့်ခံတပ်ထဲကို နွားနို့ ပို့တဲ့အလုပ်လုပ်တဲ့သူ... သူတို့ခံတပ်မှာ စည်းကမ်းတစ်ခုရှိတယ်... အဲ့တာက ခံတပ်တံခါးကို နေဝင်ရင် ပိတ်ပြီး နေထွက်ရင် ပြန်ဖွင့်တယ်... ဖွင့်ထားတဲ့အချိန် ကြိုက်သလောက် ဝင် ကြိုက်သလိုထွက်... ပိတ်ထားတဲ့အချိန် အထွန့်မတက်နဲ့ ဆိုတာမျိုး... တစ်ရက် သူ့သားလေးကို ထားခဲ့ပြီး ခံတပ်ထဲကို နွားနို့ပို့ပြီး အပြန်နောက်ကျလို့ ခံတပ်ထဲမှာ ပိတ်မိသွားပါတယ်... ယောက်ျားကလည်း တာဝန်နဲ့အဝေးရောက်နေ... ယောက္ခမကလည်း အဲ့ဒီနေ့ကျမှ မျက်စိနာလို့ တခြားရွာကို သမားတော်နဲ့သွားပြ... သူကလည်း ခံတပ်ထဲမှာ ပိတ်မိနဲ့... ကလေးလေးက တစ်ယောက်တည်း ကျန်ခဲ့ပါရော... အဲ့ဒီတော့ သူအိမ်ကို အချိန်မီ ပြန်ဖို့ အားထုတ်ရပါတော့တယ်... သားဇောကပ်နေတဲ့သူမ အိမ်ကိုဘယ်လိုရအောင်ပြန်မလဲ... ဘာအခက်အခဲတွေ ကြုံတွေ့‌ရမလဲ ဆိုတာကို ကြည့်ရမှာပါ... ဇာတ်လမ်းက ...
7.2
IMDB: 7.2/10 227 votes
movie

Hirkani

2019
1080 P
Article 15 8.2
Article 15 Article 15 (2019) Mystery Typeကို စောင့်မျှော်နေတဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားတစ်ကား Recommendချင်ပါတယ် ✅ 2019 မှာ ထွက်ရှိပြီး IMDb 8.2 / 10 အထိ ရရှိထားတာမို့ ဇာတ်ပျင်းကြီး ဖြစ်နေမှာ မဟုတ်သလို တခြားကားတွေလို ဒရာမာပဲ ချိုးနေတာ ခေတ်နောက်ကျပါတယ် ကွာ လို့ တွေးမိတာမျိုး ရှိမှာ လုံးဝ မဟုတ်ကြောင်း အာမခံတယ် 😉 ခုနောက်ပိုင်းမှာ တော်တော်လေးစန်းထလာပြီး လက်ရှိကျွန်တော်အကြိုက်ဆုံးမင်းသားဆိုလဲမမှားတဲ့ မင်းသား ​Ayushmann Khurrana က Main Leadဖြစ်တာမို့ ပိုပြီး စိတ်ဝင်စားစရာ‌ေကာင်းအောင် ဆွဲဆောင်တယ် လို့ ကောက်ချက်ချမိတယ် ဇာတ်လမ်းအကျဥ်း မနေ့တနေ့ကမှ အရာရှိအသစ်လေးဖြစ်တဲ့ "အာရ်ယန်းရန်ဂျန်" က သူ့ရဲ့ပထမဆုံးတာဝန်ကျတဲ့နေရာ "လာဂွန်း"လို့ခေါ်တဲ့ တောရွာကို ရောက်လာတယ် ထုံးစံအတိုင်း အိန္ဒိယတောရွာအများစုလို ဇာတ်အနိမ့်အမြင့် ခွဲခြားတာတွေ ၊ အကျင့်ပျက်ခြစားမှုတွေ အပြည့်ပေါ့ အဲ့လို ခွဲခြားဆက်ဆံမှုက အစ ...
8.2
IMDB: 8.2/10 20,015 votes
movie

Article 15

2019
Babyteeth 6.9
Babyteeth " နင် ငါ့ကိုသဘောကျလား" "သိသာနေတာပဲ မဟုတ်ဘူးလား" "ဒါပင်မဲ့ နင် ငါ့ကို တဂယ်ရော တဂယ်ရော သဘောကျရဲ့လား" "ငါ မင်းကို မနာကျင်စေချင်ဘူး" "အာ့ဆို နာကျင်အောင်မလုပ်နဲ့လေ" ဒီတခါတော့ IMDb 6.9/10 ရထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက သာမန် ကျွန်တော်တို့ ကြည့်နေကြ အချစ်ကား မျိုးနဲ့တော့ မတူနိုင်ပါဘူး ဇာတ်လမ်းအစမှာ Millaဆိုတဲ့ ဆယ်ကျောက်သက်ကောင်မလေးက ရထားဘူတာရုံမှာ ကျောင်းသွားဖို့ စောင့်နေရင်းဝင်တိုက်မိတဲ့ ဆေးစွဲနေတဲ့ ကောင်လေးက သူမဘ၀ရဲ့ အချစ်ဦးဖြစ်လာခဲ့ပါတယ် ဆေးစွဲနေတဲ့ကောင်လေးက သူမရဲ့အချစ်ဦးဖြစ်နေတာကို သိတဲ့ မိဘတွေကလဲ ဘယ်လိုမှမကြည်ဖြူခဲ့ပါဘူး ဒါပင်မဲ့ သူတို့သမီးစိတ်ဆင်းရဲမှာကို မကြည့်ရက်တဲ့ မိဘတွေက သူတို့သမီး ရဲ့ သဘောထားကို ဘယ်လိုများလိုက်ရောပေးမှာလဲ ဒီကားလေးက အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး နောက်ဆုံးပိုင်းထိ သင့်ကိုဆွဲခေါ်သွားမဲ့ကားမျိုးပါ သင်ကိုယ်တိုင် ဒီနေရာကဆို ဘယ်လိုဆုံးဖြတ်မလဲ ...
6.9
IMDB: 6.9/10 2,007 votes
movie

Babyteeth

2019
Wasp Network 5.8
Wasp Network အခုတင်ဆက်ပေးသွားမှာကတော့ Triller အမျိုးအစားဖြစ်ပြီး ဇာတ်ကားကိုအချိန်ပေးပြီး တွေးတောတဲ့တဲ့သူတွေအတွက်ဖြစ်ပါတယ်။ နိုင်ငံရေး လှည့်ကွက်အကြောင်းတွေကိုဖော်ပြထားပြီး ဖြစ်ရပ်မှန်ကိုရိိုက်ကူးထားသည့်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကို၁၉၉၀ ခုနှစ်မှာတည်ပြီးရိုက်ကူးခဲ့တာပါ။ဇာတ်လမ်းအကျဥ်းဆိုရလျှင် ကျူးဘားကနေ အမေရိကန်သို့ပြောင်းရွေ့သွားသောလေယာဥ်မှူးကစတာပါ။ ကျူးဘားနိုင်ငံမှ မိသားစုကိုပစ်ထားပြီး ထွက်ခွာလာခဲ့တာပါ။ကျူးဘာနိုင်ငံက အစားအသောက်ရှားပါးပြီး နေထိုင်ရခက်ခဲလို့အမေရိကန်ကိုပြောင်းလာတဲ့ပြည်ပြေးတွေကိုကူညီပေးရတဲ့အလုပ်ကိုလုပ်ခဲ့ရပါတယ်။ နိုင်ငံတော်အတွက်တာဝန်ကျေခဲ့သော်လည်းမိသားစုကိုအချိန်မပေးခဲ့သောကြောင်း ဖြစ်ပေါ်လာသောမိသားစုအတွင်းရေး ရှုပ်ထွေးသော နိုင်ငံရေးပြသာနာတို့ကို ကွက်ကွက် ကွင်းကွင်းမြင်နိုင်အောင်ဘယ်လို ရိုက်ပြထားသလဲဆိုတာ ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 5.8/10 -=-=-=-=-=-=-=-=-=-=-=-=- Translated & Review By  Naw Sue Phaw Shee Encoded By Kar Yan
5.8
IMDB: 5.8/10 2,774 votes
movie

Wasp Network

2019
1080p
The Cave 5.9
The Cave ယခု တင်ဆက်ပြသသွားမဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်။ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဂူထဲ ပိတ်မိနေတဲ့ကလေးတွေကို ကယ်တင်တဲ့အကြောင်းဖြစ်ပါတယ်။ ဖြစ်ရပ်ကတော့ ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့ မှာWild boar ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ နည်းပြတို့ ဂူထဲလျှောက်သွားရင်းနဲ့ လမ်းပျောက်သွားခဲ့ပါတယ်။ မိုးရာသီဖြစ်သောကြောင့် မိုးရွှာတဲ့အခါရေတက်ပြီး ဂူပေါက်ပိတ်သွားခဲ့ပါတယ်။ ထိုကလေးတွေ ကို နိုင်ငံ အသီးသီးက ရေငုပ်သမားတွေက ကယ်တင်ဖို့ကြိုးစားတဲ့အကြောင်းရိုက်ကူးထားတာပါ။ ရိုက်ကူးတဲ့ အချိန်ကတော့ ၂၀၁၉ ခုနှစ်မှာရိုက်ကူးခဲ့ပြီး IMDb rating 5.9/10 ရရှိခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တာကြောင့် ရုပ်ရှင်ကြည့်နေသလိုမခံစားရပဲ ကိုယ်တိုင်ဖြစ်နေသလိုခံစားမှုမျိုးပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ IMDb 5.9/10 -=-=-=-=-=-=-=-=-=-=-=-=-=-= Translated & Review by Naw Sue Phaw Shee Encoded By Kar Yan
5.9
IMDB: 5.9/10 549 votes
movie

The Cave

2019
1080p
The Beast 5.9
The Beast Itaewon classမှ ဥက္ကဌဂျန်ဒေးဟီး(စုံထောက်ဟန်)ပါဝင်ထားတဲ့ကားဖြစ်ပါတယ် ဌာနမှာ အဖွဲ့နှစ်ခုရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ စုံထောက်ဟန်နဲ့ စုံထောက်ဂျောင်ရဲ့ ပညာသားပါပါအမှုစုံစမ်းမှုတွေကို ကြည့်ရှုရမှာပါ ကောင်မလေးတစ်ယောက်ပျောက်ဆုံးနေတဲ့ကာလ မှာ ဇာတ်အိမ်တည်ထားပါတယ် ကောင်မလေးကိုပြန်ပေးဆွဲပြီး လူမဆန်စွာပဲ ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ကာ မြစ်ထဲမှာစွန့်ပစ်ခဲ့တဲ့အမှုကြောင့်တောင်ကိုရီးယားတစ်နိုင်ငံလုံးကတုန်လှုပ်နေကြတာပါ ဒီအမှုကို ဖြေရှင်းနိုင်သူက ရာထူးတိုးမှာကို နှစ်ယောက်လုံးကသိထားပါတယ် တရားခံကိုရှာနေစဉ်အတွင်းမှာပဲ စုံထောက်ဂျောင်ဟာ လူသတ်မှုကြံရာပါဘဝကိုမထင်မှတ်ဘဲရောက်သွားခဲ့ရပါတယ် အကျိုးဆက်အနေနဲ့ သူဖော်ထုတ်နေတဲ့လူသတ်မှုရဲ့သဲလွန်စကိုရခဲ့ရာက ဇာတ်လမ်းဟာ ရင်မောစရာတွေပိုလာရပါတော့တယ် အမှားတစ်ခုကျူးလွန်မိရာက ဇာတ်လမ်းဟာ ဘယ်လိုအတိမ်းအစောင်းတွေရှိလာမလဲ? ဒီလို လူမဆန်တဲ့အမှုရဲ့နောက်ကွယ်မှာရော ဘယ်သူကရှိနေတာလဲ? ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း ရာထူးတွေမက်ရာကအချင်းချင်းသစ္စာဖောက်တာတွေပါကိုတွေ့ရမှာပါ -=-=-=-=-=-=-=-=-=-=-= Translated & Review By Wutt Yee Encoded By Kar Yan
5.9
IMDB: 5.9/10 384 votes
movie

The Beast

2019
1080p
1BR 5.8
1BR ဆာရာဆိုတဲ့​ကောင်မ​လေးဟာ သူမအ​မေနာမကျန်းဖြစ်​နေစဥ်မှာ အ​ဖေဖြစ်သူက ​သူနာပြုဆရာမနဲ့ ​ဖောက်ပြန်​နေတာကို သိပြီး​နောက်မှာ စိတ်ဒုက္ခ​ရောက်ခဲ့ရသူပါ။ အ​မေဖြစ်သူဆုံးပြီး​နောက်မှာ သူမရဲ့ အိပ်မက်​တွေကိုအကောင်အထည်ဖော်ဖို့ နာကျင်ဖွယ်အတိတ်ကိုစွန့်ခွာပြီးပြီးပြည့်စုံတဲ့ LA မှာရှိတဲ့တိုက်ခန်းတစ်ခုဆီ​ပြောင်းခဲ့ပါတယ်။ အဲ့တိုက်ခန်းက အိမ်​မွေးတိရစ္ဆာန်​တွေကို ခွင့်မပြု​ပေမယ့် သူမက​တော့ သူ့​ကြောင်​​လေးကို အိမ်နီးချင်း​တွေမသိ​အောင် ​မွေးထားခဲ့ပါတယ်။ ဒါပေမယ့်​ပြောင်းပြီး မကြာခင်မှာပဲ အိပ်မပျော်နိုင်တဲ့အပြင်ထူးဆန်းတဲ့ဆူညံသံများနဲ့ ခြိမ်းခြောက်တဲ့စာ​တွေကြောင့်စိတ်သောကရောက်ခဲ့ရပြီး သူမရဲ့ဘဝသစ်လည်း လျင်မြန်စွာပျက်ပြားသွားခဲ့ရပါတယ်။ ကြောက်စရာကောင်းတဲ့အမှန်တရားကိုသူသိသွားတဲ့အချိန်မှာ​တော့ သိပ်နောက်ကျသွားပါပြီ။ သူမရဲ့ အိမ်နီးချင်း​တွေဟာ စသိခါစက သိပ်​ဖော်​ရွေသ​လောက် အခုသူမကို အစွန်း​ရောက် အဖွဲ့အစည်းတစ်ခုဆီ သွတ်သွင်းဖို့ ကြိုးစားသူ​တွေ ဖြစ်လာပါတယ်။ သူမဟာ နဂိုကတည်းက အထီးကျန်စိတ်ပျက်အားလျော့မှု​တွေက​နေ စိတ်ခွန်အားကိုရှာ​တွေ့မလား ဒါမှမဟုတ် အဲ့မှာပဲ ထာဝရပိတ်မိ​နေမလားဆိုတာကို​တော့ စိတ်ဝင်စားဖွယ်ဆက်ကြည့်ရှုကြရမှာပါ။ ==-=-=-=-=-=-=- Review Credit Translated By Jay Yang Encoded By Nanda Kyaw
5.8
IMDB: 5.8/10 1,870 votes
movie

1BR

2019
1080p
Torpedo: U-235 6.4
Torpedo: U-235 ဒုတိယကမ္ဘာစစ်ထဲကအဖြစ်အပျက်တချို့ကိုပုံဖော်ထားတဲ့ဒီဇာတ်ကားက သမိုင်းကြောင်းစိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမှာအမှန်ပါပဲ ဇာတ်လမ်းအကျဉ်းကတော့....ဘယ်ဂျီယံနိုင်ငံမှာ နိုင်ငံတကာကိုပတ်ပြီးတာဝန်ထမ်းဆောင်ရတဲ့ အသေခံတပ်ဖွဲ့လိုမျိုး လူနည်းစုအုပ်စုလေးရှိတယ် ဒုတိယကမ္ဘာစစ်ဆိုတော့ ဟစ်တလာတို့ဂျာမန်တွေ ထင်တိုင်းကြဲနေတဲ့အချိန်ပေါ့ဗျာ..... ဘယ်ဂျီယံနဲ့အမေရိကန်ကတော့ဂျာမန်တွေကို ပေါင်းတိုက်နေတဲ့မဟာမိတ်နိုင်ငံတွေပေါ့ အမေရိကန်ကဟစ်တလာတို့ဂျာမန်တွေကို အပြတ်ဆော်ဖို့ ယူရေနီယမ်ဗုံးကိုအသဲအသန် လိုနေတာဗျ သူတို့မှာအဲ့လိုဗုံးမရှိသေးဘူးလေ အဲ့ဗုံးကဂျာမနီကလွဲရင် အာဖရိကနိုင်ငံလေးဖြစ်တဲ့ ကွန်ဂိုဆိုတဲ့နိုင်ငံမှာပဲရှိတာ ဇာတ်လမ်းလေးကတော့ အမေရိကန်တွေကဗုံးကို ကွန်ဂိုမှာလာယူဖို့ မဖြစ်နိုင်တဲ့အတွက် သူ့မဟာမိတ်ဘယ်ဂျီယံကို တစ်ဆင့်ယူခိုင်းတာကစတာပဲ အဲ့တော့ဘယ်ဂျီယံ ကလည်းမဟာမိတ်ဖြစ်နေတဲ့အတွက်အဲ့ဗုံးကို အမေရိကန်ပို့ဖို့ ခုနပြောတဲ့ အသေခံတပ်ဖွဲ့ကိုလွှတ်လိုက်တာ‌ပေါ့ သွားရမှာက ရေကြောင်းခရီး U235လို့ခေါ်တဲ့ရေငုပ်သင်္ဘောနဲ့ သွားရမှာ....ဒုက္ခကဘယ်လိုစတွေ့လဲဆိုတော့ အဲ့သင်္ဘောမောင်းဖို့လေ့ကျင့်ပေးမယ်သူက ဂျာမန်ကဖမ်းလာတဲ့ ဂျာမန်သားစစ်စစ်ကြီး... သူ့နိုင်ငံကိုပြန်တိုက်ဖို့သူကကူညီပေးရမှာ... ဒီထက်ပိုဆိုးတာက တော်ပေ့တတ်ပေ့ဆိုတဲ့ ဂျာမန်အရာရှိတွေကိုတောင် ရေငုပ်သင်္ဘောမောင်းတတ်ဖို့ လေ့ကျင့်ချိန်တစ်နှစ်ယူရတာ အခုဒီလူတွေကို သုံးပတ်နဲ့အပြီးသင်ပေးရမှာဗျ ဂျာမန်ကြီးကတော့ အားပေးရှာပါတယ် မင်းတို့သေမှာပဲတဲ့..... အဆိုးဆုံးကတော့ သုံးပတ်မပြည့်သေးခင်မှာတင် အဝေးကဂျာမန်စစ်သင်္ဘောကြီးပေါ်လာလို့ သူတို့ဘာမှမတတ်နိုင်ပဲ ရေထဲတန်းငုံ့ပြီး အမေရိကန်ကိုခရီးကြမ်းတန်းနှင်ရတာပေါ့ဗျာ... အဲ့တော့ လေ့ကျင့်မှုအတွေ့အကြုံမရှိတဲ့ဒီလူတွေ ရေငုပ်သင်္ဘောကြီးကိုထိန်းချုပ်နိုင်ပါ့မလား.... ဘယ်လိုဒုက္ခတွေတွေ့ကြမလဲ ယူရေနီယမ်ဗုံးကိုကောအမေရိကန်ဆီပို့ပေးနိုင်ပါ့မလား သင်္ဘောပေါ်ပါလာတဲ့ ဂျာမန်ကြီးကကောသူတို့ကို ဘယ်လို‌တွေသစ္စာဖောက်မလဲ...တစ်ကားလုံးဟာ ဒုက္ခတွေစွန့်စားခန်းတွေနဲ့ပြည့်နေပြီး ရေငုပ်သင်္ဘော အကြောင်းလည်းဗဟုသုတတွေအများကြီးရတာကြောင့် ကြည့်ရှုလို့အလကားမဖြစ်စေရဘူးလို့ အာမခံလိုက်ပါတယ်ဗျာ............ -=-=-=-=-=-=-=-=-=-=-=-= Translated & Review By Triyan Encoded By Kar Yan
6.4
IMDB: 6.4/10 990 votes
movie

Torpedo: U-235

2019
1080p
Killbird 4.2
Killbird ငှက်ကြည့်ဝါသနာပါတဲ့ တေလာကရိန်း‌ဆိုတဲ့ အမျိုးသမီးတစ်ယောက်သာ ငှက်ကြည့်ထွက်ရင်း ကားပျက်လို့ တောထဲက သစ်အိမ်တစ်အိမ်ကို အကူအညီတောင်းဖို့ရောက်ရှိသွားပါတယ်။ အဲ့အိမ်ရှင်က သူမကို အစိုးရလျို့ဝှက်အေးဂျင့်တစ်ယောက်လို့ပဲထင်နေတဲ့အခါ.... ကျွန်တော်တို့ အခုလက်ရှိအင်အားကြီးနိုင်ငံတော်တော်များများရဲ့ဝှက်ဖဲဟာ ဘာတွေဖြစ်မလည်း သူတို့ရဲ့နိုင်ငံရေးပါဝါကို ဘယ်လိုဖန်တီးယူကြသလည်း နည်းမှန်လမ်းမှန်းရှိရဲ့လား နိုင်ငံရေးမှာ ရိုးသားမှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြသလည်း စတဲ့မေးခွန်းများစွာကို တွေးမိစေတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Stephen Lobo, Elysia Rotaru တို့အဓိကပါဝင်သရု‌ပ်ဆောင်ထားပြီး IMDB RATING 4.3/10 ရရှိထားတဲ့ Thriller ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ -=-=-=-=-==-=-=-=- Translated & Review By JP Encoded By Kar Yan
4.2
IMDB: 4.2/10 178 votes
movie

Killbird

2019
1080p
Angel Has Fallen 6.4
Angel Has Fallen ဒီတခါမှာ အမေရိကန်ပြည်ထောင်စု ရဲ့ သမ္မတကြီးဟာ ထရမ်ဘဲလ် ဖြစ်သွားပါပြီ မိုက်ဘန်နင်းကတော့ ကိုယ်ရံတော်ဖြစ်ဆဲပါဒါပေမဲ့ သူ့မှာ အလုပ်ပော်စွဲလမ်းလွန်းတဲ့စိတ်ကြောင့် အလုပ်ကရတဲ့ ဒဏ်တွေ ကို ကျိတ်မှိတ်ခံနေရာက အိပ်မပျော်တဲ့ ရောဂါကို ခံစားနေ ရပါပြီ တဖက်မာလဲ ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ ဒါရိုက်တာဟာ အနားယူသွားပြီဖြစ်တဲ့အတွက် ဒါရိုက်တာရာထူး ကို ဆက်ခံဖို့ အသင့်တော်ဆုံးလူတွေ ထဲ ကတစ်ယောက်ဖြစ်နေပြန်ပါတယ် ထရမ်ဘဲတက်လာပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု ရဲ့တပ်တွေကို ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ လေ့ကျင့်ပေးခဲရာက လုပ်ငန်းတွေဟာ လောဘတက်ပြီးသူတို့နဲ့ဘဲအမြဲတမ်းအလုပ်လုပ်ပြီး အမြတ်ငွေ သန်းပေါင်းများစွာ ရလိုတဲ့လောဘစိတ်တွေကြောင့် မကောင်းကြံမှုတွေဟာ စတင်လာပေါ်ပေါက်လာပါတော့တယ် ဒီပေါ်ပေါက်လာတဲ့ အကွပ်ဆင်မကောင်းကြံမှုတွေ ကြားကနေ မိုက်ဟာ ထရမ်ဘဲ ကို ဘယ်လိုစွန့်စားခန်းဖွင့်ပြီးကယ်တင်မလဲ ဆိုတာကို့ ကြည့်ရှုခံစားရမာပါ အဓိက ဇာတ်ကောင် ကိုယ်ရံတော် အေးဂျင့်မိုက်ဘန်နင်းအဖြစ် Gerard Butler အမေရိကန်ပြည်ထောင်စု သမ္မတကြီး ထရမ်ဘဲ အဖြစ် မင်းသားကြီး ...
6.4
IMDB: 6.4/10 67,145 votes
movie

Angel Has Fallen

2019
1080p.BluRay.H264.AAC
Maharshi 7.3
Maharshi 2018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့ မာဟေ့ရ်ှဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။ မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်း ကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ ရသတွေကိုလည်း ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင် မမှားပါဘူး။ ဇာတ်လမ်းက ရှည်လျားပေမဲ့ ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ --------------------------------------------------- မာဟေ့ရ်ှကို ဇာတ်လမ်းရဲ့ စစချင်းမှာ နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ် ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာ မြင်ရမှာပါ။ သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့ အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီး ဖြစ်ခွင့်ရခဲ့တာပါ။ ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊ အချစ်ရေးတွေနဲ့။ ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။ မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက် ဘဝကို ရုန်းကန်လာတဲ့အခါ လက်လွှတ်ခဲ့ရတာတွေလည်း အများသား။ အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။ အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်း သူ့အတွက် မလွယ်လှ။ မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှု ဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။ အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲ ပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ ဖြစ်သင့်တာကို ဦးစားပေးရင် ဖြစ်ချင်တာကိုလည်း လုပ်ရဦးမယ်မလား။ နှလုံးသားရဲ့ လိုအင်ကို ချိုချဉ်ကျွေးပြီး လျှိုထားချင်လို့မှ မရဘဲ။ ကဲ ရီရှီဆိုတဲ့ ကမ္ဘာ့ထိပ်သီးကုမ္ပဏီ အော်ရီဂျင်ရဲ့ စီအီးအို... ခရီးဆက်ပါပြီ။ ------------------------------------------------------ ဒီဇာတ်ကားထဲမှာတော့ ...
7.3
IMDB: 7.3/10 5,092 votes
movie

Maharshi

2019
1080p
Seberg 5.4
Seberg ဇာတ်လမ်းအကျဉ်း 1960 နှစ်နောက်ပိုင်းများတွင် Breathlessဇာတ်ကားနှင့် နာမည်ရလာသော မျက်နှာသစ်သရုပ်ဆောင် ဂျင်းန်ဆီးဘတ်သည် သူမ၏လူထုအကျိုးပြုလှုပ်ရှားမှုနှင့် ကျားသစ်နက်လှုပ်ရှားမှုခေါင်းဆောင် ဟာကင်ဂျမဲလ်တြိုအကြားချစ်ဇာတ်လမ်းများကြောင့် FBI ၏ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။ အလွန်အကျွံစောင့်ကြည့်ခံရခြင်းနှင့် အရှက်တကွဲဖြစ်အောင် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းတို့ကြောင့် သူမချစ်ရတဲ့မိသားစု အလုပ်အကိုင် ဂုဏ်သရေအကုန်နီးပါးဆုံးရှုံးလာရမှုကိုသတိထားမိလာပြီး တုံ့ပြန်ဖို့ကြိုးစားခဲ့လာတော့ပါတယ်။ Seberg 2019 ဇာတ်ကားဟာ သမိုင်းဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး 1960 ပြည့်နှစ်ပတ်ဝန်းကျင် အမေရိကရှိ လူမျိုးရေးခွဲခြားမှုဓလေ့စရိုက်အား ရိပ်ဖမ်းမိနိုင်ချေရှိသောဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လူလူခြင်းခွဲခြားမှု အခွင့်အရေးတန်းတူမရှိမှုတို့အပေါ် ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ‌တော်လှန်ရေးခေါင်းဆောင်များရဲ့ အခက်အခဲများ ဖိနှိပ်မှုများအားလည်း မီးမောင်းထိုးပြထားပါတယ်။ ဗျူရိုကရက်အစိုးရတို့ရဲ့ထုံးစံများဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်များကိုချိုးဖောက်ခြင်း၊ လူအခွင့်အရေးအခြေခံကျင့်ဝတ်များကိုချိုးဖောက်ခြင်း၊ မတရားသတင်းရယူခြင်း စတဲ့အချက်ပေါင်းများစွာကိုလည်း တင်ဆက်ထားပါတယ်။ 528 နှင့် 1500 အားပြိုင်မှုတစ်ချို့ကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ IMDb Rating 5.4/10 ရရှိထားပြီး Twilightမင်းသမီး Kristen Stewart, Falcon မင်းသား Antony Mackieတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သမိုင်းဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းများအား နှစ်ခြိုက်တတ်တဲ့သူ‌တို့ မြည်းစမ်းကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Translated By JP Encoded By Kar ...
5.4
IMDB: 5.4/10 3,141 votes
movie

Seberg

2019
1080p